08/10/2026
နှစ်စဉ် အောက်တိုဘာလ ဒုတိယပတ် ကြာသပတေးနေ့တိုင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာ အမြင်အာရုံစောင့်ရှောက်ရေး အဖွဲ့အစည်းများက ဦးဆောင်ပြီး "ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day)" အဖြစ် သတ်မှတ်ကျင်းပလျက်ရှိပါတယ်။
ကျွန်တော်တို့ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံကြီးမှလည်း ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေအလင်းရောင်(ရိုတို)မျက်စိအထူးကုဆေးရုံကြီးမှာ အခမဲ့မျက်စိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့်ကုသပေးခြင်းအခမ်းအနားကို၆.၁၀.၂၀၂၆ နံနက် ၈း၀၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြိုနယ် ၆၂ လမ်းနှင့် ၁၀၂လမ်းထောင့်ရှိ Roof Top၊ ရွှေအလင်းရောင်(ရိုတို)၊မျက်စိအထူးကုဆေးရုံတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး Rohto Mentholatum (Myanmar) Co.,Ltd ၏ Managing Director ဒေါ်စန္ဒာရွှေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထိို့နောက် ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံမှ Managing Director ဒေါ်စန္ဒာရွှေမှ မန္တလေး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ရီလင်း ထံသို့အလှူငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ စဥ့်ကိုင် မျက်စိဆေးရုံအုပ်ကြီး ဒေါက်တာ တင်မောင်သန့် ထံသို့ကျပ်သိန်း(၅၀)တို့အားလည်းကောင်း အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံကျော် အဆိုတော်ဇွဲပြည့် မှ သီဆိုဖျော်ဖြေခဲ့သည့်အပြင် မြန်မာနိုင်ငံ ကိုယ်စားပြု ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူလေးများကလည်း မြန်မာ့ရိုးရာ အကအလှများဖြင့် ကပြဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။
ကျန်းမာရေး အသိပညာပေး အစီအစဉ်အနေဖြင့် ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံမှ ပါမောက္ခသန်းထွန်းအောင်မှ မျက်စိကျန်းမာရေး အကြောင်း ဟောပြောခဲ့ပြီး၊ မျက်စိနှင့်ပတ်သက်သော အကြောင်းအရာများ၊ အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်းနှင့် အဖွဲ့လိုက် ဆွေးနွေးခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည့် Panelists များအား ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သူရလင်းမှ အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား Managing Director ဒေါ်စန္ဒာရွှေမှ ဆုများအသီးသီး ပေးအပ်ခဲ့ပါသည်။
ထို့အပြင် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် မန္တလေးတိုင်းမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူလေးများကို Rohto Mentholatum (Myanmar) Co.,Ltd ၏ Director of Sales မနန်းကေသွယ်မြင့်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနား အပြီးတွင် တက်ရောက်လာကြသူများ၏ မျက်စိစစ်ဆေးခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ အထူးဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
Send a message to learn more