Dr. Aye Min Htoo

Call Directions Website Contact the practice

Dr. Aye Min Htoo This is the official page of Dr. Aye Min Htoo's Dermatology clinic in Myanmar.

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ပေါက်ပေါက်ဆုပ်အဖြူကွက်အဖြူကွက်ရောဂါတွေထဲမှာ ခရုသင်းနဲ့အမြဲမှားတတ်တဲ့ ရောဂါက ပေါက်ပေါက်ဆုပ်...
16/09/2026

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ပေါက်ပေါက်ဆုပ်အဖြူကွက်

အဖြူကွက်ရောဂါတွေထဲမှာ ခရုသင်းနဲ့အမြဲမှားတတ်တဲ့ ရောဂါက ပေါက်ပေါက်ဆုပ်အဖြူကွက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များပြီး ကျောပြင်၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်းနဲ့ ပေါင်စတဲ့နေရာတွေမှာ အဓိကတွေ့ရတတ်တယ်။ ဒီရောဂါဟာ Malassezia globosa တဆေးမှိုကြောင့် အဓိကဖြစ်တယ်။ ရောဂါက အဆုပ်လိုက်တွေ့ရတဲ့အဖြူကွက်ဖြစ်တဲ့အတွက် ပေါက်ပေါက်ဆုပ်အဖြူကွက်လို့ သတ်မှတ်တယ်။

တဆေးမှိုတွေဟာ လူ့အရေပြားမှာ ပုံမှန်ရှိနေတတ်ပြီး ချွေးထွက်များတာ၊အစိုဓာတ်ပြန်တာနဲ့ပူနွေးတဲ့အခါမျိုးမှာ ပိုမိုပွားများလာတတ်တယ်။ အထူးသဖြင့်အရေပြားအဆီဓာတ်များသူတွေမှာ အဓိကတွေ့ရတယ်။ အရေပြားအပေါ်ဆုံးလွှာမှာရှိတဲ့ Malassezia globosa ဟာ လူ့ခန္ဓာကိုယ်ကထွက်တဲ့အဆီကို စားသုံးပြီး azelaic acid ဓာတ်တမျိုးကိုထုတ်ပေးတယ်။ ဒီဓာတ်က အရေပြားအတွင်းလွှာ stratum spinosum ထဲဝင်ရောက်တဲ့အခါ melanosome (အမဲရောင်ပစ္စည်း) ထုတ်လုပ်မှုကို ဟန့်တားတာကြောင့် အဖြူကွက်တွေဟာ ခန္ဓာကိုယ်အပေါ်ယံမှာအဆုပ်လိုက်ပေါ်ပေါက်လာပါတယ်။

ဒီအဖြူကွက်တွေရဲ့ ကနဦးအဆင့်မှာ အရွယ်အစားသေးငယ်ပြီး နောက်ပိုင်းကာလတွေမှာ အချင်းချင်းပေါင်းစပ်ပြီး ကြီးမားတဲ့ အကွက်တွေ အဆုပ်လိုက် ဖြစ်ပေါ်လာပါတယ်။ တခါတရံ အဖြူကွက် မျက်နှာပြင်မှာ အသေးစား အရေခွံဖတ်လေးတွေ (fine scaling)ကို တွေ့ရတတ်တယ်။ ယားယံတာရှားတယ်။ ပေါက်ပေါက်ဆုပ်အဖြူကွက်တွေဟာ မြန်မာပြည်မှာ အဖြစ်များပြီး ရေပူချိုးသူနဲ့ အားကစားလုပ်သူတွေမှာ ပိုတွေ့ရတယ်။

ဘယ်လိုကုသမလဲ
ပေါက်ပေါက်ဆုပ်အဖြူကွက်ဟာ တဆေးမှိုကြောင့်ဖြစ်လို့ မှိုသတ်ဆေး Clotrimazole, Miconazole, Terbinafine စတဲ့လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။ လိုအပ်ရင် မှိုပိုးသတ် ခေါင်းလျှော်ရည် Selenium sulfide, Ketoconazole, Zinc pyrithione တွေ အသုံးပြုရတယ်။တစ်ပတ် (၂)ကြိမ် မှိုသတ်ဆေးပါတဲ့ခေါင်းလျှော်ရည်ကို အဖြူကွက်ရှိတဲ့နေရာမှာ ၅-၁၀ မိနစ်ခန့်ထားပြီးမှ ရေဆေးချပါ။ ရေအေးကိုသာသုံးရတယ်။ အကယ်၍ လိမ်းဆေးနဲ့ မသက်သာရင် Fluconazole, Itraconazole, Ketoconazole စတဲ့သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်ပါတယ်။ အဆီအလွန်အကျွံပြန်သူတွေမှာ အဆီခန်းဆေးတွေပေးရတာရှိတတ်တယ်။

ဘာတွေရှောင်မလဲ
အစားအသောက်ဟာ ပေါက်ပေါက်ဆုပ် အဖြူကွက်တွေနဲ့ တိုက်ရိုက်မပက်သတ်ပေမယ့် ခန္ဓာကိုယ်အဆီပြန်ခြင်းနဲ့ ချွေးထွက်လွန်ခြင်းဟာ ဆက်စပ်နေလို့ တချို့အစားအသောက်တွေရှောင်ကြဉ်သင့်တယ်။ ဥပမာ သကြားဓာတ်များတဲ့အစားအသောက်၊ဆော်ဒါ၊ အချိုရည်၊ ဒိန်ခဲ၊ ထောပတ်၊မလိုင်၊ နို့ထွက်ပစ္စည်းတွေကို ရှောင်ရှားသင့်တယ်။ ဆီကြော်စာ၊အာလူးချောင်းကြော်၊ ခေါက်ဆွဲခြောက်ထုပ်၊ အပူအစပ် စတာတွေ လျှော့စားပါ။ အရက်၊ဘီယာ၊ဝိုင်၊နို့ စတာတွေ လျှော့သောက်ပါ။

ပေါက်ပေါက်ဆုပ်အဖြူကွက်ထွက်နေစဉ် အဝတ်ထူတာ၊ အရောင်မဲတဲ့အင်္ကျီတွေ မဝတ်ပါနဲ့။ နေလောင်ကာသုံးတဲ့အခါ အရည်ပျစ်တဲ့ခရင်တွေ မလိမ်းသင့်ဘူး။ ပူအိုက်တဲ့ရာသီမှာ တရက်(၂)ကြိမ်ရေချိုးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချည်ထည်အဝတ်ကိုသာ ဝတ်ပါ။ ချွေးသေချာသုတ်ပြီး အရေပြားကို အေးမြအောင်ထားပါ။ လိုအပ်ရင် ရှားစောင်းလပ်ပပ်သုံးလို့ရတယ်။ အဖြူကွက်တွေဟာ ရောဂါကုပြီးပြီးချင်း ချက်ချင်းမသက်သာပေမယ့် ရောဂါပြန့်ပွားမှုကို ချက်ချင်းသက်သာစေတယ်။ အချိန်ကြာတာနဲ့အမျှ အသားအရေဟာ နဂိုအတိုင်း ပြန်ရနိုင်တယ်။ ယေဘုယျ အချိန်သုံးလလောက် လိုနိုင်တယ်။

ဒေါက်တာအေးမင်းထူး
၁၆.၉.၂၆

ယားနာအနီကွက်ထခြင်း“ယားယံတယ်” ဆိုတာ လူတိုင်းနီးပါး တစ်ချိန်မဟုတ်တစ်ချိန် ခံစားဖူးတဲ့ လက္ခဏာတစ်ခုပါ။ဒါပေမယ့် ယားတာတိုင်း အ...
15/09/2026

ယားနာအနီကွက်ထခြင်း

“ယားယံတယ်” ဆိုတာ လူတိုင်းနီးပါး တစ်ချိန်မဟုတ်တစ်ချိန် ခံစားဖူးတဲ့ လက္ခဏာတစ်ခုပါ။ဒါပေမယ့် ယားတာတိုင်း အရေပြားရောဂါကြောင့် ဖြစ်တာမဟုတ်ပါဘူး။ယားယံခြင်းကို ဆေးပညာအရ Pruritus လို့ခေါ်ပါတယ်။

ယားနာဖြစ်စေသောအကြောင်းရင်းများ
• အရေပြားခြောက်သွေ့ခြင်း
• Eczema / Dermatitis
• အင်ပြင် (Urticaria)
• ပွေး၊ မှိုရောဂါများ
• ဝဲနာ (Scabies)
• ပိုးမွှားကိုက်ခြင်း
• ဆေးဝါးတချို့နှင့် ဓာတ်မတည့်ခြင်း
• Psoriasis
• နေရောင်နှင့်ဆိုင်သော အရေပြားရောဂါများ
• အာရုံကြောနှင့်ဆိုင်သော ယားယံခြင်း

အရေပြားမှာ ထင်ရှားတဲ့အဖုအပိန့်မရှိဘဲ တစ်ကိုယ်လုံးယားနေခြင်း ဖြစ်ပါက အသည်း၊ ကျောက်ကပ်၊ သွေးအားနည်းခြင်း၊ သံဓာတ်ဆိုင်ရာပြဿနာများနှင့် အခြား systemic diseases များကိုလည်း စဉ်းစားရန်လိုအပ်ပါတယ်။

ယားလို့ ကုတ်လိုက်ရင် ဘာဖြစ်နိုင်သလဲ
ယားရင်ကုတ်ပြီး အရေပြားပျက်စီးလို့ ပိုရောင်ရမ်းနိုင်တယ်။ ဒီလို “Itch–Scratch Cycle” ဖြစ်လာနိုင်ပါတယ်။ကြာလာရင် အရေပြားထူလာခြင်း၊ အသားအရောင်ညိုလာခြင်း၊ အနာဖြစ်ခြင်းနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
-ရက်အတော်ကြာ မသက်သာဘဲ ဆက်တိုက်ယားနေခြင်း
-ညဘက်အိပ်မရအောင် ယားခြင်း
-တစ်ကိုယ်လုံး ယားခြင်း
-အဖုအပိန့်၊ ရေကြည်ဖု၊ အနာများနှင့်တွဲခြင်း
-အိမ်ရှိအခြားသူများပါ ယားလာခြင်း
-ဆေးသောက်ပြီးနောက် ယားယံခြင်း
တို့ရှိရင် ယားတာကိုသာ ဆေးသောက်ပြီးဖုံးကွယ်မထားဘဲ အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။

ယားနာအနီကွက်ကို ကုသရာမှာ အရေးကြီးဆုံးက “ယားတာကို ပျောက်အောင်လုပ်ခြင်း” တစ်ခုတည်းမဟုတ်ဘဲ “ဘာကြောင့်ယားတာလဲ” ဆိုတာကို ရှာဖွေကုသခြင်း ဖြစ်ပါတယ်။

ဒေါက်တာအေးမင်းထူး
၁၅.၉.၂၆

အဖြစ်များတဲ့ ကြေးခွံနာ အရေပြားကြေးခွံနာအရေပြားဟာ နှင်းခူနာနဲ့ အလွန်မှားတတ်ပါတယ်။ ရောဂါနှစ်မျိုးလုံးက ယားယံတာတူညီပေမယ့် က...
09/09/2026

အဖြစ်များတဲ့ ကြေးခွံနာ အရေပြား

ကြေးခွံနာအရေပြားဟာ နှင်းခူနာနဲ့ အလွန်မှားတတ်ပါတယ်။ ရောဂါနှစ်မျိုးလုံးက ယားယံတာတူညီပေမယ့် ကြေးခွံနာအရေပြားရှိသူမှာ အပေါ်ယံအရေပြားက သိသိသာသာထူထဲနေတာတွေ့ရတယ်။ ကြေးခွံနာအရေပြားရောဂါ ဆိုတာ ဒူး၊ တံတောင်ဆစ်၊ လက်မောင်းနဲ့ ဦးရေပြားမှာ ယားယံတဲ့အကြေးခွံအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုအကြေးခွံတွေက အရေပြားနာတာရှည်ရောင်ရမ်းခြင်းက နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာပါ။ ဆိုရီအေးဆစ် (psoriasis) ဖြစ်တဲ့ အရေပြားဆဲလ်တွေက ထူပြီး အရေခွံလန်တာတွေ့ရတယ်။ အသားအရေကပန်းရောင်သမ်းပြီး ခြောက်ကပ်နေတတ်တယ်။ ထပ်တရာနာလို့လည်း ဘာသာပြန်ကြတယ်။ယားယံတာနဲ့ မကြာခဏပြန်ဖြစ်တတ်တာ ဒီရောဂါရဲ့ အဓိကလက္ခဏတစ်ခုဖြစ်တယ်။

ဒီရောဂါက ပုံစံအမျိုးမျိုးရှိတယ်။ ကြေးခွံနာအရေပြားကို အမျိုးအစားတွေ ခွဲထားတယ်။
(၁) Plaque psoriasis
(၂) Guttate psoriasis
(၃) Inverse psoriasis
(၄) Pustular psoriasis
(၅) Erythrodermic psoriasis
(၆) Nail psoriasis

Plaque psoriasis
အဖြစ်များဆုံး ကြေးခွံနာအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထပ်တရာနာလည်းခေါ်တယ်။ရောဂါဖြစ်သူရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီအကွက်ပုံစံ ထပ်တရာနာ (plaque psoriasis)မျိုး တွေ့ရပါတယ်။ အမှန်တော့ ထပ်တရာနာဆိုတာ plaque psoriasis ရောဂါကို အဓိကသုံးနှုန်းတာဖြစ်ပါတယ်။

Guttate psoriasis
လည်ချောင်းနာ (post-streptococcal infection)ရာကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ကြေးခွံနာအကွက်တွေဖြစ်ပါတယ်။ အဖတ်လိုက်မဟုတ်ဘဲ ရေစက်ပုံ အနီကွက်လေးတွေ နေရာအနှံ့တွေ့ရတတ်တယ်။

Inverse psoriasis
အရေပြားတွန့်ခေါက်တဲ့ နေရာတွေမှာ အဖြစ်များတယ်။ အရေပြားအကွက်တွေအနေနဲ့တွေ့ရပြီး အကြေးခွံလန်တာမျိုးမရှိတတ်ဘူး။ ဒါ့ကြောင့် ကြေးခွံနာအရေပြားတိုင်း အကြေးခွံလန်တာ မရှိပါဘူး။

Pustular psoriasis
ပြည်ဖုသေးလေးတွေ ကြေးခွံနာအကွက်ပေါ်မှာ တွေ့ရတယ်။ ပွေးနဲ့မှားတတ်တယ်။

Erythrodermic psoriasis
ဆိုးရွားပြင်းထန်တဲ့ ကြေးခွံနာအရေပြားဖြစ်ပြီး ခန္ဓာကိုယ်ဧရိယာအများစုမှာ တွေ့ရတယ်။ တစ်ကိုယ်လုံး အရေပြား ရဲနေ၊ရောင်နေတတ်တယ်။

Nail psoriasis
ခြေသည်းလက်သည်း အရောင်ပြောင်းပြီး အချိုင့်ပျောက်လေးတွေအဖြစ် တွေ့ရတယ်။ ဒီလိုလက္ခဏာမျိုးရှိရင် ကြေးခွံနာအရေပြားရောဂါမျိုးဖြစ်တတ်ပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ
ကြေးခွံနာအရေပြားရောဂါဟာ ခုခံအားစနစ် ပုံမမှန်ခြင်းကြောင့် အရေပြားရောင်ရမ်းရာက နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီရောဂါက မျိုးရိုးလိုက်တတ်တယ်။ စိတ်ဖိစီးမှုများရင် ပိုဖြစ်လာတတ်တယ်။ ဆေးဝါးတွေ (lithium, beta-blockers)တွေကြောင့်လည်း ဖြစ်တတ်တယ်။ အရေပြား ခြစ်မိတာ၊ ကုတ်ဖဲ့တာ စတဲ့ ထိခိုက်ရာက ဖြစ်နိုင်တယ်။ ရာသီဥတုနဲ့လည်း သက်ဆိုင်တတ်တယ်။ဆီးချိုရောဂါသည်၊ အဝလွန်တာ၊ ကိုလက်စတောများတာ၊ လေဖြတ်တာ၊နှလုံးရောဂါတွေနဲ့ သက်ဆိိုင်တတ်တယ်။

ကြေးခွံနာအရေပြားရှိသူ ၃ယောက်မှာ တစ်ယောက်ဟာ အဆစ်အမြစ်ရောင်ရမ်းပျက်စီးမှု(psoriatic arthritis)နဲ့ တွဲဖြစ်တတ်တယ်။ ဒီလိုလူနာမျိုးကို အမြန်ဆုံးကုသဖို့ လိုပါတယ်။

ကြေးခွံနာအရေပြား ရောဂါက နာတာရှည်အမျိုးအစားဖြစ်လို့ ပြန်ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုများတာ၊အနေအထိုင်အစားအသောက်မှားလို့ ပြန်ဖြစ်တာမျိုး ရှိနိုင်တယ်။ လက္ခဏာတွေကိုတော့ အရှင်းပျောက်အောင်ကုသနိုင်တယ်။ ပျမ်းမျှ ဆေးကုပြီး ၁-၃လအတွင်း သက်သာပျောက်ကင်းနိုင်တယ်။

ဒေါက်တာအေးမင်းထူး
၉.၉.၂၆

ဒက်ကြောင့်ဖြစ်တဲ့ဆံပင်အကွက်ဦးရေပြားမှိုစွဲခြင်းကို မြန်မာတွေက ဒက်ပေါက်တယ်လို့ ဆိုကြတယ်။ ဒီရောဂါဟာ Dermatophyte မှိုမျိုး...
07/09/2026

ဒက်ကြောင့်ဖြစ်တဲ့ဆံပင်အကွက်

ဦးရေပြားမှိုစွဲခြင်းကို မြန်မာတွေက ဒက်ပေါက်တယ်လို့ ဆိုကြတယ်။ ဒီရောဂါဟာ Dermatophyte မှိုမျိုးစိတ်ကြောင့် အဓိကဖြစ်ပေါ်တယ်။ ဦးရေပြားနဲ့ ဆံပင်အောက်ခြေအမြစ်ထိအောင် မှိုစွဲတဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်တယ်။

လူအချင်းချင်း ရောဂါကူးစက်ကြတယ်။ ခေါင်းဘီး၊ ဆံသဆိုင်တွေမှာ ဆံညှပ်ကိရိယာနဲ့ ခေါင်းဘီးတွေ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်နိုင်တယ်။ ကြောင်၊ ခွေး စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ ကူးစက်နိုင်တယ်။ မြေကြီးမှိုပိုးတွေကနေလည်း ကူးစက်နိုင်ပေမယ့် ရှားပါတယ်။

ရောဂါလက္ခဏာတွေဟာ မှိုအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။ အကွက်လိုက်ဆံပင်ကျွတ်ခြင်းဟာ အဖြစ်အများဆုံးလက္ခဏာဖြစ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာမှာ အမည်းစက်လေးတွေ (ဆံပင်အမြစ်တွေ) ကျန်နေတတ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာဟာ ခပ်ဝိုင်းဝိုင်းပုံစံ ရှိပြီး နဂိုအရေပြားထက် နီရဲရောင်ရမ်းနေတတ်ပါတယ်။ မှိုစွဲတဲ့ ဦးရေပြားက အလွန်အမင်း ယားယံတတ်ပါတယ်။ဒက်ကြောင့် ဆံသားပျက်ဆီး ကျိုးပဲ့တဲ့အခါ ခါးလည်က ပြတ်ပြီး Black dot ringworm အမဲစက်လေးတွေ အဖြစ်မြင်တွေ့ရတယ်။ ဆံပင်အကွက်လိုက်ကျွတ်တဲ့အခါ မီးခိုးရောင် အကွက်(Gray patch ringworm)တွေအဖြစ်မြင်တွေ့ရပြီး ဦးရေပြားဟာ ခြောက်သွေ့တဲ့ အဖတ်တွေကပ်နေတတ်တယ်။

ဒက်ပြည်တည်နာ (Kerion)
ဆိုးရွားတဲ့ ဦးရေပြားမှိုစွဲမှုဟာ ရောဂါပြင်းထန်ရင် ပြည်တည်နာအဖုအကျိတ်တွေဖြစ်ပြီး ရောင်ကိုင်း၊ နာကျင်တတ်တယ်။ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျတတ်ပါတယ်။ ဖျားနာခြင်း၊ ဂျိုင်းနဲ့ လည်ပင်းရှိ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းတွေပါ ဆက်ဖြစ်နိုင်တယ်။ ဒီရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။

ဒက်ပေါက်တဲ့အခါဆံပင်ကျွတ်နိုင်တယ်။ အပူအစပ်နဲ့ ချွေးထွက်စေတဲ့အစားအသောက်တွေ ရှောင်ကြဉ်ခြင်းဟာအရေးပါတယ်။ ရောဂါကုသပြီး ၃-၆လအတွင်း ဆံပင်ပြန်ပေါက်နိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး
၇.၉.၂၆

နှင်းခူနဲ့ မှားတတ်တဲ့အရေပြားယားနာ နှင်းခူနဲ့ မှားတတ်တဲ့ရောဂါတွေထဲမှာ lichen amyloidosis က ထိပ်ဆုံးကပါတယ်။ Amyloid ပရိုတင...
03/09/2026

နှင်းခူနဲ့ မှားတတ်တဲ့အရေပြားယားနာ

နှင်းခူနဲ့ မှားတတ်တဲ့ရောဂါတွေထဲမှာ lichen amyloidosis က ထိပ်ဆုံးကပါတယ်။ Amyloid ပရိုတင်းတွေ အရေပြားအတွင်းပိုင်း စုပုံလာတဲ့ ရောဂါကို Amyloidosis လို့ ခေါ်ပါတယ်။ Lichen Amyloidosis ဆိုတာ အရေပြားအောက်လွှာ(dermis)မှာ Amyloid ပရိုတင်းတွေ စုပုံရာက ဖြစ်ပေါ်လာတဲ့ အဖုအပိန့်တွေကို ခေါ်တာဖြစ်တယ်။ အရေပြားလွှာ ပြောင်းလဲမှုဖြစ်လို့ Cutaneous Amyloidosis လို့လည်း ခေါ်ကြတယ်။ localized နေရာတစ်ခုထဲ ကွက်ဖြစ်လို့ localized amyloidosis လို့လည်း ဆေးပညာမှာ သုံးနှုန်းကြတယ်။ ခြေလက်တွေမှာ အဖြစ်များပြီး အလွန်ယားယံတတ်ပါတယ်။ ကုတ်ဖဲ့တာကြာလာတာနဲ့အမျှ ဖြစ်တဲ့နေရာအရေပြားအရောင်ပြောင်းလဲလာပါတယ်။

Lichen Amyloidosis ရဲ့ လက္ခဏာတွေက ကုတ်ခြစ်ထားတဲ့နေရာတွေမှာ ပွတ်တိုက်မှုကြောင့်အရေပြားအတွင်းပိုင်း ပုံစံပြောင်းပြီး မူမမှန်တဲ့ amyloid ပရိုတင်းတွေ စုပုံလာတယ်။ ခြေ၊လက်မောင်း၊ ကျောပြင်စတဲ့ နေရာတွေမှာ အဖြစ်များပြီး ညို့သကျီး နေရာတွေက အဖြစ်များဆုံးဖြစ်တယ်။ အဖုတွေက စမ်းသပ်ကြည့်ရင် မာမာခဲခဲဖြစ်နေတတ်ပါတယ်။ အလွန်ယားယံတာကြောင့် မကြာခဏ ကုတ်ဖဲ့ရတယ်။ ကုတ်တာ ကြာလာတဲ့အခါ အရေပြားထူထပ်လာပြီး အဖုအပိန့်တွေက အညိုရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။ ကြာလာတဲ့အခါ ခြေထောက်အောက်ပိုင်းတစ်ခုလုံး မညီညာတော့ဘဲ လှိုင်းတွန့်ပုံစံအဖုအပိန့်တွေ ဖြစ်လာတယ်။ ကုတ်တာကြာလာရင် ပိုးဝင်တာထိ ဖြစ်တတ်တယ်။

အရေပြားမှာဖြစ်တဲ့ amyloidosis ရောဂါထဲမှာ lichen amyloidosis, macular amyloidosis နဲ့ nodular amyloidosis ဆိုပြီးသုံးမျိုးရှိတယ်။ macular amyloidosis က လေးဆယ်တန်းအရွယ်၊ lichen amyloidosis က အသက်ငါးဆယ်တန်းအရွယ်နဲ့ nodular amyloidosisကတော့ ခြောက်ဆယ်တန်းအရွယ်တွေမှာ ပိုတွေ့ရတယ်။ ဒီထဲမှာ macular amyloidosis က သက်လတ်အရွယ် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။

Lichen Amyloidosis အရေပြားရောဂါဟာ သက်ကြီးအမျိုးသားတွေမှာ အဖြစ်များပြီး အသက် ၅၀-၆၀ တန်းတွေမှာ ပိုတွေ့ရတယ်။ မျိုးရိုးရှိရင် မိသားစုဝင်ထဲမှာ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်။ အသားညိုတဲ့ အာရှနဲ့ အရှေ့အလယိပိုင်း လူမျိုးတွေမှာ ပိုတွေ့ရတယ်။ Lichen Amyloidosis ရောဂါရှာဖွေဖို့ ဆရာဝန်များတွေနဲ့ အရေပြားကို သေချာစွာစစ်ဆေးဖို့ လိုတယ်။ skin biopsy အသားစယူပြီး အရေပြားရှိ Amyloid ပါဝင်မှုကို စနစ်တကျစစ်ဆေးနိုင်တယ်။

ကာကွယ်ခြင်း
အသားခြောက်သွေ့မှုက ယားယံခြင်းကို ပိုဆိုးစေလို့ အစိုဓာတ်လိမ်းဆေးတွေ အမြဲလိမ်းပေးဖို့ လိုပါတယ်။ ဆေးလိမ်းပြီး အဝတ်စတစ်ခုခုနဲ့ အုပ်ပေးထားသင့်တယ်။ ဒါ့ပြင် သား၊ငါး၊ပုဇွန်စတာတွေက ယားယံခြင်းကို ပိုဆိုးစေလို့ အထူးသတိပြုသင့်တယ်။ ဆား၊ သကြား၊အဆီအဆိမ့် စတာတွေ လျှော့စားသင့်တယ်။ ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ကြိုးစားသင့်တယ်။

ဒေါက်တာအေးမင်းထူး
၃.၉.၂၆

တင်းတိပ်ထွက်ခြင်း နောက်ကွယ်လူတစ်ယောက်ရဲ့ မျက်နှာအသားအရေဟာ ညီညာပြီး တစ်ရောင်တည်းဖြစ်နေတဲ့အခါ ပိုမိုသန့်ရှင်းပြီး ကြည်လင်တ...
28/08/2026

တင်းတိပ်ထွက်ခြင်း နောက်ကွယ်

လူတစ်ယောက်ရဲ့ မျက်နှာအသားအရေဟာ ညီညာပြီး တစ်ရောင်တည်းဖြစ်နေတဲ့အခါ ပိုမိုသန့်ရှင်းပြီး ကြည်လင်တယ်လို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ မျက်နှာပေါ်မှာ အညိုရောင်အကွက်တွေ စတင်ပေါ်ပေါက်လာတဲ့အခါ လာပြီး တင်းတိပ်ထွက်လာပြီဆိုပြီး စိုးရိမ်လာတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ တင်းတိပ်ထွက်ခြင်းအကြောင်းရင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေ ဖော်ပြသွားမှာဖြစ်ပါတယ်။

တင်းတိပ်ကို ဆေးပညာအရ Melasma ခေါ်ပါတယ်။ တင်းတိပ်ဖြစ်လာတဲ့အခါ အရေပြားထဲမှာရှိတဲ့ melanocytes (အမည်းရောင်ခြယ်ဆဲလ်) တွေဟာ ပုံမှန်ထက် တက်ကြွလှုပ်ရှားလာပြီး melanin pigment (မယ်လနင် အမည်းရောင်မှုန်)တွေ အလွန်အကျွံ ထုတ်လုပ်လာပါတယ်။ Melanin ပိုများလာတာနဲ့အမျှ အရေပြားအရောင်ဟာ မညီမညာဖြစ်လာပြီး တင်းတိပ်အမည်းစက်တွေကို ဖြစ်ပေါ်စေတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က တင်းတိပ်ဟာ melanin ထုတ်လုပ်မှုများတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ နေရောင်ခြည်၊ ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးဗီဇနဲ့ အသက်အရွယ် စတာတွေနဲ့ သက်ဆိုင်တယ်။ တခြားအချက်အလက်တွေဖြစ်တဲ့ melanin distribution ပြောင်းလဲခြင်း၊ mast cells၊ solar elastosis၊ basement membrane alteration နဲ့ vascular changes စတဲ့ အခြား biological processes တွေလည်း ပါဝင်နိုင်တယ်။

ယေဘုယျအားဖြင့် နေရောင်ခြည်ထိတွေ့တဲ့အခါ တင်းတိပ်ဟာ ပိုဆိုးလာတတ်တယ်။ ခရမ်းလွန်ရောင်ခြည် (UV rays) ထိတွေ့မှုက မယ်လနင်ဆဲလ်တွေကို melanin ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်လို့ဖြစ်တယ်။ ဒါ့အပြင် visible light ကလည်း darker skin tones ရှိသူတွေရဲ့ melasma ကို ပိုမိုသိသာစေနိုင်ပါတယ်။ လူနာတချို့ဟာ ဆောင်းရာသီတုန်းက သိပ်မသိသာဘဲ နွေရာသီရောက်တော့ တင်းတိပ်တွေ ပိုမည်းလာတယ် ဆိုတာမျိုးဟာ ပြင်းထန်တဲ့နေရောင်ခြည်က melanocyte activity ကို ထပ်မံလှုံ့ဆော်ပေးနိုင်လို့ပါ။

တင်းတိပ်က ဟော်မုန်းအပြောင်းလဲကြောင့်လည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ estrogen နဲ့ progesterone အပါအဝင် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လာတာက တင်းတိပ် ဖြစ်ပေါ်လာမှုနဲ့ ဆက်စပ်နေပါတယ်။ တစ်ခါတစ်ရံ “mask of pregnancy” လို့လည်း ခေါ်ကြပါတယ်။ ဒါ့ပြင် Oral contraceptive pills တားဆေး နဲ့ အခြား estrogen/progesterone-related hormonal exposures တွေကြောင့်လည်း တင်းတိပ်ပိုဆိုးစေတယ်။

ဒါတင်မက မျိုးရိုးနဲ့လည်းဆက်စပ်နေတယ်။ ဒါကြောင့် မိသားစုထဲမှာ Melasma ဖြစ်ဖူးသူရှိရင် ကိုယ်တိုင်လည်း ဖြစ်နိုင်ခြေ ပိုရှိနိုင်ပါတယ်။ တင်းတိပ်က မျိုးရိုးလိုက်တာထက် မျိုးရိုးဗီဇအရ တင်းတိပ်ထွက်နိုငိချေ ပိုများတာဖြစ်ပါတယ်။ တောင်ပေါ်ဒေသနေထိုင်သူတွေပိုဖြစ်ကြတယ်။ ယေဘုယျအားဖြင့် တင်းတိပ်ဟာအသက်အရွယ်ပေါ်လိုက်ပြီးပြောင်းလဲတတ်တယ်။ အထူးသဖြင့် အပျိုဖော်ဝင်ပြီး နောက်ပိုင်းကာလတွေမှာ အဖြစ်များတယ်။ လွန်ခဲ့တဲ့နှစ်တွေက အသက် (၄၀)ကျော်အရွယ်မှာပဲ တွေ့ရလေ့ရှိတဲ့တင်းတိပ်ဟာ ဒီဖက်ခေတ်ကာလမှာ အသက်(၂၀)ကျော် မြန်မာမိန်းကလေးတွေမှာ စတင်တွေ့ရှိလာရပါတယ်။

စိတ်ဖိစီးမှုနဲ့ တင်းတိပ်ကြားမှာ ဆက်နွယ်မှုရှိနိုင်တယ်လို့ ပညာရှင်အချို့က သတ်မှတ်ကြတယ်။စိတ်ဖိစီးမှုကို possible trigger တစ်ခုအဖြစ် ဖော်ပြထားပေမယ့် ပိုမိုတိကျတဲ့ ဆက်နွယ်မှု evidence ကို လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Stress များလို့ တင်းတိပ်ဖြစ်တာလို့ တိတိကျကျ မပြောနိုင်ပေမယ့် ဆက်စပ်အကြောင်းအရာတစ်ခုတော့ဖြစ်နိုင်တယ်။

တင်းတိပ်ရှိသူဟာ မျက်နှာပေါ်မှာ အညိုရောင် (သို့မဟုတ်) မီးခိုးညိုရောင် အကွက်တွေအဖြစ် စတင်သတိထားမိတတ်ပါတယ်။ များသောအားဖြင့် ပါးနှစ်ဖက်၊ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းအပေါ်ဘက် နဲ့ မေးစေ့တွေမှာ တွေ့ရတတ်တယ်။ တစ်ခါတစ်ရံ လည်ပင်း၊ လက်မောင်းနဲ့ အခြားနေရောင်ထိတွေ့တဲ့နေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ တင်းတိပ်ဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသားညိုတဲ့ အမျိုးသားတွေမှာ ပိုတွေ့နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားမှန်ရင် တင်းတိပ်မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။

တင်းတိပ်အမျိုးအစား
တင်းတိပ်ဖြစ်တဲ့အခါ အရေပြားလွှာပေါ် မူတည်ပြီး epidermal, dermal နဲ့ mixed pattern တွေအဖြစ် ခွဲခြားလေ့ရှိပါတယ်။ တင်းတိပ်အရောင်အသွေးပေါ်မူတည်ပြီး အပေါ်လွှာတင်းတိပ် (epidermal melasma)၊ အောက်လွှာတင်းတိပ် (dermal melasma) နဲ့ အရေပြားနှစ်လွှာလုံးမှာဖြစ်တဲ့ တင်းတိပ် (mixed type melasma)ဆိုပြီးရှိပါတယ်။

အပေါ်ယံတင်းတိပ်ဟာ အရောင်က ပိုရင့်ပြီး အကွက်က ပိုထင်ရှားနိုင်တယ်။အောက်လွှာတင်းတိပ်က အညိုရောင်ဖျော့ပြီး မီးခိုးပြာရောင်ဖြစ်နေနိုငိတယ်။ အကွက်က မထင်မရှားဖြစ်နေတတ်တယ်။ နှစ်မျိုးစပ် တင်းတိပ် (mixed melasma)မှာတော့ အညိုရောင်နဲ့ မီးခိုးညိုရောင် စတဲ့ pigment pattern တွေ ရောနှောနေတတ်ပါတယ်။ ဒါကြောင့် လူနာတစ်ယောက် “တင်းတိပ်” ဖြစ်နေပေမယ့် အရောင်၊ အနက်နဲ့ morphology မတူနိုင်တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Mixed type pattern ကို လူနာအတော်များများမှာ တွေ့ရတာကြောင့် ခွဲခြားကုသဖို့ လိုပါတယ်။

အမည်းကွက်တိုင်း တင်းတိပ်မဟုတ်
---------------------------------
မျက်နှာပေါ်မှာ အညိုရောင်အကွက်ပေါ်တိုင်း တင်းတိပ်လို့ မသတ်မှတ်သင့်ပါဘူး။Freckles, Solar lentigo, Post-inflammatory hyperpigmentation, Drug-induced hyperpigmentation, Acquired dermal macular hyperpigmentation, Naevus of Hori, Naevus of Ota စတဲ့ ရောဂါတွေဟာလည်း တင်းတိပ်နဲ့ ဆင်တူနိုင်ပါတယ်။ ဒါ့ကြောင့် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြသပြီးတင်းတိပ်ဟုတ်မဟုတ် စစ်ဆေးပြီး ကုသသင့်တယ်။

ကျွမ်းကျင်ဆရာဝန်အတွက် တင်းတိပ်အကွက်တွေကို ကြည့်ရုံနဲ့သိရှိနိုင်တယ်။ တင်းတိပ်ကို ကုသတဲ့အခါ အရေပြားဆရာဝန်က အကွက်ရဲ့ပုံစံ၊ အရောင်၊ နှစ်ဖက်ညီ/မညီ အရင်အကဲဖြတ်ရတယ်။ ဘယ်နေရာမှာဖြစ်သလဲ၊ နေရောင်နဲ့ ဆက်စပ်မှုဆေးဝါး/ဟော်မုန်း history တို့ကို စစ်ဆေးပါတယ်။ လိုအပ်ရင် Wood’s lamp နဲ့ dermoscopy ကို အသုံးပြုပြီး pigment distribution ကို ထပ်မံလေ့လာနိုင်တယ်။

တင်းတိပ်ဖြစ်တဲ့အခါ ဘာလိမ်းရမလဲဆိုတာထက် ဘာဖြစ်နေတာလဲဆိုတာ မှန်ကန်စွာသုံးသပ်ပြီး ကုသသင့်တယ်။ တင်းတိပ်ရှိသူအတွက် ရောဂါကုသရုံမက ထပ်မဖြစ်အောင်ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာက အရေးကြီးပါတယ်။

1. ☀️ နေရောင်ကို ကာကွယ်ပါ
* နေရောင်ပြင်းတဲ့အချိန်မှာ တတ်နိုင်သမျှ နေရောင်တိုက်ရိုက်ထိတွေ့မှု လျှော့ပါ။
* ထီး၊ ဦးထုပ်၊ အကာအကွယ်ကောင်းတဲ့ အဝတ်အစားတွေ အသုံးပြုပါ။
* အပြင်ထွက်တဲ့အခါ broad-spectrum sunscreen ကို ပုံမှန်အသုံးပြုပါ။
* တင်းတိပ်မှာ visible light လည်း အရေးပါနိုင်တာကြောင့် sunscreen ထဲမှာ iron oxides ပါဝင်တဲ့ formulation တွေကို အသုံးပြုသင့်တယ်။

2. 🧴 အရေပြားကို နူးညံ့အောင် ထိန်းသိမ်းပါ
* တင်းတိပ်ထွက်တဲ့အခါ အပျော့စား Gentle cleanser အသုံးပြုပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ပုံမှန်သုံးပါ။
* အရေပြား barrier ကို ကောင်းမွန်အောင်ထားပါ။

တင်းတိပ်ဖြစ်တဲ့အခါ မလိုအပ်ဘဲ အပြင်းစား TCA acid peeling လုပ်တာမျိုး ရှောင်ရှားသင့်တယ်။ peeling တွေက အမည်းကွက်မသက်သာဘဲ တင်းတိပ် ပိုဆိုးတတ်တယ်။ မလိုအပ်ဘဲ သဘာဝအိမ်သုံးနည်း (သံပုရာရည်၊ vinegar) စတာတွေ မလိမ်းပါနဲ့။ အက်စစ်ဓာတ်ကြောင့် တင်းတိပ်ပိုဆိုးလာနိုင်ပါတယ်။ မလိုအပ်ဘဲ ဟော်မုန်းဆေးသောက်တာတွေ ရပ်ပါ။ အွန်လိုင်းက ရောင်းတဲ့ အမည်မသိ တင်းတိပ်အမည်းစက်ပျောက်ဆေးတွေမှာ steroid၊ mercury သို့မဟုတ် အခြားဆိုးကျိုးရှိတဲ့ပစ္စည်းတွေ ပါနိုင်ပါတယ်။ အချိန်တိုအတွင်း သက်သာတယ်ထင်ရပေမယ့် ရေရှည်မှာ အရေပြားပျက်ဆီးပြီး ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။

တင်းတိပ်ဟာ အန္တရာယ်ရှိတဲ့အရေပြားရောဂါမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာပေါ်မှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စိတ်ကျေနပ်မှု နဲ့ လူမှုဆကိဆံရေးတွေမှာ ယုံကြည်ချက် အနည်းနဲ့အများ ပျောက်ဆုံးနိုင်တယ်။ တင်းတိပ်အမည်းကွက်တွေဟာ ကုသလို့ရတယ်။ ဒါပေမယ့်အခန့်မသင့်ရင် ပြန်ဖြစ်နိုင်တဲ့ chronic pigmentation disorder ရောဂါဖြစ်တဲ့အတွက် စနစ်တကျ ကုသဖို့ လိုအပ်ပါတယ်။တင်းတိပ်ရှိသူတိုင်း မှတ်ထားသင့်တဲ့အချက်က အမည်းကွက်တွေကို ဖြူအောင်လုပ်ဖို့ထက် အရေပြားမထိခိုက်စေဘဲ နဂိုအသားအရေအတိုင်း ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ဖို့က ပိုအရေးကြီးပါတယ်။

ဒေါက်တာအေးမင်းထူး
၂၈.၈.၂၆

တင်းတိပ်အမဲစက်ကင်းစင်တဲ့ နေ့သစ်တိုင်းဟာ အမြဲအဓိပ္ပါယ်ရှိလှပနေမှာပါ...
26/08/2026

တင်းတိပ်အမဲစက်ကင်းစင်တဲ့ နေ့သစ်တိုင်းဟာ အမြဲအဓိပ္ပါယ်ရှိလှပနေမှာပါ...

ကြေးခွံနာဦးရေပြားက မြန်မာပြည်မှာ အလွန်အဖြစ်များတယ်။ ဗောက်နဲ့မှားယွင်းကြတယ်။ သိပ်မဆိုးရင် သောက်ဆေး၊နည်းနည်းဆိုးရင် သောက်ဆ...
21/08/2026

ကြေးခွံနာဦးရေပြားက မြန်မာပြည်မှာ အလွန်အဖြစ်များတယ်။ ဗောက်နဲ့မှားယွင်းကြတယ်။ သိပ်မဆိုးရင် သောက်ဆေး၊နည်းနည်းဆိုးရင် သောက်ဆေးတွေနဲ့ တွဲကုရတယ်။ တစ်ပတ်အတွင်း အောက်ပုံအနေအထားသက်သာနိုင်တယ်။ ပျောက်ကင်းသက်သာနှုန်း ၈၅% ဖြစ်တယ်...

ဝါမထွက်ခင် တင်းတိပ်ကင်းစင်...
15/08/2026

ဝါမထွက်ခင် တင်းတိပ်ကင်းစင်...

နှုတ်ခမ်းပေါ်မှာ အဆီဖုတွေဖြစ်ရင် မပျောက်ဘူးဆိုလို့ before and after result တင်ပေးလိုက်ပါတယ်...မှတ်ချက် - ဒီပြဿနာကို ford...
14/08/2026

နှုတ်ခမ်းပေါ်မှာ အဆီဖုတွေဖြစ်ရင် မပျောက်ဘူးဆိုလို့ before and after result တင်ပေးလိုက်ပါတယ်...

မှတ်ချက် - ဒီပြဿနာကို fordyce spots ခေါ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပျောက်ကင်းနှုန်းနဲ့ ကုသရမယ့် နည်းစနစ်တွေတော့ မတူကြပါဘူး။ result ကောင်းချင်ရင် အချိန်တော့ ပေးရပါတယ်။

Address

Da 8/96, 66th Street, Corner Of 39th Street, Maha Aung Myay Township
Mandalay

Alerts

Be the first to know and let us send you an email when Dr. Aye Min Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Aye Min Htoo:

Shortcuts

Share

Category