Shwe Nagar Pharmacy

Shwe Nagar Pharmacy Pharmacy

10/04/2026
📣📣📣ဆေးအရောင်းကူဝန်ထမ်း အမျိုးသမီး (၁) ဦး အလိုရှိပါသည်ဆယ်တန်းအောင်မြင်ပီးသူဖြစ်ရမည်အတွေ့အကြုံမရှိရင်သင်ပေးမည်။သင်ယူလိုစိတ...
16/03/2026

📣📣📣
ဆေးအရောင်းကူဝန်ထမ်း အမျိုးသမီး (၁) ဦး အလိုရှိပါသည်

ဆယ်တန်းအောင်မြင်ပီးသူဖြစ်ရမည်

အတွေ့အကြုံမရှိရင်သင်ပေးမည်။သင်ယူလိုစိတ်ရှိပြီးအသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်ရမည်။

ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

ရိုးသားရ်ျအကျင့်စာရိတ္တကောင်းမွန်ရမည်။

Computer အသုံးပြုနိုင်သူဖြစ်ရင်ဦးစားပေးပါမည်။

လစာ ညှိနှိုင်း

ပိတ်ရက် တစ်လ ၂ ရက် ရမည်။

CV Form ကို
ရွှေနဂါးဆေးဆိုင်
12လမ်း/၈၀*၈၁လမ်းကြား/အောင်မြေသာဇံမြို့နယ်/မန္တလေးမြို့သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
Viber-09976204050

Vacancy
16/03/2026

Vacancy

“2026 နှစ်သစ်မင်္ဂလာအခါသမယမှာစိတ်ကျန်းမာကိုယ်ချမ်းသာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ”လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျ🙏
31/12/2025

“2026 နှစ်သစ်မင်္ဂလာအခါသမယမှာစိတ်ကျန်းမာကိုယ်ချမ်းသာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ”လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျ🙏

04/11/2025

🙏🙏🙏

ဝါလကင်းလွတ် သီတင်းကျွတ် 🎇မင်္ဂလာရှိသော နေ့ထူးနေ့မြတ်သီတင်းကျွတ်အခါသမ‌လေးမှာကျန်းမာပျော်ရွှင်ကြပါစေ... ရွှေနဂါးဆေးဆိုင် မ...
17/10/2024

ဝါလကင်းလွတ် သီတင်းကျွတ် 🎇

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်သီတင်းကျွတ်အခါသမ‌လေးမှာကျန်းမာပျော်ရွှင်ကြပါစေ...
ရွှေနဂါးဆေးဆိုင် မိသားစုမှဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်🙏

ပျိုမေတို့ရဲ့ ခေါင်စခြေဆုံး နုပျိုမှု အလှတရားတွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ Vitamin E ဆိုတာ...✨ဒီနေ့မှာတော့ Vitamin...
14/10/2024

ပျိုမေတို့ရဲ့ ခေါင်စခြေဆုံး နုပျိုမှု အလှတရားတွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ Vitamin E ဆိုတာ...✨

ဒီနေ့မှာတော့ Vitamin E ရဲ့အကျိုးအာနိသင်တွေဟာ ခန္ဓာကိုယ်ကို ဘယ်လိုအထောက်အကူပြုစေတယ်၊ 💙 EV-O3 လို Vitamin E Supplement တွေသောက်တဲ့အခါမှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ နဲ့ Vitamin E ရဲ့အကြောင်းကို အားလုံးနားလည်ရလွယ်အောင် ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်နော်။ 🥰

(၁) Vitamin E ဆိုတာဘာလဲ?

Vitamin E လို့ပြောလိုက်တာနဲ့ အသားအရေထိန်းသိမ်းတဲ့နေရာမှာ တော်တော်လေးအရေးပါတဲ့ ဗီတာမင် တစ်မျိုးဆိုတာ EV-O3 ကိုချစ်တဲ့သူတိုင်း သိထားကြတယ်ဟုတ်..?

မှန်ပါတယ်... ဒါပေမယ့် Vitamin E ရဲ့ အရေးပါပုံက အသားအရေထိန်းသိမ်းဖို့ ဆိုတာထပ်ပိုပါတယ်နော်။

💁🏻 Vitamin E ဆိုတာ ခန္ဓာကိုယ်ထဲက သန်းပေါင်းများစွာသော Cell တွေကို ကာကွယ်ပေးတဲ့ အစွမ်းထက် Anti-oxidant တစ်မျိုးလည်းဖြစ်ပါတယ်။

နေ့စဥ်ထိတွေ့နေရတဲ့ လေထုညစ်ညမ်းမှုတွေ၊ ဆေးလိပ်ငွေ့ နဲ့ နေရောင်ခြည်ကလာတဲ့ UV rays တွေက Free Radical တွေကိုဖြစ်ပေါ်စေပြီး Cell တွေကို ထိခိုက်ပျက်စီးစေပါတယ်။

အစွမ်းထက် Anti-oxident တစ်မျိုးဖြစ်တဲ့ Vitamin E ဟာ ပျက်စီးသွားတဲ့ Cell တွေကို ပြန်လည်ပြုပြင်ပေးပြီး ခန္ဓာကိုယ်ထဲနောက်ထပ် ဝင်လာမယ့် Free Radical တွေကိုတိုက်ထုတ်ပေးကာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုတွေမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၂) Vitamin E ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?

💁🏻 Vitamin E ဟာ အသားအရေ၊ ဆံကေသာ၊ ခြေသည်းလက်သည်းတို့ရဲ့ အလှအပတွေအပြင် ခန္ဓာကိုယ်အတွင်းအပြင် ကျန်းမာရေးကဏ္ဍ အတွက်ပါ အရေးပါ ပါတယ်။

အလှအပကဏ္ဍအတွက်ဆိုရင်

👉🏻 အသားအရေကိုစိုပြေချောမွေ့စေပြီး ဝက်ခြံ နဲ့ အမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း

👉🏻 နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြား Cell တွေကို ပြန်လည်ပြုပြင်ပေးခြင်း

👉🏻 အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းများမဖြစ်အောင် ကာကွယ်တားဆီးပေးခြင်း

👉🏻 ခြေသည်းလက်သည်းများ ဝါညစ်ခြင်း၊ ကွဲအက်လွယ်ခြင်းများကို ကာကွယ်ပေးခြင်း

👉🏻 ဦးရေပြားအတွက်လိုအပ်တဲ့ အာဟာရကိုပြန်လည်ဖြည့်တင်းပေးလို့ ဆံသားကိုနက်မှောင်သန်စွမ်းစေခြင်း

👉🏻 ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားမွဲခြောက်ခြင်းများကို ကာကွယ်ပေးခြင်း

အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်။

ကျန်းမာရေးကဏ္ဍမှာဆိုရင်

✔️ အလေးအပင် မ ပြီး ပျက်စီးသွားတဲ့ ကြွက်သားတွေကြောင့် နာကျင်ကိုက်ခဲမှုများကို သက်သာစေခြင်း

✔️ နှလုံးကြွက်သား Cells မှာရှိတဲ့ Oxygen ပါဝင်မှု Level ကိုထိန်းညှိပေးလို့ နှလုံးအပေါ် Stress သက်ရောက်မှုမှလျော့ချပေးခြင်း

✔️ မျက်လုံးရဲ့ အမြင်အာရုံခံအလွှာ (Retina) ကိုကြည်လင်စေပြီး မျက်လုံးသွေးကြောပေါက်ခြင်းမှ ကာကွယ်ပေးခြင်း

✔️ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးပြီး အာရုံကြောစနစ် (Nerves System) ကို အထောက်အကူပြုပေးခြင်း

✔️ ကိုယ်တွင်းဟော်မုန်း Level ကိုထိန်းညှိပေးနိုင်ခြင်း

✔️ ကလေးရစေဖို့အထောက်အကူပြုခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးများစွာကိုလည်းရရှိစေနိုင်ပါတယ်။

(၃) Vitamin E ကို ဘယ်ကနေရရှိနိုင်သလဲ?

နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ (Food Source) နဲ့ " EV-O3 " လို Vitamin E Supplement တွေကနေ အဓိကရရှိနိုင်ပါတယ်။

🥜 Food Source တွေအနေနဲ့

နေကြာစေ့၊ မြေပဲ၊ သရက်သီး၊ ခရမ်းချဥ်သီး နဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်၊ အရွက်သုတ် (Salad) စတာတွေကနေ Vitamin E ကိုရရှိနိုင်ပါတယ်။

Wheat Germ Oil နဲ့ Vegetables Oil တိို့လို ဆီတွေကနေလည်း Vitamin E ကိုရရှိနိုင်တယ် ဆိုပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အဓိကထားစားသုံးပေးသင့်ပါတယ်နော်..✔️

♨️ ဒါပေမယ့် Vitamin E ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဆီနဲ့ ကြော်လိုက်တာ၊ ကင်လိုက်တာမျိုးက အစားအသောက်မှာပါတဲ့ Vitamin E ဓါတ်ကို အနည်းနဲ့ အများ လျော့ကျစေတတ်လို့ တစ်နေ့တာလိုအပ်တဲ့ Vitamin E ပမာဏကို ပြည့်ပြည့်ဝဝ ရရှိနိုင်ဖို့ဆိုရင် Supplement တွေသောက်ပေးဖို့လိုအပ်ပါတယ်နော်။

(၄) Vitamin E Supplement 💊 သောက်တဲ့အခါ သိထားသင့်တဲ့အချက်တွေက?

👉🏻 Supplement တွေသောက်တဲ့အခါမျိုးမှာဆိုရင် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တစ်နေ့တာသောက်သုံးသင့်တဲ့ပမာဏထပ် ကျော်လွန်သွားတဲ့အခါ ရေရှည်မှာမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တာမို့ ကိုယ်သောက်မယ့် Supplement ရဲ့ပါဝင်အားကို သေချာလေးသိထားဖို့ကလည်းအရေးကြီးပါတယ်နော်။

💁🏻 နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကိုယ်သောက်သုံးမယ့် Supplement က FDA, ကျန်းမာရေးအသိအမှတ်ပြု ထောက်ခံချက်ရရှိထားရဲ့လား? တရားဝင်တင်သွင်းဖြန့်ချီနေတဲ့ ဆေး ဖြစ်ရဲ့လား? ဆိုတာတွေကိုသေချာလေ့လာထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့ သက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသောက်သုံးသင့်ပြီး

ရောဂါအခံရှိသူတွေအနေနဲ့လည်း ကိုယ့်မှာရှိနေတဲ့ရောဂါနဲ့ တည့်/မတည့်၊ သောက်သုံးလို့ ရ/မရ ဆိုတာတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ မှီဝဲပါလို့ အကြံပေးချင်ပါတယ်နော်။

✅ FDA ထောက်ခံချက်လည်းရရှိထားပြီး ဒီအချက်တွေအားလုံးနဲ့ကိုက်ညီတဲ့ Vitamin E Supplement သောက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့

သဘာဝ Vitamin E 400 iu အပြင် Wheat Germ Oil နဲ့ Omega-3 Fatty Acid တို့ ပေါင်းစပ်ပါဝင်တဲ့ 💙 EV-O3 လေးကို ရွေးချယ်ကြည့်ဖို့ အကြံပြုချင်ပါတယ်နော်..

အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတဲ့ ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ တစ်မျိုးတည်းသောက်ရုံနဲ့ ပြီးပြည့်စုံတဲ့ အာနိသင်တွေကို ပိုင်ဆိုင်စေနိုင်မှာပါ..🫶🏻✨



ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်….အဲ့အတွက် * လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။* တကိုယ်ရေသန့်ရှင်...
07/07/2024

ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်….

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

20/05/2024

တားဆေးကဒ်တွေ ဝယ်လို့မရကြဘူး ပြောကြလို့
အခုလတ်တလော ဝယ်ရနေတဲ့ Desolon

ဒါလည်း ⚠️လတ်တလောတော့ ⚠️ဝယ်ရနေသေးတယ်
ဒါတောင် Exp dateက 2024 11လပိုင်း ဆိုတော့ ၅လတော့ အေးဆေး သောက်လို့ရပါတယ်
ဈေးက ၈ထောင် ၁သောင်းလောက်ရှိပါတယ်
Bangladesh ပါရှင့်

မှတ်ချက် ဆေးဆိုင်တွေမှာ ပုံပြမေးဝယ်ပါ
ကျွန်မကတော့ ဈေးမရောင်းပါဘူးရှင်

ဆေးသောက်ရန်အညွှန်း

➡️ရာသီစလာတဲ့ ရက်ကနေ ၅ရက်အတွင်း စသောက်ပါ (အတူနေတာ ရှောင်စရာမလိုပါ)

➡️ရာသီလာပြီးနောက်ပိုင်း ကြားရက်မှာ သောက်ရင် အတူမနေခင် ၇ရက်ကြိုသောက်ပါ(ကြားရက်သောက်ရင် ဆေးစသောက်တဲ့ ၇ရက်အတွင်း အတူနေတာရှောင်ရပါမယ်)⚠️⚠️⚠️

➡️တခြားတံဆိပ်ကနေ ပြောင်းသောက်မယ်ဆိုရင် ကဒ်ဟောင်းကုန်တာနဲ့ (သို့) ရာသီလာပြီးရက်မှာ စသောက်နိုင်ပါတယ်
(၇ရက် အတူနေတာရှောင်စရာမလိုပါ)

၂၁လုံးပါတဲ့ကဒ်ဖြစ်လို့ ဆေးကဒ်ကုန်သွားရင် ၇ရက် နားပေးပါ (နားနေစဉ် အတူနေလို့ ရပါတယ်)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Shwe Nagar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Nagar Pharmacy:

Shortcuts

Share