Yaung Ni Lab MDY

Call Directions Contact the practice

Yaung Ni Lab MDY Yaung Ni - ရောင်နီ is a Mandalay-based Diagnostics and Healthcare Centre, located in Mandalay.

ဒီအပါတ်မှာတော့ admin တို့ရဲ့ ရောင်နီlabကနေ 🔥 GERD (Gastroesophageal Reflux Disease) ရောဂါအကြောင်း သိကောင်းစရာ 🔥လေးတွေကို...
06/06/2026

ဒီအပါတ်မှာတော့ admin တို့ရဲ့ ရောင်နီlabကနေ 🔥 GERD (Gastroesophageal Reflux Disease) ရောဂါအကြောင်း သိကောင်းစရာ 🔥လေးတွေကို ပြောပြပေးချင်ပါတယ်🩷

GERD (Gastroesophageal Reflux Disease) ဆိုတာ အစာအိမ်ထဲက အက်စစ်ဓာတ်တွေက အစာရေမျိုပြွန်ထဲကို ပြန်တက်လာ ခြင်းဖြစ်ပြီး “စားချဉ်ပြန်” ရောဂါလို့လည်း ခေါ်ကြပါတယ်။

⚠️ GERD ရဲ့ တွေ့ရများတဲ့ လက္ခဏာတွေကတော့ • ရင်ပူခြင်း (Heartburn) • အစာအိမ်ထဲကအက်စစ် သို့မဟုတ် အစာပြန်တက်ခြင်း • ရင်ဘတ်အောင့်ခြင်း • လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း • မကြာခဏ ချောင်းဆိုးခြင်း • အစာမျိုရခက်ခြင်း

📌 GERD ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့ • အဆီများသော အစားအစာများ စားသုံးခြင်း • အလွန်အကျွံ စားသောက်ခြင်း • ကော်ဖီ၊ အရက်နှင့် အချိုရည်များ သောက်သုံးခြင်း • ဆေးလိပ်သောက်ခြင်း • ကိုယ်အလေးချိန်များခြင်း • အစာစားပြီး ချက်ချင်း လှဲအိပ်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

💡 GERD မဖြစ်အောင် ဘယ်လိုနေထိုင် ရမလဲ? ✅ အစားအစာကို အနည်းငယ်စီ ခွဲစားပါ ✅ အစာစားပြီး ၂-၃ နာရီအတွင်း မလှဲအိပ်ပါနှင့် ✅ ကိုယ်အလေးချိန် ထိန်းသိမ်းပါ ✅ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ ✅ အက်စစ်ပြန်တက်စေသော အစားအစာများကို လျှော့စားပါ

🏥 ရင်ပူခြင်း၊ အက်စစ်ပြန်တက်ခြင်း လက္ခဏာများ မကြာခဏ ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သောကုသမှုခံယူသင့်ပါတယ်။

GERD ကိုမကုသဘဲ ထားပါက အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်သောကြောင့် မပေါ့ဆဖို့ admin တို့ရဲ့ရောင်နီlabကနေ ချစ်ရသူတွေအတွက် ပြောပြပေးလိုက်ပါတယ်။🩷

ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ အခုနောက်ပိုင်း online မှာ ဆေးလိပ်သောက်တဲ့ သူတွေအကြား ရေပန်းစားနေတဲ့ Ni****ne loz...
04/06/2026

ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ အခုနောက်ပိုင်း online မှာ ဆေးလိပ်သောက်တဲ့ သူတွေအကြား ရေပန်းစားနေတဲ့ Ni****ne lozenges အကြောင်း ပြောပြပေးချင်ပါတယ်

🚭 Ni****ne Lozenges ဆိုတာ ဘာလဲ?
Ni****ne Lozenges ဆိုတာကတော့ ဆေးလိပ်ဖြတ်ချင်သူများအတွက် အသုံးပြုတဲ့ Ni****ne Replacement Therapy (NRT) တစ်မျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ni****ne craving (ဆေးလိပ်သောက်ချင်စိတ်) နှင့် withdrawal symptoms (စိတ်မအေးခြင်း၊ စိတ်တိုခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း) များကို လျော့နည်းစေဖို့ အတွက်ဆိုပြီး အသုံးပြုလေ့ရှိကြပါတယ်🚬

💊 ဘယ်လို အသုံးပြုကြသလဲ?
• Lozenges ကို ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း ငုံထားရပါတယ်။
• မဝါးရ၊ မမျိုချရပါ။
• သောက်ပြီး 15 မိနစ်ခန့်အတွင်း အစားအစာနှင့် အချဉ်ဖျော်ရည်များကို ရှောင်ကြဉ်သင့်ပါတယ်။

✅ Ni****ne Lozenges သုံးစွဲခြင်းဟာ အကျိုးကျေးဇူးရှိလား?
• ဆေးလိပ်သောက်ချင်စိတ်ကို လျော့နည်းစေခြင်း
•ဆေးလိပ်ဖြတ်ရာတွင်အစားထိုးအသုံးပြုနိုင်ခြင်း
• ဆေးလိပ်မီးခိုးငွေ့ ကြော့င်ဖြစ်တဲ့ အန္တရာယ်ကို လျှော့ချနိုင်ခြင်းတို့ကြောင့် ဆေးလိပ်သောက်ခြင်းလောက်တော့ လူကိုအန္တရာယ် မပြုနိုင်လို့ ယူဆကြပါတယ်။

⚠️ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများတွေကတော့
• ပါးစပ် သို့မဟုတ် လည်ချောင်း ယားယံခြင်း
• ပျို့ခြင်း
• အစာမကြေခြင်း
• ခေါင်းကိုက်ခြင်း
•ကျို့ထိုးခြင်းတို့ဖြစ်တတ်ပါတယ်နော်✌️

📌 ဆေးလိပ်ဖြတ်ခြင်းသည် သင့်နှလုံးနှင့်အဆုတ်ကျန်းမာရေးအတွက်သာမက ဘဝတစ်လျှောက်လုံး ကျန်းမာသာယာ ပျော်ရွှင်နိုင်ဖို့အတွက် အကျိုးကျေးဇူး များစွာရရှိနိုင်ပါတယ်။
ဒါပေမယ့် အရေးတကြီး ဂရုပြုရမယ့် အချက်ကတော့ ni****ne ကိုအဓိကထားပြီး ပြုလုပ်ထားတဲ့အတွက် ဆေးလိပ်လည်းလုံးဝ ပြတ်သွားမှာမဟုတ်သလို ni****ne စွဲလမ်းမှုပြသနာနဲ့ သူနဲ့ပတ်သတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်လွှဲလို့ရနိုင်မှာ မဟုတ်ပါဘူးနော်။

ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း တရားဝင်ရောင်းချ ဖြန့်ဖြူးခြင်းမရှိသေးတဲ့အတွက် သုံးသင့်မသုံးသင့် သေချာချင့်ချိန်စဉ်းစား သင့်ပါတယ်နော်။

****neLozenges

🚬 ဆေးလိပ်သောက်ခြင်းနဲ့ အမျိုးသားများ၏ ကျန်းမာရေး ⚠️ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ ဆေးလိပ်သောက်ခြင်းကြောင့် အမျိ...
02/06/2026

🚬 ဆေးလိပ်သောက်ခြင်းနဲ့ အမျိုးသားများ၏ ကျန်းမာရေး ⚠️

ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသား တွေမှာ ဖြစ်လာနိုင်တဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးပြသနာ လေးတွေကို ပြောပြပေးချင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဆိုရင်အဆုတ်နဲ့နှလုံးကိုတင် ထိခိုက်စေတာမဟုတ်ဘဲ အမျိုးသားကျန်းမာရေးအပေါ်လည်း အလွန်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်နော်။

🚨 အဓိကအားဖြင့် ဆေးလိပ်ထဲမှာပါတဲ့ ni****ne နဲ့ အဆိပ်ပစ္စည်းများက သွေးကြောတွေကိုကျဉ်းစေပြီး ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေအတွက် လိင်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်💡

📌 ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားများတွင် ဖြစ်လာနိုင်သော ကျန်းမာရေး ပြဿနာများ

• သွေးလည်ပတ်မှုကျဆင်းခြင်း
•အမျိုးသားစွမ်းဆောင်ရည်လျော့နည်းခြင်း • သန္ဓေသားရနိုင်မှု (fertility) လျော့ကျခြင်း
• သုတ်ပိုးအရေအတွက်နှင့် အရည်အသွေးကျဆင်းခြင်း
• Testosterone ဟော်မုန်းလျော့နည်းလာခြင်း စတဲ့ ကျန်းမာရေး ပြသနာတွေ ဖြစ်လာစေနိုင်ပါတယ်နော်⚡️💉

ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် ဘာကောင်းကျိုးတွေ ရရှိနိုင်မလဲ?

✔️နှလုံးသွေးကြောကျနှင့် သွေးလည်ပတ်မှု ကောင်းလာခြင်း
✔️အဆုတ်ကျန်းမာရေးကောင်းလာပြီးအမောခံနိုင်လာခြင်း
✔️အမျိုးသားစွမ်းဆောင်ရည်တိုးတက်လာခြင်း ✔️သန္ဓေသားမျိုးအောင်မှုကောင်းလာခြင်း
✔️ မိသားစုနှင့်ပတ်ဝန်းကျင်ကို passive smoking အန္တရာယ်မှကာကွယ်နိုင်ခြင်း

ဒါကြောင့် ကျန်းမာတဲ့ဘဝတစ်ခုအတွက် ဒီနေ့ကစပြီး ဆေးလိပ်ကို လျှော့သောက်ခြင်း၊ ဖြတ်ခြင်းကို ယခုပဲ စတင်ဖို့ adminတို့ရဲ့ ရောင်နီlabကနေ အကြံပြုလိုက်ပါတယ်နော်💙

နောက်အပါတ်မှာလည်း ဆေးလိပ်ဖြတ်ချင်တဲ့ လူငယ်တွေအကြား ရေပန်းစားနေတဲ့ Ni****ne lozenges အကြောင်း အသေးစိတ် ပြောပြပေးမှာမို့ ဆက်လက်စောင့်ကြည့် ပေးပါဦးနော်💙🚬



ဒီအပါတ်မှာတော့ admin တို့ရဲ့ရောင်နီlab ကနေSilent killer လို့ခေါ်သော သတိထားရမယ့် နှလုံသွေးကြောကျဉ်း ရောဂါအကြောင်း ပြောပြပ...
22/05/2026

ဒီအပါတ်မှာတော့ admin တို့ရဲ့ရောင်နီlab ကနေSilent killer လို့ခေါ်သော သတိထားရမယ့် နှလုံသွေးကြောကျဉ်း ရောဂါအကြောင်း ပြောပြပေးချင်ပါတယ်🫀🫀

နှလုံးသွေးကြောကြဉ်းရောဂါ (Coronary Artery Disease) ဆိုတာ နှလုံးကို သွေးနှင့် အောက်စီဂျင် ပို့ဆောင်ပေးနေတဲ့ သွေးကြောတွေထဲမှာ အဆီနှင့်ကိုလက်စထရောတွေ စုပုံလာပြီး သွေးကြောကျဉ်းသွားခြင်းပဲ ဖြစ်ပါတယ်။ဒီလို သွေးကြောလေးတွေ ကျဉ်းသွားတဲ့အတွက် နှလုံးဆီ သွေးစီးဆင်းမှု လျော့နည်းလာပြီး ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်း အထိ ဖြစ်နိုင်သလို ပြင်းထန်လာပါက နှလုံးဖောက်ခြင်း (Heart Attack) အထိ ဖြစ်စေနိုင်ပါတယ်။

ဖြစ်ရသည့် အကြောင်းရင်းများ
🔸 သွေးတွင်းအဆီ (Cholesterol) များခြင်း 🔸 သွေးတိုးရောဂါ 🔸 ဆီးချိုရောဂါ 🔸 ဆေးလိပ်သောက်ခြင်း 🔸 အဝလွန်ခြင်း 🔸 လေ့ကျင့်ခန်းမလုပ်ခြင်း 🔸 စိတ်ဖိစီးမှုများခြင်း 🔸 မိသားစုမျိုးရိုးရှိခြင်း

တွေ့ရနိုင်သောရောဂါလက္ခဏာများ
⚠️ ရင်ဘတ်အောင့်ခြင်း (Chest Pain) ⚠️ အသက်ရှူမဝခြင်း ⚠️ လွယ်လွယ်ပင်ပန်းခြင်း ⚠️ နှလုံးခုန်မမှန်ခြင်း ⚠️ လက်၊ ပခုံး၊ လည်ပင်း နှင့် မေးရိုးသို့ နာကျင်မှု ပျံ့ခြင်း

ကာကွယ်နိုင်မည့်နည်းလမ်းများ
✅ အဆီများသောအစားအစာ လျှော့စားပါ ✅ အသီးအရွက်နှင့် အာဟာရပြည့်ဝသော အစားအစာများ စားပါ ✅ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ ✅ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ ✅ သွေးတိုး၊ ဆီးချို နှင့် သွေးတွင်းအဆီကို ထိန်းချုပ်ပါ ✅ ကိုယ်အလေးချိန်ကို သင့်တင့်စွာ ထိန်းထားပါ

❤️ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့ နှလုံးကျန်းမာရေးကို ဂရုစိုက်ခြင်းက အလွန်ပင် အရေးကြီးပါတယ်။
ဒါကြောင့် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုလျှင် မပေါ့ဆဘဲဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်စစ်ဆေးသင့်ပါတယ်လို့ admin တို့ရဲ့ ရောင်နီlabကနေ ချစ်ရသူတွေအတွက် ပြောပြပေးလိုက်ပါတယ်နော်💕

😴 အိပ်ပျော်စေဖို့ နည်းလမ်း (၅) သွယ် 🛌✨ဒီနေ့တော့ adminတို့ရဲ့ ရောင်နီlabကနေ အားလုံးရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အိ...
21/05/2026

😴 အိပ်ပျော်စေဖို့ နည်းလမ်း (၅) သွယ် 🛌✨

ဒီနေ့တော့ adminတို့ရဲ့ ရောင်နီlabကနေ အားလုံးရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အိပ်စက်ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ လေးတွေကို ပြောပြပေးချင်ပါတယ်။ ညဘက်အိပ်မပျော်တာ၊အိပ်ပျော်ဖို့ အချိန်ကြာတာတွေက admin တို့ရဲ့နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အိပ်ရေးဝဝအနားယူနိုင်ဖို့ စမ်းကြည့်လို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်🩷

1️⃣ ⏰ အိပ်ချိန်ကို ပုံမှန်ထားပါ။ နေ့တိုင်း အချိန်တူတူ အိပ်ပြီး အချိန်တူတူ နိုးထပေးခြင်းက အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။

2️⃣ 📱 ဖုန်းအသုံးလျှော့ပါ အိပ်မယ့်အချိနါမတိုင်ခင် ၁ နာရီလောက် အလိုတွက် screen ကြည့်တာကို ရှောင်ကြဉ်ပေးပါ။ဖုန်းကထွက်တဲ့ အလင်းက ဦးနှောက်ကိုနိုးကြားစေနိုင် တဲ့အတွက်ဖြစ်ပါတယ်။

3️⃣ ☕ ကော်ဖီနှင့် လက်ဖက်ရည် လျှော့သောက်ပါ ညနေပိုင်းမှာ caffeine ပါတဲ့အရာတွေ သောက်တာက အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါကြောင့် ညနေ၄နာရီ နောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း မပြုလုပ်သင့်ပါဘူးနော်။

4️⃣ 🛁 စိတ်အေးအေးထားပြီး အနားယူပါ
ညဘက်မအိပ်ခင် ရေနွေးနွေးချိုးခြင်း၊ သီချင်းနားထောင်ခြင်း၊ အသက်ရှုူကျင့်ခန်းလုပ်ခြင်းတွေက စိတ်ကိုပြေလျော့စေပြီး ပိုမိုမြန်ဆန်စွာ အိပ်ပျော်စေပါတယ်။

5️⃣ 🌙 အိပ်ခန်းကို သက်တောင့်သက်သာဖြစ်အောင်ထားပါ အလင်းမှိန်မှိန်၊ အသံတိတ်တိတ်၊ အေးအေးချမ်းချမ်းရှိတဲ့ပတ်ဝန်းကျင်က အိပ်ပျော်ဖို့ကူညီပေးတဲ့ အတွက်ဖြစ်ပါတယ်နော်။

💤 အိပ်ရေးဝဝအနားယူခြင်းက ကိုယ်ခန္ဓာကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် အားလုံး စိတ်လက်အေးချမ်းစွာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ အချစ်တွေနဲ့ ရေးသားပေးလိုက်ပါတယ်💕🩷


ဝိတ်ချတဲ့နေရာမှာ ရေပန်းစားနေတဲ့  Semaglutide, Liraglutideနဲ့ Tirzepatideဆီးချိုထိုးဆေးများနှင့် သိထားသင့်တဲ့အချက်များ 💉⚖...
15/05/2026

ဝိတ်ချတဲ့နေရာမှာ ရေပန်းစားနေတဲ့ Semaglutide, Liraglutideနဲ့ Tirzepatideဆီးချိုထိုးဆေးများနှင့် သိထားသင့်တဲ့အချက်များ 💉⚖️

ဒီတစ်ခေါက်မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ ယခုနောက်ပိုင်းမှာ ဝိတ်လျှော့ချင်သူများကြား အလွန် ရေပန်းစားနေတဲ့ “ဆီးချိုထိုးဆေး” အကြောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။🩸💉

ဒီထိုးဆေးတွေဟာ အရင်ကာလတွေကတော့ ဆီးချိုရောဂါကုသရန်အတွက်သာ အသုံးပြုခဲ့ကျပေမယ့် အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကျစေတဲ့ အကျိုးသက်ရောက်မှုကြောင့် weight loss treatment အဖြစ်ပါ အသုံးပြု နေကြပါပြီနော်🏋️⬇️

ကိုယ်အလေးချိန် လျှော့ချဖို့ အသုံးများတဲ့ ဆေးအမျိုးအစားများကတော့-
• Semaglutide
• Liraglutide
• Tirzepatide စတဲ့ GLP-1 receptor agonist group ဆေးတွေပဲ ဖြစ်ပါတယ်💉🩸

အထက်ပါထိုးဆေး တွေဟာဆိရင်🤔
✔️ အစာစားချင်စိတ်ကို လျော့စေပြီး
✔️ ဗိုက်ပြည့်နေတဲ့ခံစားချက်ကို ကြာရှည်စေပါတယ်
✔️ အစာအိမ်ကနေ အစာချေနှုန်းကို နှေးစေတယ်
✔️ သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးပါတယ်
ဒါကြောင့် အစာစားချင်စိတ်လျော့ပြီး စားတဲ့ပမာဏ နည်းလာတဲ့အတွက် ကိုယ်အလေးချိန် ကျလာစေပါတယ်။👌✅

အထက်ပါဆေးတွေကို ဘယ်လိုလူတွေမှာ အသုံးပြုသင့်သလဲဆိုရင်
🔹 BMI မြင့်သူများ
🔹 အဝလွန်ခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ အသည်းအဆီဖုံး စတဲ့ ရောဂါများရှိသူများ
🔹 Diet နဲ့ exercise တစ်ခုတည်းနဲ့ မလုံလောက်သူများအတွက် ဆရာဝန်ညွှန်ကြားချက်နှင့် အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင်⚠️
• ပျို့အန်ခြင်း
• ဝမ်းလျှော / ဝမ်းချုပ်
• အစာမကြေခြင်း
• ခေါင်းမူးခြင်း
• အစာစားချင်စိတ်အလွန်လျော့ခြင်း

အချို့လူနာများမှာ pancreatitis (မုန့်ချိုအိတ် ရောင်ခြင်း)၊ gallstones (သည်းခြေကျောက်) စတဲ့ ပြဿနာများ အထိဖြစ်နိုင်ပါတယ်နော်‼️

အရေးကြီးဆုံးကတော့ ❗ ‼️
ဒီဆေးတွေကို “ဝိတ်မြန်မြန်ကျချင်လို့” သတ်မှတ်ပမာဏထက် ကျော်ပြီးထိုးတာမျိုး၊ ကိုယ့်သဘောနဲ့ကိုယ် အကြိမ်ရေ တိုးထိုးတာမျိုးကို လုံးဝမပြုလုပ်သင့် ပါဘူးနော်။ မိမိကျန်းမာရေး အခြေအနေအရ ဆရာဝန်ညွှန်ကြားချက်နှင့် သင့်တော်မှုရှိမှသာ အသုံးပြုသင့်ပါတယ်နော်🩺

Adminတို့ရဲ့ ရောင်နီlabမှာဆိုရင်လည်း ဆေးquality မှန်ကန်ပြီး အာနိသင်ပြည့်ဝမှုရှိတဲ့ Semaglutide, Liraglutideနဲ့ Tirzepatide စတဲ့ထိုးဆေးတွေကို ကျွမ်းကျင်သောဆရာဝန်ရဲ့ ညွှန်ကြားမှုတွေ ကုသမှုတွေနဲ့အတူ ရှိနေတဲ့အတွက် လာရောက်ထိုးနှံ ကုသ

နိုင်ပါတယ်🩷💉

သွေးတွင်းအဆီကျဆေး တွေကိုဘယ်လို မှန်ကန်စွာ သောက်သုံးကြမလဲ💊❤️Adminတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးတွင်းအဆီများနေပြီဆိုရင် နှလု...
12/05/2026

သွေးတွင်းအဆီကျဆေး တွေကိုဘယ်လို မှန်ကန်စွာ သောက်သုံးကြမလဲ💊❤️

Adminတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးတွင်းအဆီများနေပြီဆိုရင် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း စတဲ့ ပြင်းထန်သောရောဂါတွေကို ဖြစ်စေနိုင်တဲ့အတွက် မပေါ့ဆသင့်သော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်နော်။
ဒါကြောင့် admin တို့ရဲ့ ရောင်နီlabကနေသွေးတွင်းအဆီကျဆေးတွေကို ဘယ်လို မှန်ကန်စွာ သောက်သုံးရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

📌 သွေးတွင်းအဆီကျဆေး သောက်သုံးရာတွင် သိထားသင့်သောအချက်များ
✅ ၁။ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ ဆေးအမျိုးအစား၊ ပမာဏနှင့် သောက်ရမည့်အချိန်တွေက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူးနော်။ ဒါကြောင့် ကိုယ်တိုင် ဆေးတိုးခြင်း၊ လျှော့ခြင်းများ မပြုလုပ်သင့်ပါ။

✅ ၂။ အချိန်မှန်သောက်ပါ။ Statin အမျိုးအစား (ဥပမာ- atovastatin, rosuvastatin) တို့ကို ညဘက်သောက်ခြင်းက ပိုမို အာနိသင် ကောင်းစေနိုင်ပါတယ်။ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပေးပါ။
Fibres (fenofibrates) ကဲ့သို့သော ဆေးတွေကိုတော့ အစာစားပြီး တစ်နေ့၁ကြိမ် အချိန်မှန်သောက်ခြင်းက ပိုပြီးအကျိုးရှိစေပါတယ်။
Ezetimibeကဲ့သို့သော ဆေးတွေကိုတော့ အစားနှင့်ရော အစာမရှိဘဲနှင့်ရော နေ့စဉ်အချိန်မှန် သောက်သုံးပေးနိုင်ပါတယ်။

✅ ၃။ ဆေးရက်မပျက်သောက်ပါ။ သွေးတွင်းအဆီကျဆေးတွေက ရောဂါလက္ခဏာမရှိလည်း ဆက်သောက်ဖို့လိုတဲ့ ဆေးမျိုးဖြစ်ပါတယ်။ ပြန်ကောင်းလာပြီလို့ ထင်ပြီး ကိုယ့်သဘောနှင့်ကိုယ် ရပ်လိုက်ခြင်း မပြုလုပ်သင့်ပါဘူးနော်။

✅၄။အစားအသောက်ထိန်းဖို့လည်းအရေးကြီးပါတယ်နော်။ ဆေးသောက်နေသော်လည်း အဆီများသောအစားအစာ၊ အကြော်အလှော်၊ fast food များကို လျှော့စားဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ ငါး၊ whole grains များကို ပိုစားပေးပါ။

✅ ၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ နေ့စဉ် လမ်းလျှောက်ခြင်း၊ ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းအဆီကို ထိန်းညှိပေးနိုင်ပါတယ်။

🏥 အရေးကြီးတာကတော့ သွေးတွင်းအဆီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ဆေးသောက်ရုံတင်မဟုတ်ဘဲ ကျန်းမာသော lifestyle နဲ့တွဲဖက်လုပ်ဆောင်ဖို့လည်း အရေးကြီးပါတယ်ဆိုတဲ့ အကြောင်း adminတို့ရဲ့ ရောင်နီlabကနေ ချစ်ရတဲ့သူတွေအတွက် ပြောပြပေးလိုက်ပါတယ်နော်။🩷🩷

အဖြစ်များသော အသည်းအဆီဖုံးခြင်း( fatty liver)❤️🩷 အသည်းဆိုတာ ခန္ဓာကိုယ်မှာ ဒုတိယအကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး admi...
11/05/2026

အဖြစ်များသော အသည်းအဆီဖုံးခြင်း( fatty liver)❤️🩷

အသည်းဆိုတာ ခန္ဓာကိုယ်မှာ ဒုတိယအကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး adminတို့ရဲ့ နေ့စဉ်ဘဝ အသက်ရှင်ရေး အတွက် အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ဒီနေ့မှာ adminတို့ရဲ့ ရောင်နီlabကနေ အဖြစ်များပြီး လူတော်တော်များများ သတိမပြုမိကြတဲ့ အသည်းအဆီဖုံး ရောဂါအကြောင်း ပြောပြပေးချင်ပါတယ်🩷

အသည်းအဆီဖုံးခြင်းဆိုတာ?
အသည်းအတွင်းမှာ အဆီတွေစုလာပြီး အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ထိခိုက်လာခြင်းပဲ ဖြစ်ပါတယ်။ အသည်းအဆီဖုံးခြင်းကို အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးခြင်း (alcoholic fatty liver) နှင့် အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း ( non-alcoholic fatty liver ) ဆိုပြီး ခွဲခြားနိုင်ပါတယ်⚡️

အသည်းအဆီးဖုံးရခြင်း အကြောင်းရင်းများ?
-အရက်အလွန်အကျွံသောက်သူများ
-အဝလွန်သူများ
- ဆီးချိုရောဂါရှိသူများ
-သွေးတွင်းအဆီများနေသူများ
-အဆီများသော၊ အချိုဓါတ်များသော အစားအစာများကို မကြာခဏ စားသုံးသူများ⚡️⚡️
အသည်းအဆီဖုံခြင်း လက္ခဏာများ?
-အစောပိုင်းကာလတွေမှာ ထင်ရှားသော လက္ခဏာတွေ မပြတတ်ပါဘူးနော်။

တွေ့ရများတဲ့ လက္ခဏာတွေကတော့-
ပင်ပန်းနွမ်းနယ်ခြင်း
အစာမကြေခြင်း
အသားအသောက်ပျက်ခြင်း
ဗိုက်အောင့်ခြင်းနှင့်
အားနည်းခြင်း
ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်တတ်ပါတယ်နော်⚡️⚡️

အသည်းအဆီဖုံးခြင်းကို စစ်ဆေးအတည်ပြုပုံ?

Adminတို့ရဲ့ ရောင်နီlabမှာဆိုရင် ultrasound scanတို့ Liver function test (LFT) တို့နဲ့ စမ်းသပ်စစ်ဆေး နိုင်ပါတယ်။

အသည်းအဆီဖုံးနေပြီ ဆိုပါကလည်း စောစောသိပြီး ကုသလျှင် ပြန်လည်ကောင်းမွန် နိုင်ပါတယ်နော်။ မကုသဘဲထားပါက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ တို့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆသင့်ပါဘူးနော်💕❤️

သွေးတွင်းအဆီကျဆေးနှင့် ပတ်သတ်၍ သိသင့်သိထိုက်သည့် အရာများ💊💊💉 ဒီတစ်ခေါက်မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ အခုနောက်ပိုင်း ...
07/05/2026

သွေးတွင်းအဆီကျဆေးနှင့် ပတ်သတ်၍ သိသင့်သိထိုက်သည့် အရာများ💊💊💉

ဒီတစ်ခေါက်မှာတော့ adminတို့ရဲ့ ရောင်နီlabကနေ အခုနောက်ပိုင်း အသက်၃၀နောက်ပိုင်းမှာ လူတိုင်းနီးပါး သောက်သုံးနေရတဲ့ သွေးတွင်းအဆီကျဆေးများအကြောင်း အနည်းငယ် ရှင်းပြပေးချင်ပါတယ်။💊❕❕

အရင်ဆုံးသွေးတွင်း အဆီအကြောင်း ဦးစွာပထမ ပြောပြပေးပါ့မယ်နော်။🩷
သွေးတွင်းအဆီဆိုတာ သွေးထဲတွင်တွေ့ရတဲ့ အဆီဓါတ် တစ်မျိုးဖြစ်ပြီး
LDL သွေးကြောကိုပိတ်စေ တတ်သဖြင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆီ
HDL ခန္ဓာကိုယ်အတွက် အကျိုးပြုသော အဆီနှင့်
Triglycerides ခန္ဓာကိုယ်တွင်း ပမာဏများလာလျှင် အန္တရာယ်ရှိပါတယ်။
သွေးတွင်းအဆီများနေကြောင်း ဘယ်လိုသိမလဲ?
ခန္ဓာကိုယ်မှ သွေးနမူနာယူ၍ lipid profile ဟုခေါ်သော သွေးတွင်းအဆီဓါတ်ကို စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ 🩸🔬

Adminတို့ရဲ့ ရောင်နီlabမှာ ဆိုရင်လည်း
Total Cholesterol, HDL, LDL, Triglycerides စစ်ဆေးမှုတို့ပါဝင်တဲ့ lipid profile testကို မှန်ကန်မြန်ဆန်စွာ ပြာလုပ်နိုင်ပါတယ်နော်❤️

သွေးတွင်းအဆီများခြင်းအတွက် အသုံးများသော ဆေးဝါးများ💊💊
Statins အုပ်စုဝင်ဆေးများ-ဉပမာ atorvastatin, rosuvastatin တို့ဟာဆိုရင် မြန်မာနိုင်ငံမှာ အသုံးများဆုံး ဆေးတွေပဲဖြစ်ပါတယ်။ သူတို့ကတော့ LDL မကောင်းတဲ့အဆီ လျှော့ချရာမှာ သုံးပြီး နှလုံးနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။
Fibrates ဥပမာ- fenofibrates တို့ကတော့ triglyceridesတွေကို လျှော့ချပေးပြီး HDL (ကောင်းတဲ့အဆီ) ကိုတက်စေပါတယ်။
Ezetimibe ဆေးတွေဟာဆိုရင်လည်း အစာအိမ်ကနေ ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးပါတယ်။
Omega 3 fatty acids တွေဟာ ဆိုရင်လည်း triglycerides တွေလျှော့ချရာတွင် အထောက်အကူ ပြုပါတယ်💕

ဆေးသောက်ရာတွင် သတိပြုရမည့် အချက်များ❕❕
ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးပါ။
မိမိသဘောနှင့် ပြောင်းလဲ၍ သောက်လို့မရပါ ဘူးနော်။
သွေးတွင်းအဆီကျဆေးတွေက ရေရှည်ဆွဲသောက်ရမယ့် ဆေးတွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် statinဆေး သောက်သုံးနေရသူများတွင် ကြွက်သားနာကျင်မှုနှင့် အသည်းကို ထိခိုက်နိုင်ခြေ ရှိပါတယ်။

ဒါကြောင့် သွေးတွင်းအဆီများခြင်း ကို သတိမမူ မကုသပဲ ထားလိုက်ပါက အသက်အန္တရယ်အထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးသောက်ခြင်းနဲ့ အတူ နေထိုင်မှု ပုံစံကိုပါ ပြုပြင်သင့်ပါတယ်နော်🩷

နောက်အပါတ်မှာလည်း adminတို့ရဲ့ ရောင်နီlabကနေ သွေးတွင်းအဆီများသူများအတွက် စားသောက်နေထိုင်မှုပုံစံကို ဆက်လက်ပြောပြပေးမှာမို့ ဖတ်ရှူပေးပါဦးနော်💕💕

ကော်ဖီနှင့် နှလုံးကျန်းမာရေး🫀🫶 ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlab ကနေ ကမ္ဘာမှာရော မြန်မာမှာပါ လူကြိုက်အများဆုံး သောက်စ...
06/05/2026

ကော်ဖီနှင့် နှလုံးကျန်းမာရေး🫀🫶

ဒီနေ့မှာတော့ adminတို့ရဲ့ ရောင်နီlab ကနေ ကမ္ဘာမှာရော မြန်မာမှာပါ လူကြိုက်အများဆုံး သောက်စရာ ကော်ဖီနှင့် နှလုံးကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ကော်ဖီမှာဆိုရင် အဓိကပါဝင်ပစ္စည်း ဖြစ်တဲ့ ကဖင်းဓါတ်က ကိုယ်ခန္ဓာအပေါ် အထူးသဖြင့် နှလုံးအပေါ်မှာ ဘယ်လိုသက်ရောက်လဲ ဆိုတာ ပြောပြပေးပါ့မယ်နော်☕️☕️

ကော်ဖီ၏ ကျန်းမာရေးအပေါ် အကျိူးသက်ရောက်မှုများ✅✅
နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း-အချို့သော လေ့လာမှုများအရ သင့်တင့်သော ပမာဏနှင့် ကော်ဖီသောက်သုံးခြင်းက အချို့သော နှလုံးရောဂါ ဖြစ်နိုင်ခြေများကို လျှော့ချပေးပါတယ်။
အင်တီအောက်ဆီးဒန့် ပါဝင်မှုမြင့်မားခြင်း- ကော်ဖီထဲမှာ free radicals တွေကို တိုက်ဖျက်ပေးတဲ့ အင်တီအောက်ဆီးဒန့် ပါဝင်တဲ့အတွက် နှလုံးသွေးကြောတွေကို ကာကွယ်ပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု တိုးတက်စေခြင်း- သင့်တင့်သော ပမာဏနဲ့ သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း အထောက်အကူ ပြုပေးပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်တွေကို အားကောင်းလာစေတဲ့ အတွက် အဆီကျတဲ့နေရာမှာလည်း အထောက်အကူ ပြုပါတယ်။ သို့သော် အစာအိမ်သမားများ သတိနှင့် သောက်သုံးသင့်ပါတယ်။
ဒါ့အပြင် အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း တို့ကိုလည်း အသင့်အတင့် ကာကွယ်ပေးနိုင်ပါတယ်။
အသက်ကြီးလာခြင်းကြောင့် အာရုံကြောနှင့်မှတ်ဥာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရောဂါများဖြစ်သည့် အယ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်။

သတိပြုရမည့် အချက်များ💡🚨
ကော်ဖီတွင် ပါဝင်သော ကဖင်းဓါတ်ကြောင့် နှလုံးခုန်မြန်စေ နိုင်သည့်အတွက် အချို့လူများ သတိနှင့် သောက်သုံးသင့်ပါတယ်။
ဒါ့အပြင် သွေးပေါင်လည်း တက်စေနိုင်သသည့်အတွက် သွေးတိုးသမားများတွင် ရောဂါအခြေအနေ ပိုမိုဆိုးရွား သွားစေနိုင်ပါတယ်။

တစ်ရက်မှာ ဘယ်နှခွက်ထိ သောက်သုံးနိုင်?
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အများအားဖြင့် 1ခွက်မှ 2ခွက်ထိ ဘေးဥပါဒ်မရှိ စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။☕️☕️
အရေးတကြီး ဂရုပြုထားရမည့် အချက်များ⛔️⛔️
ကော်ဖီကို သကြား၊နို့ဆီ၊နို့မှုန့်များ ပမာဏများစွာ ထည့်သောက်ခြင်း ရှောက်ကြဉ်ပါ။
ကဖင်းဓါတ်က လူကိုနိုးကြားစေသည့်အတွက် ညဘက်တွင် ကော်ဖီသောက်ခြင်း မပြုလုပ်သင့်ပါ။
နှလုံးရောဂါနှင့် သွေးတိုးရောဂါရှိသူများ သတိပြုသောက်သုံးပါ။

ဒါကြောင့် adminတို့ရဲ့ ရောင်နီlabကနေ လူအများစုကြိုက်ကြတဲ့ ကော်ဖီရဲ့ ငိသင့်သိထိုက်တဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။☕️⚡️

ချစ်ရတဲ့သူတွေအားလုံး ကျန်းမာကြပါစေနော်🩷🩷

Address

64th Street Bet 26*27 Street, ChanAyeThaSan Township
Mandalay

Telephone

+959266888571

Website

Alerts

Be the first to know and let us send you an email when Yaung Ni Lab MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yaung Ni Lab MDY:

Shortcuts

Share