Zizawarsoe

Directions

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Nutritionist, Mandalay.

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

နံနက်စာကို ဘယ်လောက် စားရမလဲ ဆိုပြီး တချို့မေးကြတယ် ကျနော့်ရဲ့ အဖြေက…… မနက်စာ စားတဲ့အကျင့် ရှိရင် စားပါ။ မရှိဘူးဆိုရင်လည်...
30/09/2026

နံနက်စာကို ဘယ်လောက် စားရမလဲ ဆိုပြီး တချို့မေးကြတယ်

ကျနော့်ရဲ့ အဖြေက……
မနက်စာ စားတဲ့အကျင့် ရှိရင် စားပါ။ မရှိဘူးဆိုရင်လည်း အတင်းအကျပ် ဝင်အောင်စားစရာမလိုဘူး။
တနေ့တာ လိုအပ်တဲ့ အာဟာရနဲ့ ကယ်လိုရီ ပမာဏထဲ ဝင်နေဖို့ပဲလိုတယ်။ တစ်နေ့ကို (၂) နပ်ပဲ စားစား၊ (၃) နပ်၊ (၄) နပ်ပဲ စားစား ကျန်းမာရေးအတွက် ဘာမှ ပြဿနာမရှိဘူး။

ကျနော်ကတော့ မနက်စာ စားတဲ့အကျင့်ရှိတယ်။ မစားလို့လည်းမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မနက်အစောပိုင်းတွေမှာ စက်ဘီးပုံမှန် စီးဖြစ်လို့ပါ။
👉စက်ဘီးစီး လေ့ကျင့်တဲ့ရက်တွေဆိုရင် ခန္ဓာကိုယ်က စွမ်းအင် ပိုလိုတာကြောင့် မနက်စာကို ပိုစားဖြစ်ပါတယ်။
👉စက်ဘီးမစီးဘဲ နားတဲ့ရက်တွေဆိုရင် လိုအပ်ချက်နဲ့အညီ မနက်စာကို လျှော့စားဖြစ်တယ်။

အဓိက သဘောတရားက "လေ့ကျင့်ခန်း လုပ်တဲ့ရက် ပိုစားမယ်၊ နားတဲ့ရက် လျော့စားမယ်" ဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် (Intuitive and Flexible Eating) ချိန်ညှိစားပေးဖို့ပါ။

မိတ်ဆွေတို့ရော မနက်စာ စားတဲ့အကျင့် ရှိကြလား🤩

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




အသက်ကြီးလာတဲ့အခါ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ ငွေကြေးတွေစုဆောင်းထားနိုင်ရုံနဲ့ မရဘူး။ အခုချိန်ကစပြီး ကျန်းမာစွာ ...
29/09/2026

အသက်ကြီးလာတဲ့အခါ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ ငွေကြေးတွေစုဆောင်းထားနိုင်ရုံနဲ့ မရဘူး။ အခုချိန်ကစပြီး ကျန်းမာစွာ နေထိုင်စားသောက်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ဆက်ဆံဖို့ လိုပါတယ်။
ဘယ်လောက်ပဲ သွေးသားတော်စပ်တဲ့ သားသမီးဖြစ်နေပါစေ ၊ ကျန်းမာရေးပြိုကျသွားတဲ့မိမိကို နေ့စဉ်လိုလို ထမင်းခွံ့ကျွေးရတာ၊ ကိုယ်လက်ဆေးကြောပေးရတာ၊ အိမ်သာတွဲခေါ်သွားရတာတွေ ထပ်ခါတလဲလဲ နှစ်ရှည်လပေါင်းများစွာလုပ်ပေးလာရတဲ့အခါ ပင်ပန်းလာပြီး ဝေးကွာသွားတတ်ကြတာ လူ့သဘာဝပါ။ မိဘကို မချစ်လို့ မဟုတ်ဘဲ သားသမီးတွေလည်း သူတို့ရဲ့ မိသားစု၊ စားဝတ်နေရေးနဲ့ ရုန်းကန်နေကြရတာမို့ တစ်နေကုန် ပြုစုပေးနေရရင် သူတို့မိစားစုပါ ဝန်ပိပြီး ပင်ပန်းလာကြပါတယ်။

ကျနော်တို့ အခုချိန်မှာ လုပ်နေတဲ့ အပြုအမူတွေဖြစ်တဲ့
ညနက်အောင် နေတာတွေ၊အရက်သေစာ သောက်သုံးတာတွေ၊ဆေးလိပ်သောက်တာတွေက ခဏတာ စိတ်ဖိစီးမှု ဖြေလျော့စေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ခန္ဓာကိုယ်ကို ဝန်ပေးနေတာပါ။ ဒီဝန်တွေက တဖြည်းဖြည်းနဲ့စုလာပါတယ်။ ခန္ဓာကိုယ်က အခု ဘာမှမဖြစ်သေးဘူးဆိုတာ ဒီအတွက် Bill ရောက်မလာသေးလို့ပါ။ နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀ ကျရင် ဒီ bill တွေက အရင်းရော အတိုးပါ မကျန် အကုန်ရောက်လာပါလိမ့်မယ်။ ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပဲ တာဝန်ယူရမှာပါ။ ( တကယ်တော့ ကိုယ့်သားသမီးတွေကိုပါ ဒုက္ခရောက်စေပါတယ် ။)
ဘဝရဲ့ အကြီးမားဆုံးသော ပိုင်ဆိုင်မှုဆိုတာ အိမ်တွေ၊ ကားတွေထက် တစ်သက်လုံး ကိုယ်နဲ့အတူ အလုပ်လုပ်ပေးနေရတဲ့ ဒီခန္ဓာကိုယ်ပါ။ ဒီခန္ဓာကိုယ်ကို သေချာ ထိန်းသိမ်းစောင့်ရှောက်မှ အသက်ကြီးလာတဲ့အခါ အကြီးမားဆုံးသော ချမ်းသာမှု ဆိုတာရလာမှာ။

ဒါကြောင့်
✨ညစောစောအိပ်ပါ
✨အရက်သေစာ လျော့ပါ။
✨သဘာဝ အစားအစာတွေ (Whole Foods) စားပါ။✨လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။

ကိုယ့်ခန္ဓာကိုယ်ကို ခုကစပြီး သေချာ ဂရုစိုက်ကြစို့ 💪

ဇီဇဝါစိုး




29/09/2026

ကျနော့်ရဲ့ အစုံသုံး အချဉ်ရည် formula 🤩

ကြက်ဥသုပ်မလား
ထောပတ်သီးသုပ်မလား
ပြောင်းဖူးသုပ်
အသားသုပ်
အော်စွန်းကြာဇံသုပ်
တို့ဖူးသုပ်
ခေါပုတ်ဲ့တို့စားမလား
မန်ထိုနဲ့တို့စားမလား….

ဘယ်လိုနေနေ ဘယ်လိုစားစား လိုက်ဖက်တဲ့ အချဉ်ရည်😋




#အစုံသုံးအချဉ်ရည်

ထောပတ်သီးကိုနို့ဆီနဲ့သုပ်နေသေးရင် ခေတ်နောက်ကျနေပြီနော် 🤩ကျနော့ရဲ့ အစုံသုံးအချဉ်ရည် formula နဲ့ သုပ်ထားတဲ့ ထောပတ်သီးသုပ် ...
28/09/2026

ထောပတ်သီးကိုနို့ဆီနဲ့သုပ်နေသေးရင် ခေတ်နောက်ကျနေပြီနော် 🤩

ကျနော့ရဲ့ အစုံသုံးအချဉ်ရည် formula နဲ့ သုပ်ထားတဲ့ ထောပတ်သီးသုပ် 😋

ထောပတ်သီးကိုဒီလိုသုပ်စားတာလည်းစားလို့အရမ်းကောင်းတယ်😋

အချဉ်ရည် formula ကို vd ပြင်ပြီးရင်တင်မယ်ရှင် 😍




Nutrition Coaching for Athletes ဆိုတဲ့ ကျနော့အတွက် Continuous Professional Development သင်တန်းလေး တစ်ခု ထပ်ပြီး အောင်မြင...
28/09/2026

Nutrition Coaching for Athletes ဆိုတဲ့ ကျနော့အတွက် Continuous Professional Development သင်တန်းလေး တစ်ခု ထပ်ပြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ 🤩
လက်ရှိ ကိုင်ဆောင်ထားတဲ့ International Master Coach လက်မှတ်ကို (၂) နှစ်ပြည့်တိုင်း Renewal ပြန်လုပ်ရပါတယ်။ သက်တမ်းတိုးဖို့အတွက် အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ နောက်ထပ် ဆက်စပ်သင်တန်း တစ်ခုခုကို မဖြစ်မနေ ထပ်မံ ဖြေဆိုအောင်မြင်ရပါတယ်။
ဒါကြောင့်လည်း အာဟာရနဲ့ ကျန်းမာရေး လောကကြီးထဲမှာ အမြဲတမ်း မပြတ်မလပ် လေ့လာသင်ယူနေရတယ်🤩 သင်ယူထားတဲ့ ပညာရပ်ကို ကျနော်နဲ့အတူ ကျန်းမာစွာအဆီချဖို့ နေ့စဉ်မျှဝေတဲ့နေရာမှာ ပြန်လည်အသုံးချသွားပါမယ်ရှင်..

ဇီဇဝါစိုး




တစ်နေ့ကို တစ်ပေါင်နှုန်းနဲ့ ဝိတ်ကျစေမယ် ၊ တပတ်ကို ဘယ်နှပေါင်နှုန်းနဲ့ဝိတ်ကျစေမယ် ဆိုတဲ့ ကြော်ငြာတွေ တွေ့ရင် သတိထားပါ။ ဒီ...
28/09/2026

တစ်နေ့ကို တစ်ပေါင်နှုန်းနဲ့ ဝိတ်ကျစေမယ် ၊ တပတ်ကို ဘယ်နှပေါင်နှုန်းနဲ့ဝိတ်ကျစေမယ် ဆိုတဲ့ ကြော်ငြာတွေ တွေ့ရင် သတိထားပါ။
ဒီလို ပြောဆိုချက်တွေကို မြင်တွေ့ရတဲ့အခါ အကြောင်းရင်း ၂ မျိုးကြောင့် ဖြစ်နိုင်ပါတယ်။
1. ကယ်လိုရီနဲ့ အာဟာရ သဘောတရားကို သူကိုယ်တိုင်နားမလည်တာ ဖြစ်နိုင်တယ်။
2. နားလည်ပေမဲ့ စီးပွားရေးအရ လူစိတ်ဝင်စားမှု ပိုရအောင်နဲ့ ရောင်းအားအတွက် ကြော်ငြာတာဖြစ်နိုင်တယ်။

သိပ္ပံနည်းကျ အဆီ ကျဆင်းတဲ့ သဘောတရားက …

ခန္ဓာကိုယ်ထဲက အဆီ ၁ ပေါင် လောင်ကျွမ်းသွားဖို့ ၃၅၀၀ Calories ကို Deficit လုပ်ရပါတယ်။
တစ်နေ့ကို ကယ်လိုရီ ၅၀၀ နှုန်းနဲ့လျှော့သွားရင်တောင် တစ်ပတ် ပြည့်မှ အဆီ ၁ ပေါင် ကျမှာပါ။
ဥပမာ— ပုံမှန် အမျိုးသမီး တစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ စွမ်းအင် ပမာဏက ၁၇၀၀ - ၁၈၀၀ Calories ဝန်းကျင် ရှိတယ် ဆိုပါစို့။ တစ်ရက်တည်းနဲ့ အဆီ ၁ ပေါင် ကျဖို့ဆိုရင် ဒီနေ့ တစ်နေကုန် ဘာမှမစားဘဲ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ၂ နာရီ ဆက်တိုက် လုပ်လိုက်ရင်တောင် အဆီ ၁ ပေါင်စာ လောင်ကျွမ်းဖို့ ကယ်လိုရီ မပြည့်မီဘူး။
(တစ်ခု ရှိတာကတော့ ရေဓာတ်နဲ့ အူထဲက အစာဟောင်းတွေ လျော့သွားလို့ ပေါင်ချိန်စက်ပေါ်မှာ ၁-၂ ပေါင် ရုတ်တရက် ကျသွားတာမျိုး ရှိနိုင်ပေမဲ့ ခန္ဓာကိုယ်ထဲက အဆီကျသွားတာ လုံးဝမဟုတ်ပါ။)

ဒါကြောင့် ဖြတ်လမ်းတွေမလိုက်ပါနဲ့။
အဆီချတာ အငတ်ခံတာ မဟုတ်ဘူး။ သဘာဝ အစားအစာတွေကို အာဟာရ စုံအောင်ဗိုက်ပြည့်အောင် စားသုံးရင်း အဆီချတာဟာ ခန္ဓာကိုယ်အတွက် အသက်သာဆုံး၊ အကျန်းမာဆုံးနဲ့ ရေရှည်မှာ အမြန်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

ကျန်းမာစွာနဲ့ အဆီချနိုင်ကြပါစေ

ဇီဇဝါစိုး




ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ အီကြာကွေးကို ဒီတိုင်းပဲစားစား၊ ငရုတ်သီးဆီချက်နဲ့ ဖြစ်ဖြစ် ၊ တို့ဖူးနွေးနဲ့ ဖြစ်ဖြစ်တို့စားတာ အ...
27/09/2026

ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ အီကြာကွေးကို ဒီတိုင်းပဲစားစား၊ ငရုတ်သီးဆီချက်နဲ့ ဖြစ်ဖြစ် ၊ တို့ဖူးနွေးနဲ့ ဖြစ်ဖြစ်တို့စားတာ အရမ်းကို စားကောင်းခဲ့ပါတယ်။
ဒါပေမဲ့ သဘာဝ အစားအစာတွေကို စားတာအချိန်နည်းနည်း ကြာလာတဲ့အခါ ဒီလိုဆီကြော်စာမျိုးတွေကို ပြန်စားမိတဲ့အခါ ထင်ထားသလောက် စားမကောင်းတော့တာကို ခံစားလာရပါလိမ့်မယ်။ စားပြီးသွားတဲ့အခါ လျှာပေါ်မှာ ဆီတွေ တဝေဝေနဲ့ လူးနေပြီး နေထိုင်မကောင်း ဖြစ်လာတာမျိုး ခံစားရတတ်တယ်။
ဒီလိုဖြစ်တာသည် ခံတွင်းနဲ့ ဦးနှောက်ရဲ့ အရသာခံနိုင်စွမ်း (Taste & Palate) ပြောင်းလဲသွားလို့ပါ။ ဒီအတွက် ဒီလိုအစားအစာကို အတင်းအကျပ် ဖြတ်နေစရာ မလိုဘဲ၊ ခန္ဓာကိုယ် ကိုယ်တိုင်က မလိုလားတော့တဲ့ Signal ကို ပြလာတာပါ။ ဒါသည် သဘာဝ အစားအစာတွေရဲ့ အံ့သြစရာကောင်းတဲ့ မှော်ပညာတစ်ပါးဆိုရင်လည်းမမှားဘူး 🤩

လူတစ်ယောက်ရဲ့ Taste ပြောင်းလဲတတ်တယ်ဆိုတာ သိပ္ပံနည်းကျ အထောက်အထားတွေ အခိုင်အမာ ရှိပါတယ်။
✅Taste Buds အသစ်လဲလှယ်ခြင်း
လူ့ခန္ဓာကိုယ်ရဲ့ လျှာပေါ်မှာရှိတဲ့ အရသာခံဖုတွေဟာ ၁၀ ရက်ကနေ ၂ ပတ် တစ်ကြိမ်နှုန်းနဲ့ အမြဲတမ်း အသစ်လဲလှယ်နေကြပါတယ်။ သဘာဝ အစားအစာတွေကို စားပေးတဲ့အခါ ဦးနှောက်နဲ့ လျှာရဲ့ အရသာခံစနစ်က ပြန်လည် သန့်စင်သွားပါတယ်။
✅Brain's Reward System ပြောင်းလဲခြင်း
Ultra Processed Foods မှာ ပါတဲ့ ဆီနဲ့ အငန်၊ အချိုဓာတ်တွေဟာ ဦးနှောက်ကို အလွန်အမင်း စွဲလမ်းစေပါတယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့ သဘာဝ အစားအစာတွေ ရေရှည် စားလာတဲ့အခါ ဦးနှောက်ရဲ့ Dopamine လက်ခံအာရုံကြောတွေက အရသာအတုအယောင်တွေကို မလိုလားတော့ဘဲ သဘာဝအတိုင်း အရသာစစ်စစ်တွေကိုသာ ပိုပြီး တမ်းတလာပါတော့တယ်။
✅ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် တုံ့ပြန်မှု
ဆီကြော်တွေ၊ ဆီများတဲ့အစားအစာစားလိုက်တဲ့အခါ အစာခြေစနစ်က လက်မခံချင်တော့ဘူး။ ဒီအစားအစာက ကျန်းမာရေးအတွက် မသင့်တော့ဘူး ဆိုပြီး အချက်ပြတဲ့အနေနဲ့ ပျို့အန်ချင်သလိုလို၊ ရင်ထဲ တင်းကျပ်သလိုလို ဖြစ်စေပြီးအချက်ပြလာပါတယ်။

ခန္ဓာကိုယ်နဲ့ လျှာကို သဘာဝ အစားအစာတွေနဲ့ ကျွေးမွေးပေးလိုက်ရုံနဲ့ အချိန်တန်တဲ့အခါ ခန္ဓာကိုယ်က သူ့ဟာသူ ရွေးချယ်တတ်လာပြီး ကျန်းမာရေးအတွက် အကောင်းဆုံး လမ်းကြောင်းကို အလိုလို ရောက်ရှိသွားပါမယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




စက်ဘီးစီးရင်ဘာအတွက်ကောင်းလဲ …ဘယ်အားကစားမဆို သင့်တင့်အောင်လုပ်ရင် ကောင်းကျိုးတွေကြီးပေးပါတယ်။ စက်ဘီးစီးမှ ကောင်းကျိုးရှိတ...
26/09/2026

စက်ဘီးစီးရင်ဘာအတွက်ကောင်းလဲ …
ဘယ်အားကစားမဆို သင့်တင့်အောင်လုပ်ရင် ကောင်းကျိုးတွေကြီးပေးပါတယ်။ စက်ဘီးစီးမှ ကောင်းကျိုးရှိတာမဟုတ်ဘူး။ စက်ဘီးစီးတာမကြိုက်ရင် ကိုယ်ဝါသနာပါရာ အားကစားတစ်ခုခုကိုဆွဲမြဲအောင်သာလုပ်ကြည့် 😌ကောင်းကျိုးချင်းကအတူတူပါ။

စက်ဘီးစီးရတာကို နှစ်သက်သူတွေအတွက် အဓိက ကောင်းကျိုးတွေက..
✅ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
✅ဒူးနဲ့ အဆစ်အမြစ်တွေကို ဝန်ပိုမပိစေတဲ့အတွက် knee friendly လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်။
✅ ပေါင်၊ တင်ပါးနဲ့ ခြေသလုံး ကြွက်သားတွေကို တောင့်တင်းခိုင်မာစေတယ်။
✅ ကယ်လိုရီ လောင်ကျွမ်းစေတာကြောင့်ကိုယ်
အလေးချိန် ထိန်းသိမ်းနိုင်တယ်။
✅စိတ်ဖိစီးမှု လျော့ကျစေတယ်။ အထူးသဖြင့် outdoor cycling က သဘာဝကို ခံစားရင်း စီးရတာကြောင့် စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။
✅စက်ဘီးကို ထိန်းစီးရတာကြောင့် ခန္ဓာကိုယ် ဟန်ချက်ထိန်းအားကို ကောင်းစေတယ်။
✅ လေကောင်းလေသန့် ရှူရှိုက်ရင်း လေ့ကျင့်ခန်း လုပ်ရလို့ အဆုတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်။
✅ကိုယ်ခံအားကောင်းမွန်စေခြင်းကြောင့် နာစေးချောင်းဆိုးဖြစ်ခဲ့ရင်တောင် အချိန်တိုနဲ့မြန်မြန်သက်သာလာစေတယ်။
✅အိပ်စက်ခြင်းအရည်အသွေး ပိုကောင်းစေတယ်။
✅ရေရှည် လုပ်ဆောင်နိုင်တဲ့အကျင့်ဖြစ်အောင်ပျိုးထောင်ပေးနိုင်တယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



အသိမ်းလွန်သွားတဲ့ ပစ္စည်းလေး😅ဒီခေါက်ဆွဲပန်းကန်လေးက ကျနော်တို့ မင်္ဂလာဆောင်တုန်းက လက်ဆောင်ရထားတဲ့ ပန်းကန်ဆက်ထဲကပါ။ အဲဒီတု...
25/09/2026

အသိမ်းလွန်သွားတဲ့ ပစ္စည်းလေး😅
ဒီခေါက်ဆွဲပန်းကန်လေးက ကျနော်တို့ မင်္ဂလာဆောင်တုန်းက လက်ဆောင်ရထားတဲ့ ပန်းကန်ဆက်ထဲကပါ။ အဲဒီတုန်းက ပစ္စည်းကောင်းဆိုတော့ လူကြီးက ကလေးမလေးတွေ ပန်းကန်ဆေးရင် ကွဲမှာဆိုးလို့၊ ဧည့်သည်လာမှ သုံးရမယ် ဆိုပြီး နှမြောပြီး သိမ်းထည့်လိုက်တာ အခုဆို ဆယ်စုနှစ် ၂ စုတောင် ပြည့်တော့မယ်😅
မနေ့က စက်ဘီးစီးပြီး ဗီယိုပေါ်ထပ်မှာ ပစ္စည်းရှာရင်း ဒါလေးကို သွားတွေ့လိုက်ရတော့ "ဘုရားရေ... ရှေးဟောင်းပစ္စည်း ဖြစ်တော့မှာပဲ" လို့ အမျိုးသားကို အော်ပြောမိတယ်။ မသုံးလိုက်ရဘဲ ခေတ်လွန်သွားတာကို မြင်ရတော့ စိတ်ထဲ နမျှောမိသလို ရယ်လည်းရယ်မိတယ်။ ဒါ လည်းသင်ခန်းစာတစ်ခုပဲ 😅။ နောက်ဆို သုံးဖို့ဝယ်လာတဲ့ပစ္စည်းဆိုရင် ချက်ချင်းသုံးမှ… စျေးကြီးလို့ ၊ ပစ္စည်းကောင်းလို့ဆိုပြီးသိမ်းထားရင် ဒီကြွေပန်းကန်လို date out သွားလိမ့်မယ် 😃



ခန္ဓာကိုယ်မှာ သင့်တင့်တဲ့ အဆီနဲ့ ကြွက်သားရှိနေတာသည် အသက်အန္တရာယ် ရောက်လာတဲ့အခါ သဘာဝက ပေးထားတဲ့ အကာအကွယ် (Reserve Energy)...
25/09/2026

ခန္ဓာကိုယ်မှာ သင့်တင့်တဲ့ အဆီနဲ့ ကြွက်သားရှိနေတာသည် အသက်အန္တရာယ် ရောက်လာတဲ့အခါ သဘာဝက ပေးထားတဲ့ အကာအကွယ် (Reserve Energy) တစ်ခုပါ။ ပေါင်ချိန်စက်ပေါ်က အရမ်းနည်းတဲ့ ကိန်းဂဏန်းတွေနောက်ကို မျက်စိစုံမှိတ်ပြီး မလိုက်ပါနဲ့။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်က Standard Body Weight ထဲမှာ ရှိနေပြီဆိုရင် ကျေနပ်တင်းတိမ်နိုင်ပါပြီ။

အကယ်လို့ ဝတဲ့သူတစ်ယောက်သာ ICU ထဲမှာ တစ်လတိတိ နေလိုက်ရတယ်ဆိုရင် အစာမစားနိုင်၊ အားမပြည့်လို့ ပေါင် (၃၀ - ၄၀) လောက် ကျသွားပြီးမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါတယ်။
ဒါပေမဲ့ ပေါင် ၈၀-၉၀ လောက်နဲ့ အရမ်းပိန်ပြီးအားနည်းနေတဲ့သူသာဆိုရင် ICU ထဲ တစ်လသာ ဝင်သွားရရင် ခန္ဓာကိုယ်မှာ ခုခံအားနဲ့ အရန်စွမ်းအင် လုံးဝ မရှိတော့တာမို့ (အရိုးပြာအိုး)ပဲ ထွက်လာတော့မှာပါ။
ဒါကြောင့် အရမ်းပိန်ချင်လွန်းလို့ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေ နည်းသွားဖို့ချည်း မမက်မောပါနဲ့။ ခန္ဓာကိုယ်ရဲ့ ကြွက်သားနဲ့ အဆီရှိနေခြင်းက ရောဂါတွေကို ပြန်လည် တိုက်ထုတ်ပေးမယ့် "ခုခံအား အရန်တပ်ဖွဲ့" တစ်ခုဖြစ်ကြောင်း သတိရပါနော်😌

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category