23/11/2026
⏳ အသက် ၃၅ ကျော်မှ ကလေးယူဖို့ စီစဉ်နေပြီလား
ရနိုင်ပါတယ်
ဒါပေမယ့် နည်းနည်းစခက်လာပြီနော်
အသက် ၃၅ ကျော်တဲ့အခါ မျိုးဥအရေအတွက်နဲ့ အရည်အသွေးတွေ တဖြည်းဖြည်းပြောင်းလဲလာနိုင်တာကြောင့် ကိုယ်ဝန်မယူခင်ကတည်းက သေချာပြင်ဆင်ထားဖို့ အရေးကြီးပါတယ်
ဒါဆို ဘာတွေပြင်ဆင်သင့်လဲ? 👇
1️⃣ မျိုးပွားမှုကျန်းမာရေးကို ကြိုတင်စစ်ဆေးပါ
မီးယပ်ဆရာဝန်နဲ့ တွေ့ဆုံပြီး ရာသီစက်ဝန်း၊ မျိုးဥကြွေမှု၊ သားအိမ်နဲ့ သားဥပြွန်အခြေအနေတွေကို လိုအပ်သလို စစ်ဆေးပါ
ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို သိထားခြင်းက ကိုယ်ဝန်ယူဖို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်စေပါတယ်
2️⃣ Folic Acid ကို ကြိုတင်သောက်သုံးပါ
ကိုယ်ဝန်မယူခင် အနည်းဆုံး ၁ လကတည်းက Folic Acid 400 mcg နေ့စဉ်သောက်သုံးဖို့ အကြံပြုထားပါတယ်။ ဒါဟာ ကိုယ်ဝန်အစောပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကျောရိုးဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်အချို့ကို လျှော့ချဖို့ အရေးကြီးပါတယ်
3️⃣ အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ပြုပြင်ပါ
ပရိုတင်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မျှတစွာစားပါ။ အိပ်ရေးဝဝအိပ်ပါ၊ ပုံမှန်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ
4️⃣ အမျိုးသားရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ
ကလေးရဖို့ဆိုတာ မေမေတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဖေဖေတို့ရဲ့ သုတ်ပိုးအရေအတွက်၊ လှုပ်ရှားနိုင်စွမ်းနဲ့ အရည်အသွေးတွေကလည်း အရေးကြီးတာကြောင့် လိုအပ်ရင် Semen Analysis စစ်ဆေးထားသင့်ပါတယ်။
5️⃣ အချိန်မဆွဲဘဲ မှန်ကန်တဲ့အချိန်မှာ အကူအညီယူပါ
အသက် ၃၅ ကျော်ပြီး ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် ၆ လအတွင်း ကိုယ်ဝန်မရသေးပါက Fertility Specialist နဲ့ တိုင်ပင်စစ်ဆေးဖို့ အကြံပြုထားပါတယ်
ရာသီမမှန်ခြင်း၊ PCOS သို့မဟုတ် မျိုးပွားမှုဆိုင်ရာ ပြဿနာရှိပြီးသားဆိုရင်တော့ ပိုစောစောတိုင်ပင်သင့်ပါတယ်
👇👇👇👇👇
🏆BabyStar မှာလည်း ကလေးယူဖို့ ပြင်ဆင်နေတဲ့ စုံတွဲတွေအတွက် ရည်ရွယ်ထားတဲ့ သဘာဝ tea အမျိုးအစား ၃ မျိုးရှိပါတယ် 👶✨
💛 Motherwish — ဟော်မုန်းစနစ်၊ ဓမ္မတာစနစ်နဲ့ မျိုးဥကျန်းမာရေးအတွက်
💗 Tera Tea — သားအိမ်၊ အလုံးရေအိတ်နဲ့ သားဥပြွန်ကျန်းမာရေးအတွက်
💙 Fatherwish — အမျိုးသားဟော်မုန်းစနစ်နဲ့ သုတ်ပိုးကျန်းမာရေးအတွက်
အသေးစိတ်ကိုလည်း cb မှာလာရောက်မေးမြန်းလေ့လာနိုင်ပါတယ်ရှင်
💌m.me/babystarmm
📩 m.me/babystarmm
📞 Contact - 09 966 868 996
💬 Viber - 09 966 868 996
📍 Address - 40B x 65A, Mandalay
⭐️ မိဘတိုင်းအနား ဘေဘီစတား
⭐️ Babystar Myanmar
⭐️ 3 လ 2 ကြောင်း
#ကလေးယူဖို့ပြင်ဆင်မယ် #မိခင်လောင်း #ဖခင်လောင်း #မျိုးပွားမှုကျန်းမာရေး