Jivaka Pharmacy , Clinic & Diagnostic Center HR

Jivaka Pharmacy , Clinic & Diagnostic Center HR We Care Your Health.

💜 ​စျေးဝယ်တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုသည် ဇီဝကဆေးဆိုင် အတွက် အမြဲတမ်း ဦးစားပေးအရေးကြီးဆုံး ဖြစ်ပါသည်။...
07/08/2026

💜 ​စျေးဝယ်တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုသည် ဇီဝကဆေးဆိုင် အတွက် အမြဲတမ်း ဦးစားပေးအရေးကြီးဆုံး ဖြစ်ပါသည်။

ဒါကြောင့် "သက်တမ်းလွန်ဆေးဝါးများ လုံးဝ မရောင်းချပါ" ဆိုသော အခြေခံစံထားတန်ဖိုးကို အစဉ်တစိုက် လိုက်နာလျက်ရှိပါသည်။

✅ ဆေးဝါးများ၏ Expiry Date များကို လစဉ် စနစ်တကျ စစ်ဆေးခြင်း
✅ Expired ဖြစ်သော ဆေးဝါးများကို ချက်ချင်း ဖယ်ရှားခြင်း
✅ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စုပေါင်းပို့ဆောင်၍ ဖျက်ဆီးခြင်း

ဤလုပ်ငန်းစဉ်များကို အမြဲတမ်း ဆောင်ရွက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် ဇီဝကဆေးဆိုင် မှ ဆေးဝါးများကို ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ပါသည်။

ယခုတစ်​ခေါက်မှာလည်း Expired ဆေးဝါးများကို စနစ်တကျ သွားရောက်ပို့ဆောင်ခဲ့သည့် ပုံရိပ်အား မျှဝေလိုက်ပါသည်။

💜 သင့်ကျန်းမာရေးအတွက် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ပေးအပ်နိုင်ရန် ဇီဝကဆေးဆိုင်က အမြဲတမ်း ကတိပြုထားပါသည်။

#ဇီဝကဆေးဆိုင်

Jivaka Pharmacy ၏ (၉) ကြိမ်​မြောက် Half Annual Meeting 🎉July လ 19 ရက်​နေ့တွင် Jivaka Pharmacy ၏ Half Annual Meeting ကို ...
20/07/2026

Jivaka Pharmacy ၏ (၉) ကြိမ်​မြောက် Half Annual Meeting 🎉

July လ 19 ရက်​နေ့တွင် Jivaka Pharmacy ၏ Half Annual Meeting ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ယခုအစည်းအဝေးတွင် နှစ်ဝက်တာအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ပြီး ​နောက် (၆) လအတွက် ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များကို ပိုမိုတိုးတက်လုပ်ကိုင်နိုင်စေရန် လိုအပ်ချက်များကို အတူတကွ ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။

Jivaka Pharmacy ကို ယနေ့အထိ အားကောင်းစွာ ရှေ့ဆက်နိုင်စေခဲ့သည့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုတို့အတွက် အထူးကျေးဇူးတင်ရှိပါသည်။

ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်နှင့် ကျန်းမာရေးဝန်ဆောင်မှုများကို အတူတကွ ဖန်တီးသွားကြပါစို့။ 💜💜

✨ ၂၀၂၆ ခုနှစ်ရဲ့ ပထမ (၆) လပတ်အတွင်း လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှု၊ စနစ်တကျရှိမှုနဲ့ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ...
04/07/2026

✨ ၂၀၂၆ ခုနှစ်ရဲ့ ပထမ (၆) လပတ်အတွင်း လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှု၊ စနစ်တကျရှိမှုနဲ့ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေကြောင့် 5S & KAIZEN Improvement Award ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဇီဝကဆေးဆိုင် အမှတ် (၂) ကို အထူးပင် ဂုဏ်ယူပါတယ်ရှင်။

အဖွဲ့လိုက် စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားခဲ့ကြတဲ့ Shop II မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပုံရိပ်ကို မျှဝေပေးလိုက်ပါတယ်ရှင့် 🥰🥰

တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုက ဝန်ထမ်း​...
25/06/2026

တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုက ဝန်ထမ်း​တွေရဲ့ ကျွမ်းကျင်မှုကလည်း အမြဲတမ်း Up-to-date ဖြစ်နေဖို့ လိုအပ်ပါတယ်။

ကျွန်မတို့ ဇီဝကရဲ့ Training ခန်းထဲမှာ တက်ကြွစွာနဲ့ လေ့လာသင်ယူနေကြတဲ့ ဝန်ထမ်းတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်။ 😉

Admin & HR ပိုင်းအား တာဝန်ယူထား​သော မခိုင်ဇင်ထွန်းကိုယ်တိုင် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်စွမ်းရည် ပိုမိုတိုးတက်လာစေဖို့အတွက် Computer Skills Training ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

💡 Training မှာ လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းတွေ၊ စာရင်းဇယားတွေကို စနစ်တကျရှိပြီး မြန်မြန်ဆန်ဆန် တွက်ချက် စီမံနိုင်အောင် Microsoft Word & Excel, Presentation တင်ပြချက်တွေကို ပုံရိပ်အမြင်လှပစွာနဲ့ စွဲဆောင်မှုရှိစေဖို့ PowerPoint Training တွေကို လေ့ကျင့်သင်ကြားခဲ့ကြပါတယ်။

သင်ကြားထားတဲ့ အချက်အလက်တွေကို စိတ်ဝင်စားဖို့ကောင်းပြီး ရှင်းလင်းပြတ်သားတဲ့ Slide တွေအဖြစ် ဝန်ထမ်းတွေကိုယ်တိုင် လက်တွေ့ PowerPoint ပြန်လုပ်ပြီး Presentation လေးတွေ တင်ပြခဲ့ကြပါတယ်။

🎯 ရည်ရွယ်ချက်ကတော့ ရုံးလုပ်ငန်းခွင်မှာတင်မကဘဲ ဆေးဆိုင်ခွဲအသီးသီးရဲ့ Data စာရင်းဇယားတွေ၊ ဝန်ဆောင်မှုအပိုင်းတွေကို ဒီထက်မက မြန်ဆန်သွက်လက်လာစေပြီး လာရောက်အားပေးကြတဲ့ မိဘပြည်သူတွေကို အချိန်တိုအတွင်း အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

သင်ယူရတာကို ဘယ်တော့မှ မရပ်တန့်ဘဲ အမြဲတမ်း Performance မြှင့်တင်နေတဲ့ Jivaka ရဲ့ ဝန်ထမ်းတွေရှိနေတာမို့ စိတ်ချယုံကြည်စွာနဲ့ အမြဲတမ်း အားကိုးလိုက်ပါနော်။ 💙

ဒီနေ့ဟာ ဇီဝကရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Shop II ရဲ့ (၁၂) နှစ်ပြည့် မွေးနေ့ရက်မြတ် အခါသမယပဲ ဖြစ်ပါတယ်ရှင်။ 🥰🎉​ဒီ (၁၂) ...
06/06/2026

ဒီနေ့ဟာ ဇီဝကရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Shop II ရဲ့ (၁၂) နှစ်ပြည့် မွေးနေ့ရက်မြတ် အခါသမယပဲ ဖြစ်ပါတယ်ရှင်။ 🥰🎉

​ဒီ (၁၂) နှစ်တာ ခရီးစဉ်တစ်လျှောက်လုံးမှာ စက္ကန့်မလပ် ကြိုးစားအားထုတ်မှုတွေနဲ့အတူ Shop II ကို ဒီနေ့ဒီအချိန်ထိ အောင်မြင်တဲ့ ဆိုင်ခွဲတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးခဲ့ကြတဲ့ Supervisors များနဲ့ ညီမလေးတွေအားလုံးရဲ့ တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ စည်းလုံးမှုတွေကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ဂုဏ်ယူမိပါတယ်ရှင်။ 🤝💖

Shop II ရဲ့ (၁၂) နှစ်တာ ဖြတ်သန်းမှုမှာ အဓိက အသက်သွေးကြောဖြစ်တဲ့...
​တစ်ခဲနက် ယုံကြည်အားပေးခဲ့ကြတဲ့ ချစ်ရပါသော Customers တစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးအထူးတင်ရှိသလို၊
​အမြဲတမ်း လမ်းညွှန်ပြသ၊ ချစ်ခင်စွာ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ ဆရာမများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂါရဝပြုအပ်ပါတယ်ရှင်။

​ဒီနှစ်မှာလည်း သတ်မှတ်ထားတဲ့ Sales Target တွေကို 100% မက၊ ကျော်လွန်ပြည့်မှီပြီး ထိပ်ဆုံးမှာ ဆက်လက်တောက်ပနေမယ့် Shop II အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ 🥳🎈💜

​

💊 ​ဇီဝက ဆေးဆိုင်၏ ဌာနအသီးသီးမှာ Permanent ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြပြီဖြစ်တဲ့ ဝန်ထမ်းသစ်များအတွက် KPI Awareness Tr...
05/06/2026

💊 ​ဇီဝက ဆေးဆိုင်၏ ဌာနအသီးသီးမှာ Permanent ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြပြီဖြစ်တဲ့ ဝန်ထမ်းသစ်များအတွက် KPI Awareness Training ကို ပြုလုပ်ပေးခဲ့ပါတယ်။

​ဒီသင်တန်းမှာ Admin & HR အပိုင်းအား တာဝန်ယူထားသော အစ်မ မခိုင်ဇင်ထွန်းမှ လုပ်ငန်းခွင်အတွင်း မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို အဖိုးတန်တဲ့ ရလဒ်တွေအဖြစ် ဘယ်လိုပြောင်းလဲမလဲ၊ တစ်ဦးချင်းစီရဲ့ တာဝန်တွေကို KPI စံနှုန်းတွေနဲ့အညီ ဘယ်လိုထိရောက်အောင် ဆောင်ရွက်မလဲဆိုတာကို အသေးစိတ် ပြောပြပေးခဲ့ပါတယ်။

​✨ ဝန်ထမ်းသစ်များအနေနဲ့လည်း မိမိတို့ဌာနအလိုက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး လုပ်ငန်းခွင်ထဲမှာ ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ကြလိမ့်မယ်လို့ ဇီဝကမှ အပြည့်အဝ ယုံကြည်ပါတယ်။

တက်တက်ကြွကြွ လေ့လာသင်ယူခဲ့ကြတဲ့ ဝန်ထမ်းသစ်များရဲ့ အမှတ်တရ မှတ်တမ်းတင် ပုံရိပ်အချို့ကို မျှဝေလိုက်ပါတယ်ရှင်။ 📸✨

📢 OFFICIAL ANNOUNCEMENTဇီဝက၏ ချစ်ခင်လေးစားရပါသော မိတ်ဆွေသူငယ်ချင်းတို့ရှင့်...ဇီဝကဆေးဆိုင်၏ အလုပ်ခေါ်စာများကို အောက်ပါ o...
18/05/2026

📢 OFFICIAL ANNOUNCEMENT

ဇီဝက၏ ချစ်ခင်လေးစားရပါသော မိတ်ဆွေသူငယ်ချင်းတို့ရှင့်...
ဇီဝကဆေးဆိုင်၏ အလုပ်ခေါ်စာများကို အောက်ပါ official channels များတွင်သာ တင်ပြကြေညာလျက်ရှိကြောင်း အသိပေးအပ်ပါတယ်ရှင့်။

• Jivaka Pharmacy page https://www.facebook.com/share/1JTwjdohPg/

• Jivaka Pharmacy, Clinic & Diagnostic Center HR page https://www.facebook.com/share/1B6DQw1Tw6/

• Jivaka Pharmacy - ဇီဝကဆေးဆိုင် TikTok Channel https://www.tiktok.com/.pharmacy?_r=1&_t=ZS-96ShEf2sjjh

ဇီဝကအနေဖြင့် မိတ်ဆွေတို့အတွက် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းတစ်ခုဖြစ်စေရန် အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ရှင့်။
အစဉ်အမြဲ ယုံကြည်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 💜

#ဇီဝကဆေးဆိုင်

ဇီဝကရဲ့ အနာဂတ်ကို ပိုမိုတောက်ပအောင် ထုဆစ်ပေးမယ့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေဖို့... 🌟💊 ဇီဝကဆေးဆိုင်ရဲ့ ဌာနအသီးသီး...
18/05/2026

ဇီဝကရဲ့ အနာဂတ်ကို ပိုမိုတောက်ပအောင် ထုဆစ်ပေးမယ့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေဖို့... 🌟

💊 ဇီဝကဆေးဆိုင်ရဲ့ ဌာနအသီးသီးမှာ Assistant Supervisors များအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို Brain Box Acumen ရဲ့ ဆရာကြီး ဒေါက်တာ ဦးကောင်းလွန်းထံမှာ Supervisory Skills Training ကို တက်ရောက်လေ့လာစေခဲ့ပါတယ်ရှင်။

ဒီသင်တန်းကတစ်ဆင့် လုပ်ငန်းခွင်မှာ အပြန်အလှန် လေးစားမှု၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့ အဖွဲ့အစည်းကို မှန်ကန်စွာ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်မှုအရည်အသွေးတွေကို ကောင်းမွန်စွာ လေ့လာခွင့်ရခဲ့ကြပါတယ်။

ဒီလို အဖိုးတန်တဲ့ သင်တန်းမျိုးကို တက်ရောက်ခွင့်ပေးပြီး ဝန်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်မှုကို အမြဲဦးစားပေး ပံ့ပိုးပေးပါသော ဇီဝကရဲ့ Managing Director ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏

ထို့အတူ မိမိရဲ့ အတွေ့အကြုံ၊ ဗဟုသုတနဲ့ ပညာရပ်တွေကို တန်ဖိုးရှိလှတဲ့ သင်ခန်းစာတွေအဖြစ် စေတနာအပြည့်နဲ့ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့တဲ့ ဆရာကြီး ဒေါက်တာ ဦးကောင်းလွန်းကိုလည်း နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိအပ်ပါတယ်။ 👨‍🏫✨

သင်တန်းတက်ရောက်ခဲ့တဲ့ ဇီဝကရဲ့ ခေါင်းဆောင်ငယ်များအနေနဲ့လည်း ဆရာကြီးသင်ကြားပေးခဲ့တဲ့ သင်ခန်းစာတွေကို လုပ်ငန်းခွင်ထဲမှာ အကျိုးရှိစွာ ပြန်လည်အသုံးချပြီး ဇီဝကရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်သွားကြမယ်လို့ ယုံကြည်ပါတယ်ရှင်။ ❤️

‼️ အရေးကြီးအသိပေးချက်နှင့် သတိပေးပန်ကြားလွှာ ‼️ချစ်ခင်ရပါသော ဇီဝကဆေးဆိုင်၏ Customer ကြီးများရှင် ကျွန်မတို့ဆေးဆိုင်၏ HR ...
11/05/2026

‼️ အရေးကြီးအသိပေးချက်နှင့် သတိပေးပန်ကြားလွှာ ‼️

ချစ်ခင်ရပါသော ဇီဝကဆေးဆိုင်၏ Customer ကြီးများရှင်
ကျွန်မတို့ဆေးဆိုင်၏ HR ဌာနသုံး ဖုန်းနံပါတ်များ (09964100129, 09756655469) ထည့်သွင်းထားသည့် ဖုန်း handset သည် မမျှော်လင့်ဘဲ အလုခံလိုက်ရကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်။ 😔

ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🚫 အဆိုပါ HR ဖုန်းနံပါတ်များမှတစ်ဆင့် လူကြီးမင်းတို့ထံ ဆက်သွယ်လာခြင်း၊ ငွေကြေးကိစ္စရပ်များ ပြောဆိုခြင်း သို့မဟုတ် အချက်အလက်တောင်းခံခြင်းများ ရှိလာပါက ၎င်းသည် ဇီဝကဆေးဆိုင်မှ မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

လက်ရှိတွင် အဆိုပါဖုန်းနံပါတ်များကို ဆက်သွယ်၍မရစေရန် ယာယီပိတ်ခိုင်းထားပြီး ဖြစ်ပါသည်။

⚠️ အဆိုပါနံပါတ်များမှ မသင်္ကာဖွယ်ရာ Link များ ပေးပို့လာခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှုများရှိပါက လျစ်လျူရှုပေးပါရန် အနူးအညွတ် တောင်းဆိုအပ်ပါသည်။

လူကြီးမင်းတို့၏ လုံခြုံရေးနှင့် စိတ်အနှောင့်အယှက်မဖြစ်စေရေးအတွက် အမြန်ဆုံး အစားထိုးဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက ဆေးဆိုင်၏ Official Channels များမှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

✨ အရည်အသွေးရှိသော ဝန်ဆောင်မှုနောက်ကွယ်မှ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ✨💜 ​ဇီဝက အနေနဲ့ ဖောက်သည်တော်ကြီးများအတွက် အကောင်း...
29/04/2026

✨ အရည်အသွေးရှိသော ဝန်ဆောင်မှုနောက်ကွယ်မှ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ✨

💜 ​ဇီဝက အနေနဲ့ ဖောက်သည်တော်ကြီးများအတွက် အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတွေ ပံ့ပိုးပေးနိုင်ဖို့ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို အမြဲ မြှင့်တင်ပေးလျက် ရှိပါတယ်ရှင်။

​အခုလည်း ကျွန်မတို့ရဲ့ Managing Director ကိုယ်တိုင် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ The Vicious Cycle of Transitions (အမင်္ဂလာ စက်ဝန်း) ကို ဘယ်လို ကျော်ဖြတ်မလဲ၊ ⁉️
အောင်မြင်မှုတွေ ဆက်တိုက်ရရှိစေမယ့် The Virtuous Cycle of Transitions (မင်္ဂလာ စက်ဝန်း) ထဲကို ဘယ်လို ဝင်ရောက်မလဲ ဆိုတာတွေကို အတွေ့အကြုံကောင်းတွေနဲ့တကွ သင်ကြားပြသပေးခဲ့ပါတယ်ရှင်။

​ဒါ့အပြင် လုပ်ငန်းခွင် အောင်မြင်မှုရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Speed of Trust ခေါင်းစဉ်နဲ့လည်း အဖွဲ့အစည်းအတွင်း ယုံကြည်မှု ခိုင်မာအောင် ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကိုပါ ပို့ချပေးခဲ့ပါတယ်ရှင်။ 🥰🥰

​အခုလို အဖိုးတန်တဲ့ အချိန်တွေကို ပေးပြီး ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်အတွက် ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ MD ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏🙏

#ဇီဝကဆေးဆိုင်

Address

30st, Between 76st &77st
Mandalay

Telephone

+959964100129

Website

Alerts

Be the first to know and let us send you an email when Jivaka Pharmacy , Clinic & Diagnostic Center HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share