15/07/2026
ဆီးသွားရခက်လာတာ၊ ညဘက်မကြာခဏထရတာ၊ ဆီးသွားချင်စိတ်ခဏခဏဖြစ်လာတာတွေကို “အသက်ကြီးလာလို့ပဲ” လို့ထင်ပြီး ပေါ့ဆနေမိလား…?
အမျိုးသားတွေမှာ ဒီလိုလက္ခဏာတွေက ဆီးကျိတ် (Prostate) ပြဿနာများ နဲ့ ဆက်စပ်နေနိုင်ပါတယ်။
ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ မျိုးပွားမှုစနစ်မှာ ပါဝင်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး
သုက်ရည်ဖွဲ့စည်းရာမှာ အရေးပါတဲ့ အရည်တစ်စိတ်တစ်ပိုင်းကို ထုတ်ပေးပါတယ်။
အသက်အရွယ်တိုးလာတာနဲ့အမျှ ဆီးကျိတ်မှာ ပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ပြီး ဆီးသွားပုံပြောင်းလဲခြင်း၊ နာကျင်ပြီး မသက်မသာဖြစ်ခြင်းနဲ့ နေ့စဉ်ဘဝအဆင်ပြေမှုကို ထိခိုက်စေနိုင်ပါတယ်။
အများဆုံးတွေ့ရတတ်တဲ့ ဆီးကျိတ်ဆိုင်ရာပြဿနာများ ကတော့
🔸 ဆီးကျိတ်ရောင်ခြင်း (Prostatitis)
🔸 ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH)
🔸 ဆီးကျိတ်ကင်ဆာ (Prostate Cancer) တို့ဖြစ်ပါတယ်။
သတိထားသင့်တဲ့ လက္ခဏာတွေ
အောက်ပါလက္ခဏာတွေရှိလာရင် ဆီးကျိတ်ပြဿနာတစ်မျိုးမျိုးနဲ့ ဆက်စပ်နေနိုင်ပါတယ်…
- ဆီးခဏခဏသွားရခြင်း၊ အထူးသဖြင့် ညဘက်မကြာခဏထရခြင်း
- ဆီးစသွားဖို့ခက်ခဲခြင်း
- ဆီးစီးဆင်းမှုအားနည်းခြင်း၊ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးသွားပြီးသော်လည်း မကုန်သေးသလို ခံစားရခြင်း
- ဗိုက်အောက်ပိုင်း၊ ပေါင်ခြံ သို့မဟုတ် တင်ပါးဆုံဝန်းကျင် နာကျင်မအီမသာဖြစ်ခြင်း
- တချို့အခြေအနေတွေမှာ ဆီးထဲ သို့မဟုတ် သုက်ရည်ထဲ သွေးပါလာခြင်း
ဒီလိုလက္ခဏာတွေရှိတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဆီးကျိတ်ပြဿနာတွေက အိပ်စက်မှု၊ အလုပ်လုပ်နိုင်စွမ်းနဲ့ နေ့စဉ်ဘဝအရည်အသွေးကို ထိခိုက်စေနိုင်သလို၊ အချို့အခြေအနေတွေမှာ ကုသမှုမရဘဲထားရင် ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
ဆီးသွားပုံပြောင်းလဲလာတာ၊ ညဘက်ဆီးခဏခဏထသွားရတာ၊ အောက်ပိုင်းနာကျင်မအီမသာဖြစ်တာ၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဆက်တိုက်ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ စစ်ဆေးဆွေးနွေးသင့်ပါတယ်။ စောစောသိရခြင်းက အကြောင်းရင်းမှန်ကို သိနိုင်ဖို့၊ သင့်တော်တဲ့ကုသမှုကို အချိန်မီရရှိဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို လျော့ချနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဆီးကျိတ်ပြဿနာတွေဟာ ပြောဖို့ရှက်တတ်တဲ့အကြောင်းအရာတစ်ခုဖြစ်နိုင်ပေမယ့် စောစီးစွာဂရုစိုက်ခြင်းက ပိုကောင်းတဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့အစဖြစ်ပါတယ်။
ဆီးကျိတ်ရောဂါနဲ့ပတ်သတ်ပြီး စစ်ဆေးကုသမှုများပြလုပ်ချင်တယ်ဆိုရင် ခေတ်မှီစက်ပစ္စည်းများနှင့် ကျွမ်းကျင်ဆရာဝန်များစွာရှိနေတဲ့ ဇီဝကဆေးရုံက လူကြီးမင်းတို့အတွက်အမြဲအဆင်သင့်ရှိနေမှာပါ။
"အကြင်နာပြည့်စုံ ဇီဝက ဆေးရုံ"
📍 Address - Corner of 57th Street and 101st Street, Mahaaungmyay Township, Mandalay Region, Myanmar.
📳 24 hr Call Center: 09 789 101 101
📧 Email: [email protected]
🌐 Website: www.jivakahospital.com
#ဇဝကဆေးရုံ #အကြင်နာပြည့်စုံဇီဝကဆေးရုံ