Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု

  • Home
  • Myanmar
  • Mingaladon
  • Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု, Medical and health, Mingaladon.

"ကျန်းမာရေးက အဓိကမို့ အရေးကြုံလာရင် အချိန်မဆွဲပါနဲ့။" အထွေထွေကျန်းမာရေး စစ်ဆေးတာပဲဖြစ်ဖြစ်၊ ရုတ်တရက် နေမကောင်းဖြစ်တာပဲဖြစ်ဖြစ် Doctor Home Visit ဆရာဝန် အိမ်ပင့်ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ ဖုန်းဆက်လိုက်ပါ။
09965355562/ 09676340570

ဒီနှစ်အတွက် Success story လေးတပုဒ်ပေါ့။ ဖိုးဖိုးကြီးက တစ်ချိန်က တိုင်းပြည်အတွက် တာဝန်တွေကို အမြင့်ဆုံးနေရာကနေ ထမ်းဆောင်ခ...
07/05/2026

ဒီနှစ်အတွက် Success story လေးတပုဒ်ပေါ့။

ဖိုးဖိုးကြီးက တစ်ချိန်က တိုင်းပြည်အတွက် တာဝန်တွေကို အမြင့်ဆုံးနေရာကနေ ထမ်းဆောင်ခဲ့သူပါ။

ဒါပေမဲ့ ရောဂါဝေဒနာရှေ့မှာတော့ ဖိုးဖိုးဟာလည်း အားကိုးရာရှာနေတဲ့ လူကြီးတစ်ယောက်ပါပဲ။

ကင်ဆာဆိုတဲ့ စကားလုံးက မိသားစုကို မိုးကြိုးပစ်လိုက်သလို ဖြစ်စေခဲ့ပေမဲ့ သူတို့တွေ အရှုံးမပေးခဲ့ဘူး။
အကောင်းဆုံးဆိုတဲ့ ပြည်တွင်း ပြည်ပဆေးရုံတွေ၊ ငွေကုန်ကြေးကျအများဆုံး ကုထုံးတွေနဲ့ ဖိုးဖိုးကို ကာကွယ်ခဲ့ကြတယ်။

ဒါပေမဲ့ ရလဒ်ကတော့... ဆေးရုံနံရံတွေကြားမှာ ဖိုးဖိုးကြီး ပိုပြီး နွမ်းနယ်လာခဲ့တယ်။

တစ်နှစ်မှာ လေးခေါက်ထက်မနည်း ပိုးဝင်လို့ ဆေးရုံပြန်တက်ရတိုင်း ဖိုးဖိုးရဲ့ မျက်ဝန်းတွေက ပိုပိုပြီး အရောင်မှိန်လာတယ်။

ဆေးရုံမှာ ဖိုးဖိုးကြီး ရှိနေချိန်၊ အိမ်မှာ ဖွားဖွားကြီးက တစ်ယောက်တည်း ကျန်ခဲ့တာကို တွေးပြီး သူ စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျသွားခဲ့တယ်။

ဖျားလိုက်တာမှ ၁၀၂ ဒီဂရီ အောက်ကို လုံးဝမကျတော့ဘူး။ မိသားစုဝင်တွေအားလုံး "နှုတ်ဆက်ချိန် ရောက်ပြီထင်ပါရဲ့" လို့ တွေးပြီး ရင်ကွဲမတတ် ခံစားနေရတဲ့အချိန်... ဖိုးဖိုးက နောက်ဆုံးတောင်းဆိုချက်အဖြစ် "အိမ်ပြန်ပါရစေ" လို့ အားယူပြီး ပြောခဲ့တယ်။

သမီးဖြစ်သူအတွက်ကတော့ ဒါဟာ သေမင်းနဲ့ စစ်တုရင်ကစားရသလိုပါပဲ။

"အဖေ့ကို ဆေးရုံပြန်မပို့တော့ဘူး" လို့ ကတိပေးထားပေမဲ့ အခြေအနေက ဆိုးဝါးလွန်းတော့ ကတိမတည်နိုင်တော့မှာကို ယူကျုံးမရ ဖြစ်နေရှာတယ်။ ဆေးရုံကလည်း "အတတ်နိုင်ဆုံး လုပ်ပေးပြီးပြီ" လို့ ပြောလာတဲ့အခါ... နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကျမတို့နဲ့ သင်္ကြန်တွင်းမှာ ဆုံဖြစ်ခဲ့ကြတယ်။

ကျမနဲ့ ဖိုးဖိုးကြီးသမီးနဲ့ ဖုန်းထဲစကားတွေအများကြီးပြောပြီး ဖြစ်နိုင်ချေရှိတဲ့ risk တွေကို ဆွေးနွေးခဲ့တယ်။ သကြင်္န်ပိတ်ရက်တွေမှာ နေ့တိုင်းနီးပါး ဖိုးဖိုးကြီးကို သွားရောက်ကုသခဲ့တယ်။

နောက်ဆုံးတော့ ကျမတို့အဖွဲ့နဲ့ အတူတူ အထူးကု သူငယ်ချင်းတွေ အားလုံး ဝိုင်းဝန်း တိုင်ပင်ကြတယ်။

"အဖိုးရဲ့ နောက်ဆုံးအချိန်တွေကို စိတ်ချမ်းသာစေချင်ရင် အိမ်မှာပဲ အသက်လုကြည့်ကြရအောင်" ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။

တကယ်ကို အံ့သြစရာပါပဲ... ချစ်ရတဲ့ ဇနီး၊ သားသမီးတွေနဲ့အတူ အိမ်ရဲ့ နွေးထွေးမှုကို ရလိုက်လို့လား၊ ကျမတို့ သေချာဆုံးဖြတ်ပြီး source of infection ကို သတ္တိရှိရှိ ဖယ်လိုက်လို့လား မသိဘူး၊ ဖိုးဖိုးကြီးရဲ့ အဖျားတွေ ကျသွားခဲ့တယ်။

အသက်ရှူစက်တွေ၊ ပိုက်တွေကြားမှာ မဟုတ်ဘဲ မိသားစုရဲ့ လက်တွေကို ဆုပ်ကိုင်ရင်း ဖိုးဖိုးကြီး ပြန်ပြီး စကားပြောနိုင်လာတယ်။ ကုသပေးခဲ့တဲ့ ဆရာဝန် သုံးယောက်လုံး ဝမ်းသာလွန်းလို့ သက်ပြင်းကို ပြိုင်တူ ချလိုက်မိတဲ့အထိပါပဲ။

အခုဆို ဖွားဖွားကြီးက ဖိုးဖိုးကြီးကို သွားကြည့်ပေးတိုင်း ကျမတို့ ဆရာမလေးတွေကို မျက်ရည်ဝဲပြီး ဆုတောင်းပေးနေတတ်တယ်။

အိမ်သားတွေရဲ့ ပျော်ရွှင်ရယ်မောသံတွေကို ပြန်ကြားရတာဟာ ဘယ်ဆေးထက်မဆို ပိုပြီး စွမ်းပါတယ်။

ဒီဆုံးဖြတ်ချက်က သိပ္ပံနည်းကျ မှန်လား၊ မှားလား ကျမတို့ မတွေးတော့ဘူး။

သိတာတစ်ခုကတော့... "အိမ်" ဆိုတဲ့ မေတ္တာနွေးထွေးမှုကြောင့် လူတစ်ယောက် ထပ်ပြီး ရှင်သန်ခွင့်ရသွားပြန်ပြီ ဆိုတာပါပဲ။ ❤️

#ဆရာဝန် #ဆေးခန်း

07/05/2026

ဆေးကုသတဲ့ ဆရာဝန် ဘဝဆိုတာ သူ့ရဲ့ လူနာတွေဆီမှာပဲ သူ့အချိန် တွေကို နစ်မြုပ် ထားရစမြဲပါ။
Morning 8am to 5pm clinic time
#ဆေးခန်း #ဆရာဝန်

ဒီလောက်ပူတဲ့ ရာသီမှာ... လူနာကို အပြင်ထုတ်ဖို့ ဝန်လေးနေမိလားဟင်?" 👩‍⚕️❤️အပြင်မှာ အပူရှိန်က တဖြည်းဖြည်း ပြင်းလာပြီ။ ကျန်းမ...
29/03/2026

ဒီလောက်ပူတဲ့ ရာသီမှာ... လူနာကို အပြင်ထုတ်ဖို့ ဝန်လေးနေမိလားဟင်?" 👩‍⚕️❤️

အပြင်မှာ အပူရှိန်က တဖြည်းဖြည်း ပြင်းလာပြီ။ ကျန်းမာတဲ့သူတောင် အပြင်ထွက်ရင် မူးနောက်နောက် ဖြစ်ချင်တာ၊ နေမကောင်းတဲ့ ဖေဖေ၊ မေမေတို့ဆိုရင် ပိုဆိုးမှာပေါ့နော်။

အခုတလော ခရီးသွားဖို့ကလည်း မလွယ်ဘူး။ ဆီဈေးတွေကတက်၊ ကားငှားရတာခက်နဲ့... လူနာကို ဆေးခန်းခေါ်သွားဖို့က မိသားစုတွေအတွက် တကယ့်ကို "စိန်ခေါ်မှု" တစ်ခု ဖြစ်နေတာ ကျွန်မ ကိုယ်ချင်းစာပါတယ်။

ဒီလို အခက်အခဲတွေကြားမှာ Doctor Home Visit က လူနာရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အတူထမ်းပိုးပေးချင်ပါတယ်။

✨ "ဆေးခန်းကို မလာပါနဲ့တော့... ဆေးခန်းကပဲ အိမ်ကို လာပါ့မယ်"

ကျွန်မတို့ဟာ ၂၀၁၈ ခုနှစ် Covid မတိုင်ခင်ကတည်းက အိမ်တိုင်ရာရောက် ကုသမှု (Home Visit) ကို အောင်အောင်မြင်မြင် လုပ်ကိုင်လာခဲ့တဲ့ ဆေးခန်းအခြေစိုက် အဖွဲ့အစည်းတစ်ခုပါ။

တခြားနေရာတွေထက် ဘာကြောင့် ပိုပြီး ယုံကြည်စိတ်ချရသလဲဆိုရင်...
📍 နေပူထဲမှာ တန်းစီစရာမလိုဘဲ Ultrasound နဲ့ X-ray ရိုက်လို့ရတယ်
လမ်းခရီး အခက်အခဲကြောင့် ရောဂါရှာဖွေတာ နောက်မကျပါစေနဲ့။ အိမ်မှာတင် ဗိုက်ကြည့်မှန်ပြောင်းကြည့်တာ၊ အဆုတ်နဲ့ အရိုး X-ray ရိုက်တာတွေကို စက်ကြီးတွေအိမ်အထိ သယ်လာပြီး ကျွန်မတို့ Team က ဆောင်ရွက်ပေးပါတယ်။
#
📍 (၈) နှစ်တာ ခိုင်မာတဲ့ အတွေ့အကြုံရှိတဲ့ ဆရာဝန်ကြီးတွေနဲ့ပါ
အခုမှ ထလုပ်တာမဟုတ်ဘဲ ၂၀၁၈ ကတည်းက ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်ဆရာဝန်၊ သူနာပြုနဲ့ အထူးကုအဖွဲ့ဖြစ်လို့ လူနာရဲ့ အခြေအနေကို အမှန်ကန်ဆုံး သုံးသပ်ပေးနိုင်ပါတယ်။

📍 ဆေးရုံကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတယ်
အိမ်မှာ သွေးစစ်တာကအစ၊ အခြေအနေအရ ဆေးရုံတက်ဖို့ လိုလာရင်လည်း ကျွန်မတို့နဲ့ ချိတ်ဆက်ထားတဲ့ နာမည်ကြီးဆေးရုံ၊ ဓာတ်ခွဲခန်းကြီးတွေရှိလို့ အဆင့်ဆင့်ကို လက်တွဲကူညီပေးပါတယ်။
ဒီလို ရာသီဥတုဆိုးရွားပြီး အခက်အခဲတွေများတဲ့အချိန်မှာ မိဘဘိုးဘွားတွေကို နေပူထဲ ခေါ်မထုတ်ပါနဲ့တော့။ ကျွန်မတို့ရဲ့ Clinic-based အဖွဲ့အစည်းက စေတနာအပြည့်နဲ့ အိမ်တိုင်ရာရောက် လာရောက်ပြုစုပေးပါ့မယ်။

“လူနာရှင်တွေရဲ့ စိတ်သက်သာရာရမှုက ကျွန်မတို့ရဲ့ အဓိက ပန်းတိုင်ပါပဲ”

ရန်ကုန်နဲ့ ပဲခူးမှာရှိတဲ့ မိဘဘိုးဘွားတွေနဲ့ လူနာရှင်တို့အတွက် "ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု (Home Visit Service)" အကြောင်း ...
26/03/2026

ရန်ကုန်နဲ့ ပဲခူးမှာရှိတဲ့ မိဘဘိုးဘွားတွေနဲ့ လူနာရှင်တို့အတွက် "ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု (Home Visit Service)" အကြောင်း သိကောင်းစရာလေး မျှဝေပေးချင်ပါတယ်ရှင်။ 🩺✨

ကျန်းမာရေးစောင့်ရှောက်မှုလောကမှာ "ငွေကြေး" ဆိုတာ လူနာနဲ့ ဆေးကုသမှုကြားက အကြီးမားဆုံး အတားအဆီး (Barrier) တစ်ခု ဖြစ်နေတတ်တာကို ဆရာမတို့ ကောင်းကောင်းနားလည်ပါတယ်ရှင်။

အထူးသဖြင့် ရန်ကုန်လို မြို့ကြီးနဲ့ ပဲခူးလို မြို့တွေမှာ နေထိုင်သူတွေအတွက်

"အိမ်ပင့်ပြရင် ဈေးကြီးမလား"၊

"အပိုစရိတ်တွေ အများကြီး ကုန်မလား" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဝေဒနာကို အောင့်အည်းသည်းခံနေကြတာဟာ တကယ်ကို စိတ်မကောင်းစရာပါပဲ။

ဒါကြောင့် Bago Doctor Home Visit အနေနဲ့ ရန်ကုန်ရော ပဲခူးမှာပါ ဝန်ဆောင်မှုစရိတ်တွေကို ပွင့်လင်းမြင်သာစွာ ချပြရခြင်းရဲ့ အကျိုးကျေးဇူး (၃) ချက်ကို တင်ပြပေးချင်ပါတယ်-

💡 ငွေကြေးပမာဏကို အတိအကျသိထားခြင်းရဲ့ အားသာချက်များ

၁။ ဆေးရုံတက်ရမယ့်နှုန်းကို လျှော့ချနိုင်ခြင်း

(Preventing Hospitalization): ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့အတွက် ရောဂါနုစဉ်မှာတင် ဆရာဝန်ကို အိမ်ပင့်ပြသနိုင်ပါတယ်။ ဒါဟာ ရောဂါကျွမ်းမှ ဆေးရုံတက်ရလို့ ကုန်ကျမယ့် သိန်းဆယ်ချီတဲ့ စရိတ်တွေကို ကြိုတင်ကာကွယ်ပေးတာပါ။

၂။ လူနာရှင်၏ စိတ်ဖိစီးမှုကို လျှော့ချခြင်း

(Reducing Financial Anxiety): "ဘယ်လောက်ကုန်မလဲ" ဆိုတဲ့ မရေရာမှုက လူနာရှင်ကို စိတ်ဖိစီးစေပါတယ်။ ကုန်ကျစရိတ်ကို အတိအကျ သိထားရခြင်းက မိသားစုဘတ်ဂျက်ကို ကြိုတင်စီမံနိုင်စေပြီး ကုသမှုအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်စေပါတယ်ရှင်။
၃။ အချိန်နှင့် သယ်ယူစရိတ်ကို တွက်ချက်နိုင်ခြင်း: အိမ်ပင့်ပြသခြင်းဟာ ဆေးရုံသွားဖို့ ကားခ၊ လမ်းစရိတ်နဲ့ လူနာကို သယ်ယူရတဲ့ ပင်ပန်းမှုတွေကို သက်သာစေပါတယ်။ ဒါတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ်ကြည့်ရင် အိမ်ပင့်ဝန်ဆောင်မှုက ပိုပြီး ထိရောက်တွက်ခြေကိုက်တာကို တွေ့ရမှာပါ။

📍 ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော နယ်မြေများ
• ရန်ကုန်: မြို့နယ်အသီးသီးရှိ လူနေအိမ်များ၊ တိုက်ခန်းများနှင့် ကွန်ဒိုများအထိ လာရောက်ကြည့်ရှုပေးပါသည်။

• ပဲခူး: ပဲခူးမြို့ပေါ်နှင့် မြို့နားနီးချင်း ရပ်ကွက်များအားလုံးသို့ အိမ်အရောက် လာရောက်ကုသပေးပါသည်။

ဆရာမတို့ဆီမှာ "ငွေကြေးထက် လူနာရဲ့ သက်သာပျောက်ကင်းမှု" ကိုသာ ပထမဦးစားပေးပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ရန်ကုန်ရော ပဲခူးမှာပါ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ရပါမယ်။ 🏠🩺

ရန်ကုန်နှင့် ပဲခူးမြို့တွင်း အိမ်တိုင်ရာရောက် ဆေးကုသမှုနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်တွေကို အားမနာတမ်း ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်နိုင်ပါတယ်ရှင်။

📞 09965355562 / 09676340570

25/03/2026

🏥 Home Visit ဆရာဝန် အိမ်ပင့်ဝန်ဆောင်မှုနှုန်းထားများ

အထွေထွေရောဂါစစ်ဆေးခြင်း (GP Consultation)
• ၂၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်+ ခရီးစားရိတ်
(အခြေခံဆေးဝါးများပါဝင်ပါသည်)

သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု
• ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်+ ခရီးစားရိတ်
(အခြေခံဆေးဝါးများပါဝင်ပါသည်)

အနာဆေးထည့်ခြင်း / ပတ်တီးလဲခြင်း
• ၁၅,၀၀၀ ကျပ်+ ခရီးစားရိတ် (ဆေးပစ္စည်းဖိုး သီးခြားဖြစ်ပါသည်)

• သွေးပေါင်ချိန် / ဆီးချို စစ်ဆေးပေးခြင်း
• ၅,၀၀၀ ကျပ် + ခရီးစားရိတ်
(အပိုဆောင်းဝန်ဆောင်မှု)

• NG Tube / Foley (ပိုက်) ထည့်ပေးခြင်း
၃၀,၀၀၀ ကျပ်+ ခရီးစားရိတ် (ပစ္စည်းဖိုး သီးခြားဖြစ်ပါသည်)

မှတ်ချက်

မြို့နယ်အကွာအဝေးပေါ်မူတည်ပြီး ခရီးစရိတ် အနည်းငယ် ကွာခြားနိုင်ပါသည်။

လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းဖိုးများကို သီးခြားတွက်ချက်ပေးပါမည်။

🚗 မြို့နယ်အလိုက် ခရီးစရိတ် (Transportation Fees)

• Zone A (၁၂,၀၀၀ ကျပ် မှ စတင်၍):
အင်းစိန်၊ ကြို့ကုန်း၊ ဖော့ကန်၊ အောင်ဆန်း၊ မရမ်းကုန်း၊ လှိုင်။

• Zone B (၁၅,၀၀၀ - ၂၀,၀၀၀ ကျပ်):
ရွှေပြည်သာ၊ လှိုင်သာယာ၊ ကမာရွတ်၊ ဗဟန်း၊ ရန်ကင်း၊ မင်္ဂလာဒုံ။

• Zone C (၂၅,၀၀၀ ကျပ် မှ စတင်၍):
မြို့ထဲပိုင်းဧရိယာများ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ။

(မှတ်ချက် - ညပိုင်းအရေးပေါ်ခေါ်ဆိုမှုများနှင့် ယာဉ်ကြောအခြေအနေပေါ်မူတည်၍ နှုန်းထားအနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။)

"ဆေးခန်းသွားစရာမလို၊ အိမ်မှာတင် စိတ်အေးချမ်းစွာ ကုသမှုခံယူပါ"

📞 ရက်ချိန်းယူရန်-09965355562/09676340570

နေမကောင်းဖြစ်လို့ ဆေးခန်းသွားရမှာ ပျင်းနေပြီလား? ဒါမှမဟုတ် လူကြီးမိဘတွေက အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေလို့ စိုးရိမ်နေရလား...
25/03/2026

နေမကောင်းဖြစ်လို့ ဆေးခန်းသွားရမှာ ပျင်းနေပြီလား?

ဒါမှမဟုတ် လူကြီးမိဘတွေက အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေလို့ စိုးရိမ်နေရလား?

စိတ်မပူပါနဲ့တော့၊ အခုဆိုရင် ဆေးခန်းသွားစရာမလိုဘဲ ဆရာဝန်ကိုယ်တိုင် အိမ်တိုင်ရာရောက် လာရောက်ကြည့်ရှုပေးမယ့် Home Visit ဝန်ဆောင်မှု ရှိနေပါပြီ။

အိမ်မှာပဲ ဆေးကုသမှုခံယူရတာရဲ့ အားသာချက်များ

• အချိန်ကုန်သက်သာခြင်း: ကားပိတ်တာတွေ၊ ဆေးခန်းမှာ တန်းစီစောင့်ဆိုင်းရတာတွေကို စိတ်ညစ်ခံစရာ မလိုတော့ပါဘူး။

• စိတ်အေးချမ်းမှုရှိခြင်း: ကိုယ့်အိမ်မှာပဲ ကိုယ်သိတဲ့ပတ်ဝန်းကျင်မှာ ကုသမှုခံယူရတာကြောင့် လူနာအတွက် ပိုပြီး စိတ်လုံခြုံမှုရှိစေပါတယ်။

• ရောဂါပိုးကူးစက်မှု နည်းပါးခြင်း: လူစည်ကားတဲ့ ဆေးရုံဆေးခန်းတွေသွားဖို့ မလိုတဲ့အတွက် အခြားရောဂါပိုးတွေ ကူးစက်မှာကိုလည်း မပူရတော့ဘူးပေါ့။

• မိသားစုနဲ့ တိုင်ပင်နိုင်ခြင်း: ဆရာဝန်နဲ့ သေချာအချိန်ပေးပြီး ဆွေးနွေးနိုင်သလို၊ မိသားစုဝင်တွေကလည်း လူနာရဲ့အခြေအနေကို အနီးကပ် မေးမြန်းနိုင်ပါတယ်။

"ကျန်းမာရေးက အဓိကမို့ အရေးကြုံလာရင် အချိန်မဆွဲပါနဲ့။"

ကျွန်တော်တို့ဆီမှာ အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေက သင့်အိမ်တံခါးဝအထိ လာရောက်စောင့်ရှောက်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ အထွေထွေကျန်းမာရေး စစ်ဆေးတာပဲဖြစ်ဖြစ်၊ ရုတ်တရက် နေမကောင်းဖြစ်တာပဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာ ဖုန်းဆက်လိုက်ပါ။

လူကြီးမင်းတို့ရဲ့ နေအိမ်မှာ ဆရာဝန်နဲ့ ရက်ချိန်းယူဖို့အတွက် Message Box ကနေဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် အခုပဲ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

09676340570

09965355562

🧡 PEG Stomach Tube ဖြင့် အစာကျွေးနည်းနှင့် ဂရုစိုက်နည်း(အိမ်တွင် ပြုစုစောင့်ရှောက်သူများအတွက် လမ်းညွှန်)PEG Tube (Percut...
05/10/2025

🧡 PEG Stomach Tube ဖြင့် အစာကျွေးနည်းနှင့် ဂရုစိုက်နည်း

(အိမ်တွင် ပြုစုစောင့်ရှောက်သူများအတွက် လမ်းညွှန်)

PEG Tube (Percutaneous Endoscopic Gastrostomy Tube) ဆိုတာ ပါးစပ်နဲ့ အစာမစားနိုင်သူတွေအတွက် ဝမ်းဗိုက်သားကနေတဆင့် အစာအိမ်ထဲကို အာဟာရဓာတ်တွေ တိုက်ရိုက်ရောက်အောင် ပို့ပေးတဲ့ ရေရှည်သုံး အစာကျွေးပြွန်ဖြစ်ပါတယ်။

ဒီပြွန်နဲ့ အစာကျွေးတဲ့အခါ မှန်ကန်လုံခြုံတဲ့နည်းလမ်းကို သိထားဖို့က အရေးကြီးဆုံးပါပဲ။

၁။ အစာမကျွေးမီ ပြင်ဆင်ခြင်းနှင့် လိုက်နာရန် အချက်များ
-လက်ဆေးခြင်း
ပြွန်ကို မထိမီ၊ အစာမကျွေးမီ ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

-လူနာအနေအထား
အစာကျွေးနေချိန်နှင့် ကျွေးပြီး မိနစ် ၃၀ မှ ၆၀ အထိ ခေါင်းကို အနည်းဆုံး ၃၀ ဒီဂရီမှ ၄၅ ဒီဂရီအထိ မြှင့်ထားပါ။ (ထိုင်ခုံပေါ် ထိုင်ခြင်း သို့မဟုတ် ခုတင်စောင်းကို မြှင့်ထားခြင်း)။ ဒါမှ အစာအိမ်ထဲက အစာတွေ ပြန်ဆန်တက်လာပြီး အဆုတ်ထဲ ရောက်တာမျိုးကို ကာကွယ်ပေးနိုင်ပါမယ်။

-ပစ္စည်းစစ်ဆေးခြင်း
အစာအရည် (Formula) ၏ သက်တမ်းကုန်ဆုံးရက် ကို စစ်ဆေးပါ။
ပြွန် တပ်ဆင်ထားသည့် နေရာတွင် နီရဲခြင်း၊ အရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်း ရှိ၊ မရှိ နေ့စဉ် စစ်ဆေးပါ။

-အစာအပူချိန်
အစာအရည်သည် အခန်းအပူချိန် (Room Temperature) ရှိရပါမည်။ ရေခဲသေတ္တာထဲက ထုတ်ထားပါက နွေးလာသည်အထိ စောင့်ပါ။

၂။ အစာကျွေးခြင်း နည်းလမ်းများ (Bolus Feeding)

PEG Tube ဖြင့် အစာကျွေးရာတွင် အများဆုံး အသုံးပြုသော နည်းလမ်းမှာ Bolus Feeding (တစ်ကြိမ်တည်း လောင်းထည့်ခြင်း) နည်းလမ်းဖြစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်

(က) ပြွန်ကို သန့်ရှင်းရေး လုပ်ခြင်း (Flushing)

* အာဟာရအရည် မထည့်မီ ပြွန်ပိတ်ဆို့ခြင်း မရှိစေရန် ရေနွေးနွေး (အခန်းအပူချိန်) ၃၀ ml ခန့် (သို့မဟုတ် ဆရာဝန် ညွှန်ကြားထားသည့် ပမာဏ) ကို ဆေးထိုးပြွန် (Syringe) ဖြင့် ဖြည်းဖြည်းချင်း ထည့်သွင်းပါ။

(ခ) အာဟာရအရည် ထည့်သွင်းခြင်း

* ဆေးထိုးပြွန် (Plunger ဖယ်ထားသော) ကို PEG Tube ၏ အစာထည့်ပေါက် (Feeding Port) တွင် တပ်ဆင်ပါ။

* အစာအရည်ကို ဆေးထိုးပြွန်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။

* ဆေးထိုးပြွန်ကို အစာအိမ်နေရာထက် မြှင့်ထားပါ။ အစာအရည်သည် ဆွဲအား (Gravity) ဖြင့် ဖြည်းဖြည်းချင်း စီးဝင်သွားပါစေ။ မြန်လွန်းပါက လူနာ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်နိုင်သဖြင့် အရမ်းမတွန်းထည့်မိစေရန် သတိပြုပါ။

* တစ်ကြိမ်လျှင် ထည့်ရမည့် ပမာဏကို ဆရာဝန် (သို့မဟုတ် အာဟာရပညာရှင်) ၏ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာပါ။

(ဂ) ပြန်လည်သန့်ရှင်းရေး လုပ်ခြင်း (Post-Feeding Flush)

* အစာကျွေးပြီးပါက ပြွန်ပိတ်ဆို့မှု လုံးဝမဖြစ်စေရန် ရေနွေးနွေး (အခန်းအပူချိန်) ၃၀ ml ခန့် ကို ဆေးထိုးပြွန်ဖြင့် ထပ်မံ၍ ဖြည်းဖြည်းချင်း ထည့်သွင်းပါ။

၃။ ဆေးဝါးများ တိုက်ကျွေးခြင်း

* ဆေးလုံးများကို လုံးဝ (လုံးဝ) ပြွန်ထဲ မထည့်ပါနှင့်။ အမြဲတမ်း အရည်ပုံစံ (Liquid Form) သို့မဟုတ် မှုန့်ကြိတ်ပြီး ရေဖြင့် ဖျော်ကာ (ဆရာဝန် ညွှန်ကြားချက်အတိုင်း) တိုက်ကျွေးရပါမည်။

* ဆေးတစ်ခုစီကို သီးခြားစီ တိုက်ပါ။ ဆေးနှစ်မျိုး သို့မဟုတ် ဆေးနှင့် အစာအရည်တို့ကို ရောမတိုက်ပါနှင့်။

* ဆေးမတိုက်မီနှင့် တိုက်ပြီးနောက် ပြွန်ကို ရေ ၅ ml မှ ၁၀ ml ခန့်ဖြင့် သန့်ရှင်းရေး (Flush) လုပ်ပါ။

⚠️ PEG Tube ဂရုစိုက်ရာတွင် သတိပြုရမည့် အချက်များ

* ပတ်ပတ်လည် သန့်ရှင်းရေး (Site Care): ပြွန်ဝင်ထားသည့် နေရာကို ဆပ်ပြာအပျော့စားနှင့် ရေနွေးနွေးဖြင့် နေ့စဉ် သန့်ရှင်းရေး လုပ်ပါ။ ပိုးဝင်ခြင်း ကာကွယ်ရန် သေချာစွာ ခြောက်သွေ့အောင် သုတ်ပေးပါ။

* ပြွန်ကို လှည့်ပေးခြင်း (Rotation): ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ပြွန်၏ အပြင်ဘက် Fixator ကို ဖြည်၍ ပြွန်ကို နေ့စဉ် ၃၆၀ ဒီဂရီ ခန့် ဖြည်းဖြည်းချင်း လှည့်ပေးပါ။ ဒါမှ ပြွန်ရဲ့ အတွင်းပိုင်း Bumper က အစာအိမ်နံရံမှာ ကပ်ပြီး ပိတ်မိတာကို ကာကွယ်ပေးနိုင်ပါတယ်။

* ပြွန်ပိတ်ဆို့ပါက: ရေနွေးနွေးဖြင့် ဆေးထိုးပြွန်ကို အသုံးပြုပြီး ညင်သာစွာ ဆွဲထုတ်ခြင်း၊ တွန်းသွင်းခြင်းတို့ ပြုလုပ်၍ ရှင်းလင်းပါ။ မရပါက ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။

* ပြွန်ကျွတ်ထွက်ပါက: ချက်ချင်း ဆရာဝန် သို့မဟုတ် ဆေးရုံကို အကြောင်းကြားပါ။ PEG Tube နေရာက အလွန်လျင်မြန်စွာ ပိတ်သွားနိုင်တဲ့အတွက် ပြန်လည်ထည့်သွင်းဖို့ အရေးကြီးပါတယ်။

PEG Tube ဖြင့် အစာကျွေးခြင်းသည် လူနာအား အာဟာရပြည့်ဝစွာ ရရှိစေပြီး သက်ရှည်ကျန်းမာစေရန် အထောက်အကူပြုသည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

#အစာကျွေးနည်း #ကျန်းမာရေးဂရုစိုက်နည်း #သက်ကြီးရွယ်အိုစောင့်ရှောက်မှု #အာဟာရပညာပေး

📢လူကြီးတွေမှာ သွေးလွန်တုတ်ကွေး (Dengue) ဖြစ်တတ်ပါသလား?လူတော်တော်များများက သွေးလွန်တုတ်ကွေးကို ကလေးတွေမှာ အဖြစ်များတဲ့ ရေ...
04/10/2025

📢လူကြီးတွေမှာ သွေးလွန်တုတ်ကွေး (Dengue) ဖြစ်တတ်ပါသလား?

လူတော်တော်များများက သွေးလွန်တုတ်ကွေးကို ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါလို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့...

✅ လူကြီးတွေမှာလည်း သွေးလွန်တုတ်ကွေး အဖြစ်များပါတယ်။
သွေးလွန်တုတ်ကွေးဗိုင်းရပ်စ်ဟာ ခြင်ကိုက်ခြင်း ကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။

၁။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ?

• အသက်အရွယ် အကန့်အသတ်မရှိ: Dengue ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ ခြင် (Aedes aegypti) ပေါများတဲ့နေရာ၊ အပူပိုင်းနဲ့ အပူလျော့ပိုင်း ဒေသတွေမှာ နေထိုင်သူတိုင်း ကူးစက်ခံရနိုင်ပါတယ်။

• လူကြီးတွေမှာ လက္ခဏာ ပိုပြနိုင်: အချို့သော လေ့လာမှုတွေအရ ကလေးငယ်တွေမှာ လက္ခဏာ မပြဘဲ သို့မဟုတ် အပျော့စားပဲဖြစ်တာမျိုး ပိုများပြီး၊ လူကြီးတွေမှာတော့ ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ခြေရှိတယ် လို့ သိရပါတယ်။

၂။ လူကြီးတွေမှာ သွေးလွန်တုတ်ကွေးရဲ့ လက္ခဏာများ
လူကြီးတွေမှာ သွေးလွန်တုတ်ကွေး ဖြစ်ပြီဆိုရင် အောက်ပါ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
• အဖျားကြီးခြင်း (High Fever): ရုတ်တရက် ၄၀°C (၁၀၄°F) အထိ ဖျားခြင်း။
• ခေါင်းကိုက်ခြင်း: အထူးသဖြင့် မျက်လုံးအနောက်ဘက်က နာကျင်ခြင်း။
• ကိုယ်လက် ကိုက်ခဲခြင်း: ကြွက်သား၊ အရိုးနှင့် အဆစ်အမြစ်များ ပြင်းထန်စွာ နာကျင်ခြင်း။
• ပျို့အန်ခြင်း / အော့အန်ခြင်း။
• အကျိတ်များ ရောင်ရမ်းခြင်း၊ အနီစက်များ ထွက်ခြင်း။

၃။ အရေးကြီးတဲ့ သတိပေးလက္ခဏာများ (Severe Dengue)

သွေးလွန်တုတ်ကွေးဟာ အဖျားကျသွားပြီးနောက် (၂၄-၄၈ နာရီအတွင်း) အရေးကြီးတဲ့အဆင့် (Critical Phase) ကို ရောက်နိုင်ပါတယ်။ ဒီအဆင့်မှာ သွေးကြောတွေ ယိုစိမ့်ပြီး အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်သွေးလွန်တုတ်ကွေး (Severe Dengue) ဖြစ်လာနိုင်တာမို့ အောက်ပါလက္ခဏာများတွေ့ရင် ချက်ချင်း ဆေးရုံ/ဆေးခန်းကို သွားပါ။

• 🛑 ပြင်းထန်စွာ ဗိုက်နာခြင်း။
• 🛑 မရပ်မနား အော့အန်ခြင်း။
• 🛑 သွားဖုံး၊ နှာခေါင်းတို့မှ သွေးယိုခြင်း။
• 🛑 သွေးအန်ခြင်း သို့မဟုတ် ဝမ်းထဲမှာ သွေးပါခြင်း။
• 🛑 အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း။
အချုပ်အားဖြင့်

လူကြီးတွေဟာ ကလေးတွေလိုပဲ သွေးလွန်တုတ်ကွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေ ပြင်းထန်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုတ်ကွေး ဖြစ်ပွားနေတဲ့ ရာသီဥတုနဲ့ ဒေသတွေမှာ ခြင်မကိုက်အောင် ကာကွယ်ခြင်း နဲ့ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသခြင်း ဟာ အကောင်းဆုံး ကာကွယ်နည်းပါ။

ကိုယ်တိုင်နဲ့ မိသားစုဝင်အားလုံး ခြင်ရန်မှ ကင်းဝေးပြီး ကျန်းမာကြပါစေ။
#သွေးလွန်တုတ်ကွေး #လူကြီးသွေးလွန်တုတ်ကွေး #ကျန်းမာရေးဂရုစိုက်ပါ

Address

Mingaladon

Telephone

+959965355562

Website

Alerts

Be the first to know and let us send you an email when Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု:

Shortcuts

Share