14/06/2026
ဆီးချိုရောဂါလို့ ဆိုလိုက်တာနဲ့ နာတာရှည်ရောဂါအဖြစ် လူအများကြ အသိအမှတ်ပြုကြသလို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဂရုစိုက်သင့်တဲ့ ရောဂါတစ်ခုဆိုလည်း ဟုတ်တယ်နော်..✅
ဆီးချိုရောဂါသည်တော်တော်များများ ကြောက်ရတဲ့ နွေရာသီကုန်လွန်လို့ မိုးရာသီကိုကျရောက်လာတဲ့အခါမှာလည်း ဆီးချိုရောဂါကို မပေါ့ဆသင့်တာမို့ သတိပြုဖွယ်ရာ အချက်လေးတွေကို “ ကျော်စွာ - ဆေးခန်း “ မှ ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။🥰✨
💁🏻♂️ကိုယ်လက်လှုပ်ရှားမှု ရှိအောင်နေခြင်း
လှုပ်ရှားမှုနည်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်လောင်ကျွမ်းမှုကို ကျဆင်းစေပြီး ဆီးချိုတက်စေနိုင်တာမို့ မိုးရွာလို့ အပြင်မထွက်ဖြစ်ရင်တောင် အိမ်ထဲ လှုပ်လှုပ်ရှားရှားနေသင့်ပါတယ်။
💁🏻♂️ရေဓာတ်ပြည့်ဝအောင်နေခြင်း
ရေဓာတ်နည်းတဲ့အခါမှာ သွေးက ပစ်လာပြီး သွေးချိုပမာဏကို ပိုတက်စေပါတယ်။ နွေရာသီမှာဆိုရင် ပူလို့ ရေခဏခဏသောက်တတ်ပေမယ့် မိုးရာသီမှာဆိုရင်တော့ ရေသောက်ဖို့ကို မေ့နေတတ်တာမို့ သတိလေးထားကာ ရေဓာတ်ပြည့်ဝအောင် နေသင့်ပါတယ်။
💁🏻♂️အစားအသောက် ဆင်ခြင်ခြင်း
မိုးအေးတဲ့အခါမှာ ပူပူနွေးနွေး အစားအသောက်တွေကို ပိုမိုစားသောက်တတ်ကြပေမယ့် ဆီတွေအများကြီးပါဝင်တဲ့ ဆီကြော်အစားအစာတွေ၊ သကြားဓာတ်လွန်ကဲတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကာဗွန်ဟိုက်ဒရိုက် ပါဝင်မှုများတဲ့ အစားအစာတွေကို သတိထား စားသုံးသင့်ပါတယ်။
💁🏻♂️ခြေထောက်ကို ဂရုစိုက်ခြင်း
မိုးရာသီကြောင့် ဖြစ်ပေါ်လာတဲ့ မသန့်ရှင်းတဲ့ရွှံ့အိုင်ကဲ့သို့သော ရေတွေနဲ့ ထိတွေ့မိတဲ့အခါ ခြေချောင်းတွေကြား မှိုစွဲတာ၊ အနာဖြစ်တာတွေကို ကြုံရတတ်ပါတယ်။ ဆီးချိုသမားတွေအနေနဲ့ အနာဖြစ်တဲ့အခါ ပြန်ကျက်နှုန်း နှေးတဲ့အပြင်၊ အနာကတစ်ဆင့် ပိုးဝင်ရင်လည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲလေးတွေလည်း ရှိတတ်တာမို့ မိုးရွာထဲက ပြန်လာတဲ့အခါ ရေသေချာဆေး အခြောက်ခံတာမျိုး ပြုလုပ်သင့်ပါတယ်။
ဆီးချိုရောဂါက နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီဆိုပြီး ခွဲခြားလို့မရဘဲ ရာသီမရွေး ဂရုစိုက်သင့်တဲ့ ရောဂါဖြစ်တာမို့ နေ့စဥ်စားသောက်နေထိုင်မှု ပုံစံတွေက ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြုမှုနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။✅
“ ကျော်စွာ - ဆေးခန်း “ မှာ ဆီးချိုရောဂါ စစ်ဆေးကုသပေးခြင်း ကျန်းမာရေးဝန်ဆောင်မှုအပြင်၊ ဆီးချိုရောဂါ ဝေဒနာသည်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံ ( Healthy Lifestyle ) ရစေဖို့ သေချာလမ်းညွှန် Gudieline ပေးတဲ့ ကျန်းမာရေး ဝန်ဆောင်မှုလေးလည်း ရယူနိုင်ပါတယ်ခင်ဗျ။✨
ဒါကြောင့် ဆီးချိုရောဂါရှိနေလည်း ကျန်းမာစွာ ရှင်သန်နေထိုင်နေဖို့ “ ကျော်စွာ - ဆေးခန်း “ ကို အခုပဲ လှမ်းလာခဲ့လိုက်တော့နော်..🥰✨
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ယုံကြည်အားထားရာ - ကျော်စွာ✨
ဆေးခန်းဖွင့်ရက် - လစဥ် ၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ( တနင်္ဂနွေနေ့ ဆေးခန်းပိတ်ပါသည်။ )
ဆေးခန်းဖွင့်ချိန် -
နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီ အထိ
ညနေ ၄ နာရီမှ ည ၇ နာရီ အထိ
☎️ 09 455 585 554, 09 757 677 531, 09 662 699 966
📌ဆေးခန်းပြဖို့ရာအတွက် ကြိုတင် Booking တင်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09662699966 ကို ဆေးခန်းဖွင့်ချိန်အတွင်း ဆက်သွယ်၍ ဘိုကင်ရယူနိုင်ကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျ။🤗
🏥လိပ်စာ - အမှတ် ( ၄၃ ) ၊ မြို့ရှောင်လမ်း၊ ရှမ်းစုရပ်၊ ဒိုင်းဝန်းကွင်း၊ မော်လမြိုင်မြို့။
#ဆီးချို #မော်လမြိုင်ဆေးခန်း #ဆီးချိုသွေးချို #ဟော်မုန်းချို့တဲ့မှု #ဟော်မုန်းမညီမျှမှု #အရိုးပါးအရိုးပွရောဂါ