15/06/2026
‘အောင်’ ဆေးရုံတွင် ကုသ/ခွဲစိတ်နိုင်သော ရောဂါများနှင့် ဝန်ဆောင်မှုများ
သမားတော်နှင့် အထွေထွေရောဂါများ -
👉သမားတော်ကြီးများ နှင့်ချိတ်ဆက်ပြီး
အထွေထွေရောဂါဝေဒနာရှင်များကို
ရောဂါရှာဖွေစစ်ဆေးပြီးမှလူနာများကိုဂရုတစိုက်
ကုသပေးနေပါသည်။
အရိုးအကြောဆိုင်ရာ ရောဂါများ -
👉အရိုးအကြောရောဂါ ဝေဒနာရှင်များ ကိုလည်း ခေတ်မှီနည်းစနစ်များဖြင့် ထိရောက်စွာ ကုသပေးနေပါသည်။
မွေးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများ -
👉မိခင်နှင့် ရင်သွေးငယ်များအတွက် မွေးလူနာများကို ရိုးရိုးမွေးဖွားပေးခြင်း နှင့် ခွဲမွေးပေးခြင်း ဝန်ဆောင်မှုများကိုပါ နွေးထွေးပျူငှာစွာ စောင့်ရှောက်ပေးနေပြီ ဖြစ်ပါသည်။
ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါများ -
👉ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ အူအတက်၊ အူကျ၊ ရင်သားကင်ဆာ၊ ရင်သားအကျိတ်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးကြိတ်နှင့် ဆီးအိမ်ကျောက်တည်ခြင်း၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်အကျိတ်နှင့် အကျိတ်အဖု အမျိုးမျိုးတို့ကို အထူးကုဆရာဝန်ကြီးများနှင့် အချိန်မရွေး ခွဲစိတ်ကုသပေးနေပါသည်။
‘အောင်’ ဆေးရုံတွင် ထိုးနိုင်သော ကာကွယ်ဆေးများ
၁။ B ပိုးကာကွယ်ဆေး
၂။ ခွေးရူးကာကွယ်ဆေး
၃။ သားအိမ်ခေါင်းကာကွယ်ဆေး
၄။ တုပ်ကွေးကာကွယ်ဆေးများကို အချိန်မရွေး လာရောက်ထိုးနိုင်ပါသည်။