21/08/2026
မိုးရာသီရောက်လာပြီဆို မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်တွေကို သွေးလွန်တုပ်ကွေးအတွက်လည်း ပိုဂရုစိုက်ပေးရတော့မယ်နော် 🌧️🦟👶🏻
မိုးရွာပြီး ရေဝပ်တဲ့နေရာတွေ များလာတာနဲ့အတူ ခြင်တွေလည်း ပေါက်ဖွားလွယ်လာပါတယ်။
ဒါကြောင့် မိုးရာသီမှာ ကလေးလေးတွေ ဖျားလာတဲ့အခါ ပေါ့ပေါ့ဆဆမထားဘဲ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေကိုပါ ထည့်စဉ်းစားပေးဖို့ လိုပါတယ်။ ❗️
📍ကလေးက ဖျားလာပြီဆိုရင် မိဘတွေကလည်း “ရာသီဥတုပြောင်းလို့ ဖြစ်တာနေမှာပါ”
“နည်းနည်းနေရင် သက်သာသွားမှာပါ” ဆိုပြီး အိမ်မှာပဲ စောင့်ကြည့်မိတတ်ကြပါတယ်။
တကယ်တော့ ကလေးဖျားတာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်တာမို့ ဘာကြောင့်ဖျားတာလဲဆိုတာ သေချာသိထားဖို့က ပိုအရေးကြီးပါတယ်🤗
အထူးသဖြင့် ဖျားနေတာမသက်သာဘဲ ဆက်ဖြစ်နေတယ်၊ အစားအသောက်ပျက်လာတယ်၊ အားနည်းလာတယ်၊ အန်တာမျိုးတွေပါ တွေ့လာတယ်ဆိုရင်တော့ အိမ်မှာပဲ ခန့်မှန်းပြီး ဆေးတိုက်နေမယ့်အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးပေးလိုက်ပါနော်။
သွေးလွန်တုပ်ကွေးမဖြစ်ခင် စောင့်ကြည့်နေရမယ့်အစား သေချာစစ်ဆေးထားလိုက်တာက မိဘတွေအတွက်လည်း ပိုစိတ်ချရပါတယ်။🤗
မြတ်ဝေလျှံဆေးရုံမှာလည်း ကလေးအထူးကုဆရာဝန်ကြီးများနဲ့ တွေ့ဆုံပြီး ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေး၊ တိုင်ပင်ကာ လိုအပ်သလို ကုသမှုခံယူနိုင်ပါတယ်။ 👨🏻⚕️🏥
ဒါကြောင့် ဒီမိုးရာသီမှကလေးလေး ဖျားလာတဲ့အခါ “ဘာမှမဖြစ်လောက်ပါဘူး” ဆိုပြီး စောင့်နေမယ့်အစား “သေချာစစ်ကြည့်ရအောင်” ဆိုပြီး ဆရာဝန်နဲ့ တိုင်ပင်ကြည့်လိုက်ပါခင်ဗျာ👨🏼⚕️
👉🏻 ကလေးငယ် ကျန်းမာရေးနဲ့ သွေးလွန်တုပ်ကွေးအကြောင်း စစ်ဆေးတိုင်ပင်လိုပါက မြတ်ဝေလျှံဆေးရုံမှာ ကလေးအထူးကုဆရာဝန်ကြီးများနဲ့ လာရောက်တိုင်ပင်နိုင်ပါတယ်🤗✅
“ကျန်းမာချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ”
58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.
☎️09 797 766772
☎️09 797 766 773
☎️09 400 848 500
☎️09 977 800 314
#မြတ်ဝေလျှံဆေးရုံ #သွေးလွန်တုပ်ကွေးရောဂါ