Royal Family Hospital

Royal Family Hospital Healthcare service Healthcare Service

11/05/2026

ကျွန်တော်တို့ Royal Family ဆေးရုံ တွင် …….
CT ကွန်ပြူတာ ဓာတ်မှန်စက်အသစ်ကြီး ဖြင့် ခန္ဓာကိုယ် အသေးစိတ် ကျန်းမာရေး စစ်ဆေးမှုများ …. 24နာရီ ပိတ်ရက်မရှိ လာရောက်စစ်ဆေးနိုင်ပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ ။ ။ 🙏


#တော်ဝင်မိသားစုဆေးရုံ
🏨 မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက် ၊ သိန်းသန်းချီ ကားဝင်း ။
☎️ 09 88 111 5556 / 09 77 5678 555

“ ကဆုန်လပြည့်နေ့ “ အခါသမယမှာ  ကိုယ်စိတ်နစ်ဖြာ ကျန်းမာချမ်းသာပြီး ၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း  ကျွန်တော်တို့  “ ...
30/04/2026

“ ကဆုန်လပြည့်နေ့ “ အခါသမယမှာ ကိုယ်စိတ်နစ်ဖြာ ကျန်းမာချမ်းသာပြီး ၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ကျွန်တော်တို့ “ Royal Family ဆေးရုံ “
မိသားစု မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ ။ ။

17/04/2026
“ မေမေ နှင့် ရင်‌သွေးလေးအတွက်  Ultrasound ၏ အရေးပါမှု “📇 Ultrasound (အယ်လ်ထရာဆောင်း)  ဆိုတာ အသံလှိုင်းကိုအသုံးပြုပြီး ကိ...
13/11/2025

“ မေမေ နှင့် ရင်‌သွေးလေးအတွက် Ultrasound ၏ အရေးပါမှု “

📇 Ultrasound (အယ်လ်ထရာဆောင်း) ဆိုတာ အသံလှိုင်းကိုအသုံးပြုပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ မိခင်ရဲ့၀မ်းတွင်းသန္ဓေထဲက ကလေးအခြေအနေကို စစ်ဆေးခြင်းဖြစ်ပါတယ် ။
မိခင်နှင့်ကလေး အတွက် အန္တရာယ် နဲ့ ကျန်းမာရေးအခြေအနေများကို သိနိုင်ဖို့ မွေးဖွားမှုမတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် Ultrasound က အရေးကြီးဆုံး စစ်ဆေးမှုတစ်ခု လည်းဖြစ်ပါတယ် ။

👶 Ultrasound ကို ဘယ်အချိန်တွေမှာ လုပ်သင့်သလဲ?

1. ပထမအကြိမ် (ကိုယ်၀န် 8 ပတ် မှ 12 ပတ်အတွင်း)

⁃ ကိုယ်ဝန်ရှိကြောင်း အတည်ပြုခြင်း ၊
⁃ ကလေး၏နှလုံးခုန်သံ ကြားနိုင်ခြင်း ၊
⁃ ကလေးတစ်ဦးတည်းလား (သို့) အမြွှာလား စစ်ဆေးနိုင်ခြင်း ၊
⁃ ပထမ 3 လမှာ Ultrasound ရိုက်ခြင်းဖြင့် မွေးဖွားသည့်ရက်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ် ။

2. ဒုတိယအကြိမ် (ကိုယ်၀န် 18 ပတ်မှ 20 ပတ်အတွင်း)

⁃ ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု စစ်ဆေးခြင်း ၊
⁃ အချင်း၏ တည်နေရာ နှင့် ရေမြွှာရေ အနည်းအများ စစ်ဆေးခြင်း ၊
⁃ ကလေးကိုလည်း ယောကျာ်းလေးလား ၊ မိန်းကလေးလား ခွဲခြားနိုင်ခြင်း ။

3. တတိယအကြိမ် (32 မှ 36 ပတ်အတွင်း)

⁃ ကလေး၏ ကြီးထွားမှု နှင့် အနေအထားကိုစစ်ဆေးခြင်း ၊
⁃ အချင်း နှင့် ရေမြွှာရေ ပမာဏကို စစ်ဆေးခြင်း ၊
⁃ သင့်လျော်သောမွေးဖွားနည်း‌ ရွေးချယ်ရန်အတွက် အချက်အလက်များ ရရှိနိုင်ခြင်း ။

4. 4 D Ultrasound (26 ပတ်မှ 32 ပတ်အတွင်း) ***

⁃ ကလေးရဲ့ လှုပ်ရှားမှုအသေးစိတ်ကို ကြည့်လို့ရတဲ့အတွက် ကြီးထွားဖွံ့ဖြိုးမှုကို စစ်ဆေးနိုင်ခြင်း ၊
⁃ ကလေးလေးရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်လက်အင်္ဂါ အသေးစိတ်ကို ရှင်းလင်းစွာ မြင်ရနိုင်ခြင်း ၊
⁃ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ နှင့် မွေးရာပါနှလုံးရောဂါ စသည်တို့ကို စစ်ဆေးနိုင်ခြင်း ။

🌷 Ultrasound အကြောင်း မှားယွင်းသည့် ယုံကြည်ချက်တွေလည်း ရှိပါတယ်

❌ “ Ultrasound များများလုပ်ရင် ကလေးအန္တရာယ်ရှိတယ် ”
အမှန် _ Ultrasound သည် radiation ဓာတ်ရောင်ခြည်မပါသော အသံလှိုင်းကိုပဲ အသုံးပြုတာဖြစ်လို့ ဓာတ်ရောင်ခြည်အန္တရာယ် မရှိပါဘူး ။

❌ “Ultrasound ကိုတစ်ကြိမ်ပဲ လုပ်ရင်လုံလောက်တယ်”
အမှန်_ ကိုယ်၀န်ဆောင်ချိန်မှာ ultrasound ကိုအနည်းဆုံး နှစ်ကြိမ် မှ သုံးကြိမ် စစ်‌ဆေးပေးခြင်းက မိခင်နှင့်ကလေးအတွက် ပိုမိုအကျိုးရှိ‌စေပါတယ် ။

ဒါ့အပြင် Ultrasound ကို လိုအပ်တဲ့အချိန်မှာစစ်ဆေးခြင်းက ‌မိခင်နဲ့ရင်‌သွေးလေးအတွက် ဘေးကင်းစိတ်ချရတဲ့မွေးဖွားမှုရရှိအောင် များစွာအထောက်အကူ ဖြစ်စေပါတယ် ။

✔ ကျွန်တော်တို့ Royal Family ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ခေတ်မှီ Ultrasound နဲ့ 4D Ultrasound ပါစစ်ဆေးကြည့်ရှုနိုင်လို့ရပါတယ် ။

“ နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family ပါ “

Phone ☎️ : 09 77 5678 555 , 09 88 111 555 6
Address 🏩 : မူဆယ်မြို့ ၊ ဟိုမွန် ရပ်ကွက် ၊ သိန်းသန်းချီ ကားကြီးဝင်း အထွက်လမ်း ။

Hello  November !    ကျွန်တော်တို့  " တော်ဝင် မိသားစု ဆေးရုံ "  မှ    ကောင်းချီး မင်္ဂလာ အဖြာဖြာ ပြည့်စုံသော နေ့သစ် ၊ လသ...
01/11/2025

Hello November !
ကျွန်တော်တို့ " တော်ဝင် မိသားစု ဆေးရုံ " မှ ကောင်းချီး မင်္ဂလာ အဖြာဖြာ ပြည့်စုံသော နေ့သစ် ၊ လသစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ ။ ။

Address

Family , Muse Highway Bus Station
Mu-Se

Telephone

+959775678555

Website

Alerts

Be the first to know and let us send you an email when Royal Family Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Family Hospital:

Shortcuts

Share

Category