K & YNO Company Limited

K & YNO Company Limited One Stop Service Imaging Company

August လ ရဲ့ ပထမဦးဆုံး စာမူရှင်က​တော့ MSMRT အတွင်း​ရေးမှူး ​ဒေါ်ယဥ်ယဥ်သန်း ပဲဖြစ်ပါတယ်ရှင် ဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်း...
01/08/2026

August လ ရဲ့ ပထမဦးဆုံး စာမူရှင်က​တော့ MSMRT အတွင်း​ရေးမှူး ​ဒေါ်ယဥ်ယဥ်သန်း ပဲဖြစ်ပါတယ်ရှင်
ဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဆိုင်ရာ အသိပညာ အတတ်ပညာ အ​တွေ့အကြုံများ ​ဝေမျှ​ပေးလို့ ​ကျေးဇူးပါရှင့်

YNO (01.08.2026)

#ကျွန်မနဲ့ဓါတ်မှန်ပညာသည်ခရီးအစ
ဓါတ်မှန်ပညာသည် လို့သုံးရင် လူတချို့ကကြိုက်မှာမဟုတ်မှန်းကျွန်မသိပါတယ်။အဲ့လိုမသုံးပြန်ရင်လည်းကျွန်မတို့က​ဆေး​လောကရဲ့ဟိုမ​ရောက်ဒီမ​ရောက်ကြား​လောကသား​တွေဖြစ်ခဲ့တာကိုး။
​ရှေး​​ရှေးကာလအစအ​ခြေအ​နေ​တွေကို သက်ဆိုင်ရာSenior ​တွေကို​သေချာ​မေးပြီးမှဘဲထပ်​ရေးပြပါမယ်။ကျွန်မက​တော့ကျွန်မ အ​တွေ့အကြုံကိုအ​ခြေခံပြီး​ရေးပြမှာပါ။
ကျွန်မက၁၉၈၅စက်တင်ဘာမှာ ရန်ကုန်တက္ကသိုလ် (ပင်မ)က​နေ သတ္တ​ဗေဒနဲ့ဘွဲ့ရပါတယ်။
၁၉၈၆ မှာ ​ဆေးဘက်ပညာသည်ဒီပလိုမာ Paramedical​ခေါ်​တော့ ​ပေးမှာက DPMS လက်မှတ်(Diploma of Paramedical Sciences ၂နှစ်သင်တန်းကို သတ္တ​ဗေဒဘွဲ့ရ​ခေါ်​တော့ ဝင်ခွင့်ကို​ရေး​ဖြေ နှုတ်​ဖြေနဲ့ဆိုက်ကိုTest ​ဖြေပြီး​အောင်​တော့တက်ရတယ်​ပေါ့။အစိုးရ​ထောက်ပံ့​​ကြေး ၈၄ ကျပ်လို့ထင်ပါတယ်မမှတ်မိ​တော့ဘူး။ အခုပြင်ပလူနာဌာနနဲ့တွဲရက် ၃ထပ်​ဆောင်ဆိုတာ Paramedical အတွက် ကိုလဲဘိုစီမံကိန်းနဲ့​ဆောက်ခဲ့တဲ့အ​ဆောက်အအုံလို့ဆရာ​တွေ​ပြောတာကြားဖူးခဲ့ပါတယ်။ဓါတ်မှန်ဘာသာရပ်ဆိုတာ မိတ်​ဆွေအစ်မတစ်​ယောက်တက်ခဲ့တာမို့ ကိုယ်လဲ ဓါတ်မှန်ခဲ့တာပါဘဲ။ ပညာ​တွေဝါသနာ​တွေဘာ​တွေမသိပါဘူး၊​ကျောင်းပြီးရင်အလုပ်တန်းရမယ်၊မိဘအတွက်ဝန်မပိ​တော့ဘူး​ပေါ့၊၊ကျွန်မဝါသသနာပါတာက​ကျောင်းဆရာမ။တက္ကသိုလ်မှာQမဝင်​တော့ အ​မေကဆရာမမလုပ်ရဘူးကျန်တာကြိုက်တာလုပ်ဆိုလို့​ရွေးလိုက်တဲ့လမ်း။ကိုယ့်အလှည့်ကျမှ​ခေါ်တာကဘွဲ့ရ။ရရမဲ့ဘွဲ့သတ္တ​ဗေဒတဲ့၊၊ဘဝကုသိုလ်ကံ​တွေကဆန်းကြယ်တယ်ဆိုတာ​နောက်ပိုင်းမှာပိုသိလာရတယ်။လူ​ကောင်ကပိန်ပိန်​သေး​သေး ​ပေါင်ချိန်၉၀​ကျော်​လောက်ရှိမယ်ထင်တာဘဲ၊​ကျောင်းတက်ရတာကရန်ကုန်ပြည်သူ့​ဆေးရုံကြီး ​နေတာကအင်းစိန်မြို့အိမ်က​နေကား၂ဆင့်စီးပြီးမနက်၈နာရီအ​ရောက် ည​နေ၄နာရီပြန်။ဗိုက်ပူ ဘတ်စ်ကားစီးပြီးစံပြမှတ်တိုင်ဆင်း သရက်​တော​ကျောင်းတိုက်​ဘေးပလက်​ဖောင်းက​နေ​ဆေးရုံကြီးထိလမ်း​လျှောက် တက်ရတာ။စာသင်ခန်းက​မြေ​အောက်ထဲမှာ ​ဆေးဝါးဌာနနဲ့ကပ်ရက်။စာသင်ချိန်မရှိရင် ၂ထပ်ကဌာနကိုတက် လက်​တွေ့လုပ်ရမဲ့အခန်းထဲဝင် ရိုက်စရာရှိတာရိုက်နဲ့ ဆရာ​တွေကလည်းအလုပ်တဖက်နဲ့မို့ အားချိန်မှာမှစာသင်နိုင်တယ်။တခု​ကောင်းတာက စာ​တွေ့​ရောလက်​တွေ့​ရော'လူနာ​တွေနဲ့​ရော တပြိုင်နက်ထိ​တွေ့ခွင့်ရခဲ့တာပါဘဲ။အရင်​ခေတ်က cassette လို့​ခေါ်တဲ့ ဖလင်ထဲ့ထားတဲ့သတ္တုပြားထူထူ cassette ​တွေကိုအထပ်လိုက်သယ်ပြီးအ​မှောင်ခန်းထဲပို့ အ​မှောင်ခန်းတာဝန်ကျဝန်ထမ်း​တွေ​ဆေးတဲ့ဖလင်စိုစို​တွေအပြင်ကယူ အ​ခြောက်ခံတာခံ။စိုစိုဖတ်ဖတ်​ပေးစရာရှိတာ​ပေး။ည​နေ​ကျောင်းဆင်းအိမ်ပြန်ရင်​ဆေးရည်နံ့တသင်းသင်း၊ကိုယ်တိုင်အ​မှောင်ခန်းထဲဝင်​ဆေးရတဲ့အခါ​တွေလည်းရှိ​တော့ အဝတ်အစား​တွေဆိုလည်း​ဆေးစွန်းစက်​တွေပရပွနဲ့ပေါ့။ကျွန်မကပိန်​သေး​သေးမို့ ဆရာ​တွေက သတင်းပို့တဲ့​နေ့ကဆို ၄ပိသာ​လောက်​လေးမဲ့cassette အထပ်လိုက်သယ်နိုင်ပါ့မလား​တောင်​မေးခဲ့ရတာ။​ရွေးချယ်ပြီးပြီဆို​တော့လည်း ဆက် လုပ်​ပေါ့။ ပြီးဆုံး​အောင်​တော့​လျှောက်ရမှာဘဲ​လေ။
ကျွန်မတက်တဲ့ 16 batch မှာ​ကျောင်း​တော်သူ​ကျောင်း​တော်သားကဓါတ်မှန်မှာ ၃​ယောက်ကြီးများ​တောင်။
ကို​အောင်​ဇော်မြင့်(ကွယ်လွန်)
မသွင်သွင်စိုး
ကျွန်မ ယဥ်ယဥ်သန်း(စုစု)တို​ပေါ့ရှင် ။ဓါတ်မှန်ဆိုတာ​ရောင်ခြည်သုံးဘာသာရပ်မို့ လူကြိုက်နည်းတာလည်းပါမယ်ထင်ပါတယ်။
​ကျောင်းတက်ပြီး၄လ​လောက်မှာ ကျွန်မခန္ဓာကိုယ်မှာ ဗမာလိုအ​ခေါ်စုန်းကိုက်တယ်​ပေါ့အညိုအမဲ​သွေးယိုကွက်​တွေ​ပေါ်လာပါ​တော့တယ်။
ဆရာ​တွေမျက်စိမျက်နှာပျက်နဲ့ ဓါတ်မှန်ဌာနမှူးဆရာကြီးဦးထွန်းရီက သင်တန်းမှူးဆရာကြီးဦးအုံးလွင်ကိုဒီက​လေးမကို Medicalမှာပြ​ပေးလိုက်ဆိုပြီး​ဆေး​တွေစစ်ရပါ​တော့တယ်။ကိုယ်က​တော့ ဘာမှမသိ။ဆရာ​တွေ​ခေါ်ရာ​နောက်လိုက်ရတာ​ပေါ့။ဒီလိုနဲ့စခဲ့တဲ့ခရီးကပြန်လှည့်ကြည့်​တော့ နှစ်​ပေါင်း ၄၀​တောင်ရှိပါ​ပေါ့လား။.....
အခါအခွင့်သင့်ရင် ​လျှောက်ခဲ့ရလုပ်ခွင်အမှတ်တရ​လေး​တွေ​ရေးပြပါအုံးမယ်။
ယဥ်ယဥ်သန်း
(Radiographer)
၂၁.၇.၂၀၂၆

K & YNO အား​ပေးချစ်ခင်သူ အ​ပေါင်း ကျန်းမာ ချမ်းသာကြပါ​စေရှင် 🙏YNO (01.08.2026)
31/07/2026

K & YNO အား​ပေးချစ်ခင်သူ အ​ပေါင်း ကျန်းမာ ချမ်းသာကြပါ​စေရှင် 🙏

YNO (01.08.2026)

31/07/2026

1st August, 2026 ရက်​နေ့က စပြီး K & YNO Company Limited Page တွင် Medical Imaging Technologists ​တွေ​ရဲ့ Knowledge Sharing ​တွေ အ​တွေ့အကြုံ​တွေ ကို Sharing လုပ်​ပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူများ K & YNO Company Limited Page ​လေးကို Like & Follow လုပ်ထားလို့ရပါပြီရှင် 🥰

YNO
M.Med.Tech (Medical Imaging Technology)
B.P.Sc (Radiography)

31/07/2026

K & YNO Company Limited ကိုချစ်ခင်အား​ပေးကြ​သော Customer အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ​စေရှင် 🙏

YNO (31.07.2026)

‎ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)‎🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ယနေ့ သာသနာတော်နှစ် - (၂၅၇၀)နှစ်၊ မြန်မာသက္ကရာဇ် - (၁၃၈၈)ခုနှစ်၊ ဒုတိယဝါ...
29/07/2026

‎ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)
‎🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ယနေ့ သာသနာတော်နှစ် - (၂၅၇၀)နှစ်၊ မြန်မာသက္ကရာဇ် - (၁၃၈၈)ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (29-7-2026)သည် ဗုဒ္ဓဘာသာဝင်တို့၏ ‎အထွတ်အမြတ်ထားရာ(ဓမ္မစကြာ အခါတော်နေ့ ) ဖြစ်ပါသည်။

ဤနေ့ထူးနေမြတ်မှ စ၍ အရာခပ်သိမ်းသည် ကောင်းခြင်းအတိဖြစ်ပါစေ။ ကမ္ဘာသူကမ္ဘာသားတွေ မြန်မာပြည်သူ ပြည်သားတွေ အေးချမ်းသာယာပြည့်စုံကြွယ်ဝ ကြပါစေကြောင်း K & YNO မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်🙏🏻🙏🏻🙏🏻🙏🏻

‎ "ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


28/07/2026

K & YNO Founder Ms. Yin Nway Oo ဆွေးနွေးပေးသော….

The Evolution Of Medical Imaging Presentation

ကို ဗဟုသုတရစေရန် ရည်ရွယ်၍ မျှဝေပေးလိုက်ပါတယ်ရှင်📣📣

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


ADHDအကြောင်းသိကောင်းစရာ…ADHD (Attention-Deficit/Hyperactivity Disorder) သည် ကလေးငယ်များတွင် အဖြစ်များသော ဦးနှောက်ဖွံ့ဖြိ...
27/07/2026

ADHDအကြောင်းသိကောင်းစရာ…

ADHD (Attention-Deficit/Hyperactivity Disorder) သည် ကလေးငယ်များတွင် အဖြစ်များသော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။

‼️ဉာဏ်ရည်နိမ့်ခြင်း သို့မဟုတ် မိဘအုပ်ထိန်းမှု မကောင်းခြင်းကြောင့် ဖြစ်ခြင်းမဟုတ်ပါ။

ဘယ်လိုလက္ခဏာတွေရှိတာလဲ❓

🧸 အာရုံစူးစိုက်ရန် ခက်ခဲခြင်း

✅ဆရာ/မ ပြောသည်ကို အဆုံးထိ နားမထောင်နိုင်ခြင်း

✅ကစားစရာတစ်ခုကို ကြာကြာ မကစားနိုင်ခြင်း

✅လုပ်ငန်းတစ်ခုမှ တစ်ခုသို့ အလွယ်တကူ ပြောင်းသွားခြင်း

🏃 လှုပ်ရှားမှုများလွန်ကဲခြင်း

✅ထိုင်ခုံတွင် ကြာကြာ မထိုင်နိုင်ခြင်း

✅အမြဲပြေးလွှားနေခြင်း

✅အချိန်တိုင်း လှုပ်ရှားချင်နေခြင်း

⚡ အလျင်စလို ပြုမူခြင်း

✅အလှည့်မစောင့်နိုင်ခြင်း

✅အခြားသူ စကားပြောနေစဉ် ကြားဖြတ်ပြောခြင်း

✅စဉ်းစားမထားဘဲ လုပ်ဆောင်ခြင်း

ADHD ကို ဘယ်အချိန်မှာ သတိထားသင့်သလဲ❓

ကလေးငယ်တိုင်းသည် တစ်ခါတစ်ရံ လှုပ်ရှားတတ်ကြပြီး အာရုံလွဲတတ်ကြတယ်။ သို့သော် ADHD ဖြစ်နိုင်ခြေကို စဉ်းစားသင့်တဲ့ အခြေအနေမှာ—

‼️လက္ခဏာများသည် ၆ လထက်ပို၍ ဆက်လက်ရှိနေခြင်း

‼️အိမ်နှင့် ကျောင်း ကဲ့သို့ နေရာနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပတ်ဝန်းကျင်တွင် တွေ့ရခြင်း

‼️သင်ယူမှု၊ ကစားမှု၊ လူမှုဆက်ဆံရေးများကို ထိခိုက်စေခြင်း

မိဘများနှင့် ဆရာ/ဆရာမများ ဘာလုပ်ပေးနိုင်
သလဲ❓

✅ နေ့စဉ် လုပ်ရိုးလုပ်စဉ် (Routine) ကို ပုံမှန်ထားပါ။
✅ ညွှန်ကြားချက်များကို တိုတိုနှင့် ရှင်းရှင်းပေးပါ။
✅ ကောင်းမွန်သော အပြုအမူများကို ချီးကျူးအားပေးပါ။
✅ လှုပ်ရှားကစားရန် အချိန်ပေးပါ။
✅ ဆရာဝန် သို့မဟုတ် ကလေးစိတ်ကျန်းမာရေး အထူးကုနှင့် တိုင်ပင်အကဲဖြတ်ပါ။

အရေးကြီးသော အချက်

ADHD သည်"ဆိုးသွမ်းသည့်ကလေး" ဖြစ်တာ လုံးဝလုံးဝ မဟုတ်ပါ‼️‼️

စောစီးစွာ သိရှိပြီး သင့်လျော်သော ပံ့ပိုးကူညီမှုများ ရရှိပါက ကလေးများသည် မိမိတို့၏ စွမ်းရည်ကို အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


အာဇာနည်နေ့ - တို့မမေ့ 🇲🇲၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်  ကျရောက်သော (၇၉) ကြိမ်မြောက် “အာဇာနည်နေ့”၌ ကျဆုံးလေပြီးသော ...
19/07/2026

အာဇာနည်နေ့ - တို့မမေ့ 🇲🇲

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် “အာဇာနည်နေ့”၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား K & YNO မိသားစုမှ လေးစားစွာဖြင့် ဂါရဝပြုအပ်ပါသည်။

အာဇာနည်နေ့... တို့မမေ့။

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.



#အာဇာနည်နေ့

17/07/2026

K & YNO ၏ Founder Ms. Yin Nway Oo မျှဝေပေးသော…

"Key Concepts of Patient Safety in Medical Imaging "

ကို Knowledge Sharing အနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်❤️❤️

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


Happy Birthday အကို 🎂 ယနေ့ July လ ( 10 ) ရက်နေ့လေးဟာဆိုရင် မင်မင်တို့ Founder Yin Nway Oo ၏ မောင် Yarza Thibgyan  ရဲ့မွေ...
10/07/2026

Happy Birthday အကို 🎂

ယနေ့ July လ ( 10 ) ရက်နေ့လေးဟာဆိုရင် မင်မင်တို့ Founder Yin Nway Oo ၏ မောင် Yarza Thibgyan ရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်ရှင်😘

Happy Birthday ပါ အကို🥰 ယခုမွေးနေ့ကနေ စပြီး နောင်နှစ်ပေါင်း များစွာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝကိုပိုင်ဆိုင်နိုင်ပါစေရှင်🥰

အကို ဖြစ်ချင်သော ဆန္ဒနှင့် ဘဝလည်းတစ်ထပ်
တည်း ကျပါစေလို့ မင်မင်တို့ Founder နှင့်အတူ K & YNO Teamမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🥰🥰

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.






Address

No. Cc 230, Thazin Street, Block 21, Moegyo
Maymyo

Alerts

Be the first to know and let us send you an email when K & YNO Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to K & YNO Company Limited:

Shortcuts

Share