Hein Pharmacy

Hein Pharmacy Hein Pharmacy Open 24 hours

ရေဓာတ်ခမ်းခြောက်နေပြီလားသိရဖို့ လက်ဖမိုးလေးကို ဆွဲကြည့်လိုက်ပါ 💧နေပူထဲ ခဏလေးထွက်လိုက်တာနဲ့ ချွေးတွေကရွှဲ၊ လူကလည်း နုံးခွ...
31/05/2026

ရေဓာတ်ခမ်းခြောက်နေပြီလားသိရဖို့ လက်ဖမိုးလေးကို ဆွဲကြည့်လိုက်ပါ 💧

နေပူထဲ ခဏလေးထွက်လိုက်တာနဲ့ ချွေးတွေကရွှဲ၊ လူကလည်း နုံးခွေနေတာပဲလား 🥵
ဒီလိုရာသီဥတုမျိုးမှာ ကိုယ်တွင်းရေဓာတ်ပြည့်ဝနေဖို့က သိပ်ကို အရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်မှု ရှိ၊ မရှိကို ဆေးခန်းသွားစရာမလိုဘဲ ကိုယ့်ဘာသာ အလွယ်လေး စမ်းသပ်လို့ရတဲ့ နည်းလမ်းလေးကို Hein Pharmacy ကနေ မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုစမ်းသပ်ရမလဲဆိုရင်
🤏 ကိုယ့်လက်ဖမိုးပေါ်က အရေပြားလေးကို လက်မနဲ့ လက်ညှိုးသုံးပြီး အသာလေး ဆွဲဆိတ်လိုက်ပါ။
🤏 အပေါ်ကို နည်းနည်းလေး ဆွဲတင်ပြီးရင် ချက်ချင်း ပြန်လွှတ်ကြည့်လိုက်ပါ။
✅ ချက်ချင်း မူလအတိုင်း ပြန်ဖြစ်သွားတယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ ရှိနေပါတယ်။ အခုလိုပဲ ရေများများသောက်တဲ့ အလေ့အကျင့်လေးကို ဆက်ထိန်းထားပေးပါ။

🚨 အရေပြားက တွန့်ခေါက်ပြီး ဖြည်းဖြည်းချင်းမှ ပြန်ကျတယ်ဆိုရင်တော့... သတိထားပါ ⚠️ ဒါဟာ သင့်ခန္ဓာကိုယ်က ရေဆာနေပြီ၊ ရေဓာတ် အရမ်းခမ်းခြောက်နေပြီလို့ အချက်ပြနေတာပါ။
ရေဓာတ်ခမ်းခြောက်လာပြီဆိုရင် ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အသားအရေ ခြောက်သွေ့တာတွေကနေစလို့ အသက်အန္တရာယ်ပေးနိုင်တဲ့ အပူရှပ်တာ တွေအထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အပြင်ထွက်တိုင်း ရေဘူးလေး အမြဲဆောင်ထားဖို့ လုံးဝ မမေ့ပါနဲ့။ ချွေးထွက်အရမ်းများတဲ့သူတွေ၊ နေပူထဲ သွားလာလှုပ်ရှားရများတဲ့ သူတွေဆိုရင် ရိုးရိုးရေအပြင် ဓာတ်ဆားရည် (ORS) လေးတွေပါ ဖြည့်စွက် သောက်သုံးပေးဖို့ အကြံပြုပါရစေ။ 🥤

ကဲ ကိုယ့်အရေပြားလေးက ချက်ချင်းပြန်ကျသွားလား၊ အချိန်ယူရလားဆိုတာ ၁၀ စက္ကန့်လောက် အချိန်ပေးပြီး အခုပဲ အတူတူ စမ်းကြည့်ရအောင်နော် 🤗
အားလုံးပဲ ရေဓာတ်ပြည့်ဝပြီး ကျန်းမာရွှင်လန်းစွာနဲ့ ပူလွန်းတဲ့ရာသီကို ဖြတ်သန်းနိုင်ကြပါစေ 💙
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌
🟣 Viber Channel Link >> https://invite.viber.com/...
“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ကျန်းမာရေးဗဟုသုတ #ရေဓာတ်ခမ်းခြောက်ခြင်း #အပူဒဏ်ကာကွယ်ရေးကျန်းမာရေး

🚨 ခါးနာတာလား? ကျောက်ကပ်နာတာလား ခွဲခြားသိစေမဲ့ အချက် (၃) ချက် 🚨ခါးလေးနည်းနည်း နာလာတာနဲ့ "ဟာ... ငါ့ကျောက်ကပ်တွေတော့ ထိနေပြ...
27/05/2026

🚨 ခါးနာတာလား? ကျောက်ကပ်နာတာလား ခွဲခြားသိစေမဲ့ အချက် (၃) ချက် 🚨
ခါးလေးနည်းနည်း နာလာတာနဲ့ "ဟာ... ငါ့ကျောက်ကပ်တွေတော့ ထိနေပြီလားမသိဘူး" ဆိုပြီး စိတ်ပူတတ်ကြလား ❓
တကယ်တော့ ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ နာကျင်မှုက ခံစားရတဲ့ နေရာကိုကြည့်ပြီး အလွယ်တကူ ခွဲခြားလို့ ရပါတယ်။
📍 ဘယ်နေရာက စနာတာလဲ ?
ရိုးရိုးခါးနာတာက ခါးအောက်ပိုင်း၊ ခါးလယ်ခေါင် တည့်တည့် (သို့မဟုတ်) ကျောရိုးတစ်လျှောက်မှာ အဓိက နာတတ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်က ခါးရဲ့ အထက်ပိုင်း (နံရိုးအောက်ခြေ) မှာ ရှိတာမို့လို့၊ ကျောက်ကပ်ကြောင့်ဆိုရင် ခါးလယ်ခေါင်မှာမနာဘဲ ခါးရဲ့ ဘေးဘယ်ညာ (အရိုးအောက်နား) တွေမှာ ပိုပြီး စူးစူးရှရှ အောင့်တတ်ပါတယ်။
⚡ နာကျင်မှုက ဘယ်ကို ဆက်သွားလဲ ?
အာရုံကြောကြောင့် ခါးနာတာဆိုရင် အဲ့ဒီနာကျင်မှုက တင်ပါးကနေတစ်ဆင့် ပေါင်၊ ခြေသလုံးနဲ့ ခြေဖျားတွေအထိ နာကျင်တတ်ပါတယ်။ ကျောက်ကပ်နာတာကတော့ အောက်ကိုမဆင်းဘဲ ရှေ့ဘက်ကို လာတတ်ပါတယ်။ ခါးဘေးဘက်ကနေ ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးခုံနဲ့ ပေါင်ခြံတွေဆီကို ရွေ့ပြီး နာလာတတ်ပါတယ်။
🔄 လှုပ်ရှားကြည့်တဲ့အခါ ဘယ်လိုနေလဲ ?
ခါးနာတဲ့သူတွေက ထိုင်ရာကထတာ၊ ကုန်းလိုက်တာ၊ ပစ္စည်းတစ်ခုခု မ,လိုက်တာမျိုး လုပ်လိုက်ရင် သိသိသာသာကို ပိုနာလာပြီး အနေအထား ပြင်လိုက်ရင် နည်းနည်း သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်နာတာက ဘယ်လိုပဲ ပြောင်းထိုင်ထိုင်၊ ဘယ်လိုပဲ လှဲနေနေ အောင့်နေတဲ့ ဝေဒနာက သက်သာမသွားပါဘူး။ ဒါ့အပြင် ဆီးသွားရင် နာကျင်တာ၊ ဆီးအရောင်ပြောင်းတာ၊ ဖျားတာ၊ ပျို့အန်တာတွေပါ တွဲဖြစ်တတ်ပါတယ်။
ကဲ... ဒီလောက်ဆိုရင်တော့ ကိုယ်ခံစားနေရတာ ရိုးရိုးခါးနာတာလား၊ ကျောက်ကပ်ကြောင့်လား ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ ထင်ပါတယ်နော်။ ✅
⚠️ သတိပြုရန် - နာကျင်မှုက အလွန်အမင်း ပြင်းထန်လာပြီ၊ ဆီးသွားရခက်လာပြီ ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပေးပါရစေရှင့်။
အကယ်၍ ကိုယ့်ပတ်ဝန်းကျင်မှာ ခါးခဏခဏနာတတ်တဲ့ သူတွေရှိနေပြီဆိုရင်တော့ ဒီ Content လေးကို Share လုပ်ရင်း ကိုယ့်ဂရုစိုက်မှုတွေကို ပြသလိုက်ကြရအောင်နော် 💙
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌
🟣 Viber Channel Link >> https://invite.viber.com/...
“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ဟိန်းဆေးဆိုင် #မျှဝေကျန်းမာ #ခါးနာ #ကျောက်ကပ်နာ

နှာခေါင်းပွင့်ဆေး မလိုဘဲ စက္ကန့်ပိုင်းအတွင်း အသက်ရှူဝသွားစေမဲ့ နည်းလမ်း 🤫ရာသီဥတုအကူးအပြောင်းမှာပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖ...
18/05/2026

နှာခေါင်းပွင့်ဆေး မလိုဘဲ စက္ကန့်ပိုင်းအတွင်း အသက်ရှူဝသွားစေမဲ့ နည်းလမ်း 🤫
ရာသီဥတုအကူးအပြောင်းမှာပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖြစ်ဖြစ် နှာခေါင်းပိတ်ပြီး အသက်ရှူရကျပ်တဲ့အခါ အနီးအနားမှာ ဆေးဝါးမရှိရင်တောင် ချက်ချင်းသက်သာစေမဲ့ နည်းလမ်းကောင်းလေးတစ်ခုကို Hein Pharmacy ကနေ မျှဝေပေးချင်ပါတယ်။
📌 ဘယ်လို လုပ်ဆောင်ရမလဲ?
(၁) မိမိရဲ့ လျှာကို အာခေါင်မှာ အားနဲ့ တင်းတင်းကြပ်ကြပ် ဖိကပ်ထားပါ။
(၂) တစ်ချိန်တည်းမှာပဲ မျက်ခုံးနှစ်ခုကြား နှာခေါင်းရိုးထိပ် ကို လက်ညှိုးနဲ့ စက္ကန့် (၂၀) လောက် ဖိထားပေးပါ။
ဒီလို လျှာနဲ့ မျက်ခုံးကြားကို တစ်ပြိုင်နက်တည်း ဖိပေးတာဟာ နှာခေါင်းထဲက Vomer (ဗိုမာ) လို့ခေါ်တဲ့ အရိုးငယ်လေးကို ရှေ့နောက် လှုပ်ရှားသွားစေပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ပိတ်ဆို့နေတဲ့ နှပ်ချွဲတွေကို ချက်ချင်း ပြိုကျသွားစေပြီး နှာခေါင်းပွင့်ဆေးတွေ အသုံးပြုစရာမလိုဘဲ စက္ကန့်ပိုင်းအတွင်း အသက်ရှူချောင်သွားစေတာပဲ ဖြစ်ပါတယ်။ ✨
အရမ်းကို လွယ်ကူရိုးရှင်းပြီး လက်တွေ့အသုံးဝင်တဲ့ နည်းလမ်းလေးဖြစ်လို့ ကိုယ်တိုင်လည်း စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
မိတ်ဆွေတွေထဲမှာ နှာခေါင်းပိတ်လို့ အခက်တွေ့နေသူတွေရှိရင်လည်း ဒီ Post လေးကို Share လုပ်ပြီး ကျန်းမာရေးဗဟုသုတ မျှဝေပေးလိုက်ပါဦးနော်။ 💙
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌
🟣 Viber Channel Link >> https://invite.viber.com/...
“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…
🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁, ၀၉-၅၁၄၅၈၇၂
🚏 ၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂
🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃
🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄
🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅
#ဟိန်းဆေးဆိုင်

ပါးပြင်ပေါ်က လိပ်ပြာပုံသဏ္ဌာန် အနီကွက်တွေနဲ့အတူ အဆစ်အမြစ်တွေပါ ကိုက်ခဲလာပြီလား 🦋😰ဒါက ရိုးရိုး  အသားအရေပြဿနာလို့ပဲ ထင်ထား...
13/05/2026

ပါးပြင်ပေါ်က လိပ်ပြာပုံသဏ္ဌာန် အနီကွက်တွေနဲ့အတူ အဆစ်အမြစ်တွေပါ ကိုက်ခဲလာပြီလား 🦋😰
ဒါက ရိုးရိုး အသားအရေပြဿနာလို့ပဲ ထင်ထားရာကနေ ခန္ဓာကိုယ်တွင်းအင်္ဂါတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်တဲ့ အရေပြားလေးဖက်နာ ရဲ့ အချက်ပြခေါင်းလောင်းသံ ဖြစ်နေနိုင်ပါတယ်။
အချိန်မီ သိရှိကုသနိုင်ဖို့ အောက်ပါ လက္ခဏာလေးတွေကို သတိထားကြည့်ပါ 🔍
🔴 အရေပြား လက္ခဏာများ
🦋 ပါးပြင်နဲ့ နှာခေါင်းပေါ်မှာ လိပ်ပြာပုံသဏ္ဌာန် အနီကွက်များ ထွက်ခြင်း
☀️ နေရောင်ခြည်နဲ့ မတည့်ခြင်း (နေပူထဲထွက်လျှင် အနီစက်ထွက်၊ အဖျားတက်ခြင်း)
⭕ ခန္ဓာကိုယ်၊ လက်မောင်း၊ လည်ပင်းတို့တွင် အဝိုင်းလိုက် အနီကွက် (သို့မဟုတ်) အဖတ်လန်များ ပေါ်ခြင်း
🦴 အဆစ်နှင့် အထွေထွေ လက္ခဏာများ
☀️ မနက်အိပ်ရာထချိန် အဆစ်များ တောင့်တင်းနာကျင်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း
🥱 အနားယူသော်လည်း အလွန်အမင်း နုံးချိနေခြင်း၊ အကြောင်းရင်းမရှိ အဖျားတက်ခြင်း
💇‍♀️ ဆံပင်များ အစုလိုက်အပြုံလိုက် ကျွတ်ခြင်း၊ ပါးစပ်တွင်း အနာခဏခဏပေါက်ခြင်း
🚨 အထူးသတိထားရန် (အတွင်းအင်္ဂါများ ထိခိုက်လာခြင်း)
အရေပြားလေးဖက်နာဟာ ကျောက်ကပ်၊ နှလုံးနဲ့ အဆုတ်တွေကိုပါ ထိခိုက်နိုင်လို့ အောက်ပါလက္ခဏာတွေ တွဲဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ် 👇
❌ ခြေထောက် (သို့) မျက်ခွံများ ဖောရောင်လာခြင်း
❌ အသက်ရှူလျှင် ရင်ဘတ်အောင့်ခြင်း
❌ အေးတဲ့အခါ လက်ချောင်း၊ ခြေချောင်းလေးများ ပြာနှမ်းသွားခြင်း (Raynaud's phenomenon)
ဒီလက္ခဏာလေးတွေထဲက ကိုယ့်မှာ တိုက်ဆိုင်တာတွေ ရှိနေပြီဆိုရင်တော့ ပေါ့ပေါ့ဆဆ မထားဘဲ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနဲ့ အမြန်ဆုံး သွားရောက်တိုင်ပင်ပြသဖို့ တိုက်တွန်းပါရစေ။
ကျန်းမာရေးနဲ့ ပတ်သက်လာရင် အသေးအမွှားလေးကအစ ဂရုတစိုက်ရှိဖို့လိုတာမို့ သင့်ရဲ့ ကျန်းမာရေး လိုအပ်ချက်တိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ ဟိန်းဆေးဆိုင်က အမြဲတမ်း အသင့်ရှိနေပါတယ်နော် 🤩
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌
🟣 Viber Channel Link >> https://invite.viber.com/...
“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ဟိန်းဆေးဆိုင် #မျှဝေကျန်းမာ #အရေပြားလေးဖက်နာ

မေမေ့ရဲ့ အသံနဲ့ နွေးထွေးတဲ့ အထိအတွေ့ကတင် ငယ်ငယ်က ဖျားနာမှုတွေကို ပျောက်ကင်းစေခဲ့ဖူးပါတယ်။ 🕊️ သားသမီးတွေ နေမကောင်းဖြစ်တဲ့...
10/05/2026

မေမေ့ရဲ့ အသံနဲ့ နွေးထွေးတဲ့ အထိအတွေ့ကတင် ငယ်ငယ်က ဖျားနာမှုတွေကို ပျောက်ကင်းစေခဲ့ဖူးပါတယ်။ 🕊️
သားသမီးတွေ နေမကောင်းဖြစ်တဲ့ညတိုင်း မအိပ်မနေ စောင့်ရှောက်ခဲ့တဲ့ မေမေ့ရဲ့ မေတ္တာတွေကို အခုတော့ အကောင်းဆုံး ဆေးဝါးနဲ့ ဂရုစိုက်မှုတွေနဲ့ ပြန်လည်ကျေးဇူးဆပ်ပါရစေ။
မေမေ့ရဲ့ နေ့ရက်တိုင်း ကျန်းမာလန်းဆန်းနေဖို့က ကျွန်တော်တို့ရဲ့ အလိုချင်ဆုံး ဆုလာဘ်ပါပဲ။ ✨🌿
ငယ်ငယ်က နေမကောင်းဖြစ်တိုင်း အနားမှာ ရှိပေးခဲ့တဲ့ မေမေ... ဒီနေ့တော့ မေမေ့အတွက် အကောင်းဆုံးတွေကို ရွေးချယ်ခွင့်ပြုပါ💊🎁
Happy Mother's Day 🌸
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌
🟣 Viber Channel Link >> https://invite.viber.com/...
“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ဟိန်းဆေးဆိုင် MothersDay2026 ’s_Day #ဟိန်းဆေးဆိုင် #အမေများနေ့

တန်ဖိုးရှိတဲ့ အလုပ်သမားတိုင်းကို မေဒေးမှာ ဂုဏ်ပြုလျက် 👷‍♂️✨ကြီးမားတဲ့ အောင်မြင်မှုတိုင်းဟာ သေးငယ်တဲ့ ကြိုးစားအားထုတ်မှုတ...
01/05/2026

တန်ဖိုးရှိတဲ့ အလုပ်သမားတိုင်းကို မေဒေးမှာ ဂုဏ်ပြုလျက် 👷‍♂️✨
ကြီးမားတဲ့ အောင်မြင်မှုတိုင်းဟာ သေးငယ်တဲ့ ကြိုးစားအားထုတ်မှုတွေ စုစည်းရာကနေ စတင်တာပါ။
မိမိတို့ ကျရာကဏ္ဍမှာ ကာယ၊ဉာဏအား‌တွေနဲ့ အကောင်းဆုံး ပေးဆပ်နေကြတဲ့ အလုပ်သမားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ Hein Pharmacy မှ အထူးပင် လေးစားအသိအမှတ်ပြုကာ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
အလုပ်သမားနေ့မှာ ခွန်အားသစ်တွေ တိုးပွားပြီး ရှေ့ဆက်မဲ့ လမ်းခရီးတိုင်းမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 🤝💼
“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅
#အလုပ်သမားနေ့ #မေဒေး #ဂုဏ်ပြုလျက်

30/04/2026

သွေးပေါင်ချိန် တိတိကျကျ သိရဖို့ ဒါတွေသိထားပြီးပြီလား? 🤔

သွေးပေါင်ချိန်တိုင်းတာက လွယ်တယ်လို့ ထင်ရပေမဲ့ အသေးအဖွဲအမှားလေးတွေကြောင့် အဖြေလွဲသွားတတ်တာမျိုး ကြုံဖူးကြမှာပါ။

မှန်ကန်တိကျတဲ့ အဖြေရရှိဖို့အတွက်...
အသေးစိတ်ကိုတော့ ဗီဒီယိုထဲမှာ အဆုံးထိ ကြည့်ရှုနိုင်ပါတယ်ရှင်။ 🏥

#ကျန်းမာရေးဗဟုသုတ #သွေးပေါင်ချိန်တိုင်းနည်း

24/04/2026

နှာခေါင်းသွေးယိုရင် ဒါမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့! ⚠️🛑

နှာခေါင်းသွေးယိုရင် ခေါင်းမော့ထားခြင်းက သွေးကို လည်ချောင်းထဲ စီးဝင်စေပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။

မှန်ကန်တဲ့နည်းလမ်းနဲ့ အန္တရာယ်ကင်းကင်း သွေးတိတ်စေဖို့ Hein Pharmacy က အခုလို လမ်းညွှန်ပေးလိုက်ပါတယ်... ဗီဒီယိုထဲမှာ အဆုံးထိ ကြည့်ပေးပါဦးနော် 🥰

ပိုပြီး သိချင်တာတွေရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်ရှင်။ 👇

#နှာခေါင်းသွေးယိုခြင်း

Address

Mandale

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959791239111

Website

Alerts

Be the first to know and let us send you an email when Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hein Pharmacy:

Share