Kosmetic Pulse Life

Kosmetic Pulse Life Plastic surgeon with MBBS, MMedSc, Fellowship (Korea) and Learnskin Certificates.
(1)

21/05/2026

In this video, which foods are good or bad for your skin?

21/05/2026

ဒီVideoထဲမှာပါတဲ့ ဘယ်အစားအသောက်တွေက အရေပြားကိုထိခိုက်လဲ?
ဘယ်အစားအသောက်တွေက အရေပြားကျန်းမာရေးအတွက်ကောင်းလဲ?

Sunlight and Skin CancersSunlight is essential for life and plays an important role in vitamin D production, mood regula...
19/05/2026

Sunlight and Skin Cancers

Sunlight is essential for life and plays an important role in vitamin D production, mood regulation, and overall health. However, excessive exposure to ultraviolet (UV) radiation from the sun is one of the leading causes of skin cancer worldwide. Understanding the relationship between sunlight and skin cancer is important for protecting long-term skin health.

There are two main types of ultraviolet radiation that damage the skin: UVA and UVB rays. UVA rays pe*****te deeply into the skin and contribute to premature aging, wrinkles, and pigmentation. UVB rays primarily affect the outer layers of the skin and are responsible for sunburns. Both types can damage the DNA inside skin cells. Over time, repeated DNA damage may lead to abnormal cell growth and eventually skin cancer.

The most common forms of skin cancer include basal cell carcinoma, squamous cell carcinoma, and melanoma. Basal cell carcinoma is the most frequent and usually develops on sun-exposed areas such as the face and neck. Squamous cell carcinoma is also linked to chronic sun exposure and may spread if left untreated. Melanoma is less common but far more dangerous because it can spread rapidly to other parts of the body.

People with fair skin, a history of severe sunburns, outdoor occupations, or excessive tanning are at higher risk. Long-term sunlight exposure without protection accelerates skin aging and increases cancer risk significantly.
Preventive measures are essential.

Plastic surgeons recommend using broad-spectrum sunscreen, wearing protective clothing, seeking shade during peak sunlight hours, and avoiding tanning beds. Early detection is also critical. Changes in moles, non-healing sores, or unusual skin growths should be evaluated by a medical professional promptly.

19/05/2026

Sunlight and Skin Cancers

Glowing skin ရရှိရန်အတွက်......Stress လျော့နည်းအောင်နေပါ"စိတ်" နေကောင်းအောင်နေပါMental health နဲ့ Skin health က များစွာ ...
17/05/2026

Glowing skin ရရှိရန်အတွက်......
Stress လျော့နည်းအောင်နေပါ
"စိတ်" နေကောင်းအောင်နေပါ

Mental health နဲ့ Skin health က များစွာ ဆက်နွယ်ပါတယ်
စိတ်ဖိစီးခြင်း၊ အတွေးလွန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း စတဲ့ ခံစားမှုတွေဖြစ်လာရင် အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်
လူတွေထင်ထားတာထက် ပိုထိခိုက်စေပါတယ်

စိတ်ဖိစီးမှုဖြစ်တဲ့အခါ Cortisol ဆိုတဲ့ Stress hormones ထွက်လာပါတယ်
Cortisol က အရေပြားမှ အဆီထွက်ခြင်းကို အားပေးပါတယ်
ဝက်ခြံ breakouts ဖြစ်ပါတယ်
အရေပြားခြောက်သွေ့ခြင်း၊ အရေပြား Sensitive ဖြစ်ခြင်း၊ အရေးအကြောင်းထခြင်းများဖြစ်လာနိုင်ပါတယ်

Stress က Skin barrier ကို ထိခိုက်စေတာကြောင့် လေထုညစ်ညမ်းမှုတွေ၊ Chemicals တွေ ရဲ့သက်ရောက်မှုကိုပိုခံရလာပါတယ်

အတွေးလွန်ခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်းတွေဟာလည်း အရေပြားကျန်းမာရေးကိုထိခိုက်စေပါတယ်

ကိစ္စရပ်တစ်ခုကို ထပ်ခါထပ်ခါတွေးနေတာကြောင့် စိတ်အေးချမ်းမှုမရပဲ အိပ်ရေးပျက်ခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတွေဖြစ်လာပါတယ်

ခန္ဓာကိုယ်ကျန်းမာရေးရော၊ အရေပြားကျန်းမာရေးပါ ထိခိုက်လာပါတယ်

Healthy Mind, Healthy Skin

゚viralシ

Glowing skin ရရှိစေရန် နောက်တစ်ချက်က......အိပ်ရေးဝအောင်အိပ်ဖို့ပါအိပ်စက်ခြင်းက အရေပြားကျန်းမာရေးကို သဘာဝအတိုင်း အထောက်အက...
15/05/2026

Glowing skin ရရှိစေရန် နောက်တစ်ချက်က......

အိပ်ရေးဝအောင်အိပ်ဖို့ပါ

အိပ်စက်ခြင်းက အရေပြားကျန်းမာရေးကို သဘာဝအတိုင်း အထောက်အကူပေးပါတယ်

အိပ်စက်နေစဥ် အရေပြား၌ Cells အသစ်များပွားခြင်း၊ Cells များကို ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ပါတယ်

တစ်နေ့တာအတွင်း နေရောင်ခြည်၊ လေထုညစ်ညမ်းမှု အစရှိသည်တို့ကြောင့် အရေပြားပျက်စီးမှုများကို အိပ်စက်ချိန်၌ ပြန်လည်ပြုပြင်ရပါတယ်

အိပ်စက်ခြင်းကို Natural beauty therapy လို့ပြောလို့ရပါတယ်

အိပ်နေစဥ်၌......
အရေပြားသို့သွေးစီးဆင်းမှု ပိုများလာပါတယ်
ပျက်စီးနေသော Cells များကို ပြန်လည်ပြုပြင်ပါတယ်
Collagen ထုတ်လုပ်မှုလည်း ကောင်းမွန်ပါတယ်
အိပ်ရေးပျက်တာများလာရင် Collagen ထုတ်လုပ်မှု နည်းလာပါလိမ့်မယ်

အိပ်ရေးပျက်ရင် Cortisol ဟော်မုန်းထွက်ပါတယ်
Cortisol က အရေပြားမှ အဆီထွက်ခြင်းကိုအားပေးတာကြောင့် ဝက်ခြံလည်းဖြစ်လာပါတယ်

ပုံမှန် Skincare လုပ်ပေးနေသော်လည်း အိပ်ရေးဝအောင်မအိပ်ဘူးဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးရော၊ အရေပြားကျန်းမာရေးပါ ထိခိုက်လာပါလိမ့်မယ်

ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန် ၇နာရီမှ ၉နာရီ လိုအပ်ပါတယ်

ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက်......

ညဘက် ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ
အိပ်ခါနီး phone သုံးတာလျှော့ပါ
Stress လျော့နည်းအောင်နေပါ
Overthinking မဖြစ်အောင်ဂရုပြုပါ

Natural beauty therapy နဲ့ Glowing skin ရအောင် ဆောင်ရွက်ပါ။

14/05/2026

Glowing skin ရရှိအောင်ဘယ်လိုနေထိုင်ရမလဲ? ゚viralシ

Glowing skin ရရှိအောင်ဘယ်လိုနေထိုင်ရမလဲတတိယအချက်အနေနဲ့ Skincare ပုံမှန်လုပ်​ပေးရပါမယ်။ Gentle Cleanser တွေနဲ့ပဲမျက်နှာသစ...
14/05/2026

Glowing skin ရရှိအောင်ဘယ်လိုနေထိုင်ရမလဲ

တတိယအချက်အနေနဲ့ Skincare ပုံမှန်လုပ်​ပေးရပါမယ်။

Gentle Cleanser တွေနဲ့ပဲမျက်နှာသစ်ပါ
Chemicals အပြင်းစား​ပါတဲ့ Cleanser ​တွေ ​ရှောင်ရပါမယ်

အသား​ရေနဲ့​သင့်တော်တဲ့ Serum တစ်မျိုးမျိုးကို အသုံးပြုပေးရပါမယ်

Vit C serum......
အသားရေကို Brighten ဖြစ်စေပါတယ်
အမဲစက်တွေ သက်သာစေပါတယ်

Niacinamide serum......
အရေပြားမှအဆီထွက်ခြင်းကိုလျော့နည်းစေပါတယ်
မွေးညင်းပေါက်ကျယ်ခြင်းကို
သက်သာစေပါတယ်
(မွေးညင်းပေါက်ပါ ချွေးပေါက်လို့ပြောတာမှားပါတယ်)

Moisturizer နဲ့ အ​ရေပြားကို ​ရေဓာတ်ဖြည့်ပေးရပါမယ်
မျက်နှာစိုစွတ်နေတဲ့အချိန် Moisturiser လိမ်းပေးပါ

Hyaluronic acid, Glycerin စတဲ့ Active ingredients တွေက မျက်နှာပေါ်မှ Water molecules တွေကို Bind လုပ်ပြီး ရေဓါတ်ကိုထိန်းသိမ်းပေးပါလိမ့်မယ်

နေ​ရောင်ခြည်ဒဏ်မှကာကွယ်ရန် SPF အနည်းဆုံး 30 ပါဝင်တဲ့ Sunscreen တစ်ခုခုသုံးပေးရပါမယ်။
အရေပြားကိုပျက်စီးစေတဲ့အကြောင်း အရာတွေထဲမှာ နေရောင်က အဓိကဖြစ်ပါတယ်
ခရမ်းလွန်ရောင်ခြည်ဟာ မျက်နှာအရေးအကြောင်း၊ Collagen ပျက်စီးမှု၊ နေလောင်ခြင်းတွေကနေ အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ် သို့ နှစ်ကြိမ်
Exfoliate ပြုလုပ်​ပေးပါ
AHA or BHA ပါတဲ့ Productတွေသုံးလို့ရပါတယ်
အရေပြားအပေါ်ယံအလွှာမှ Dead Cells တွေကို ဖယ်ရှားပေးပါလိမ့်မယ်......

ဆက်ရန်......

Glowing skin လို့​ခေါ်တဲ့ တောက်ပကြည်လင်တဲ့အသား​ရေရရှိ​အောင် ဘယ်လို​နေထိုင်ရမလဲ ?(၁) ​ရေလုံ​လောက်စွာ​သောက်ပါ။(၂) အာဟာရပြည...
13/05/2026

Glowing skin လို့​ခေါ်တဲ့ တောက်ပကြည်လင်တဲ့အသား​ရေရရှိ​အောင် ဘယ်လို​နေထိုင်ရမလဲ ?

(၁) ​ရေလုံ​လောက်စွာ​သောက်ပါ။
(၂) အာဟာရပြည့်ဝအောင်စား​ပါ။
(၃) Skincare ပုံမှန်လုပ်​ပေးပါ။
(၄) ​အိပ်ရေးဝအောင်အိပ်ပါ။
(၅) စိတ်ဖိစီးမှု​လျော့နည်း​အောင်​နေပါ။
(၆) အရက်၊ဆေးလိပ်ရှောင်ပါ။
(၇) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

(၁) ​ရေလုံ​လောက်စွာ​သောက်ရပါမယ်။

အသား​ရေရဲ့အစိုဓာတ် (moisture balance)ကို ထိန်းသိမ်း​ပေးဖို့ ခန္ဓာကိုယ်မှာ​ရေဓာတ်လုံ​လောက်​စွာ ရှိရပါမယ်။ ​​ရေဓာတ်ပြည့်ဝ​​နေခြင်းက အသား​ရေကိုတင်းရင်း​စေပြီး၊ အ​ရေး​အကြောင်းများကိုလည်း ​သက်သာ​စေပါတယ်။
သွေးစီးဆင်းမှုကို ​ကောင်းမွန်​စေပြီးလိုအပ်တဲ့အာဟာရဓာတ်​တွေကို အ​ရေပြားဆီသို့​ရောက်ရှိ​စေပါတယ်။

ရေဓာတ်နည်း​နေ​တဲ့ အသား​ရေဟာ ​ခြောက်​သွေ့ပြီး အဖက်များကွာကျ​နေပါလိမ့်မယ်၊ ပင်ပန်းနွမ်းနယ်တဲ့ပုံ​ပေါက်နေပြီး အ​ရေးအ​ကြောင်းများလည်း ပိုမိုထင်ရှား​နေပါလိမ့်မယ်။

​ယေဘုယျအားဖြင့် အမျိုးသားတစ်​ယောက်က တစ်​နေ့လျှင် အရည်ပမာဏ 3.7 လီတာ နှင့်အမျိုးသမီးတစ်​ယောက်က 2.7 လီတာ လိုအပ်ပါတယ်။
​သောက်​ရေ၊ အခြား​သောအရည်များနဲ့ အစားအစာတို့မှ ၄င်းပမာဏကို ရရှိနိုင်ပါတယ်။

(၂) အာဟာရပြည့်ဝအောင်စား​သောက်ရပါမယ်။

ကျန်မာ​ရေးနဲ့ညီညွတ်​တဲ့အဆီ၊ ကစီဓာတ်၊အသားဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်များ၊ အမျှင်ဓာတ်များကို လုံ​လောက်မျှတစွာ စား​ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာ​ရေး​ရော၊ အ​ရေပြားကျန်းမာ​ရေးပါ ​ကောင်းမွန်​စေပါတယ်။

ငါးက​နေရတဲ့ Omega-3 fatty acids ​တွေက အ​ရေပြားရဲ့ barrier function ကို​ကောင်းမွန်​စေပြီး moisture ဆုံးရှုံးမှုကို တားဆီး​ပေးပါတယ်၊ ​ယောင်ရမ်းခြင်း​တွေကိုလည်းသက်သာ​စေပါတယ်။

Protein ​တွေစားခြင်းအားဖြင့် skin cells များကို ပြန်လည်ပြုပြင်ရာမှာ၊ skin cells အသစ်များပွားရာမှာ လိုအပ်တဲ့ amino acids များရရှိပါတယ်။

အသီး​ရွက်​တွေမှာပါတဲ့ Antioxidants များက free radicals ​တွေကို ဖယ်ရှား​ပေးပြီး Glowing skin ရရှိစေပါတယ်။

ဆက်ရန်......

Transgender Surgery နဲ့ ဆက်စပ်ပြီး Gender တွေအကြောင်း ပြောပြပေးပါမယ်လူတစ်ယောက် မွေးလာတဲ့အချိန်မှာရှိတဲ့ genderကို assign...
11/05/2026

Transgender Surgery နဲ့ ဆက်စပ်ပြီး Gender တွေအကြောင်း ပြောပြပေးပါမယ်

လူတစ်ယောက် မွေးလာတဲ့အချိန်မှာရှိတဲ့ genderကို assigned gender at birth (AGAB) လို့ခေါ်ပါတယ်
ဒီအချိန်မှာ ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုပြီးပဲ ရှိပါသေးတယ်

တွေးတောတတ်လာတဲ့အချိန် စိတ်ထဲမှာ မိမိကိုယ်မိမိ ခံယူလိုက်တဲ့ gender ကို Gender identity လို့ခေါ်ပါတယ်

မွေးလာတုန်းကGender နဲ့ Gender identity ထပ်တူညီရင် Cisgenderလို့ခေါ်ပါတယ်။

ယောကျာ်းအနေနဲ့မွေးလာသူက မိမိကိုယ်ကိုယောကျာ်းလို့သတ်မှတ်ထားတာ

မိန်းမအနေနဲ့မွေးလာသူက မိမိကိုယ်ကိုမိန်းမလို့သတ်မှတ်ထားတာ ဖြစ်ပါတယ်

Gender identity နဲ့ AGAB ပြောင်းပြန်ဖြစ်​နေရင် Transgender လို့ခေါ်ပါတယ်။

ယောကျာ်းအနေနဲ့မွေးလာသူက မိမိကိုယ်ကို မိန်းမလို့သတ်မှတ်ထားတာ (Transgender woman)

မိန်းမအနေနဲ့မွေးလာသူက မိမိကိုယ်ကို ယောကျ်ားလို့သတ်မှတ်ထားတာ (Transgender man)
ဖြစ်ပါတယ်

မိမိဘာသာစိတ်ထဲမှာ သတ်မှတ်လိုက်တာနဲ့ Transgender ဖြစ်သွားပါပြီ

Transgender is just the internal sense of gender identity.

အဝတ်အစားတွေ၊ ပြောဆိုပုံတွေ ပြောင်းလဲမှ မဟုတ်ပါဘူး

Hormonal therapy တွေ၊ Surgery တွေလုပ်ထားမှ မဟုတ်ပါဘူး

Being transgender comes from within, not from looks or treatments

Transgender man တွေက Hormonal therapy အနေနဲ့ Testosterone hormone ကို သုံးတတ်ကြပါတယ်။

Testosterone ထိုးဆေး၊ လိမ်းဆေး၊ implant စသဖြင့် ရှိပါတယ်။

တစ်ချို့ Transgender man တွေကတော့ "မိန်းမမှယောကျ်ားသို့ ပြောင်းလဲပေးသောခွဲစိတ်မှု" အထိ လုပ်တတ်ကြပါတယ်

Female-to-Male (FTM) Surgery လို့ခေါ်ပါတယ်

ရှေ့ Blogမှာ ပြောခဲ့တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းခွဲစိတ်ခြင်း FTM Top Surgery နဲ့

ခန္ဓာကိုယ်အောက်ပိုင်းခွဲစိတ်ခြင်း FTM Bottom Surgery ဆိုပြီးရှိပါတယ်။

゚viralシ

Female to Male Top Surgery မိန်းမအဖြစ်မှ ယောကျာ်းအဖြစ်သို့ ခွဲစိတ်ခြင်း(Transgender Surgery)Plastic surgery ခွဲစိတ်မှုတွ...
10/05/2026

Female to Male Top Surgery
မိန်းမအဖြစ်မှ ယောကျာ်းအဖြစ်သို့ ခွဲစိတ်ခြင်း
(Transgender Surgery)

Plastic surgery ခွဲစိတ်မှုတွေထဲမှာ FTM Top surgery (Transgender surgery) က Popular ဖြစ်လာပါတယ်

မိန်းမခန္ဓာကိုယ်အပေါ်ပိုင်းကို ယောကျာ်းပုံစံဖြစ်အောင်ခွဲစိတ်ခြင်းဖြစ်ပါတယ်

ရင်သားခွဲစိတ်မှုပြုလုပ်ပြီး Body အပေါ်ပိုင်းကို မိန်းမဘဝမှ ယောကျာ်းဘဝသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာလည်း ခွဲစိတ်မှုခံယူသူတွေ များလာပါတယ်

မခွဲစိတ်ခင် Preoperative assessment သေချာလုပ်ရပါတယ်

လူနာရဲ့ Expectation က ဘယ်လိုလဲ?
လူနာမှာ တစ်ခြားရောဂါတွေရှိလား?
ဘာဆေးတွေသောက်နေလဲ?
တစ်ကယ်ရော ဒီခွဲစိတ်မှုကို ပြုလုပ်ချင်ရဲ့လား?

စသဖြင့် သေချာစစ်ဆေးရပါတယ်......

မေ့ဆေးနဲ့ခွဲရတဲ့ အကြီးစားခွဲစိတ်မှုဖြစ်ပါတယ်
ရင်သားနှစ်ဖက်လုံးခွဲစိတ်ရခြင်း၊ အလှပရေးရာပိုင်းကိုပါ ဂရုစိုက်ရခြင်းတို့ကြောင့် ခွဲစိတ်ချိန်ကြာမြင့်ပါတယ်

ခွဲစိတ်မဲ့ ပုံစံဒီဇိုင်းကို လူနာပေါ်မှာ ပန်းချီဆွဲသလို သေချာဆွဲပြီး၊ Plastic surgeon ရော Patient ရော လက်ခံပြီဆိုမှ မေ့ဆေးစပေးပါတယ်

ဆွဲထားတဲ့ဒီဇိုင်းအတိုင်း ခွဲစိတ်မှု စတင်ပါတယ်
ဖယ်ထုတ်ရမယ့် Tissues တွေကို ခွဲစိတ်ဖယ်ထုတ်ပြီး Bleeding control သေချာလုပ်ရပါတယ်

သွေးထွက်များတတ်တာကြောင့် Bleeding control အရေးကြီးပါတယ်

အရေပြားကို စ လှီးတဲ့ အချိန်ကနေ အရေပြားကို နောက်ဆုံးချုပ်တဲ့အချက်ထိ Plastic surgeon ရဲ့ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်

ခွဲစိတ်ပြီးနောက် Postoperative care များ ဂရုတစိုက် လုပ်ပေးရပြီး

Final result အနေနဲ့ Patient လိုချင်တဲ့ ယောကျာ်းပုံစံ ခန္ဓာကိုယ်အပေါ်ပိုင်း ရရှိလာပါတယ်

ဆက်ရန်......

゚viralシ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Kosmetic Pulse Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kosmetic Pulse Life:

Share