28/08/2026
Collective Reading
(အချစ်ရေး rs ၊ blessings ရောသဗြွမ်း)
သူကရှင်တို့ကို မိသားစုကံမကောင်းတဲ့သူ၊ အချစ်မခံရတဲ့ကလေးလို့မြင်ပါတယ်
ရှင်တို့ရဲ့ပုံစံကလည်း သူနဲ့ဆို ကလေးဆိုးလေးလိုဖြစ်နေတတ်တာမို့
သူကချစ်လည်းချစ် ရိုက်လည်းရိုက်ချင်နေပါတယ်
ခုမင်ဆုကြည့်နေတဲ့ collective cလေး တွေထဲမှာ တစ်ချို့က ပြန်မပြောနားမထောင် အများရှေ့ သန်မာသလိုလိုနဲ့သူ့ရှေ့နဲ့ ရင်းနီးသူတွေရှေ့ကျ အားငယ်တတ်တဲ့သူလေး တစ်ခုခုဆိုမျက်ရည်ကျပြီ ခိုးကျတာနော်
ပေါ်တင်မကျဘူး 🤣🤣🤣
ရှင်တို့အားသာချက်က ဘယ်လောက်အခက်ခဲတွေများများ သေချင်စိတ်ပေါက်လည်း ဖင်ပိတ်ပြီး အားတင်းပြီးကိုကျော်ဖြတ်တာ
အင်မတန်ခေါင်းကျောမာသော
ကလေးဘဝငယ်စဥ်ကတည်းကအမြဲ
မိသားစုထဲမှာ လျှိုဝှက်တတ်သူလေးတွေတွေ့ရတယ်
ဟန်ဆောင်ပြုံးရယ်ခဲ့ရတာလေးတွေရှိမယ်
တစ်ချို့လေးတွေဆို ဖြစ်ချင်တဲ့ဘဝကို ဖြစ်ခွင့်မရခဲ့တာတွေ အိမ်နဲ့ မိသားစု မောင်နှမကိုပဲဦးစားပေးခဲ့ရတာတွေ
လူမှုရေးမှာလည်း အမြဲအဖြည့်ခံတွေ
ဒီလူတွေက ဆက်ဆံရေးတွေပျက်စီးသွားခဲ့ရင် နာကျင်ခဲ့ရရင်အင်မတန်ပြတ်သားတယ်
နာကျင်တုန်းခဏ ပြန်ပြီးစိတ်အားတင်းတယ်
သို့ပေမယ့် တစ်ချို့တစ်လေကိုတော့ မင်ဆုမြင်တယ်
နှစ်တစ်ထောင် နွားကြီးတွေအဖြစ်ပေါ့နော်
အဲ့တော့ ဆူမယ် အချစ်ရေးမပြောသေးဘူး
လူမှုရေးမှာ ခုကစ စကားရှုပ်တဲ့သူတွေ၊ ပိုက်ဆံချေးတဲ့သူတွေ ရှောင်ဖို့ပြောချင်တယ်
သူများပြဿနာကိုယ့်ပြဿနာလုပ်ခံနေရမှာဆိုးလို့နော်
အကုန်ပြောရရင်တော့
Collective လေးတွေအားလုံးက 2026နှစ်ကုန်တာနဲ့ ကံဇာတာလေးတွေတဖြည်းဖြည်းကောင်းလာတော့ာမှာပါ
မင်ဆုဟောရင်လွဲခဲတယ်
မဟောတာပဲရှိမယ် ပျင်းလို့ 🤗
ဆိုတော့ တစ်ခုသတိထားရမှာလေးထပ်ပြောမယ်
စီးပွားရေးလမ်းစ ပေါ်ပေါက်လာခြင်း၊ပညာရေးလမ်းစတိုးတက်ခြင်း၊အလုပ်သစ်ရခြင်း၊ စတဲ့ကောင်းသော blessings တွေရောက်လာမှာမို့
ကိုယ့်မှာ စိတ်ပင်ပန်းစရာတွေ၊အတွေးလွန်တာတွေ၊အဆိုးမြင်ဝါဒီတွေရှိရင်လွှတ်ချပစ်ဖို့ပြောချင်တယ်
သူများကိုလည်းအကောင်းမြင်ပါ
ဒီလူတွေထဲကတော်တော်များများက
ဆယ်ကျော်သက်နဲ့ 20ကျော် တွေများတယ်
ရှင်တို့က ကံကောင်းတယ်သိလား
ရှင်တို့ရဲ့ ကလေးဆန်မှု၊အတ္တဆန်မှုနဲ့ပျင်းရိတာလေးတွေလျော့ဖို့ပဲ
ပညာရေးကိုတစ်စိုက်မတ်မတ်လုပ်ပါ
ပညာရေးမှာ တနင်္ဂနွေ အင်္ဂါနဲ့ ကြာသပတေးနဲ့စတဲ့ နိုင်ငံရပ်တွေ
သွားလို့ရတယ် နိုင်ငံခြားထွက်မယ်ဆိုရင်ပေါ့
နောက်ပြီးရင် ဒီထဲမှာ နိုင်ငံခြားကိုအလုပ်ထွက်လုပ်ချင်တဲ့ကလေးတွေမြင်ရတယ် မီးဓာတ်ရာသီခွင်တွေပါရင် ထိုင်း၊တရုတ် အကျိုးပေးမယ်
ရေဓာတ်၊မြေဓာတ်၊လေဓာတ်တွေကတော့ ကျွန်းစုနဲ့ တောင်တန်းနိုင်ငံတွေ၊ရေနဲ့နီးတဲ့နိုင်ငံတွေအကျိုးပေးတယ်
ဖိုက်တင်းသဲလေးတို့
တစ်ချို့ကျောင်းသူ ကျောင်းသားလေးတွေဘာသာရပ်နှစ်ခုသုံးခုလောက်ပေါ့လျော့နေတယ်နော်
သေချာလုပ် တွတ်ရချက်ရ မှတ်ရတာတွေ စာမေးပွဲမှာ နားကားနေမယ်
မေ့လို့ စနေနံနဲ့ တင်္နလာနံတွေအကျိုးမပေးဘူးနော် (အလုပ်၊နိုင်ငံ)
ခေါင်းမာပြီး လုပ်ချင်သပါ့ဆိုရင်
ကတ်ကင်းမိတဲ့အဆောင်လေးတွေဆောင်
နောက်ရက်မင်ဆုတင်ပေးမယ်
ကျန်တာက အသက်30ကျော်လူကြီးပိုင်းတွေ ရှင်တို့ကတော့ စီးပွားရေးလမ်းစတွေ ပေါ်ပေါက်မှာပါ
အဲ့တော့ခုချိန်ဘာစီးပွားရေးစရမလဲစဉ်းစားနေရင် နှစ်မျိုးနှစ်စားစားရမယ့်စီးပွားရေးသာလုပ်ဖို့ပြောချင်တယ်
တစ်ခုတည်းတော့မလုပ်နဲ့ မင်ဆုပြောတာနားလည်မယ်ထင်ပါတယ်
ချုံပြောရရင် Collective c 99% သောအားလုံးက အဘက်ဘက်ကနေကံကောင်းမှုတွေ ဖြစ်လာတော့မှာပါ
(နောက်တစ်နှစ်တွင်း)
တစ်ချို့တွေလိုချင်နေတဲ့ ကြာသပတေးနံနဲ့အင်္ဂါနံစက်ပစ္စည်း ရကိန်းရှိတယ်
ဘယ်ဝောာ့ရမလဲဆိုရင် ကိုယ့်ကိုကိုယ်ဆင်ဆင်ခြင်ခြင်နဲ့ပြုပြင်နေထိုင်ပြီးကြိုးစားပြီးတဲ့အချိန်ဝယ်ဖြစ်ဝာာပဲဖြစ်ဖြစ် မိဘသို့ အထက်လူကြီး၊ မိတ်ဆွေပေးတာပဲဖြစ်ဖြစ်ရလိမ့်မယ်
Energy Claimed it 🍓
.S