03/12/2021
ခြေတွေ လက်တွေ ထုံကျဉ်တာ
ဘာကြောင့်လဲ?
ခြေ၊ လက် ဒါမှမဟုတ် ၂နေရာလုံးမှာ
ထုံတာ၊ ကျဉ်တာက အဖြစ်များပြီး အင်မတန်စိတ်ရှုပ်စရာကောင်းတဲ့ ဝေဒနာတစ်ရပ်ဖြစ်ပါတယ်။
လက္ကို ဖိအိပ္မိလို့ အာရုံကြောပိပြီး ထုံကျဉ်တာကစလို့ ကြီးကြီးမားမား
ရောဂါတွေအထိ အကြောင်းရင်းမျိုးစုံ
ဖြစ်တတ်ပါတယ်။
အျဖစ္မ်ားတဲ့ အကြောင်းရင်းတွေကတော့
(၁) ဆီးချို -ဆီးချိုရောဂါရှိသူတွေရဲ့ ၃၀ရာခိုင်နှုန်းလောက်က ခြေဖျား လက္ဖ်ား ထုံကျဉ်တာ ခံစားရတတ်ပါတယ်။ မိမိအခြေအနေပေါ်မူတည်ပြီး ဆီးချိုရောဂါကို သံသယရွိပါက
ဆေးစစ်ကြည့်ပါ။
(၂) အာရုံကြောညပ်တာ -ဥပမာ Carpal Tunnel Syndrome လိုမျိုး လက်ကောက်ဝတ် အာရုံကြောညပ်ရောဂါ။
(၃) ကိုယ်တွင်းအင်္ဂါရောဂါ -ဥပမာ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နာတာရှည်ရောင်ရမ်းနာကစလို့ အကျိတ်ဖြစ်ပြီး အာရုံကြောကို ဖိတာ။
(၄) ဗီတာမင်ချို့တဲ့တာ - အထူးသဖြင့် ဗီတာမင် B1 ,B6, B12 ချို့တဲ့တဲ့အခါ အာရုံကြောအားနည်းပြီး ထုံတာ၊ ကျဉ်တာ ဖြစ်တတ်ပါတယ်။
(၅) အရက်အလွန်အကျွံသောက်တာ - အရက်ကိုယ်တိုင်က အာရုံကြောကို ထိခိုက်စေတာအပြင် အရက်သောက်ပြီး အစား
မဝင်လို့ ဗီတာမင် B1ချို့တဲ့ပြီး ထုံကျဉ်တာလည်း ဖြစ်နိုင်ပါတယ်။
(၆) ပိုးဝင်ကူးစက်တာ -ဥပမာ ရေယုန်၊ HIV စတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါပိုးဝင်ကူးစက်တာ။
(၇) ခုခံအား ကေမာက္ကမ ဖြစ်တဲ့ရောဂါ -ဥပမာ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ၊ lupus
(၈) ထိခိုက်ဒဏ်ရာကြောင့် အာရုံကြောထိခိုက်မိပြီး ထုံကျဉ်တာ စသဖြင့် အကြောင်းရင်း အများကြီး ရှိပါတယ်။