ADORE Mental Wellbeing & Care

ADORE Mental Wellbeing & Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ADORE Mental Wellbeing & Care, Mental Health Service, 31st street; between 69thx70th streets, Mandalay.

▫️Individual mental wellbeing counselling services
▫️Pottery painting workshop
▫️Expression through clay & art workshops
▫️Virtual emotional support workshops
▫️Employee Assistance Programs

• we ADORE you unconditionally•

❛ Free Consultation Sessions | Aug 2026 🌿 ❜စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ “ငါ အဆင်ပြေပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိ...
29/07/2026

❛ Free Consultation Sessions | Aug 2026 🌿 ❜

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ “ငါ အဆင်ပြေပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိပေမဲ့ တကယ်တမ်းမှာတော့ နားထောင်ပေးမယ့် safe space တစ်ခု လိုအပ်နေတတ်ပါတယ်။

နေ့စဉ်ဘဝထဲက stress တွေ၊ မပြောဖြစ်တဲ့ခံစားချက်တွေ၊ တစ်ယောက်တည်း သယ်ထားရတဲ့အရာတွေကို ခဏရပ်ပြီး ကိုယ့်စိတ်ကို ပြန်နားထောင်ပေးတာကလည်း self-care တစ်မျိုးပါပဲ 🤍

ADORE ရဲ့ Free Consultation Session လေးက သင့်ခံစားချက်တွေကို နားလည်ဖို့၊ စိတ်အခြေအနေကို ပြန်သုံးသပ်ဖို့၊ လိုအပ်တဲ့ support ကို ရှာဖွေဖို့ အကူအညီဖြစ်စေချင်တဲ့ safe space လေးတစ်ခု ဖြစ်ပါတယ်။

သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
လိုအပ်တဲ့အချိန်မှာ ADORE က နားထောင်ပေးဖို့ အဆင်သင့်ရှိနေပါတယ် 🪷
🪷 Free Consultation Session
▪️ Aug 1, 2026 (Saturday)
▪️ Online / In-person
💰 Free of Charge
📌 Registration Link: https://forms.gle/kfWrPRTS44H2sGHw5

နေရာအကန့်အသတ်ရှိနိုင်တာကြောင့် စိတ်ဝင်စားသူများအနေနဲ့ Registration Link မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street, 69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: [email protected]

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


ကလေးတွေအတွက် အချိန်ပေးဖို့လိုအပ်တယ်ဆိုတာ မိဘအားလုံးသိထားကြပြီးသားပါ။ ဒါပေမယ့် ဒီထက် ပိုအရေးကြီးတာက အဲဒီ့လိုအချိန်ပေးတဲ့အ...
28/07/2026

ကလေးတွေအတွက် အချိန်ပေးဖို့လိုအပ်တယ်ဆိုတာ မိဘအားလုံးသိထားကြပြီးသားပါ။ ဒါပေမယ့် ဒီထက် ပိုအရေးကြီးတာက အဲဒီ့လိုအချိန်ပေးတဲ့အခါမှာ သူတို့ဘေးမှာ ဘယ်လိုရှိပေးလဲဆိုတာပါ 💛

🍁ဒီနေ့ခေတ်မှာဆိုရင် မိဘတွေအနေနဲ့ တာဝန်တွေများလာပါတယ်။ အလုပ်အကိုင်၊ ငွေကြေးအခက်အခဲ၊ အများနည်းတူsupportပေးနိုင်ဖို့တွေ၊ မိသားစုပြဿနာတွေ၊ လူမှုရေးပြဿနာတွေ၊ နေ့စဉ်စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကလေးအတွကိ အချိန်ပေးဖို့ ခက်ခဲလာတတ်ပါတယ်။

🍁တစ်ခါတလေ မိဘနဲ့ ကလေးတွေ တွေ့ရတဲ့အချိန်က နည်းနည်းလေးပဲ ဖြစ်နိုင်ပါတယ်။

▪️မနက်ပိုင်း ကျောင်းသွားခါနီး အချိန်လေး…
▪️ညအိပ်ခါနီး စကားပြောတဲ့ အချိန်လေး…
▪️အတူထမင်းစားတဲ့ အချိန်လေး…
ဒီအချိန်လေးတွေက ခဏလေးဆိုပေမယ့် ကလေးတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်။

🍁ဒါပေမယ့် မိဘတွေအနေနဲ့ တစ်နေ့တာအတွင်း အပြင်မှာကြုံခဲ့ရတဲ့ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေက ကလေးတွေနဲ့အတူတူရှိခွင့်ရတဲ့ဒီရှားပါးလှတဲ့အချိန်ခဏလေးတွဆီကို မသိမသာနဲ့ သယ်လာမိတတ်ပါတယ်။

အဲဒီအခါ…
▪️ကလေးက မေးခွန်းမေးတဲ့အခါ စိတ်မရှည်ဖြစ်မိတာ၊
▪️ကလေးရဲ့ အမှားလေးတွေကို ပိုပြီး စိတ်တိုမိတာ၊
▪️သူတို့ပြောချင်တာကို နားမထောင်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဟာ မိဘတွေက ကလေးတွေကို မချစ်လို့ မဟုတ်ပါဘူး။တစ်ခါတလေ ကိုယ်တိုင်လည်း ပင်ပန်းနေပြီး ကိုယ့်စိတ်ခံစားချက်တွေကို ပြန်ဂရုစိုက်ဖို့ လိုအပ်နေလို့ပါ🫂

🍁ကလေးတွေအတွက် စိတ်လုံခြုံတဲ့ နေရာတစ်ခု ဖြစ်ပေးဖို့ဆိုရင်

🪴ကလေးနဲ့ မတွေ့ခင် ကိုယ့်စိတ်အခြေအနေကို ခဏလေး သတိထားကြည့်ပါ။

“အခု ငါ စိတ်ဖိစီးနေလား”
“ငါ့ရဲ့ စိတ်အခြေအနေက ကလေးနဲ့ ဆက်ဆံပုံအပေါ် သက်ရောက်နေပြီလား” လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပေးပါ။

🪴ကလေးပြောတဲ့အရာကို ချက်ချင်းဆုံးဖြတ်မယ့်အစား အရင်နားထောင်ပေးပါ။

တစ်ကယ်တော့ ကလေးတစ်ယောက်အတွက်က အမှတ်ရဆုံးအရာက ဈေးကြီးတဲ့ပစ္စည်းတွေ၊ အရာကြီးတွေ ဟုတ်မနေပါဘူး။

📌”ဖေဖေ/မေမေက ငါ့ကို နားထောင်ပေးတယ်။ ငါ့ခံစားချက်တွေကို အရေးထားပေးတယ်၊ ငါ့ကိုချစ်ကြတယ်။ တစ်ခုခုဆိုရင် ငါ့နောက်မှာ ယုံကြည်အားကိုးလို့ရတဲ့ငါ့မိဘတွေရှိတယ်” ဆိုတဲ့ ခံစားချက်လေးပါ💖

🤍ဒါ့ကြောင့် အတူတူရှိတဲ့အချိန်လေးတွေမှာ မိဘရောကလေးရော စိတ်လုံလုံခြုံခြုံရှိနိုင်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကိုဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုပဲ focus မထားဘဲ ကိုယ့်စိတ်ရော ဘယ်လိုတွေဖြစ်နေလဲ၊ ကိုယ့်စိတ်အဆင်မပြေနေရင် ပြေအောင်ဘယ်လိုလေးအရင်လုပ်ရင်ကောင်းမလဲဆိုတာတွေကိုပါ ပြန်လည်ကြည့်ရှုပေးပါအုန်းနော်။

🤍စာလေးဖတ်ပြီးသွားရင် ဒီနေ့လေးမှာ အလုပ်တွေအများကြီးကြားကနေ ကလေးနဲ့ အတူတူဖြတ်သန်းဖို့ရရှိတဲ့ အချိန်လေးကို စိတ်ဖိစီးမှုတွေနဲ့ မဖြတ်သန်းဘဲ နွေးထွေးမှုနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားကြရအောင်။

🏘️ သင်တန်းတည်နေရာများ

𝐂𝐞𝐧𝐭𝐞𝐫 (𝟏): (၁၀၈) လမ်း 𝐱 (၆၃) 𝐀 လမ်းထောင့်၊ မနော်မြို့သစ် (မနော်ကျောင်းခွဲ)
𝐂𝐞𝐧𝐭𝐞𝐫 (𝟐): (၄၁) 𝐂 လမ်း၊ (၅၄-၅၅) ကြား( ရဲမွန်တောင်ကျောင်း)
𝐂𝐞𝐧𝐭𝐞𝐫 (𝟑): (၂၇) လမ်း 𝐱 (၇၆) လမ်းထောင့် (ကျုံးတောင်ဘက်အနီး)

☎️ ဆက်သွယ်စုံစမ်းရန်
𝟎𝟗𝟗𝟔𝟓𝟐𝟐𝟏𝟎𝟏𝟎 ၊ 𝟎𝟗𝟗𝟔𝟒𝟒𝟐𝟒𝟒𝟔𝟖
𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗𝟗𝟕𝟕𝟔𝟏𝟓𝟓𝟑𝟑
(ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းပိတ်ပါသည်ခင်ဗျာ)







ဒီအချက်တွေဖြစ်နေပြီဆိုရင်တော့ emotionally burnout ဖြစ်နေပါပြီ ❤️‍🩹 တစ်ခါတလေ ကိုယ် burnout (စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်...
20/07/2026

ဒီအချက်တွေဖြစ်နေပြီဆိုရင်တော့ emotionally burnout ဖြစ်နေပါပြီ ❤️‍🩹

တစ်ခါတလေ ကိုယ် burnout (စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်ခြင်း) ဖြစ်နေတာ သတိမထားမိတာတွေရှိတတ်ကြပါတယ်၊ ဒါကို အားမလိုအားမရဖြစ်ပြီးအတင်းအကြပ် အလုပ်လုပ်တာ၊ စိတ်ဓာတ်တွေကျ ဒေါသတွေထွက်လိုက်တာ စသဖြင့် ဖြေရှင်းတတ်ကြတယ်။ တစ်ခုခုမှားယွင်းနေတယ် ခံစားကြတယ်။

ဆိုတော့ ကိုယ်က burnout ဖြစ်နေပြီလား၊ ဖြစ်နေပြီဆို ဘယ်လိုပြန် reset ချရမလဲဆိုတာလေးတွေ ပြောပြပေးသွားမှာမို့ ဆက်ပြီးကြည့်လိုက်ရအောင်..

💬 အနားယူအိပ်စက်ပြီးတာတောင် ပင်ပန်းနေသလို ခံစားရတယ်။ နိုးထလာရင်လည်း energy drained ဖြစ်နေတတ်တယ်။ ဒီအချက်က emotionally burnout ဖြစ်ကြောင်းအသိသာဆုံးပါ🥀။

💬 ကိုယ်သဘောကျတဲ့ အရာတွေ၊ ဝါသနာတွေကို စိတ်မဝင်စားတော့တာ၊ ဒါဟာ ကိုယ်ကပြောင်းလဲသွားတာမဟုတ်ပါဘူး၊ အဲ့အရာတွေလုပ်ဖို့ energy မရှိတော့တာပါ။

💬 အရာရာတိုင်းဟာ "too much" အများကြီးလို့ခံစားရတာ၊ ဝန်ပိတာ၊ အရင်က လွယ်ကူတဲ့အရာတွေကတောင် overwhelming ဖြစ်တယ်ခံစားရတာ။

💬 လူတွေနဲ့ဆက်ဆံရတာတွေမှာ ပင်ပန်းလာတာ၊ အဝေးကိုထွက်ပြေးချင်စိတ်ပေါက်တာ၊ ဒါတွေကလည်း social energy မလုံလောက်တော့လို့ ဖြစ်တတ်ပါတယ်။

💬 Emotional မဖြစ်ဘဲ ဘာမှမဖြစ်သလိုခံစားရတာ၊ ငိုလည်းမငို၊ ရီလည်းမရီ၊ ဒီတိုင်း တည်ရှိနေတယ်လောက်ပဲခံစားရတာ။

ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ငြိနေပြီဆိုရင်တော့ burnout ဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါဆို ဘယ်လို reset လုပ်ကြမလဲ။

🌱 တစ်နေ့တာမှာ mini mental break လေးတွေယူပါ။ ပြီးရင် အသက်ရှူပါ၊ အကြောတွေဖြေလျှော့ကြည့်ပါ၊ ဒါက ကိုယ့်ရဲ့ mind ကို reset ပြန်လုပ်ဖို့ ကူညီပေးပါတယ်။

🌱 Start small! ကိုယ့်ကိုပျော်ရွှင်မှုပေးတဲ့အရာလေးတွေကို ဖြေးဖြေးချင်းပြန်လုပ်ကြည့်ပါ။ ပျင်းလာရင် နားလို့ရပါတယ်။

🌱 လုပ်ရမဲ့တာဝန်တွေကို tasks အသေးလေးတွေခွဲပြီးလုပ်ကြည့်ပါ။ Slow progress is still progress!

🌱 Rest ယူဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုပါ၊ တိတ်ဆိတ်တဲ့နေရာတွေမှာဆို reset ကောင်းကောင်းလုပ်လို့ရပါတယ်။

🌱 ကိုယ့်အတွေးတွေကိုချရေးပါ၊ သီချင်းတွေနားထောင်၊ ဇာတ်ကားတွေကြည့်၊ ကြာရင် ကိုယ့်ရဲ့စိတ်အခြေအနေလေး ပုံမှန်ဖြစ်လာလိမ့်ပါမယ်။

ဒီနေရာမှာ သတိထားစေချင်တာက

You're not lazy!
You're not broken!
You're just tired!

အကောင်းဆုံး အနားယူနိုင်မယ်လို့ မျှော်လင့်ပါတယ် 🍃

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: [email protected]

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


"စိတ်ထောင်းကိုယ်ကြေ❤️‍🩹ဒီစကားပုံလေးကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ စိတ်ဓာတ်ကျလာတဲ့အခါ မွန်းကြပ်လာတဲ့အခါမှာ စားချင် သ...
10/07/2026

"စိတ်ထောင်းကိုယ်ကြေ❤️‍🩹

ဒီစကားပုံလေးကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ စိတ်ဓာတ်ကျလာတဲ့အခါ မွန်းကြပ်လာတဲ့အခါမှာ စားချင် သွားချင်စိတ်တွေကလည်း တဖြည်းဖြည်းလျော့နည်းလာစမြဲဖြစ်ပါတယ်။😓

လူတစ်ယောက် ကျန်းမာရေးကောင်းမကောင်းဆိုတာကလည်း စိတ်အပေါ်မှာများစွာမူတည်ပါတယ်။
ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပထမဆုံးလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခဲ့တဲ့အချိန် အလုပ် pressure ကြောင့်ရော လူမှုရေး စီးပွါးရေးတဲ့စတဲ့ အခက်အခဲတွေကြောင့် အတော်လေးကို စိတ်ပင်ပန်းပြီး အမြဲလိုလိုဖျားနာတယ် အိပ်ယာထဲမှာပဲခွေချင်တဲ့စ်ိတ်တွေအအအမြဲပေါ်လာခဲ့တယ်။စိတ်ဆိုတာ လူသားတိုင်းအတွက် အရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့် မိမိ စိတ်ကျန်းမာဖို့ စိတ်ချမ်းသာဖို့ကို အလွန်ဂရုစိုက်သင့်ပါတယ်။💞🍃

လူတိုင်းမှာ အဆင်မပြေမှုတွေ စိတ်ညစ်စရာ ပြသာနာတွေကြုံလာတိုင်း အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းကို သေချာစဉ်းစားပါ။ပြသာနာတိုင်းကိုတော့ ဖြေရှင်းဖို့မကြိုးစားပါနဲ့။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ ဘယ်လိုအခက်အခဲတွေပဲဖြစ်လာဖြစ်လာ မိမိတစ်ယာက်ထဲရင်ဆိုင်ကြုံတွေ့နေရတယ်လို့မထင်ပါနဲ့။ လူတိုင်းလူတိူင်းမှာ မတူညီတဲ့ အခက်အခဲတွေ ပြသာနာတွေ ရှိစမြဲဖြစ်ပါတယ်။💪

ဘုရားတရားလုပ်တာ ငိုချလိုက်တာတွေက ပိုပြီးစိတ်သက်သာရာရဖို့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
မိမိကိုယ်ကိုယ်ကျေးဇူးတင်တာ ကောင်းတဲ့အတွေးတွေတွေးခေါ်ခြင်းဖြင့် မိမိရဲ့ စိတ်ညစ်မှုတွေမွေးမြူခြင်းကို ရပ်တန့်လိုက်ပါ။ စိတ်ဖိစီးရတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ပါ။ စိတ်ညစ်စရာတွေများပြားလှတဲ့ခေတ်ကြီးမှာ စိတ်မထားတတ်ရင် စိတ်မဖြေတတ်ရင် စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားနိုင်ပါတယ်။ 🫶🤍💪

🦋 Contact Us 🦋
‎Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
‎Phone: 09 761 393 131
‎Email: [email protected]

‎Telegram Channel Link: https://t.me/adorementalwellbeingandcare

‎•we ADORE you unconditionally•


‎ "

ကလေးတွေရဲ့ behaviour ကို ပြောင်းလဲစေဖို့ မတိုင်ခင်…သူတို့ရဲ့ အတွင်းက စကားသံကို နားထောင်တတ်ဖို့ လိုအပ်ပါတယ်။Understanding...
08/07/2026

ကလေးတွေရဲ့ behaviour ကို ပြောင်းလဲစေဖို့ မတိုင်ခင်…
သူတို့ရဲ့ အတွင်းက စကားသံကို နားထောင်တတ်ဖို့ လိုအပ်ပါတယ်။

Understanding Children & Foundations of Child-Centered Care class ကတော့ မိဘများ၊ caregivers များ၊ ဆရာ/ဆရာမများနဲ့ ကလေးတွေနဲ့အလုပ်လုပ်နေသူ လူကြီးများအတွက် ဖွင့်လှစ်ထားတဲ့ 8-session programme ဖြစ်ပါတယ်။

ဒီ class မှာ လေ့လာနိုင်မယ့် အကြောင်းအရာတွေကတော့ -

🍃 Behaviour is communication ဆိုတဲ့ အမြင်
🍃 ကလေးရဲ့ ခံစားချက်နဲ့ emotional needs တွေကို နားလည်ခြင်း
🍃 Trauma-informed and child-centered care approach
🍃 Connection before correction
🍃 Co-regulation နဲ့ emotional safety
🍃 Healing through play နဲ့ practical tools
🍃 လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ response pattern ကို ပြန်လည်သိမြင်ခြင်း

📅 စတင်မည့်နေ့: July 11, 2026 (Saturday)
⏰ အချိန်: 3:30 PM – 5:00 PM
📌 Duration: 8 Days
📍 Weekend Class
Fees : 460,000 MMK

လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းရန် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ။

ဆက်သွယ်ရန် Art Generations :
Center 1 (Art School)
၁၀၈ လမ်း၊ ၆၃(A) လမ်းထောင့်၊ မနော်ကျောင်း၊ မန္တလေးမြို့။
Center 3 (Art & Dance Studio)
၇၆ လမ်း၊ ၂၇ လမ်းထောင့်၊ ကျုံးတောင်ဘက်အနီး၊ မန္တလေးမြို့။
09 9776 15533, 09 9644 24468





❛ ADORE x Art Generations Weekend Classes ဖွင့်လှစ်ပါပြီ 🌿 ❜📎ကလေးတွေကို ပိုနားလည်ချင်တဲ့ မိဘများအတွက်…ကလေးတွေက ကိုယ့်ခံစ...
05/07/2026

❛ ADORE x Art Generations Weekend Classes ဖွင့်လှစ်ပါပြီ 🌿 ❜

📎ကလေးတွေကို ပိုနားလည်ချင်တဲ့ မိဘများအတွက်…
ကလေးတွေက ကိုယ့်ခံစားချက်ကို ဘယ်လိုဖော်ပြနေကြလဲဆိုတာ ပိုမြင်နိုင်ချင်သူများအတွက်…
📎ကစားခြင်းကနေတစ်ဆင့် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးချင်သူများအတွက်…
ADORE မှ Art Generations နှင့်အတူ Weekend Classes လေးတွေကို July 11, 2026 မှ စတင်ပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် 🤍

ဒီတစ်ကြိမ်မှာတော့ ကလေးများအတွက် class တစ်ခုနှင့် မိဘများ၊ caregivers များ၊ ဆရာ/ဆရာမများအတွက် class တစ်ခု ဆိုပြီး program ၂ ခုကို တစ်ပြိုင်နက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

🌈 1. 𝗖𝗵𝗶𝗹𝗱 𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗣𝗹𝗮𝘆 𝗖𝗹𝘂𝗯
For Children (ကလေးများအတွက်)

𝗖𝗵𝗶𝗹𝗱 𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗣𝗹𝗮𝘆 𝗖𝗹𝘂𝗯 ကတော့ ကလေးတွေကို ကစားခြင်းမှတစ်ဆင့် မိမိခံစားချက်တွေကို ဖော်ပြနိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာဖို့၊ social interaction နဲ့ emotional expression တွေကို သဘာဝကျကျ လေ့လာနိုင်ဖို့ ရည်ရွယ်ထားတဲ့ safe and supportive play space လေးတစ်ခု ဖြစ်ပါတယ်။

ဒီ class မှာ ကလေးတွေဟာ “သင်ကြားခံရသူ” အဖြစ်မဟုတ်ဘဲ မိမိရဲ့စိတ်ဝင်စားမှု၊ စိတ်ကူးစိတ်သန်း၊ ခံစားချက်နဲ့ pace ကို လေးစားခံရတဲ့ child-centered environment ထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ကစားခြင်းက ကလေးတွေအတွက် language တစ်ခုပါ။
သူတို့မပြောနိုင်သေးတဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ အတွင်းစိတ်အတွေ့အကြုံတွေကို play ကနေတစ်ဆင့် ဖော်ပြတတ်ကြပါတယ်။

🎓 ကျွန်ုပ်တို့၏ 𝗖𝗵𝗶𝗹𝗱 𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗣𝗹𝗮𝘆 𝗖𝗹𝘂𝗯 သင်တန်းတွေမှာ ဘာတွေသင်ကြားပေးမှာလဲ?
✅ Self-Awareness: မိမိရဲ့ စိတ်ခံစားချက်ကို မှန်မှန်ကန်ကန် သိရှိနားလည်စေခြင်း။
✅ Self-Regulation: ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ်တတ်စေခြင်း။
✅ Empathy: အခြားသူတွေအပေါ် ကိုယ်ချင်းစာစိတ်ရှိပြီး ပေါင်းသန်းဆက်ဆံရေး ကောင်းမွန်လာစေခြင်း။
✅Resilience: အခက်အခဲတွေကို မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ခွန်အား တည်ဆောက်ခြင်း။

📈 EQ မြင့်မားခြင်းက ရရှိမယ့် အကျိုးကျေးဇူးများ

🧷အလုပ်ခွင်စွမ်းဆောင်ရည် ၅၈% ထိ ပိုမိုကောင်းမွန်လာခြင်း။
🧷 ပညာရေးမှာ အာရုံစူးစိုက်မှုအားကောင်းပြီး အမှတ်ကောင်းများ ရရှိခြင်း။
🧷မိမိ စိတ်ခံစားချက်ကို ပိုမို နားလည်နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကဖြစ်ခြင်းတို့ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်လာခြင်း။

📅 စတင်မည့်နေ့: July 11, 2026 (Saturday)
⏰ အချိန်: 1:00 PM – 2:30 PM
📌 Duration: 8 Days
📍 Weekend Class
💵 သင်တန်းကြေး - 460,000 MMK
======================

🌿 𝟮. 𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻 & 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗳 𝗖𝗵𝗶𝗹𝗱-𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗖𝗮𝗿𝗲
For Parents, Caregivers & Adults Working with Children

ဒီ class ကတော့ မိဘများ၊ caregivers များ၊ ဆရာ/ဆရာမများ၊ ကလေးတွေနဲ့အလုပ်လုပ်နေသူ လူကြီးများအတွက် ဖွင့်လှစ်ထားတဲ့ class ဖြစ်ပါတယ်။

ကလေးတွေရဲ့ behaviour ကို “ဆိုးတယ်” “မနာခံဘူး” “ခက်ခဲတယ်” လို့သာ မြင်မိတဲ့အခါ ကလေးရဲ့ အတွင်းမှာရှိနေတဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကို မမြင်မိဘဲ ဖြစ်တတ်ပါတယ်။

𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻 & 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗳 𝗖𝗵𝗶𝗹𝗱-𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗖𝗮𝗿𝗲 class မှာတော့ ကလေးတွေရဲ့ behaviour နောက်ကွယ်က communication ကို နားလည်ဖို့၊ ကလေးရဲ့ emotional needs တွေကို သတိပြုနိုင်ဖို့၊ connection-based response နဲ့ child-centered mindset ကို လေ့လာသွားမှာ ဖြစ်ပါတယ်။

ဒီ class မှာ လေ့လာနိုင်မယ့် အဓိကအကြောင်းအရာတွေကတော့ -
🍃 Behaviour is communication ဆိုတဲ့ အမြင်
🍃 ကလေးရဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကို နားလည်ခြင်း
🍃 ကလေးနဲ့ emotional connection တည်ဆောက်ခြင်း
🍃 ဆူပူအပြစ်ပေးခြင်းထက် နားလည်ပြီး တုံ့ပြန်နိုင်ခြင်း
🍃 Safe, respectful, child-centered care approach
🍃 မိဘ/စောင့်ရှောက်သူအဖြစ် ကိုယ့်ရဲ့ response pattern ကို ပြန်လည်သိမြင်ခြင်း

📅 စတင်မည့်နေ့: July 11, 2026 (Saturday)
⏰ အချိန်: 3:30 PM – 5:00 PM
📌 Duration: 8 Days
📍 Weekend Class
💵 Fees : 460,000 MMK

👥 For parents, family members, teachers, caregivers, volunteers, and adults working with children

ကလေးတွေရဲ့ behaviour ကို ပြောင်းလဲစေဖို့ မတိုင်ခင်…
သူတို့ရဲ့ အတွင်းက စကားသံကို နားထောင်တတ်ဖို့ လိုအပ်ပါတယ်။
ကလေးတွေကို ပိုနားလည်ချင်တယ်ဆိုရင်၊
ကလေးနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုရင်၊
ဒီ Weekend Classes လေးတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ✨

⏰ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းရန် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ။

ဆက်သွယ်ရန် Art Generations :
Center 1 (Art School)
၁၀၈ လမ်း၊ ၆၃(A) လမ်းထောင့်၊ မနော်ကျောင်း၊ မန္တလေးမြို့။
Center 3 (Art & Dance Studio)
၇၆ လမ်း၊ ၂၇ လမ်းထောင့်၊ ကျုံးတောင်ဘက်အနီး၊ မန္တလေးမြို့။
09 9776 15533, 09 9644 24468

•we ADORE you unconditionally•





❛ Free Consultation Session | July 11, 2026 🌿 ❜စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ “ငါ အဆင်ပြေပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြော...
05/07/2026

❛ Free Consultation Session | July 11, 2026 🌿 ❜
စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ “ငါ အဆင်ပြေပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိပေမဲ့ တကယ်တမ်းမှာတော့ နားထောင်ပေးမယ့် safe space တစ်ခု လိုအပ်နေတတ်ပါတယ်။
နေ့စဉ်ဘဝထဲက stress တွေ၊ မပြောဖြစ်တဲ့ခံစားချက်တွေ၊ တစ်ယောက်တည်း သယ်ထားရတဲ့အရာတွေကို ခဏရပ်ပြီး ကိုယ့်စိတ်ကို ပြန်နားထောင်ပေးတာကလည်း self-care တစ်မျိုးပါပဲ 🤍
ADORE ရဲ့ Free Consultation Session လေးက သင့်ခံစားချက်တွေကို နားလည်ဖို့၊ စိတ်အခြေအနေကို ပြန်သုံးသပ်ဖို့၊ လိုအပ်တဲ့ support ကို ရှာဖွေဖို့ အကူအညီဖြစ်စေချင်တဲ့ safe space လေးတစ်ခု ဖြစ်ပါတယ်။
သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
လိုအပ်တဲ့အချိန်မှာ ADORE က နားထောင်ပေးဖို့ အဆင်သင့်ရှိနေပါတယ် 🪷
🪷 Free Consultation Session
▪️ July 11, 2026 (Saturday)
▪️ Online / In-person
💰 Free of Charge
📌 Registration Link: https://forms.gle/3cpESw2XCkAdjbGF9
နေရာအကန့်အသတ်ရှိနိုင်တာကြောင့် စိတ်ဝင်စားသူများအနေနဲ့ Registration Link မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street, 69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: [email protected]
Telegram Channel Link: https://t.me/adorementalwellbeingandcare
•we ADORE you unconditionally•

ကလေးတစ်ယောက်ရဲ့ အပြုအမူကို မြင်တဲ့အခါ “ဘာကြောင့် ဒီလိုလုပ်တာလဲ?” လို့ မေးမိတတ်ပါတယ်။ 🤔ဒါပေမဲ့ child-centered care ရဲ့ အမ...
04/07/2026

ကလေးတစ်ယောက်ရဲ့ အပြုအမူကို မြင်တဲ့အခါ “ဘာကြောင့် ဒီလိုလုပ်တာလဲ?” လို့ မေးမိတတ်ပါတယ်။ 🤔

ဒါပေမဲ့ child-centered care ရဲ့ အမြင်မှာတော့ မေးခွန်းက နည်းနည်းပြောင်းသွားပါတယ်။
“ဒီအပြုအမူနောက်ကွယ်မှာ ဘာခံစားချက်ရှိနေလဲ?”
“ဒီကလေး ဘာလိုအပ်နေလဲ?”
“လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့ လုံခြုံမှု ပေးနိုင်မလဲ?”

𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻 & 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗳 𝗖𝗵𝗶𝗹𝗱-𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗖𝗮𝗿𝗲 သင်တန်းဟာ ကလေးတွေနဲ့ နေ့စဉ်ထိတွေ့နေတဲ့ လူကြီးများအတွက် ရည်ရွယ်ထားတဲ့ reflective and practical class ဖြစ်ပါတယ်။ 📈

ဒီသင်တန်းမှာ လေ့လာမယ့်အရာတွေကတော့:
✅ကလေးအပြုအမူကို နားလည်ခြင်း
✅Trauma-informed care အခြေခံများ
✅Emotional safety တည်ဆောက်ခြင်း
✅Connection before correction
✅Child-centered communication
✅Healing through play
✅Co-regulation နဲ့ safe relationship

👉မိဘများ၊ ဆရာ/ဆရာမများ၊ caregiver များ၊ မိသားစုဝင်များနဲ့ ကလေးတွေနဲ့ အလုပ်လုပ်နေသူများ တက်ရောက်နိုင်ပါတယ်။

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အခက်လေးတွေ သိချင်ရင်တော့ အောက်ပါ ဖုန်းနံပတ်များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

ဆက်သွယ်ရန် Art Generations :
Center 1 (Art School)
၁၀၈ လမ်း၊ ၆၃(A) လမ်းထောင့်၊ မနော်ကျောင်း၊ မန္တလေးမြို့။
Center 3 (Art & Dance Studio)
၇၆ လမ်း၊ ၂၇ လမ်းထောင့်၊ ကျုံးတောင်ဘက်အနီး၊ မန္တလေးမြို့။
09 9776 15533, 09 9644 24468

ငယ်ငယ်တုန်းက ကိုယ့်ဘေးမှာ ဘယ်လိုလူကြီးမျိုး ရှိစေချင်ခဲ့ပါသလဲ ❓👂စိတ်ရှည်စွာ နားထောင်ပေးတဲ့သူလား။👉အမှားလုပ်တဲ့အခါ အပြစ်တင...
01/07/2026

ငယ်ငယ်တုန်းက ကိုယ့်ဘေးမှာ ဘယ်လိုလူကြီးမျိုး ရှိစေချင်ခဲ့ပါသလဲ ❓

👂စိတ်ရှည်စွာ နားထောင်ပေးတဲ့သူလား။
👉အမှားလုပ်တဲ့အခါ အပြစ်တင်တာထက် နားလည်ပေးတဲ့သူလား။
🤗ကြောက်တဲ့အခါ အနားမှာ ရှိပေးတဲ့သူလား။
👍ကိုယ့်ခံစားချက်ကို သေးသေးမွှားမွှား မသတ်မှတ်ဘဲ လက်ခံပေးတဲ့သူလား။

ကလေးတွေကို နားလည်ဖို့ ကြိုးစားတဲ့အခါ တစ်ခါတစ်ရံမှာ ကိုယ်တိုင်ကလေးဖြစ်ခဲ့တဲ့အချိန်ကို ပြန်မြင်နိုင်ခြင်းက အရေးကြီးပါတယ်။ 🪞

𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻 & 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗳 𝗖𝗵𝗶𝗹𝗱-𝗖𝗲𝗻𝘁𝗲𝗿𝗲𝗱 𝗖𝗮𝗿𝗲 သင်တန်းမှာ ကလေးတွေရဲ့ အပြုအမူနောက်ကွယ်က ခံစားချက်၊ လိုအပ်ချက်နဲ့ connection ကို နားလည်ဖို့အပြင် လူကြီးတစ်ယောက်အနေနဲ့ မိမိရဲ့ တုံ့ပြန်ပုံတွေကိုလည်း နူးညံ့စွာ ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။

Comment မှာ စကားလုံးတစ်လုံးနဲ့ ဖြေကြည့်ပါ။
ငယ်ငယ်တုန်းက သင်လိုအပ်ခဲ့တဲ့ လူကြီးက ဘယ်လိုလူမျိုးလဲ❓

❛ July with ADORE 🌿 ❜July လအသစ်လေးမှာလည်း ကိုယ့်ရဲ့ mental wellbeing ကို ဂရုစိုက်ဖို့ အချိန်လေးတစ်ခုပေးလိုက်ရအောင်နော် 🤍...
30/06/2026

❛ July with ADORE 🌿 ❜

July လအသစ်လေးမှာလည်း ကိုယ့်ရဲ့ mental wellbeing ကို ဂရုစိုက်ဖို့ အချိန်လေးတစ်ခုပေးလိုက်ရအောင်နော် 🤍

နေ့စဉ်ဘဝထဲမှာ စိတ်ပင်ပန်းမှုတွေ၊ မပြောဖြစ်တဲ့ခံစားချက်တွေ၊ တစ်ယောက်တည်း သယ်ထားရတဲ့အရာတွေ ရှိနေတတ်ပါတယ်။
ဒါပေမဲ့ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။

စကားပြောချင်တဲ့အချိန်၊ နားထောင်ပေးမယ့် safe space တစ်ခုလိုအပ်တဲ့အချိန်၊ ကိုယ့်စိတ်အခြေအနေကို ပိုနားလည်ချင်တဲ့အချိန်တွေမှာ ADORE က သင့်အနားမှာ ရှိနေဖို့ ကြိုးစားနေပါတယ် 🪷

July လအတွက် ADORE မှ ပြုလုပ်ပေးမယ့် free support services လေးတွေကတော့ -

🪷 𝗙𝗿𝗲𝗲 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 𝗦𝗲𝘀𝘀𝗶𝗼𝗻𝘀
Online / In-person
▪️ July 4, 2026
▪️ July 11, 2026
▪️ July 18, 2026
▪️ July 25, 2026
💰 Free of Charge
📌 Registration Link: https://forms.gle/3cpESw2XCkAdjbGF9

💬 ASFU — 𝗔 𝗦𝗽𝗮𝗰𝗲 𝗙𝗼𝗿 𝗬𝗼𝘂
Open Conversation
▪️ July 14, 2026 (Tuesday)
⏰ 6:30 PM – 8:30 PM
💰 Free of Charge

📚 Knowledge Sharing Workshop
▪️ July 28, 2026 (Tuesday)
⏰ 6:30 PM – 8:30 PM
💰 Free of Charge
📌 Registration Link: https://forms.gle/B5kfsDJM59p6J6C37

ကိုယ့်ခံစားချက်တွေကို နားထောင်ပေးဖို့၊ စိတ်ပင်ပန်းနေတဲ့အချိန်မှာ ခဏရပ်နားဖို့၊ support လိုအပ်တဲ့အချိန်မှာ တစ်ယောက်ယောက်ဆီ လှမ်းဆက်သွယ်ဖို့ကလည်း self-care တစ်မျိုးပါပဲ။

ဒီ July လမှာလည်း သင့်ရဲ့ mental wellbeing ကို နူးနူးညံ့ညံ့ ဂရုစိုက်ပေးနိုင်ပါစေ။
လိုအပ်တဲ့အချိန်မှာ ADORE က သင့်ကို နားထောင်ပေးဖို့၊ အတူရှိပေးဖို့ အဆင်သင့်ရှိနေပါတယ် 🍃

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street, 69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: [email protected]

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


Address

31st Street; Between 69thx70th Streets
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959761393131

Website

Alerts

Be the first to know and let us send you an email when ADORE Mental Wellbeing & Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ADORE Mental Wellbeing & Care:

Shortcuts

Share