Dr Thurein Clinic

Dr Thurein Clinic Health Care Service

25/09/2025

ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည် ။
၁-Nurse Aid (2 posts )(night )
၂- receptionist

ဆေးခန်းသို့လာ၍လျှောက်ထားနိုင်ပါကြောင်း

Ph-09789977226

အားလုံးအတွက် ညရေးညတာပါ ကျွန်တော်ဆေးခန်းဖွင့်ထားပေးပါတယ်ဗျ
08/03/2025

အားလုံးအတွက် ညရေးညတာပါ ကျွန်တော်ဆေးခန်းဖွင့်ထားပေးပါတယ်ဗျ

ရွှေဆည်းဆာ ဆေးခန်းကို 24 / 7
ဖွင့်ဖြစ်လိုက်တာ ဒီလိုပါ ။

ရွှေဆည်းဆာအနေနဲ့ 24 / 7 ဖွင့်ဖို့ဆိုတာက
ထင်သလောက် မလွယ်ပါဘူး ။

စဖွင့်တာနဲ့ ဒီထက်ပိုပြီး Dr တွေ ၊ လာတဲ့
လူတွေအတွက် ကြည့်ရှုစောက်ရှောက်ပေးမယ့် Nurse
တွေပိုလိုလာမယ် ။

မီးဖိုး / ရေဖိုးတွေအပြင် 24 နာရီ Online ပေါ်ကကော
ဖုန်းခေါ်တဲ့လူတွေအတွက် 24 / 7 ပြန်ဖြေပေးမယ့်
လူတွေလည်း အများကြီးလိုပါတယ် ။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာက

တစ်ချို့ မိသားစုတာ၀န် ယူနေရတဲ့
အိမ်‌ထောင်ဦးစီးအများစုက အိမ်ပြန်အလွန်နောက်
ကျပါတယ် ။

တစ်ချို့ဆို Night Shift ဆင်းနေရတဲ့လူတွေ
တောင်ရှိပါ သေးတယ် ။

ဒီလိုလူတွေအတွက် အိမ်ပြန်လာတဲ့အခါ
ဆေးခန်း သွားချင်တယ်ဆိုရင် သွားစရာဆေးခန်း
မဲကင်းကုန်းမှာ လောဆည် မရှိပါဘူး ။

ဒါအပြင့် တစ်ချို့ ကလေးမွေးထားတဲ့မိခင်တွေဆို
ညကြီးသခေါင် ကလေး ကဖြစ်စေ / ကိုယ်ကဖြစ်စေ
ကျန်းမားရေးကိစ္စတစ်ခုခုဖြစ်စေ

ဆေးရုံ သွားဖို့ဆိုတာက အတော်လေးအလှန်ဝေးပါတယ် ။

ဒါကြောင့် မဲကင်းကုန်း ရွာသူ / ရွာသားတွေကော
ပုသိမ်ကြီး မြို့အတွင်းက ရွာတွေ ပါအဆင်ပြေအောင်
ရွှေဆည်းဆာအနေနဲ့

Online ကော ၊ ဆေးခန်းမှာပါ
24 နာရီ 7 ရက်လုံး ပိတ်ရက်မရှိ ဖွင့်ဖြစ်ခဲ့တာပါ ။

ပုသိမ်ကြီးမြို့နယ် အတွင်းက ရွာတွေနဲ့ မဲကင်းကုန်းရွာမှာ
နောက်ဆို ကျန်းမားရေးကိစ္စနဲ့ပက်သက်လာရင်

အားကိုးလို့ရတဲ့ ဒီ အထူးကု ဆေးခန်း ရှိနေပြီဖြစ်လို့
စိတ်ပူစရာမလိုတော့ပါဘူး ။

ဒီနေရာမှာ တစ်ပါးတည်း အသိပေးနှိုးဆော်ချင်တာက
ဒီ အွန်းလိုင်းပေါ်မှာလည်း 24 / 7 ကျန်းမားရေးအသိပေးချက်တွေ ၊ ဆောင်ပါးတွေ

ဝာင်ပေးနေတာဖြစ်လို့ မဲကင်းကုန်းကျေးရွာ ကဖြစ်စေ ၊ ပုသိမ်ကြီးမြို့မှာ နေနေတယ် ဆိုရင် မဖြစ်မနေ

Follow လုပ်ထားဖို့လိုတာကိုမမေ့ပါနဲ့ရှင့် ❗
ဒါအပြင် ဒီ Post လေးကိုအများမြင်အောင် ဝိုင်းဝံ့ကူညီခြင်းဖြင့် ‌Share သွားပေးကြဖို့လည်း နှိုးဆော်ပါတယ်ဗျာ ။

#ရွှေဆည်းဆာအထူးကုဆေးခန်း #ပုသိမ်ကြီးမြို့နယ် #မဲကင်းကုန်း #ကိုယ်၀န်ဆောင်မိခင်များ #ကျန်းမားရေး #ဆေးခန်း #ညဆိုင်းဆင်းရသူများ #အိမ်ပြန်နောက်ကျသူများ

17/02/2025

Dr ရေ နေခင်းတစ်ရေး အိပ်ဝာာ ကောင်းလား ? မကောင်းဘူးလား ?

နေခင်းတစ်ရေးအိပ်တာက ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းစေပြီးတော့ အားရုံစူးစိုက်မှုအားကောင်းစေတယ်ဆိုပေမယ့် နေတိုင်းအိပ်တတ်တဲ့အကျင့်၀င်သွားမယ့်ဆိုရင်တော့

ရေရှည် မှာ ကိုယ်ခံအားကျဆင်းတာ ၊ သွေတိုးရောဂါ နဲ့ လေဖြတ်တာကို ခံစားရနိုင်ပါတယ် ။

ဒါ့အပြင် အိပ်ချိန် ၊ ည ချိန်မမှန်တာကနေ အိပ်ရေအမြဲမ၀သလို ခံစားနေရမှာဖြစ်ပါတယ် ၊ ဒါကြောင့် တစ်ပတ်မှာ Weekend နားရက်အိပ်တာလောက်ကတော့
ပြဿနာမရှိပါဘူးဗျာ ။

-thurein

သူငယ်ချင်းနဲ့အတူအိပ်ရင် သူ ဟောက်လို့ အိပ်မပျော်တာမျိုးကြုံဖူးကြလား ❓- သူတို့တွေဘာကြောင့်ဟောက်တာလဲ ?- သူတို့မှာဘယ်လိုကျန်...
14/02/2025

သူငယ်ချင်းနဲ့အတူအိပ်ရင် သူ ဟောက်လို့ အိပ်မပျော်တာမျိုးကြုံဖူးကြလား ❓

- သူတို့တွေဘာကြောင့်ဟောက်တာလဲ ?

- သူတို့မှာဘယ်လိုကျန်းမားရေးပြဿနာတွေရှိနိုင်လဲ ?

- ဟောက်တာကကူးစက်နိုင်လား ?

မေးခွန်းတွေများနေပြီးမလားနော်

ဟောက်တယ်ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်း အလွယ်ဝာကူ ဖြတ်သန်းမစီးနိုင်ပဲ လေဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွင်း ပိတ်ဆို့မှုတစ်ခုခုကြောင့် ဟောက်သံဖြစ်ပေါ်လာတာဖြစ်ပါတယ် ။

ဟောက်တာက မကူးစက်နိုင်ပေ့မယ့် ဘယ်သူတွေနဲ့ အများဆုံးဖြစ်လဲဆိုရင်

- အမျိုးသားတွေမှာ
- Alcohol နဲ့ ကြွက်သားဖြေလျှော့စေတဲ့ဆေး ( သို့ ) အိပ်ဆေး
- အသက်ကြီးတဲ့လူတွေ
- ကိုယ်အလေးချိန် များနေတဲ့လူတွေ
- ကိုယ်၀န်ဆောင်ချိန်
- ကျန်းမားရေး ပြဿနာ နဲ့ မျိုးရိုး ကြောင့်ဖြစ်နိုင်ပါတယ် ။

ဟောက်တတ်တဲ့လူတွေအနေနဲ့ ဖြစ်တဲ့ကျန်းမားရေးပြဿနာများကတော့

- obstructive sleep apnea
- ဆီချို / သွေးတို
- အ၀လွန် / လေဖြတ်
- လိင်တံမထောင်မတ်နိုင်သော
- စိတ်ဓာတ်ကျလွယ်ခြင်း
- နှလုံး နှင့် သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်တတ်ပါတယ် ။

ဒီလောက်ဆို သင့်လိုနေတဲ့အဖြေရပြီ လို့ Dr မျှော်လင့်ပါတယ် ။

ကျွန်နော် နာမည်က Dr Thurein ပါ ၊ ကျန်းမားရေးပြဿနာ တွေကို ရှင်းပြ ကူညီပေးနေတဲ့ အထွေအထွေရောဂါကု ဆရာ၀န်တစ်ယောက်ပါ ။

09/02/2025

ဘစိုင်းတို့လို အသက်ကြီးတဲ့ အထိ ဘော်ဒီတောင့်ချင် ဖြောင့်ချင် စော်ကြည်ချင်ရင်တော့ ..

ကျန်းမာရေးလိုက်စားဖို့ မမေ့ပါနဲ့။ ငွေကုန်ကြေးကျ သက်သာပြီး ကျန်းမာစေတဲ့ အကောင်းဆုံး နည်းလမ်းကတော့ ဘာကောင်းကျိုးမှ မပေးတဲ့ အရက်၊ ဘီယာ ၊ ဆေးလိပ် ဖြတ်လိုက်ခြင်းပါပဲ..

အသက်ကြီးလေ ဆဲလ်အသစ် ဖြစ်ပေါ်မှု နည်းလေ အသားအရေ လျော့တွဲလေအပြင် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ အဆုတ် ကျောက်ကပ် နှလုံး ကျန်းမာရေးတို့က သိသိသာသာ အားနည်းလာ တတ်ပါတယ်။

အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုခြင်း အိုမင်းခြင်းဆိုတာ ကိုယ့်ရဲ့ အနေအထိုင် အစားအသောက် နဲ့ ကျန်းမာရေး လိုက်စားမှု ပေါ် အများကြီး မူတည်တာကြောင့် Protein ဓါတ်ပြည့်၀ စေတဲ့ အစားအစာ တွေ စားမယ် လေ့ကျင့်ခန်း ပုံမှန် လုပ်မယ် သွေးတိုး ဆီးချို နှလုံး ကျန်းမာရေး ပုံမှန် စစ်ဆေးမယ် ဆရာ၀န် တွေရဲ့ အကြုံပြုချက်တွေ ရယူမယ်ဆိုရင် စိတ်ကူးထဲက ဘီးကြဲလို ဒေါင်ဒေါင်မြည် အောင် ကျန်းမာနိုင်မှာ ပဲ ဖြစ်ပါတယ်။

ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဒီ့ထက် သိချင် မေးချင်တာတွေ ရှိတယ်ဆိုရင် comment မှာ စာချန် ထားနိုင်ပြီး ရွှေဆည်းဆာ Clinic မှ ပြန်လည် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဆည်းဆာ ဆေးခန်းမှာ အခါအခွင့် သင့်သလို အခမဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ အပြင် ကျန်းမာရေး အကြံပေး ၀န်ဆောင်မှုတွေပါ ရှိတာကြောင့် သင့်ကျန်းမာရေးအတွက် Update သတင်း တွေ အမြဲရဖို့ Follow လုပ်ထား ဖို့ တိုက်တွန်းလိုက်ပါရစေ။

#ရွှေဆည်းဆာအထူးကုဆေးခန်း #ပုသိမ်ကြီးမြို့နယ်

06/02/2025



ဆီးချိုရောဂါသည် အသက်အရွယ်မရွေး၊ လူကြီး လူငယ် မရွေး ယောင်္ကျား မိန်းမရွေး ဖြစ်ပွားနိုင်ပြီး

ဆီးချိုရောဂါရှိလျှင် ..

1.အနာဖြစ်လျှင် တော်ရုံနှင့် မပျောက်ခြင်း။

2. အိမ်သာခွက် အတွင်းခံဘောင်းဘီတွင် ပုရွက်ဆိတ်များ အုံခြင်း။

3. မောပန်းနွမ်းနယ်ခြင်း။

4. ထုံကျဉ် ကိုက်ခဲခြင်း။

5. မကြာခဏ ဆီးသွားခြင်း။

6. အမြင်အာရုံ မှုံ၀ါးခြင်း။

7. ကိုယ်အလေးချိန် လျော့ကျခြင်း။

8. ရေအလွန်အကျွံဆာခြင်း။

ဆီးချိုဝေဒနာရှင်များသည် သွေးအချိုဓာတ်မြင့်မားခြင်း ကြောင့်သော်လည်းကောင်း သွေးအချိုဓာတ်လွန်ကဲစွာ ကျဆင်းခြင်းကြောင့်လည်း အသက်အန္တရာယ်စိုးရိမ်ရသည် အထိ ဖြစ်ပွားနိုင်ခြင်းကြောင့် ဆီးချိုကို ပုံမှန် စစ်သင့်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ ဆီးချို ရောဂါရှိ မရှိ စစ်ဆေးချင်တယ် ဆေးခန်းသွားဖို့လည်း အချိန် မပေးနိုင်သေးဘူး ဆိုရင်တော့ ရွှေဆည်းဆာရဲ့ chat box မှာ ခံစားရတဲ့ ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင်။

အားလုံး ဒေါင်" မြည်နိုင်အောင် ကျန်းမာ ကြပါစေ။ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေရှင်။

#ရွှေဆည်းဆာအထူးကုဆေးခန်း #ပုသိမ်ကြီးမြို့နယ်

FYI 📣📣
18/01/2025

FYI 📣📣

ကိုယ်၀န်ဆောင်မိခင်တွေ ၊ သားအိမ်ခေါင်ကင်ဆာ စစ်ဆေးချင်တဲ့ အမျိုးသမီးတွေ နဲ့ အခြားသော အသည်း ၊ ကျောက်ကပ် နှင့် နှလုံး ရောဂါ ❗

စစ်ဆေးချင်သူများအတွက် သတင်းကောင်းလေးပါ ။

‌ရွှေဆည်းဆာ မှာ ဒီအထက်ပါဖော်ပြတဲ့ ရောဂါတွေအပြင်

• ကင်ဆာ နှင့်‌ ရောင်းရမ်းမှုတွေရှိ ၊ မရှိ
• အစာအိမ် နှင့် အူလမ်းကြောင်းများ
• ကိုယ်၀န်ဆောင် မိခင်များ ကလေးရဲ့ ဖွံ့ဖြိုးမှုအခြေအနေ စစ်ဆေးချင်တဲ့ လူကြီးမင်းများအတွက်

ရွှေဆည်းဆာအထူးကုဆေးခန်းမှာ Ultrasound Service လာစစ်လို့နိုင်ပါပြီ ✨

🔹Ultrasound ‌စစ်ဆေးမှုများအတွက် လာရောက် စစ်ဆေးလိုပါက အပတ်စဉ်

📅 မနက် ၈ :၀၀ - ၁၁:၀၀ နာရီအတွင်း အားမယ်ဆိုရင်
( သောကြာနှင့် တနင်္လာနေ့ ) လာရောက်နိုင်သလို

📅 ညနေ ၄:၀၀ - ၇:၀၀ နာရီအတွင်း အားမယ်ဆိုရင်
( စနေနေ့ နှင့် တနင်္ဂနွေ နေ့ ) မျိုးကို လာရောက်နိုင်ပါတယ် ။

🏥 ပုသိမ်းကြီး မြို့နယ် ၊ မဲကင်းကုန်းရွာ ၊ မန္တလေးတိုင်း
☎️ +959789977226

#ရွှေဆည်းဆာအထူးကုဆေးခန်း #ကိုယ်၀န်ဆောင်မိခင်များ #ပုသိမ်ကြီးမြို့

အားလုံးပဲကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်Happy New Year 2025  Ph-09789977226
01/01/2025

အားလုံးပဲကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်
Happy New Year 2025


Ph-09789977226

ရွှေဆည်းဆာမိသားစု နှင့် Team များ ကနေပြီးတော့ မြန်မာနိုင်ငံသားတိုင်း ကျန်းမာချမ်းသာ ကြပါစေကြောင်း
နှစ်သစ် မှာ ဆုတောင်းပေးလိုက်ပါတယ် ✨

ကျွန်တော့်လူနာများအတွက် ဒီထကိပိုကောင်းတာတွေလုပ်ပေးနိုင်ဖို့ အစဉ်ကြိုးစားလျှက်ပါဒေါက်တာသူရိန်ရွှေဆည်းဆာဆေးခန်းPh-09789977...
29/12/2024

ကျွန်တော့်လူနာများအတွက် ဒီထကိပိုကောင်းတာတွေလုပ်ပေးနိုင်ဖို့ အစဉ်ကြိုးစားလျှက်ပါ

ဒေါက်တာသူရိန်
ရွှေဆည်းဆာဆေးခန်း
Ph-09789977226

ကိုယ်နှလုံးရဲ့အခြေအနေလေးကို သိချင်တယ် 🫀နှလုံးရောဂါနဲ့ပက်သက်ပြီး သံသယ ရှိနေတယ် ဆိုရင်

ရွှေဆည်းဆာ အထူးကု ဆေးခန်းမှာ လူတိုင်းအတွက် အခမဲ့ ပြုလုပ်ပေးသွားမယ့် ECG Campaign လေး
သင့်တို့အတွက် ရှိနေပါပြီနော် 💞

ECG ( Electrocardiogram ) နဲ့ ဘာတွေသိနိုင်လဲ ❓

သင့်နှလုံးရဲ့ စီးချက် မှန်သမျှနှင့်

- နှလုံးရောဂါဖြစ်နိုင်ချေ ရှိမရှိ
- နှလုံးကြွက်သာ ပျက်စီးမှု ရှိမရှိ
- နှလုံးနဲ့ပက်သက်ပြီး နောက်ဆင်တွဲရောဂါ ရှိမရှိ

ဖော်ထုတ်နိုင်ပြီး အချိန်မှီ ဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကိုကာကွယ်နိုင်ပါတယ်ရှင့် ✨

လူကြီးမင်းတို့အနေနဲ့ ကိုယ့်နဲ့ ကိုယ့်မိသားစုရဲ့ နှလုံးကို စစ်ဆေးချင်တယ် ဆိုရင်တော့ 🩺

📅 နေ့ရက်: ၂ ရက်နေ့ ၊ 1 လပိုင်း ၊ 2025
🕘 အချိန်: မနက် ၉ နာရီ မှ ညနေ ၂ ထိ
📍 နေရာ: ရွှေဆည်းဆာအထူးကုဆေးခန်း ( မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းကျေးရွာ )
📞 ကြိုတင် Appointment ရယူရန်: [ 09789977226 ]

Address

Mandalay
05071

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 10:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Dr Thurein Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share