ဦးရွှေ အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

  • Home
  • Myanmar
  • Mohnyin
  • ဦးရွှေ အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

ဦးရွှေ အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း Service from the heart

09/07/2024

ဦးရွှေဓါတ်မှန်အတွက် ဝန်ထမ်းအကူကျား ၁ဦးအလိုရှိသည်၊ဘွဲ့ ရသို့မဟုတ် ၁၀တန်းအောင်ဖြစ်ရမည်။ဆက်သွယ်ရန် ၀၉၂၂၁၀၅၅၀

မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုတ်ကွေး-------------------------------------------‼️ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ❓🦟🦟...
28/06/2024

မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုတ်ကွေး
-------------------------------------------

‼️ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ❓
🦟🦟 ခြင်ကိုက်ရာကနေတဆင့် ကူးစက်စေနိုင်တဲ့ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (၄) မျိုးထဲက တစ်မျိုးမျိုးကြောင့် ဖြစ်တဲ့ အင်မတန် နာကျင်ကိုက်ခဲခံစားရ ခက်တဲ့ အဖျားရောဂါတစ်မျိုးဖြစ်ပါတယ်။
🦠🦠ရောဂါပိုးအမျိုးအစား - သွေးလွန်တုပ်ကွေးရောဂါပိုးဟာ
dengue virus 1, dengue virus 2, dengue virus 3, dengue virus 4ဆိုပြီး အမျိုးအစား(၄)မျိုးရှိပါတယ်
ထို့ကြောင့် သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ပြီးသော်လည်း နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။ နောက်အကြိမ်ထပ်ဖြစ်ပါက အရင်အကြိမ်ထက် ရောဂါပိုမိုပြင်းထန်နိုင်ပါတယ်
🗓️🗓️မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ မိုးရာသီတွင်မြင့်တက်လေ့ရှိပြီး၊ ဇူလိုင်လခန့်တွင် အမြင့်ဆုံးဖြစ်ပွားလေ့ရှိပါတယ်
‼️ သွေးလွန်တုပ်ကွေးရောဂါ လူတစ်ဦးကနေတစ်ဦး ဘယ်လိုကူးစက်ပါသလဲ❓
🦟 ဒီရောဂါဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ လူကိုကိုက်ပြီး ပိုးသယ်ဆောင်လာတဲ့ အေးဒီးစ်ခြင် (ခြင်ကျား) က ကျန်းမာနေတဲ့လူတစ်ယောက်ကိုထပ်မံကိုက်ပြီး ကူးစက်စေပါတယ်။ လူတစ်ဦးကနေ တစ်ဦးကို တိုက်ရိုက်ကူးစက်စေခြင်းတော့ မရှိပါ။
🤒ကူးစက်ခံရနိုင်သူ - အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်ပွားနိုင်ပါတယ်
-အသက်၁၅နှစ်အောက် ကလေးများတွင် ပိုမိုအဖြစ်များသော်လည်း
-အသက်၁၅နှစ်အထက် လူကြီးများတွင်ဖြစ်ပွားပါက အန္တရာယ်ပိုများတတ်ပါတယ်
🚩ရောဂါလက္ခဏာများ
၁။ အဖျားကြီးခြင်း
၂။ ပျို့အန်ခြင်း
၃။ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
၄။ အရေပြားယားယံ၍ အပိန့်ထွက်ခြင်း
၅။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စမ်းသပ်လျှင် အနီစက်များပေါ်ခြင်း
၆။ ခန္ဓာကိုယ်တွင် အလိုအလျောက် အနီစက်များပေါ်လာခြင်း
၇။ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
၈။ ကော်ဖီနှစ်‌ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
ရံဖန်ရံခါတွင် သွေးလွန်တုပ်ကွေးရောဂါသည် သာမန်အဖျားနှင့်လည်း ဆင်တူရိုးမှားတူနိုင်သဖြင့် အထူးဂရုပြုရန်လိုအပ်ပါတယ်
💊ကုသခြင်း
တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသ၍
-ဆေးဝါးတိုက်ကျွေးခြင်း
-အစာပျော့ပျော့ကျွေးခြင်း
-ရေသဘက်တိုက်ခြင်း
-ရေနှင့်ဓါတ်ဆားတိုက်ကျွေးခြင်း
-ပြင်းထန်လက္ခဏာများကိုစောင့်ကြည့်ခြင်းတို့ဖြင့် ကုသရပါမယ်
သွေးလွန်တုပ်ကွေးရောဂါဟာ ဂရုတစိုက်စောင့်ကြည့်ကုသခြင်းမပြုလုပ်ပါက အခန့်မသင့်လျှင် သွေးလန့်ခြင်း(shock)၊ အသက်ဆုံးရှုံးခြင်းအထိ အန္တရာယ်များတဲ့အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်
🚨ပြင်းထန်ရောဂါလက္ခဏာများ
၁။ ရုတ်တရက်အဖျားကျပြီး ခြေဖျားလက်ဖျားအေးစက်လာခြင်း
၂။ ဂနာမငြိမ်ဖြစ်ခြင်း (သို့) မှိန်းလာခြင်း
၃။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၄။ နှာခေါင်းသွေးများလျှံခြင်း
၅။ ကော်ဖီနှစ်ရောင်များအန်ခြင်း
၆။ ဝမ်းမည်းမည်းများသွားခြင်း
၇။ ဆီးအလွန်နည်းသွားခြင်း
အထက်ပါ ပြင်းထန်လက္ခဏာများရှိပါက အမြန်ဆုံး ဆေးရုံသို့ပို့ဆောင်ကုသရန်လိုအပ်ပါတယ်
🛡️ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်
- ခြင်ကိုက်မခံပါနှင့်၊ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ပါ
- အလင်းရောင်ကောင်းကောင်းရ‌ရန် ပြတင်းတံခါးများကိုဖွင့်ထားပါ
- ကလေး၊ လူကြီးအားလုံး နေ့ခင်းဖြစ်စေ ညဖြစ်စေ အိပ်လျှင် ခြင်ထောင်ထောင်အိပ်ပါ
- ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ပါ
- ခြင်မပေါက်ပွားစေရန် ရေအိုး၊ ရေကန်များကိုဖုံးအုပ်ထားပါ
-‌ ခြင်ဥများကပ်မ‌ကျန်စေရန် ရေစည်၊ ရေကန်များကိုတိုက်ချွတ်ဆေးကြောခြင်း၊ ရေလဲလှယ်ခြင်း၊ ရေစစ်ခြင်းတို့ကိုပြုလုပ်ပါ
-‌ ပန်းအိုးများ၊ ရေအိုးများကို ပုံမှန်ရေလဲလှယ်ပေးပါ
- ရေဝပ်နိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သောစွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပါ
- ခြင်ပေါသောဒေသဖြစ်ပါက ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ခြင်ဆေးဖြန်းခြင်း/မှုတ်ခြင်းတို့ကိုလုပ်ဆောင်ပါ။

Credit to original uploader

မင်္ဂလာပါခင်ဗျာ၊အားလုံးအတွက် ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေလို့ဆုတောင်းရင်း ကျွန်တော်တို့ *ဦးရွှေရောဂါရှာဖွေရေး ဓါတ်ခွ...
01/01/2024

မင်္ဂလာပါခင်ဗျာ၊အားလုံးအတွက် ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေလို့ဆုတောင်းရင်း ကျွန်တော်တို့ *ဦးရွှေရောဂါရှာဖွေရေး ဓါတ်ခွဲခန်း*မှာ နှလုံးအတွက် ECGနှင့် အဆင့်မြင့် Digital system Fujiflim စက်သစ်ကြီးဖြင့် X-ray အမျိုးမျိုးကိုလည်း ခုရိုက်ခုရ လျှင်မြန်စွာဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ🙏🏼

ယခုတလောအဖြစ်များနေသော
13/10/2023

ယခုတလောအဖြစ်များနေသော

20/08/2023
ဒီရက်ပိုင်း အရမ်းပူလာလို့ ဂရုစိုက်ကြပါနော်အပူဒဏ် အန္တရာယ် အတွက် ကြိုတင်ကာကွယ်ရန် နှင့် သတိပြုရမည့်အချက်များ👇👇👇Credit to ...
19/04/2023

ဒီရက်ပိုင်း အရမ်းပူလာလို့ ဂရုစိုက်ကြပါနော်

အပူဒဏ် အန္တရာယ် အတွက် ကြိုတင်ကာကွယ်ရန် နှင့် သတိပြုရမည့်အချက်များ👇👇👇

Credit to MOHS Myanmar

  ဘတ်တီးရီးယားပိုး H pylori ပိုးဟာ အစားအစာ မှ တဆင့် အစာအိမ်ကို ဝင်ရောက်ပြီး အစာအိမ်ထဲ မှာ နေနိုင်တဲ့ ဘတ်တီးရီးယားပိုးဖြစ...
23/09/2022

ဘတ်တီးရီးယားပိုး

H pylori ပိုးဟာ အစားအစာ မှ တဆင့် အစာအိမ်ကို ဝင်ရောက်ပြီး အစာအိမ်ထဲ မှာ နေနိုင်တဲ့ ဘတ်တီးရီးယားပိုးဖြစ်ပါတယ်။

-အစာအိမ်ထဲရောက်ပြီဆိုရင် အစာအိမ်ယောင်ယမ်းခြင်း၊ အစာအိမ်အနာ ဖြစ်ခြင်း ၊ အစာအိမ်ကင်ဆာ အထိ လဲ
ဖြစ်တတ်ပါတယ်။

-ပိုးကြောင့် အစာအိမ် အနာ ဖြစ်ပြီဆိုရင် လက္ခဏာတွေကတော့

၁။ဗိုက်ခဏ ခဏ အောင့်တတ်ခြင်း
၂။အစားအစာ စားပြီး ၃ နာရီ အကြာ နာတတ်ခြင်း
၃။ညဘက် အစားအစာမရှိတဲ့ အချိန် နာတတ်ခြင်း
၄။အစားစားပေးတာနဲ့ အစာအိမ်ဆေးသောက်မှ နာတာ
သက်သာခြင်း
၅။ဗိုက် နာပြီး ပျို့တတ် ၊အန်တတ် ခြင်း
၆။အစာအိမ်အနာ က ပြင်းထန်ရင်တော့ သွေးကြောထိပြီး သွေးအန်တာမျိုး အထိဖြစ်နိုင်ပါတယ်။

🔺H pylori ပိုးမဝင်အောင် ဘယ်လိုကာကွယ်လို့ရမလဲ ။

-အစားအသောက်ကို သန့်ရှင်းအောင် လုပ်ပြီးမှ စားပါ။
မစားခင် လက်သေချာဆေးဖို့လဲ လိုပါတယ်။

🔺ရောဂါပိုးရှိမရှိ ဘယ်လို စစ်လို့ရမလဲ။

-Urea breath test - Carbon ပါတဲ့ ဆေးရည် သောက်ပြီး ပိုးရှိမရှိစစ်တာဖြစ်ပါတယ်။
-Stool antigen test - ဝမ်းထဲ ပိုးပါမပါ စစ်ဆေးတာပါ။
-Blood test (H pylori ab)- ပိုးရှိမရှိ သွေးထဲ သဲလွန်စ ကြည့်ရှာတာပါ။

-Gastroscopy -အစာအိမ် ထဲ မှန်ပြောင်းကြည့်ပြီး ပိုးရှိမရှိစစ်တာပါ။

🔺ကုသနည်းကတော့ သက်ဆိုင်ရာဆရာဝန်မှ ညွှန်းသော
H pylori ပိုး sensitive ဖြစ်တဲ့ ပိုး သတ်ဆေးများနဲ့ အတူ အစာအိမ်ဆေးများသောက်ရပါမယ်။

🔺ဆေးကုပြီး ၁လ အကြာမှာ ပိုးသေမသေ ပြန်ပြီးစစ်ဆေးဖို့လိုအပ်ပါတယ်။

Reference: Mayoclinic
❗️အထက်ဖော်ပြပါလက္ခဏာများတခုခုဖြစ်စေ တခု ထက်ပို၍ဖြစ်စေ ခံစားနေရပါက မိမိအစာအိမ် အတွင်း
H pylori ပိုးရှိမရှိ သိလိုပါက
🔬ဦးရွှေ အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း🔬
မိုးညှင်းမြို့ တွင် 🩸သွေးမှသော်လည်းကောင်း၊🟤ဝမ်းမှသော်လည်းကောင်း ✅H pylori Ab၊✅H pylori Ag တို့ကို လွယ်ကူမြန်ဆန်စွာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါသည် ခင်ဗျာ
☎️09221550 ၊0979281516

Pre-diabetes
21/08/2022

Pre-diabetes

ဆီးချိုလောင်းလျာများ ( Pre-diabetes)
———————————————————

(❌❌❌ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများအား ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။ လွတ်လပ်စွာ ရှဲနိုင်ပါသည်။)

ဖတ်ရန်ကြာချိန် - ၃မိနစ်

ကျနော်တို့က ဆီးချိုရောဂါသမားတွေကိုပဲ သဲကြီးမဲကြီး ကုကြပါတယ်၊ ပညာပေးဆောင်းပါးတွေ ဟောကြပြောကြတယ်။ တကယ့်အရင်းမြစ်ကိုစစ်လိုက်ရင် ဆီးချိုသမားတွေက ဆီးချိုလောင်းလျာဘဝကနေ ကူးပြောင်းလာကြတာပါပဲတဲ့။ ဒီတော့ ကျနော်တို့ ဆရာဝန်တွေတာဝန်က ဆီးချိုလောင်းလျာတွေကို အမိဖမ်းပြီး ဆီးချိုမဖြစ်ရလေအောင် ပညာပေးကြဖို့လည်း လိုပါတယ်။

✍️ဆီးချိုလောင်းလျာဆိုတာဘာလဲ?

ပုံမှန်လူတစ်ယောက်ရဲ့ သွေးတွင်းသကြားဓာတ် ပမာဏထက်လည်းများတယ်၊ သို့သော် ဆီးချိုသမားလိုမျိုးလည်း သကြားဓာတ်များမနေတဲ့ အဆင့်တွေကို Pre-diabetes လို့ သတ်မှတ်ပါတယ်။

Impaired glucose tolerance (IGT) - FPG 7.8 mmol/L

Impaired fasting glucose (IFG) - FPG >6.1mmol/l , 2H-PG 6%, Hypertension, Low HDL, High TG, Family history of DM

ဒီ၄ချက်ထဲက တခုခုနဲ့ ငြိနေရင်တော့ အကျိုးရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ သို့သော် ဆေးသောက်ပြီး ဆီးချိုကို ကာကွယ်တဲ့သူထက်စာရင် lifestyle modification သမားတွေက ပိုပြီး ရလဒ်ကောင်းနေတာကို တွေ့ရပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ “Pre-diabetes state is a preliminary phase for Type2 DM and also a unique window for lifestyle modification”.

Dr. Aung Min Thu
22.2.2022

References
——————

https://jamanetwork.com/journals/jama/fullarticle/2783414

https://emedicine.medscape.com/article/117853-treatment

 #သွေးတိုးရောဂါ (Hypertension) အတွက် ဆောင်ရန်/ရှောင်ရန်များသွေးတိုးရောဂါကို အသံတိတ်လူသတ်သမားဟု မကြာခဏ ခေါ်ဝေါ်လေ့ရှိပါတယ...
07/08/2022

#သွေးတိုးရောဂါ (Hypertension) အတွက် ဆောင်ရန်/ရှောင်ရန်များ

သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားဟု မကြာခဏ ခေါ်ဝေါ်လေ့ရှိပါတယ်။သွေးတိုးရောဂါတွင် အပြင်ပန်းလက္ခဏာများ အမြဲမရှိသောကြောင့်လည်း ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်မှာ သွေးတိုးရောဂါ ရှိနေတယ်ဆိုတာ နှစ်နဲ့ချီပြီး မသိနိုင်ဘူးလို့ ဆိုလိုတာပါ။ သွေးတိုးရောဂါရှိပြီဆိုတာ သိလျှင် သိခြင်း စနစ်တကျ
မကုသပါက နှလုံး၊ အဆုတ်၊ သွေးကြောများ၊ ဦးနှောက်နှင့် ကျောက်ကပ်တို့ကို တိတ်တဆိတ် ပျက်စီးစေနိုင်ပါတယ်။ မြင့်မားသောသွေးပေါင်ချိန် သွေးတိုးရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းတွင် တစ်နှစ်လျှင် သေဆုံးမှု 7.6 သန်းရှိပြီး လေဖြတ်ခြင်း ၅၄ ရာခိုင်နူန်း နှင့် နှလုံးတိုက်ခိုက်ခံရခြင်း ၄၆ ရာခိုင်နူန်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။

#သွေးတိုးရောဂါဖြစ်နိုင်ခြေအကြောင်းရင်းတွေကဘာတွေလဲ။

🟥ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ အမြဲစားသုံးခြင်း

🟥ဆားအလွန်အကျွံစားသုံးခြင်း၊

🟥 ပြည့်ဝဆီနှင့် အမျှင်ဓာတ်များသော အစားအစာများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းခြင်း၊

🟥ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊

🟥ဆေးလိပ်နှင့် အရက်သောက်သုံးခြင်း၊ သို့မဟုတ်

🟥အဝလွန်ခြင်းတို့ ပါဝင်သည်။

သွေးတိုးရောဂါကို ဖော်ထုတ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များနဲ့ သွေးပေါင်ချိန်တိုင်တားရန် ဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းခြင်းသည် မြန်ဆန်ပြီး နာကျင်မှုမရှိပါ။ လူတစ်ဦးချင်းစီသည် အလိုအလျောက် သွေးပေါင်ချိန်တိုင်းကိရိယာများကို အသုံးပြု၍ ၎င်းတို့၏ သွေးပေါင်ချိန်ကို တိုင်းတာနိုင်သော်လည်း ကျန်းမာရေး ပညာရှင်တစ်ဦးမှ ဆက်စပ်အခြေအနေများကို အကဲဖြတ်ရန်အတွက် အရေးကြီးပါသည်။

#သွေးတိုးရောဂါလက္ခဏာများမှာ-

🟪မှုန်ဝါးခြင်း သို့မဟုတ် အမြင်နှစ်ထပ်ဖြစ်ခြင်း။

🟪မောပန်းခြင်း

🟪ပင်ပန်းနွမ်းနယ်ခြင်း။

🟪ခေါင်းကိုက်ခြင်း။

🟪ရင်တုန်ခြင်း။

🟪နှာရည်ယိုခြင်း။

🟪အသက်ရှုကြပ်ခြင်း။

🟪ပျို့ခြင်းနှင့်/သို့မဟုတ် အော့အန်ခြင်း။

#သွေးတိုးရောဂါကိုဘယ်လိုလျှော့ချနိုင်မလဲ။

သွေးတိုးရောဂါကို လျှော့ချခြင်းသည် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းအပြင် အခြားသော ကျန်းမာရေးပြဿနာများကိုပါ ကာကွယ်ပေးပါသည်။

✅ဆားစားသုံးမှု လျှော့ချပါ။

✅အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

✅ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။

✅ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။

✅အရက်သောက်ခြင်းကို လျှော့ချခြင်း။

✅ပြည့်ဝဆီများသော အစားအစာများ စားသုံးမှုကို ကန့်သတ်ခြင်း။

✅အစားအသောက်များတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးရန်

✅သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။

✅သွေးတိုးရောဂါရှိပါက စနစ်တကျ ကုသခြင်း။

✅အခြားကျန်းမာရေးအခြေအနေများကို ထိန်းညှိကုသခြင်းများ လုပ်ဆောင်ပြီး သာယာ ပျော်ရွှင်သော မိသားစုဘဝများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း မေတ္တာများ ပို့သအပ်ပါတယ်ခင်ဗျာ

Ref .whohypertensionguiline.com
Crd:sayarheinzayar

🤔သင့်လည်ပင်း သိသိသာသာ ကြီးမလာဘဲ       လည်ပင်းကြီးရောဂါ ဖြစ်နေနိုင်သလား❓🙏🏼ချစ်ခင်ရတဲ့ မိဘပြည်သူအပေါင်းကို ဒီတစ်ခါမှာတော့ ...
29/07/2022

🤔သင့်လည်ပင်း သိသိသာသာ ကြီးမလာဘဲ
လည်ပင်းကြီးရောဂါ ဖြစ်နေနိုင်သလား❓

🙏🏼ချစ်ခင်ရတဲ့ မိဘပြည်သူအပေါင်းကို ဒီတစ်ခါမှာတော့
ကျန်းမာရေး ဗဟုသုတလေးတစ်ခုအနေနဲ့

🔹သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ ( Hypothyroidism) နဲ့
🔹သိုင်းရွိုက်ဟော်မုန်းများခြင်းရောဂါ (Hyperthyroidism) တွေအကြောင်းကို ဝေမျှပေးချင်ပါတယ်နော်....

✔️သိုင်းရွိုက်ဆိုတာဘာလဲ❓

- သိုင်းရွိုက်ဆိုတာတော့ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခု ဖြစ်ပါတယ်။ သူ့ဆီက​နေ T3, T4ဆိုတဲ့
သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်ပေးပြီး ဇီဝကမ္မ
ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါတယ်။

-မျိူးရိုးလိုက်၍ဖြစ်စေ၊
-ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ၊ လေးဖက်နာ
ရောဂါ စတဲ့ရောဂါအခံရှိ၍ ဖြစ်စေ
-Iodine level မြင့်စေသော ဆေးများသောက်သုံး
နေ၍ ဖြစ်စေ
-အသက်ခြောက်ဆယ်ကျော် လူကြီးများတွင်ဖြစ်စေ
-ယခင်က thyroid နဲ့ပတ်သတ်ပြီး ခွဲစိတ်မှု
လုပ်ဆောင်ထား၍ ဖြစ်စေ
❗️Thyroid နဲ့ပတ်သတ်တဲ့ ရောဂါ ဖြစ်နိုင်ချေ မြင့်မားပါတယ်။

‼️Hypothyroidism နဲ့ Hyperthyroidism

- သိုင်းရွိုက်ကနေထုတ်ပေးတဲ့ ဟော်မုန်းပမာဏ အလိုက် ဖြစ်ပွားတဲ့ရောဂါတွေဟာလည်း မတူကြပါဘူး။
- ဟော်မုန်းပမာဏ နည်းလွန်းနေရင် (Hypothyroidism) ဖြစ်တတ်ပြီး၊ ဟော်မုန်းပမာဏ များလွန်းနေရင်တော့ (Hyperthyroidism) ဖြစ်စေပါတယ်❗
- Thyroid ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါလက္ခဏာများဟာ မတူညီကြပါဘူး။

❓Hypothyroidism ရဲ့ရောဂါလက္ခဏာတွေကတော့

🔹ပင်ပန်းနွမ်းနယ်နေပြီး အအေးမခံနိုင်ဖြစ်နေမယ်
🔹ဝမ်းချုပ်မယ်
🔹အသားအရေနှင့် ဆံပင်များ ခြောက်ပြီး မျက်နှာအမ်းနေမယ်
🔹အသံသြလာမယ်
🔹ရာသီလာတဲ့အခါ ပုံမှန်ထက်များနေမယ်
🔹ကြွက်သားအားနည်းမယ်
🔹ကြွက်သားများ ကိုက်ခဲခြင်း တို့ကိုလည်းဖြစ်စေပါတယ်။

❓Hyperthyroidism ရဲ့ လက္ခဏာတွေကတော့

🔹 လူက စိတ်မြန်လက်မြန်ဖြစ်နေပြီး စိတ်ဆိုးလွယ်နေမယ်
🔹နှလုံးခုန်သံတွေလည်း မြန်နေမယ်
🔹အပူဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိဘဲ ချွေးထွက်လွယ်နေလိမ့်မယ်
🔹ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်လည်း မြန်နေတဲ့အတွက်ကြောင့် အစားစားပြီးတာနဲ့ ချွေးတွေ အများကြီးထွက်လွယ်နေမယ်
🔹အစားတွေလည်း အများကြီးစားနေပေမဲ့ ကိုယ်အလေးချိန်တက်မလာဘဲ ပိန်ချုံးနေတတ်ပါတယ်။
🔹အမျိုးသမီးများ ရာသီစက်ဝန်း မမှန်ခြင်း၊ ရာသီရပ်သွားခြင်းများ ဖြစ်နိုင်ပါတယ်။
🔹ဝမ်းလျှောတာမျိုးလည်း ဖြစ်တတ်ပြီး
🔹ညည အိပ်မပျော်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။

‼️ရောဂါလက္ခဏာတွေကို သတိထားပြီး တော်တော်များများ တိုက်ဆိုင်နေပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ Thyroid ရောဂါတိုင်းဟာ လည်ပင်းမကြီးပါဘူး။ သွေးတွင်းမှာရှိတဲ့ T3, T4 စစ်ဆေးခြင်း၊ Ultrasound ရိုက်ခြင်း၊ ဆရာဝန်စမ်းသပ်ခြင်း မှသာ ရောဂါကိုသေချာ Confirm လုပ်နိုင်မှာဖြစ်ပါတယ်။

✔️မိမိမှာ သိုင်းရွိုက်ရောဂါလက္ခဏာတွေ ခံစား
နေရတယ်လို့ သံသယရှိနေတယ်ဆိုရင်ဖြင့် သွေးစစ်ဆေးလိုပါက 🔬ဦးရွှေ အဆင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း🔬မိုးညှင်းမြို့ တွင် ✔️တိကျ ✔️မှန်ကန်✔️မြန်ဆန်စွာဖြင့် စစ်ဆေး
နိုင်ပြီး သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်လဲ ဆက်သွယ်ပြသနိုင်ရန် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ🙏🏼
☎️09792815016,092210550

🤔ဆီးနှင့်ကျောက်ကပ်ရောဂါ ဘယ်လိုသိနိုင်မလည်း ၊ ဘယ်လိုစစ်ဆေးလို့ရလည်း ❓🤔ကျောက်ကပ်ရောဂါကိုဘယ်သူတွေသတိထားသင့်လဲ❓      ❗️ကိုယ်...
25/06/2022

🤔ဆီးနှင့်ကျောက်ကပ်ရောဂါ ဘယ်လိုသိနိုင်မလည်း ၊ ဘယ်လိုစစ်ဆေးလို့ရလည်း ❓

🤔ကျောက်ကပ်ရောဂါကိုဘယ်သူတွေသတိထားသင့်လဲ❓

❗️ကိုယ့်မှာ သွေးတိုး၊ ဆီးချို ဒါမှမဟုတ်
မိဘဆွေမျိုးတွေထဲမှာ ကျောက်ကပ်ရောဂါရှိဖူးတာ၊
ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူ တွေဟာ
ကျောက်ကပ်ကျန်းမာရေးကို တနှစ်တကြိမ်စစ်ဆေးသင့်ပါတယ်။

❗️ထို့အပြင်

✔️ခြေထောက်နှင့် လက်များ ရောင်ရမ်းတတ်ခြင်း

✔️မျက်စိ မို့အစ်လာခြင်း သို့မဟုတ် မျက်စိတစ်ဝိုက်
ရောင်ရမ်းလာခြင်း

✔️အသက်ရှု မဝခြင်း၊ အသက်ရှု ကြပ်ခြင်း

✔️ပင်ပန်းနွမ်းနယ် လွန်းခြင်း (အလိုလိုနေရင်း ပင်ပန်း
ခြင်း၊ လှေကားထပ် တက်လျှင် သူများထက် ပိုပင်ပန်း
တတ်ခြင်း)

✔️ညပိုင်း မကြာခဏ ဆီးသွားလွန်းခြင်း

✔️ မကြာခဏ ဆီးသွားသော်လည်း ဆီးအနည်းငယ်သာ သွားခြင်း
✔️သွေးတိုးခြင်း

✔️အစားအသောက်ပျက်ခြင်း

✔️အရင်ထက် အရေပြား ပိုမိုခြောက်သွေ့ အက်ကွဲလာခြင်း၊အသားရေ အရောင်ပြောင်းသွားခြင်း...
စသည့် လက္ခဏာများ တခုထက်ပို၍ ခံစားနေရပါက ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးသင့်ပါသည်။

☑️ လူကြီးမင်းတို့ အနေဖြင့် ကျောက်ကပ်နှင့် ပတ်သက်သော စစ်ဆေးမှု များကို ပြုလုပ်လိုပါက
🔬U SHWE - အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း🔬 မိုးညှင်းမြို့ တွင်

👉 Urea
👉Electrolytes
👉Creatinine (eGFR)
👉Creatinine clearance
👉Urine RE
👉Urine microalbumin
👉Urine Ketone
စတဲ့ tests တွေအပြင်အခြားလိုအပ်သောစစ်ဆေးမှုအမျိုးမျိုးကို တိကျသောအဖြေ မှန်ကန်သောစျေးနှုန်းနှင့်အမြန်ဆန်ဆုံးဖြစ်အောင် အလေးထားကာ အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည် ခင်ဗျာ🙏🏼

❤️ Service from the heart ❤️
☎️092210550,09

Tumor Markers🩸Tumor Markers ဆိုတာ ကင်ဆာရောဂါရဲ့ ရှေ့ပြေးအနေနဲ့ ထွက်လာတဲ့ ဓါတ်တမျိုးပါ။ 🩸Tumor markers များကို သွေးတွင်းမ...
22/06/2022

Tumor Markers
🩸Tumor Markers ဆိုတာ ကင်ဆာရောဂါရဲ့ ရှေ့ပြေးအနေနဲ့ ထွက်လာတဲ့ ဓါတ်တမျိုးပါ။

🩸Tumor markers များကို သွေးတွင်းမှတဆင့် စစ်ဆေးနိုင်ပြီး နှစ်စဉ် ပုံမှန်စစ်ဆေးမှု (regular check-up) ပြုလုပ်နေပါက ကင်ဆာရောဂါကို စောစီးစွာ သိရှိနိုင်ပြီး အချိန်မှီကုသနိုင်သော အကျိုးကျေးဇူး ကိုရရှိမည်ဖြစ်ပါသည်။

🩸ထို့အပြင် ကင်ဆာဆေးသွင်း၊ ဓါတ်ရောင်ခြည်ကုသမှုများခံယူပြီးနောက် ပြန်လည်ဖြစ်ပွားမှု ရှိ/မရှိကိုလည်း Tumor markers များပုံမှန်စစ်ဆေးနေခြင်းအားဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။

🎗ကင်ဆာရောဂါဟာ
ကြောက်စရာရောဂါ တစ်ခု မဟုတ်တော့ပါ
✅ကျန်းမာသောလူနေမှုပုံစံဖြင့် နေထိုင်စားသောက်ခြင်း၊ ✅ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း
များဖြင့် ကြိုတင်ကာကွယ်နိုင်ပြီ ဖြစ်ပါသည်။🎗

လူကြီးမင်းတို့ စစ်ဆေးလိုသော Tumour markers tests
သွေးစစ်ဆေးမှုများကို 🔬U SHWE Lab 🔬တွင် ပိတ်ရက်မရှိ ✔️အဖြေတိကျ
✔️ဈေးနှုန်းမှန်ကန် ✔️အချိန်မြန်ဆန်စွာ စစ်ဆေးနိုင်
ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ခင်ဗျာ🙏
☎️092210550

Address

Mohnyin

Telephone

+9592210550

Website

Alerts

Be the first to know and let us send you an email when ဦးရွှေ အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category