Mandalay General hospital

Mandalay General hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay General hospital, Hospital, 30 th Street 76/74 street, Mandalay.

ကြိုသိရှိနိုင်ပါရန်
01/02/2021

ကြိုသိရှိနိုင်ပါရန်

01/02/2021

"အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။

Link တစ်ခု ပေးလိုက်ပါတယ်။

https://www.facebook.com/100005014158392/posts/1763764217134033/?d=n

ကာကွယ်ဆေးထိုးရန်ကျန်သော ဆရာဝန်များ စာရင်းပါ မနက်ဖန် ကာကွယ်ဆေးထိုးပေးခြင်းနားပါမည် လက်ကျန်စာရင်းများ ပြန်ကောက်ခြင်း များ ...
31/01/2021

ကာကွယ်ဆေးထိုးရန်ကျန်သော ဆရာဝန်များ စာရင်းပါ
မနက်ဖန် ကာကွယ်ဆေးထိုးပေးခြင်းနားပါမည်
လက်ကျန်စာရင်းများ ပြန်ကောက်ခြင်း များ ပြုလုပ်ပါမယ်ရှင်

ကာကွယ်ဆေးထိုးရန်ကျန်သော ဆရာဝန်စာရင်းပါ
31/01/2021

ကာကွယ်ဆေးထိုးရန်ကျန်သော ဆရာဝန်စာရင်းပါ

30/01/2021

မနက်ဖန် တနင်္ဂနွေ နေ့မှာ မနက် ၈ နာရီ ခွဲ မှ ၁ နာရီ ထိ covishield vaccine ထိုးပေးပါမည် ထိုးရန်ကျန်သူများ အချိန်မှီ လာပါရန်ရှင့်

ထပ်မံထွက်ရှိလာသော ကဒ်စာရင်း
30/01/2021

ထပ်မံထွက်ရှိလာသော ကဒ်စာရင်း

30/01/2021

ဆေးများထပ်မံရောက်ရှိလာပါသဖြင့်
ကဒ်စာရင်းထွက်ရှိ၍ အားလပ်သောဆရာ ဆရာမများ နေ့ခင်းတစ်နာရီမှသုံးနာရီအတွင်းတွင် မန်းတောင်ရိပ်သို့ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ပါသည်။
ကဒ်မထွက်သော ဆရာဆရာမများအားလည်း စာရင်းကောက်၍ထိုးနှံပေးပါမည်။
ယနေ့မလာနိုင်သော ဆရာဆရာမများအားလည်း တနင်္ဂနွေနေ့တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ပါမည်။

29/01/2021

မနက်ဖန်မနက်ဆေးများရောက်ရှိပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်
၁၁ နာရီတွင် ဆေးများ လာရောက်ထုတ်ရန်
တိုင်းကျန်းမာ ကူးစက်မှ အကြောင်း ကြားလာပါသည်

Covid-19 vaccine ကဒ်ထွက်ရှိပြီးသော ဆရာဝန်စာရင်းပါကဒ်စာရင်း မထွက်ရှိသေးသော အရေအတွက် ၈၀ ကျော်အတွက်လည်းထပ်မံတောင်းခံထားပါသည...
29/01/2021

Covid-19 vaccine ကဒ်ထွက်ရှိပြီးသော ဆရာဝန်စာရင်းပါ
ကဒ်စာရင်း မထွက်ရှိသေးသော အရေအတွက် ၈၀ ကျော်အတွက်လည်းထပ်မံတောင်းခံထားပါသည်။

ကဒ်စာရင်းရရှိပြီး ဆေးမရောက်ရှိသေးပါသဖြင့်ဆေးရောက်ရှိပါက ထိုးမည့်ရက်ကိုထပ်မံဖော်ပြပါမည်။

ကဒ်မထွက်သူများအတွက်လည်း master list ဖြင့်တိုက်၍ ထိုးပေးပါမည်။
ကျန်းမာရေးဝန်ထမ်းအားလုံးပါအောင်ထိုးမည်ဖြစ်ပါသည်။

Address

30 Th Street 76/74 Street
Mandalay
SUSUDWE@234

Telephone

+9524068763

Website

Alerts

Be the first to know and let us send you an email when Mandalay General hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category