Dr.Lwin Moe Aung - Dr.Gu
Dr.Lwin Moe Aung - Dr.Gu အ​ရေပြားအလှအပအတွက်သာမက အိမ်​ထောင်​ရေးသုခပြည့်စုံဖို့ အမျိုးသား၊ အမျိုးသမီးကျန်းမာ​ရေးများကို Privacy အပြည့်ဖြင့် တိုင်ပင်​ဆွေး​​နွေးကုသနိုင်သည်
အမျိုးသားများတွင် မိမိအဂ်ါ၏ကျန်းမာ​ရေးပြသနာနှင့်ကြုံ​တွေ့လာပါက ဘယ်​ဆေးခန်းတွင်ဘယ်သူနဲ့ပြရမှန်းမသိကြ​ပေ။ အမျိုးသမီးများအတ...
12/06/2024
အမျိုးသားများတွင် မိမိအဂ်ါ၏ကျန်းမာ​ရေးပြသနာနှင့်ကြုံ​တွေ့လာပါက ဘယ်​ဆေးခန်းတွင်ဘယ်သူနဲ့ပြရမှန်းမသိကြ​ပေ။ အမျိုးသမီးများအတွက်တွင်မူ OG ​(ခေါ် )သားဖွားမီးယပ်ဆရာဝန်များနှင့် တိုင်ပင်​​ဆွေး​နွေးကုသနိုင်ပါ​သော်လည်း အမျိုးသားများအတွက် တိကျ​သောပြသရန်​ဆေးခန်း၊ ဆရာဝန်မရှိကြ​ပေ။ ပိုဆိုးသည်မှာ ဘယ်ဟာကို​ရောဂါ၊ ဘယ်ဟာက ကုသရန်လိုအပ်သည်ကိုပင် များ​​သောအားဖြင့်မသိကြ​ပေ။
အမျိုးသားကျန်းမာ​ရေး ဆိုတာဘာလဲ?
အမျိုးသားများမိမိအဂ်ါနှင့်ပတ်သတ်၍ဖြစ်တတ်​သော ပုံမှန်အ​နေအထားနှင့်မတူ​သောအ​ခြေအ​နေများကို ဆရာဝန်များနှင့်တိုင်ပင်​ဆွေး​နွေးခြင်းကို​ခေါ်ပါတယ်။ ဘယ်လို​​ရောဂါ​တွေအဖြစ်များကြသလဲဆိုရင်
၁/ အမျိုးသားအများစု လူပျို​ဖော်ကတည်းက​နေ အိမ်​ထောင်ကျတဲ့အချိန်အထိစိတ်​သောက​ပေး​သော သုတ်လွှတ်မြန်ခြင်း (​ခေါက်ဆွဲပြုတ်ထပ်မြန်ခြင်း)၊
၂/ အရွယ်​ကြောင့်ဖြစ်​စေ၊ စိတ်ဖိစီးမှု​ကြောင့်ဖြစ်​စေ သုတ်မလွှတ်မှီ ​ပျော့သွားပြီး အလုပ်မဖြစ်​တော့ခြင်း၊
၃/ အရွယ်​ကြောင့်ဖြစ်​စေ၊ စိတ်ဖိစီးမှု​ကြောင့်ဖြစ်​စေ ​ပုံမှန်အတိုင်းထောင်မတ်မှုအား​ပျော့လာခြင်း၊ ​ထောင်မတ်မှုမရှိ​တော့ခြင်း၊
၄/ အိမ်​ထောင်ရှင်များ အတူ​နေရန်စိတ်​လျော့လာခြင်း၊ စိတ်မပါ​တော့ခြင်း၊
၅/ အ​ရေပြားရှည်ပြီး ​နောက်ဆွဲမရခြင်း (​မွေးရာပါ)၊
၆/ ယခင်က ​အ​ရေပြားကို နောက်သို့ဆွဲလို့ရ​သော်လည်း မကြာခဏအနာဖြစ်ခြင်း၊ ပွန်းခြင်းများ​ကြောင့် သား​ရေကွင်းကဲ့သို့မာလာပြီး ​နောက်ဆွဲလို့မရ​တော့ခြင်း၊
၇/ အ​ရေပြား သို့မဟုတ် ​ခေါင်းတစ်ခုလုံးယားပြီး ရဲ​နေ​ယောင်​နေခြင်း၊
၈/ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး​နောက် ရက်ပိုင်းအတွင်း လိင်​အပေါက်ဝမှ အ​ရေထွက်ခြင်း၊ ပြည်ထွက်ခြင်း၊ အ​ရေပြားနှင့်​ခေါင်းတို့တွင်အနာဖြစ်ခြင်း
၉/ ကြွက်နို့သို့မဟုတ် အဖုများ​ပေါက်ခြင်း
၁၀/ ဆီးသွားလျှင် ပူခြင်း၊ ကျင်ခြင်း၊ ​အောင့်ခြင်း၊ ဆီးထဲ​သွေးပါခြင်း၊ ဆီအ​ရောင် အဝါ၊ အဖြူမှ အညို​ရောင်၊ အမဲ​ရောင်​ပြောင်းခြင်း
စသည်ဖြင့် ခံစားရပါက နီးစပ်ရာ​ အမျိုးသားကျန်းမာ​ရေးဆေးခန်းများတွင် ပြသနိုင်ပါသည်။
သို့​သော် နံပါတ် ၁ မှ ၄ အထိ ​ရောဂါများကိုမူ Sexologist ​(ခေါ်) အမျိုးသားကျန်းမာ​ရေးဆရာဝန်များဖြင့်ပြသသင့်ပြီး
နံပါတ် ၅ မှ ၁၀ အထိကိုမူ အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း သို့မဟုတ် ဆီးလမ်း​​ကြောင်းအထူးကုဆရာဝန်များဖြင့်လည်း ပြသနိုင်ပါသည်။
Sexology ဆိုတာ မြန်မာနိုင်ငံနဲ့ အနည်းငယ်စိမ်း​နေနိုင်​​သော်လည်း အိမ်​ထောင်​ရေးနှင့်သတ်ဆိုင်​သော လူသားတို့လိုအပ်​သောဝန်​ဆောင်မှု​များပေး​နိုင်သော အထူးပြုပညာရပ်တစ်ခုအဖြစ်ကမ္ဘာမှာတည်ရှိ​နေပါတယ်။
Sexologist စီက ဘာဝန်​ဆောင်မှု​တွေရနိုင်သလဲဆိုရင်?
၁/ အိမ်​ထောင်ဖက်များ ဆရာဝန်ဖြင့် မိမိတို့၏အိမ်​ထောင်​ရေးအခက်အခဲများကို ပွင့်လင်းစွာ​ဆွေး​နွေးတိုင်ပင်နိုင်ခြင်း၊
၂/ အမျိုးသားစွမ်း​ဆောင်ရည်ကျဆင်းမှုများ၊ အရွယ်အစားနှင့်ပတ်သတ်၍စိတ်တိုင်းမကျမှုများကို လိုအပ်​သောကုထုံးများဖြင့် အန္တရာယ်ကင်းစွာ မြှင့်တင်နိုင်ခြင်း၊
၃/ တချို့​ရောဂါမဟုတ်​သော်လည်း မိမိတို့စိတ်အထင်ဖြင့် ​ရောဂါမှတ်ထင်ပြီး စိတ်ဆင်းရဲ​နေရခြင်းများ စသည်တို့ကို​ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။
အိမ်​ထောင်ရှင်​တွေအ​နေနဲ့တိုင်ပင်​ဆွေး​နွေးပြီး အိမ်​ထောင်​ရေးသုခပြန်ရနိုင်ကြပြီး ကွာရှင်းခြင်း၊ လမ်းခွဲခြင်း၊ စိတ်တိုင်းမကျခြင်း၊ အထီးကျန်ဆန်ခြင်း စသဖြင့် ခံစားရတာ​တွေကို တားဆီးကုသ​ပေးနိုင်ပါတယ်။
တချို့တွေဆို ဘယ်​ဆေးခန်းပြရမှန်းမသိလို့၊ မိဘ​တွေကိုမ​ပြောရဲလို့၊ ရှက်လို့၊ မလိုလားအပ်ပဲ ​ရောဂါအ​နေအထားပိုဆိုးသွားတတ်ကြသလို online က​နေ ဘာမှန်းမသိ​သော၊ ​ဘေးထွက်ဆိုးကျိုးရှိ​​သောဆေးများမှီဝဲမိခြင်း၊ ​အရွယ်အစားပိုလိုချင်လို့ ဘာ​ဆေးမှန်းမသိတာ​တွေထိုးထည့်မိခြင်း စသည်ဖြင့် ဒုက္ခ​ရောက်ကြရသူများ ရှိ​နေပါတယ်။
ဒါ့​ကြောင့် ပြသနာတစုံတရာရှိလာရင် Dr. Lwin Moe Aung ဖြင့် ​ဆွေး​နွေးတိုင်ပင်ကုသနိုင်ကြပါ​ကြောင်း သတင်းစကားပါးလိုက်ပါရ​စေ....။
ကိုယ့်ရဲ့ Skincare တွေထဲက Toner step လေးအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်စေရန် 🤗 Tips for choosing Toner 🤗 Toner ရဲ့ အဓိက...
27/03/2023
ကိုယ့်ရဲ့ Skincare တွေထဲက Toner step လေးအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်စေရန်
🤗 Tips for choosing Toner 🤗
Toner ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ - မျက်နှာ အသားအရေရဲ့ pH level ကို ထိန်းညှိ
ပေးပြီး အရေပြားထဲက အညစ်အ​ကြေးတွေသန့်စင်​ပေးဖို့ပဲ ဖြစ်ပါတယ်
အမျိုးအစား - Alcohol based & Alcohol free ဆိုပြီး အမျိုးစားကွဲတွေရှိပါတယ် Alcohol free ကတော့ အသားအရေတိုင်းအတွက် ပို safe ဖြစ်ပါတယ်
အဆီပြန်တတ်သူ​တွေအနေနဲ့ - Alcohol based သုံးနိုင်ပြီး
အသား​​ခြောက်တတ်သူ​တွေ၊ ဝက်ခြံရှိသူ နဲ့ sensitive skin ပိုင်ရှင်တွေအနေနဲ့ - Alcohol free သုံးပါလို့ အကြံပေးချင်ပါတယ်
ပါဝင်မှု - Fruits extracts အထူးသဖြင့် Aloe Vera, Tea Tree, Green Tea, Rose water, citric acid အပြင် တခြား သဘာဝမှထုတ်လုပ်ထားတဲ့ဓါတ်​တွေအပိုပါတတ်သလို.....တချို့​​ရေဓါတ်ဖြည့်​ပေးတဲ့ Hyaluronic acid (HA) နဲ့ Exfoliants ​​တွေဖြစ်တဲ့ AHA (Alpha hydroxy acid) သို့မဟုတ် BHA (Beta hydroxy acid) ပါဝင်နိုင်ပါတယ် AHA/BHA ပါဝင်တဲ့ Toner တွေက ချွေးပေါက်ကျဥ်းစေတဲ့ effect ရစေပါတယ်
အသား​​ခြောက်သူ​ - AHA/BHA (မ)ပါတဲ့ toner အမျိုးစားတွေ ရွေးချယ်ပြီး
အဆီပြန်သူ၊ ဝက်ခြံရှိသူ - AHA/BHA ပါတဲ့ toner များကို ရွေးချယ်နိုင်ပါတယ်
Toner ကို ပုံမှန်သုံးသင့်သလား ❓❓❓
ပုံမှန် အရေပြား Normal Skin - No ❌
အဆီပြန်/ဝက်ခြံ Combination/Acne Prone Skin - Yes✔
Combined skin type နဲ့ အသား​​ခြောက် Dry Skin - Yes✔
(AHA/BHA ​ရှောင်/HA ပါတာ​ရွေးသုံးပါ)
လိမ်းရမည့်အဆင့် - မျက်နှာသစ်ပြီး Hydrating skin cares ​တွေ မတိုင်ခင် Toner ကို ပထမဆုံးအဆင့်အနေနဲ့ လိမ်းပါ
22/03/2023
Circumcision နှင့် အမျိုးသားကျန်းမာ​ရေး!
တ​နေ့က မိတ်​ဆွေတစ်​ယောက်နဲ့ ​ပြောဖြစ်တာ​​လေးပါ။
​​တော်တော်များများအမျိုးသား​တွေက ရှက်တတ်ကြပါတယ်။ အထူးသဖြင့် မိမိမျိုးပွားအဂ်ါနဲ့ပတ်သတ်လာတဲ့ ကျန်းမာ​ရေးနဲ့ဆိုင်လာရင်​ပေါ့။ ယားတာ၊ အနာဖြစ်တာ၊ ကြွက်နို့​​ပေါက်တာအပြင် တခြားပုံမှန်မဟုတ်ဘူးဆိုတာသိရင်​တောင် ဘယ်ဆေးခန်းသွားပြရမလဲမသိ? မပြရဲ။
တော်ကြာ ဟိုဟာမျိုးအထင်ခံရမှာလား? ဒီဟာမျိုးအထင်ခံရမှာလား? ဟို​ရောဂါဖြစ်​နေမလား? စသဖြင့်​တွေ​ဝေ​နေရင်း ​နောက်ကျတာ၊ ပိုဆိုးလာတာ၊ ကုရပိုခက်တာ​တွေအထိပါ ဖြစ်တတ်ပါတယ်။
ဒါ့​ကြောင့် ပြသနာ​လေး​တွေ စ ဖြစ်ကတည်းက ​ဆေးခန်းပြရင် မိမိအတွက်ပို​ကောင်းပါတယ်။ တချို့ ဆို ဆေးလိမ်း​ဆေး​သောက်နဲ့တင် ပျောက်ကင်းနိုင်ပါတယ်။
အဖြစ်များတဲ့​ရောဂါ​လေး​တွေ မျှ​ဝေ​ပေးချင်ပါတယ်။
၁/ အနာ​​လေး​တွေပေါက်တာ (ကြွက်နို့၊ အသားပို စသဖြင့်အပြင် အမျိုးသမီးနဲ့​နေပြီးတိုင်း ပွန်းတာ ပဲ့တာ)
၂/ ယားပြီး ​ခေါင်းနဲ့အထစ်​လဘးပတ်ပတ်လည် ရဲလာတာ (allergy ​ခေါ်​ ဓါတ်မတည့်မှု သို့ အ​ရေပြား​ယောင်တတ်တာ)
၃/ ဆီးပေါက်မှ အဝါ​အရည်အကြည့် သို့ နို့နှစ်လိုအ​နောက်အရည်ထွက်တတ်တာ (ဂနို သို့ စီးလမ်း​ကြောင်းပိုးဝင်တာ)
၄/ ဆီးပူ၊ ဆီးကျင်၊ ဆီး​အောင့်၊ ဆီးကျန်သလိုခံစားရတာ (ဆီးလမ်း​ကြောင်းပိုးဝင်တာ)
၅/ ဆီးခုံနဲ့ ​ပေါင်ခြံမှာ ယားတာ၊ အနာဖြစ်တာ၊ အကျိတ်ဖြစ်တာ (မှိုပိုး၊ ​မွေးကျွတ်နာနဲ့ အဆီကျိတ် ​ပေါ်လာတာ)
၆/ အချိန်မတိုင်မှီသုတ်လွှတ်မြန်တာ၊ သုတ်မလွှတ်ခင် ညှိုးတာ၊ တင်းမာမှု အားနည်းတာ (ကြွက်သားအားနည်းခြင်း၊ ​ဟော်မုန်းဓါတ်နည်းခြင်း)
အထက်ပါအ​ကြောင်းအရာ​တွေက​တော့ အဖြစ်များတဲ့ ​ရောဂါတာ​တွေ ဖြစ်ပါတယ်။
Circumcison (အ​ရေပြားဖယ်ခြင်း) လုပ်ခြင်းဖြင့် အထက်ပါ​ရောဂါအ​တော်များများကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
အကယ်၍ အထက်ပါပြသနာ​တွေဖြစ်​နေပြီး နီးစပ်ရာမှာ ပြသဖို့အခက်အခဲရှိရင် Page က​နေ​သော်လည်းကောင်း (အတတ်နိုင်ဆုံး မြန်မြန် reply လုပ်​ပေးပါမည်)၊ လူကိုယ်တိုင်ပြချင်ရင်
အမှတ် (၃)၊ ၆၃လမ်း၊ ၃၀ × ၃၁ လမ်းကြားက GRACE ​Aesthetics ​ဆေးခန်းမှာ မနက် ၁၀နာရီမှ ည​​နေ ၅ နာရီအထိ (Sunday ၁ ရက် ​ဆေးခန်းပိတ်သည်) လာပြလို့ရပါတယ်။
09 - 409077877
09 - 409077977 ကိုဆက်ပြီး အမျိုးသားကျန်းမာ​ရေး ​ဆွေး​နွေးချင်လို့ပါဆိုပြီး ကြိုတင် appointment ယူရင်​​တော့ ​စောင့်ရချိန်သတ်သာပါမယ်။
အမျိုးသား​ရောဂါများကင်းရှင်းပြီး ကျန်းမာရွှင်လန်းကြပါ​စေ.....!
HIFU
10/03/2023
HIFU
မနက် ၁၀နာရီ မှ ည​နေ ၅နာရီအထိ GRACE ​ဆေးခန်းမှာထိုင်ပါတယ်။Sunday ၁ရက် ​ဆေးခန်းပိတ်ပါတယ်။
10/03/2023
မနက် ၁၀နာရီ မှ ည​နေ ၅နာရီအထိ GRACE ​ဆေးခန်းမှာထိုင်ပါတယ်။
Sunday ၁ရက် ​ဆေးခန်းပိတ်ပါတယ်။
Job Vacancy Announcement !!!Beauty Therapist (Female - 3 Posts)- အသက် ၁၈ မှ ၃၅ ကြား ဖြစ်ရမည်။- ဘွဲ့ရပြီးသူ သို့မဟုတ် ကျေ...
18/05/2021
Job Vacancy Announcement !!!
Beauty Therapist (Female - 3 Posts)
- အသက် ၁၈ မှ ၃၅ ကြား ဖြစ်ရမည်။
- ဘွဲ့ရပြီးသူ သို့မဟုတ် ကျောင်းဆက်မတက်သူ ဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- အလှအပဆိုင်ရာကုထုံးများကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- ဧည့်သည်များကို စေတနာဖြင့် စိတ်ရှည်စွာ ဝန်ဆောင်မှုပေးလိုရမည်။
- ဧည့်သည်များမှ ကုထုံးနှင့်ပတ်သက်၍ မေးမြန်းသည်များကို စိတ်ရှည်စွာ ရှင်းပြပေးနိုင်ရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
- ဆေးခန်းမှ ကုထုံးများနှင့်ပတ်သက်သည်များကို သင်ကြားပေးမည်ဖြစ်၍ ကြိုးစားသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
အလုပ် လုပ်ကိုင်ရန် စိတ်ဝင်စားပါက CV Form ကို GRACE Aesthetics ဆေးခန်းသို့ မနက် ၁၀နာရီမှ ညနေ ၅ နာရီအတွင်း လာရောက်ယူဆောင်လျှောက်ထားနိုင်ပါတယ်။
လိပ်စာ - အမှတ် (၃)၊ ၆၃ လမ်း၊ ၃၀×၃၁ လမ်းကြား
အသေးစိတ်သိလိုပါက ဖုန်း 09 - 409077877၊ 09 - 409077977 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
BUY 1 Time "GET 1 Time FREE"February 6 ရက်နေ့အထိ ပေးထားတယ်နော် 😁😍တန်မှတန်.....(နောက်ဆို မရတော့ဘူး 😜😝)1/ HydratingTherapy...
31/01/2021
BUY 1 Time "GET 1 Time FREE"
February 6 ရက်နေ့အထိ ပေးထားတယ်နော် 😁😍
တန်မှတန်.....(နောက်ဆို မရတော့ဘူး 😜😝)
1/ HydratingTherapy
-သင့်တော်သူများ
လောလောလတ်လတ်နေလောင်ထားခြင်း၊ Chemical Peeling ကဲ့သို့သော Treatment များလုပ်ရာမှ လောင်သလိုဖြစ်ပြီးပွန်းနေ၊ စပ်နေသူများ၊
မျက်နှာ ရဲနေသူများ၊ အသားခြောက်ပြီး ယားနေများ၊ အသားပတ်သလိုဖြစ်နေသူများ၊
-ကောင်းကျိုး
မျက်နှာပြင်အပေါ်ယံအရေပြားအတွင်းကို ရေဓာတ်အမြန်ဆုံးပြည့်စေခြင်း၊
2/ RejuPeel A,B
- သင့်တော်သူများ
မျက်နှာအသားအရေထိန်းသိမ်းချင်သူများ၊ အရေပြားအရောင်မညီသူများ၊ sensitive ဖြစ်နေသော ထိခိုက်လွယ်သောအရေပြား၊ ဝက်ခြံရှိသူများ၊ GLOW ချင်သူများ
-ကောင်းကျိုး
အပေါ်ယံအရေပြားရှိ ဆဲလ်သေများဖယ်ပေးပြီး ရေဓာတ်ပြည့်ဝစေတာမို့ အမဲစက်သက်သာကာ အသားအရေနူးညံ့လာမယ့်အပြင် ကြည်လာပြီး နဂိုနေမထိခင်၊ မပျက်စီးခင်အရေပြားကို ပြန်ရလာနိုင်ခြင်း
3/ AcnePeel (A,B)
- သင့်တော်သူများ
ဝက်ခြံရှိသူများ၊ တင်းတိတ် မှဲ့ခြောက်နဲ့ အမဲစက်ရှိသူများ၊ မျက်နှာအသားအရောင်မညီသူများ၊ အဆီပြန်သူများ၊ အဆီဖုရှိသူများ
-ကောင်းကျိုး
အပေါ်ယံအရေပြားရှိ ဆဲလ်သေများဖယ်ပေးပြီး ရေဓာတ်ကို အပေါ်ယံအရေပြားအပြင် အတွင်းအရေပြားအထိ ပြည့်ဝစေတာမို့ ဝက်ခြံနဲ့ အမဲစက်သက်သာလာခြင်း၊ အရေပြားပြန်လည်ကြံ့ခိုင်လာခြင်း
4/ MelasmaPeel (A,B)
- သင့်တော်သူများ
တင်းတိတ်၊ နေလောင်ကွက်၊ အမဲစက်ရှိသူများ၊ အရေးအကြောင်းရှိသူများ
-ကောင်းကျိုး
အပေါ်ယံအရေပြားအပြင် အတွင်းအရေပြားအပေါ်ဆုံးအလွှာအထိ ဆဲလ်သေများဖယ်ပေးပြီး ရေဓာတ်ပြည့်ဝစေတာမို့ အမဲစက်သက်သာကာ နဂိုမပျက်စီးခင်အရေပြားကို ပြန်ရလာနိုင်ခြင်း
5/ ScarPeel
-သင့်တော်သူများ
ဝက်ခြံအမာရွတ်ရှိသူများ။
-ကောင်းကျိုး
မျက်နှာပေါ်ရှိ အမာရွတ်အရွယ်အစားမျိုးစုံကို တစ်ခုချင်းစီ ထိထိရောက်ရောက်ကုသပေးနိုင်ခြင်း၊
လေဆာပစ်ဖူးသူ၊ PRP သွေးရည်ကြည့်နှင့်ကုဖူးပြီး ရလဒ်မကျေနပ်သူ တိုးတက်မှုမရှိသူများ၊ ကုန်ကျစရိတ်သက်သာလိုသူများ၊ အသားအရမ်းညိုပြီး အမဲစက်ကျန်လွယ်သူများ
အထက်ကအချက်တွေနဲ့ကိုက်ညီရင် အရမ်းတန်တဲ့ Promotion ကို ဝယ်ယူအားပေးနိုင်ပါပြီ။
အသက် ၁၃ နှစ်အထက်ဆို လိုအပ်ပါက ကုသမှုခံယူနိုင်ပါတယ်။
အသက် ၂၅ နှစ်အထက်ဆိုရင်တော့ ၃လ ၁ကြိမ်ခန့် RejuPeel ကဲ့သို့ အခြေခံကျတဲ့ အရေပြားထိန်းသိမ်းခြင်းတွေ လုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကို ရေချိုး၊ ဆပ်ပြာတိုက်ပေးဖို့ လိုသလိုပါပဲ အရေပြားကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။
နေထိတဲ့အလုပ် လုပ်ရတဲ့သူဆို ၁လ၊ ၂လ နေရင် ၁ကြိမ် လုပ်ပေးခြင်းဖြင့် နေကြောင့်အသားအရေပျက်စီးခြင်းကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ပုံထဲက ဝက်ခြံတွေတကယ်ပျောက်သွားတဲ့ GRACE Aesthetics ဆေးခန်းရဲ့ Real Satisfied Clients ကျေနပ်စရာ ရလဒ်ပိုင်ရှင်တွေရဲ့ ပုံတွေပါနော် 😊😁😍
ကာယကံရှင်များက ကျေကျေနပ်နပ်ပေးသုံးထားတာပါ။ 😊
GRACE Aesthetics
No.3, 63 လမ်း, 30×31 လမ်းကြား၊ မန္တလေးမြို့။
ဖုန်း - 09 409077877၊ 09 409077977
Monday မှ Saturday အထိ။
မနက် ၁၀နာရီမှ ညနေ ၇နာရီအထိ။
BUY 1 Time "GET 1 Time FREE"
1/ HydratingTherapy
-သင့်တော်သူများ
-ကောင်းကျိုး
2/ RejuPeel A,B
- သင့်တော်သူများ
-ကောင်းကျိုး
3/ AcnePeel (A,B)
- သင့်တော်သူများ
-ကောင်းကျိုး
4/ MelasmaPeel (A,B)
- သင့်တော်သူများ
-ကောင်းကျိုး
5/ ScarPeel
-သင့်တော်သူများ
-ကောင်းကျိုး
GRACE Aesthetics
Monday မှ Saturday အထိ။
အမျိုးသားအရေပြားဖယ်ရှားခြင်းCircumcision割礼हिन्दी할례ဘာသာစကားမျိုးစုံနဲ့ ခေါ်ဆိုမှုလေးပါ။ ရိုင်းသွားတယ်ထင်ရင် ကျော်သွားပေးပ...
09/01/2021
အမျိုးသားအရေပြားဖယ်ရှားခြင်း
Circumcision
割礼
हिन्दी
할례
ဘာသာစကားမျိုးစုံနဲ့ ခေါ်ဆိုမှုလေးပါ။ ရိုင်းသွားတယ်ထင်ရင် ကျော်သွားပေးပါ။ ပညာပေးအနေနဲ့တင်ခြင်းပါ။ မေးတဲ့လူတွေများလာတာလည်း ပါ ပါတယ်။ ဘာသာပေါင်းစုံက အမျိုးသားတွေအတော်များများ ကြုံတွေ့ရတဲ့ ပြဿနာတစ်မျိုးပါ။ အစ္စလာမ်နဲ့ ဂျုးလူမျိုးတွေကတော့ ဖယ်ထားကြပေမယ့် တခြားလူတွေအနေနဲ့ လုပ်သင့်၊ မလုပ်သင့်၊ လုပ်ဖို့ လိုမလို မေးကြလွန်းလို့ပါ။ တကယ်ပြဿနာဖြစ်လာရင်လည်း ဘယ်စီသွားပြီး ဘယ်သူနဲ့ပြရ တိုင်ပင်ရမယ်မှန်းမသိကြလို့ပါ။ အမျိုးသားတွေခမျှာမှာလည်း အရှက်အကြောက်ကြီးတတ်ကြတာ သတိချပ်စေချင်ပါတယ်။
တချို့အမျိုးသားများမှာ မွေးရာပါအရေပြား လိုအပ်သည်ထက် ပိုရှည်နေရင် ဖယ်သင့်ပါတယ်။
ပထမဆုံး အရေပြားရှည်တဲ့အမျိုးအစား ၂ မျိုးရှင်းပြပါမယ်။ နောက်ဆွဲလှန်လို့ရတာနဲ့ မရတာ (Phimosis) ပါ။
ဆွဲလှန်လို့မရရင်တော့ သေချာပေါက် ဖယ်ရှားပေးရပါမယ်။ မြန်မြန်လည်း ဖယ်ရှားသင့်ပါတယ်။ ဘာလို့လည်းဆိုတာကို အောက်မှာ ကျန်းမာရေးကောင်းကျိုးအနေနဲ့ ထပ်ရှင်းပြပေးပါမယ်။
ဆွဲလှန်လို့ရတဲ့လူတွေမှာမှ အတွေ့ရများတဲ့အရေပြားအမျိုးအစား ၃ မျိုး ထပ်ရှိပါတယ်။ ပုံပါအတိုင်း ရှေ့အထိရှည်ထွက်နေတာ၊ ခေါင်းတစ်ဝက်လောက်ပဲဖုံးတာ နဲ့ ခေါင်းအထစ်လေးဖုံးရုံပဲရှည်တာ။ အဲ့သုံးမျိုးက သန့်ရှင်းရေးသေချာလုပ်ပေးနိုင်ရင် အရေပြားဖယ်စရာမလိုပါဘူး။ အကယ်၍ အိမ်ထောင်ကျပြီးနောက် မကြာခဏဒါဏ်ရာ ရရင်ဖြစ်စေ၊ အနာဖြစ်တတ်ရင်ဖြစ်စေ၊ ယားယံတတ်ရင်ဖြစ်စေ ဖယ်ရှားသင့်ပါတယ်။
အရေပြားဖုံးနေတာကို သန့်ရှင်းရေးသေချာမလုပ်ပဲ ဒီအတိုင်းထားတာကြာရင် ပိုးတစ်မျိုးအောင်းပြီးနောက် လိင်တံကင်ဆာဖြစ်စေပါတယ်။ မိမိရဲ့ အမျိုးသမီးလက်တွဲဖော်မှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတတ်ပါတယ်။
ကျန်းမာရေးအရကောင်းကျိုးတွေကတော့
၁/ ကင်ဆာတွေကို ကာကွယ်နိုုင်မယ်။ အစ္စလာမ်နဲ့ ဂျူးလူမျိုးတွေမှာ လိင်တံကင်ဆာမဖြစ်တာ အရေပြားဖယ်ထားရခြင်း အကျိုးကျေးဇူးကြောင့်ပါ။
၂/ အနာမကြာခဏဖြစ်တတ်ရင် လိင်ကတဆင့်ကူးဆက်တတ်တဲ့ရောဂါတွေကို မိမိထံ အလွယ်တကူရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့်ရောဂါတွေကနေလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်မယ်။ အနည်းဆုံးတော့ အနာကြောင့်၊ ယားယံနေတာကြောင့် မကြာခဏ စိတ်အနှောက်အယှက်ဖြစ်တာတွေ၊ ခံစားရတာတွေကို ချုပ်ငြိမ်းစေပါတယ်။
၃/ တချို့အမျိုးသားတွေမှာ သုတ်လွှတ်မြန်ခြင်းဟာလည်း အာရုံခံစားမှုနဲ့ နှီးနွယ်နေတတ်လို့ အရေပြားဖယ်လိုက်ခြင်းက အတိုင်းအတာတစ်ခုထိ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ မိမိတွဲဖက်မှာလည်း ပွတ်ထိမှုပမာဏ ပိုများလာနိုင်လို့ အိမ်ထောင်ရေးသုခ ပိုရစေတယ်လို့လည်း ပြောထားကြပါတယ်။ စာတန်းသေချာပြုစုထားတာမျိုးမရှိပေမယ့် တချို့အတွေ့အကြုံတွေကို ပြန်လည်ဝေမျှထားခြင်းကနေ ပြောကြပါတယ်။
၄/ နောက်ဆုံးတစ်ခုကတော့ တချို့အမျိုးသားတွေကြားမှာရေပန်းစားတဲ့ ဘာမှန်းမသိတဲ့ဆေးရည်တွေ လျှောက်ထိုးထားမိတဲ့လူတွေပါ။ အရေပြားရှည်တဲ့လူထိုးမိရင် အရေပြားအတွင်းထဲဆေးခဲပြီး ယောင်တာ၊ နာတာဖြစ်တတ်သလို တချို့ နောက်ကို ဆွဲလို့မရတော့ပဲ ငှက်ပြောဖူးလို ယောင်လာတာတွေဖြစ်တတ်လို့ အမြန်ဖယ်သင့်ပါတယ်။
အထက်ပါအကြောင်းအရာတွေကိုဖတ်ပြီး လိုအပ်ခဲ့ရင် သို့မဟုတ် မရှင်းတာ၊ ထပ်သိချင်တာရှိရင် Comment မှဖြစ်စေ၊ Messenger မှာဖြစ်စေ၊ GRACE Aesthetics Page မှာဖြစ်စေ စုံစမ်းမေးမြန်းနိုုင်ပါတယ်။ အမြင်ရိုင်း၊ အရေးရိုင်းသွားရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဒီနေ့ လူနာတစ်ယောက်က ဖုန်းဆက်ပြီး သူသက်သာကြောင်းပြောပြ၊ ပြီးတော့မှ သူ့မိတ်ဆွေတွေကလည်းမေးနေလို့ ပြချင်တဲ့အကြောင်းပြောရင်း "အရေပြားဖယ်ရှားခြင်း" အကြောင်းကို ပညာပေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ။
ကျေးဇူးတင်ပါတယ်။
Dr. Lwin Moe Aung
GRACE Aesthetics
အမှတ် (၃)၊ ၆၃ လမ်း၊ ၃၀ ×၃၁ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
မနက် ၁၀နာရီမှ ညနေ၇နာရီအထိ။
တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။
Covid ကာလရဲ့ လူတွေကိုဒုက္ခအပေးဆုံးထဲက ဝက်ခြံပြဿနာစိတ်ညစ်နေရင် ဆွေနွေးကုသလို့ ရပါတယ်နော်။ကိုယ်တိုင်လာ Treatment လုပ်ချင်ရ...
19/11/2020
Covid ကာလရဲ့ လူတွေကိုဒုက္ခအပေးဆုံးထဲက ဝက်ခြံပြဿနာ
စိတ်ညစ်နေရင် ဆွေနွေးကုသလို့ ရပါတယ်နော်။
ကိုယ်တိုင်လာ Treatment လုပ်ချင်ရင် Booking လေးတော့ ယူပေးနော်။
ဝက်ခြံအကြောင်း တစေ့တစောင်း (Short Points)Covid ကာလမှာ အဖြစ်အများဆုံးအရေပြားပြဿနာတွေထဲမှာ ဝက်ခြံကလည်း ထိပ်ဆုံးကပါပဲ နော်....
01/06/2020
ဝက်ခြံအကြောင်း တစေ့တစောင်း (Short Points)
Covid ကာလမှာ အဖြစ်အများဆုံးအရေပြားပြဿနာတွေထဲမှာ ဝက်ခြံကလည်း ထိပ်ဆုံးကပါပဲ နော်....
ဝက်ခြံလို့ပြောလိုက်ရင် တချို့သိကြ၊ ကြားဖူးကြပါတယ်။
ဝက်ခြံအကြောင်း​ဆိုရင် ဒါတွေသိထားသင့်ပါတယ်။
၁/ ဝက်ခြံဖြစ်စေတဲ့အကြောင်း
၂/ ဝက်ခြံသက်သာစေမယ့် ကုသမှုတွေအကြောင်း
၃/ ဝက်ခြံမဖြစ်အောင် ဘယ်လိုကာကွယ်ရမလည်းဆိုတဲ့ အကြောင်း
⚠️ ၁/ ဝက်ခြံဖြစ်စေတဲ့အကြောင်း
ဝက်ခြံဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ အဆီအိတ်တွေ ထကြွရာကနေ အဖုလေးတွေ၊ ပြည်လုံးတွေ၊ အကျိတ်တွေဖြစ်စေပြီး စိတ်ဒုက္ခပေးတဲ့ အရေပြားပြဿနာပါ။
ဝက်ခြံဖြစ်စေတဲ့ အခြေခံအချက် (၄) ချက်
- အဆီအိတ်တွေ အဆီထုတ်မှုလွန်ကဲလာခြင်း
- အရေပြားအပေါ်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ အဆီပေါက်ကို ပိတ်ရာကနေ အဆီအိတ်တွေ ရောင်လာခြင်း
- ဝက်ခြံပိုးဝင်ခြင်း
- ဟော်မုန်းအပြောင်းအလဲကြောင့် အဆီအိတ်တွေရောင်လာခြင်း
⚠️ ၂/ ဝက်ခြံပေါက်လာရင် ဘယ်လို သက်သာအောင်လုပ်မလည်း?
တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်တွေ၊ အရေပြားအလှအပဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
ချက်ချင်းမပြနိုင်ခဲ့ရင် ဒီနည်းတွေနဲ့ ၃ရက်လောက် မိမိဘာသာ ကုကြည့်ပါ။
- မျက်နှာကို မနက် ၁ကြိမ်၊ ည အိပ်ယာဝင် ၁ကြိမ် ဆပ်ပြာနဲ့ ဆေးဖြစ်အောင်ဆေးပါ။
- အိပ်ရေး ဝ ဝ အိပ်ပေးပါ။
- တစ်နေ့ကို အနည်းဆုံး ရေ ၃/၄ လီတာသောက်ပေးပါ။
- အသစ်သုံးလိုက်တဲ့ Skin care တွေ၊ လိမ်းဆေးတွေ ရပ်လိုက်ပါ။ Cream အမျိုးအစားလိမ်းဆေးတွေရပ်လိုက်ပါ။ ဖြစ်နိုင်ရင် ဘာမှ မလိမ်းပဲ ရေဓာတ်ဖြည့်တာပဲ လိမ်းပေးပါ။
- မြန်မြန်သက်သာချင်ရင် အပူအစပ်၊ အငံ၊ နို့ထွက်ပစ္စည်း၊ အချို၊ Ready Made/အသင့်စား အစာတွေ၊ အချိုရည်သံဘူး၊ Gas ပါတဲ့ ဖျော်ရည်တွေ ရှောင်ပေးပါ။
- Clindamycin ပိုးသတ်ဆေးကို မလိုပဲ လုံးဝ စပြီးမသုံးပါနဲ့။
၃ရက်နေလို့မှ ပိုဆိုးလာရင်၊ မသက်သာရင်တော့ ဆရာဝန်စီအမြန်​သွားပြပါ။
ဆရာဝန်နဲ့ ပြထားပါက ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ဆရာဝန်ကို မကုခင်ကတည်း သေသေချာချာရွေးချယ်ပြီး ယုံကြည်ပေးပါ။ ဘာလို့ဆို တချို့ ဝက်ခြံတွေက ကုရခက်လို့ပါ။ ပျောက်ဖို့ရာ အနည်းဆုံး ၁လ ကနေ ၆ လ အထိ ကြာတတ်လို့ပါ။
မိမိနဲ့ သင့်တော်မယ့် Treatment တွေ၊ Skin care တွေ၊ လိမ်းဆေးတွေ၊ သောက်ဆေးတွေ ပေးပါလိမ့်မယ်။ မှန်မှန်သုံးပေးပါ။
ဝက်ခြံ Treatment လိုရင်တော့ Chemical Peeling (CP) လုပ်ရပါမယ်။ သုံးရမယ့် ဆေးကိုတော့ ဆရာဝန်က ရွေးပေးပါလိမ့်မယ်။ Glycolic or Salicylic....စသဖြင့်ပေါ့။
ပြီးရင် CP ကြောင့် ရေဓာတ်လျော့တတ်လို့ ရေဓာတ်ဖြည့်တဲ့ Treatment လိုပါမယ်။
ပြီးရင် မိမိအရေပြားနဲ့ သင့်တော်မယ့် Skin Care တွေ၊ လိမ်းဆေးတွေ လိုမယ်။
- Cleaner မျက်နှာသစ်ဆပ်ပြာ (သန့်စင်ဖို့)
- Toner (ph ထိန်းဖို့)
- Hydrator (ရေဓာတ်ဖြည့်ဖို့)
- Vitamin A, C, E... (အရေပြားအတွက် လိုအပ်မယ့် ဗီတာမင်တွေ)
- Exfoliator (ပိတ်နေတာတွေ ဖယ်ဖို့)
- Sunscreen (နေလောင်ဓာတ် ကာကွယ်ဖို့)
⚠️ ၃/ ဝက်ခြံမဖြစ်အောင် ဘယ်လိုနေမလည်း?
- မျက်နှာသေချာသစ်ပါ။
- Make up သုံးရင် Make up remover သုံးပေးပါ။
- သုံးနေကျ ပစ္စည်းတွေပဲသုံးပါ။
- အိပ်ရေး ဝ ဝ အိပ်ပါ။
- ရေ တစ်နေ့ ၃/၄ လီတာသောက်ပါ။
- မိမိနဲ့သင့်တော်မယ့် Skin care တွေ၊ လိမ်းဆေးတွေ သေချာ မှန်မှန်လေးအသုံးပြုပေးပါ။
ဘာတွေသုံးရမလည်း?
Skin Care အတွက် လက်နက် ၅မျိုးကို Post တင်ပေးထားပါတယ်။ အသေးစိတ်ကို အဲ့ Post မှာ ဖတ်ပေးပါ။ Normal Skin တွေက အဲ့တာတွေ သုံးရင်ရပါပြီ။
ဝက်ခြံပေါက်ဖူးပြီး ကုထားရတဲ့လူတွေ၊ မကြာမကြာ ဝက်ခြံပေါက်တတ်သူတွေ၊ Sensitive ဖြစ်သူတွေကတော့ ဆရာဝန်ရွေးပေးတာတွေ သို့မဟုတ် အပေါ်က ပြောထားသလို Cleanser, Toner, Hydrator, Vitamins နဲ့ Sun Screen နေလောင်ကာလိမ်းဆေးတွေ နေ့တိုင်းပုံမှန် သုံးပေးရပါမယ်။
ဘာတွေရှောင်ရမလည်း?
- သူများ​ကောင်းတယ်ပြောတိုင်း မလိုပဲ လျှောက်မလိမ်းပါနဲ့။
- မျက်နှာကို လက်နဲ့ကိုင်တတ်တဲ့အကျင့် ဖျောက်ပါ။
- ညှစ်တဲ့အကျင့် ရှောင်ပါ (အမဲစက်ကျန်နိုင်၊ ပိုကြီး၊ ပိုဆိုးလာနိုင်လို့ပါ)။
- ဝက်ခြံထွက်ရင် ၂ အချက်မှာ ​ပြောထားတာတွေအတိုင်း လိုက်နာပေးပါ။
ဝက်ခြံအမြစ်ပြတ် ပျောက်နိုင်လား?
ပျောက်ဖို့ အာမခံလား?
ဘယ်နှရက်နဲ့ ပျောက်မှာလည်း?
ဘယ်လောက်ကုန်ကျမှာလည်း?
ဝက်ခြံကို ကုလို့ရပါတယ်။
အမြစ်ပြတ်ဖို့တော့ ခက်ပါတယ်။
ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီး ၁လကနေ ၆လ တချို့ ၁နှစ်အထိ ကြာတတ်ပါတယ်။
ကုသရတဲ့အဆင့်၊ ကြာချိန်အပေါ်မူတည်ပြီး ကုန်ကျစားရိတ်လည်းကွာပါတယ်။ မြန်မြန် စောစောကုလေ သက်သာလေပါပဲ။ ၁လအတွက် အနည်းဆုံး ၆သောင်းကနေ အများဆုံး ၂သိန်းအထိ ကုန်ကျနိုင်ပါတယ်။ လပိုကြာကြာကုဖို့လိုရင်တော့ ပိုကုန်ကျနိုင်ပါတယ်။
အသေးစိတ်သိလိုရင်တော့ GRACE Aesthetics ဂရေ့စ် အရေပြားအလှအပဆေးခန်းကို မနက်၁၀နာရီမှ ညနေ ၇နာရီအတွင်း၊ တနင်္လာမှ စနေနေ့အထိ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။
လိပ်စာ
အမှတ် ၃၊ ၆၃လမ်း၊ ၃၀×၃၁ လမ်းကြား၊ မန္တလေးမြို့။
ဖုန်း
၀၉ ၄၀၉၀၇၇၈၇၇
၀၉ ၄၀၉၀၇၇၉၇၇
်ခြံအကြောင်းတစေ့တစောင်း
Address
No. 3, 63 Street; Between 30 And 31 Street
Mandalay
010
Opening Hours
Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Telephone
+959797155886
Website
Alerts
Be the first to know and let us send you an email when Dr.Lwin Moe Aung - Dr.Gu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Dr.Lwin Moe Aung - Dr.Gu:
Share
Category