25/08/2026
၅ တေးဂြိုဟ်(Jupiter)ကောဇာဂြိုလ်စီးဂြိုလ်နင်း
၁။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်း ရပ်တည်သော ရာသီအပေါ်သို့ စီနင်းနေလျှင် စည်းစိမ်ဥစ္စာ ပျက်စီးတတ်ခြင်း၊ ဉာဏ်ပညာဆုတ်ယုတ်တတ်၏။ နေရာပြောင်းရွှေ့ရတတ်သည်။ ခိုက်ရန်ဖြစ်ပွားလိမ့်မည်။
၂။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၂ တန့်ဘာဝတွင် စီးနင်းရပ်တည်လျှင် ရန်သူများရှိမည်မဟုတ်ပေ။ စည်းစိမ်ဥစ္စာ တိုးတက်ရရှိမည်။ မိန်းမများနှင့် ပျော်ရွှင်ကြည်နူးရလိမ့်မည်။
၃။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၃ တန့်ဘာဝတွင် စီးနင်းရပ်တည်လျှင် နေရာဌာန ပြောင်းလဲရလိမ့်မည်။ လုပ်ငန်းတွင် အခက်အခဲများ ကြုံတွေ့ရလိမ့်မည်။
၄။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၄ တန့်ဘာဝတွင် စီးနင်းရပ်တည်လျှင် ဆွေမျိုးသားချင်းများကြောင့် ဆင်းရဲ ဒုက္ခရောက်ရတတ်၏။ သည်းခံလိမ့်မည်၊ ရာထူးမှ နုတ်ထွက်မည်၊ မယ်မယ်ရရ ပျော်ရွှင်နေတတ်သည်။
၅။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၅ တန့်ဘာဝတွင် စီးနင်းရပ်တည်လျှင် အစေခံများ၊ ကျွဲ, နွားများ၊ ဆင်များ, မိန်းမနှင့် သားသမီးများ ရရှိလိမ့်မည်။ အောင်မြင်ကြီးပွားလိမ့်မည်။
၆။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၆ တန့်ဘာဝတွင် စီးနင်းနေလျှင် စိတ်နှလုံးထိခိုက်၍ ပျော်ရွှင်မှုမရှိ ဖြစ်ရ တတ်၏။ အထူးသဖြင့် လှပသော ပြုံးမျက်နှာရှင် အမျိုးသမီးများကြောင့် စိတ်နှလုံးထိခိုက်လိမ့်မည်။ တေးဂီတတွင်မူ ဥဒေါင်း တွန်သံ ဥဩမည်သံပမာ သာယာနှစ်သက်စွာ ခံစားရမည်။ သမင်, ဒရယ်ပေါက်ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှားမြူးတူးသော သားသမီးများနှင့် ဝန်းရံပျော်ရွှင် ပျော်ရွှင်နေထိုင်ရလိမ့်မည်။
၇။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၇ တန့်ဘာဝအပေါ် စီးနင်းနေလျှင် ကာမဂုဏ်ချမ်းသာသုခကို ကောင်းစွာ ခံစားရလိမ့်မည်။ လှပချောမောသော အမျိုးသမီးကောင်းများနှင့် ပေါင်းသင်းရမည်။ စည်းစိမ်ဥစ္စာ, အစားအသောက်, ပန်းမာန်, ယာဉ် စသည်တို့ ရရှိခံစားရမည်။ အပြောအဆို ကောင်းမွန်၍ ပညာဉာဏ် ကြီးမားလိမ့်မည်။
၈။ ကောဇာ ၅. တေးဂြိုဟ်သည် မူလစန်းမှ ၈ တန့်ဘာဝတွင် စီးနင်းရပ်တည်လျှင် အဖမ်းအဆီးခံရတတ်သည်။ အနာရောဂါရမည်။ စိတ်သောက များလိမ့်မည်။ ခရီးသွား၍ ပင်ပမ်းလိမ့်မည်။ အလွန်အမင်း နာမကျန်းဖြစ်လိမ့်မည်။
၉။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၉ တန့်ဘာဝတွင် စီးနင်းနေလျှင် လုပ်ငန်းတွင် သွက်လက်ကျွမ်းကျင်မည် သြဇာရှိမည်၊ လုပ်ငန်းအောင်မြင်မည်၊ သားသမီးရရှိလိမ့်မည်၊ စည်းစိမ်တိုး၍ အကျိုးအမြတ် ကောင်းစွာရရှိမည်။
၁ဝ။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၁၀ တန့်ဘာဝတွင် စီးနင်းနေလျှင် နေရာဌာန ပြောင်းလဲရတတ်၏။ ကျန်းမာရေးနှင့် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရလိမ့်မည်။
၁၁။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၁၁ တန့်ဘာဝအပေါ် ရောက်ရှိစီးနင်းနေခိုက်တွင် မိမိဇာတိတိုင်းပြည် သို့ ပြန်လည်ရောက်ရှိလိမ့်မည်။ ကျန်းမာရေး ကောင်းမွန်လာလိမ့်မည်။ စည်းစိမ်ဥစ္စာတိုးတက် ရရှိလိမ့်မည်။
၁၂။ ကောဇာ ၅ တေးဂြိုဟ်သည် မူလစန်းမှ ၁၂ တန့်ဘာဝအပေါ်သို့ ရောက်ရှိ စီးနင်းနေလျှင်၊ ဇာတာရှင်သည် ခရီးသွားရာမှ အပြန်တွင် ကြီးစွာသော သောကပရိဒေဝ ဆင်းရဲဒုက္ခကို ကြုံတွေ့ရလိမ့်မည်
#နက္ခတ်ဗေဒင်နှင့်ယတြာ ဆရာဇွဲလင်း
Bsc.Biochemistry
ဆက်သွယ်ရန်
☎ 09 402576 427(viber.whatsapp.wechat)
09 940000 427(viber.whtasapp)
မန္တလေးမြို့မှ မိတ်ဆွေများ ဆရာ့ရဲ့ ဟောပြောခန်းသို့ လာရောက်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
တည်နေရာ👉35လမ်း× 36လမ်းကြား၊72လမ်း၊
မန္တလေးမြို့။