Innovative Diagnostics

Innovative Diagnostics We are offering reliable and accurate Diagnostic services to our customers with Innovative technology

ကျွန်တော်တို့ Innovative Diagnostics တွင် Medical Technologists များအား Refresher Training on Handling of Automated Slid...
25/05/2026

ကျွန်တော်တို့ Innovative Diagnostics တွင် Medical Technologists များအား
Refresher Training on Handling of Automated Slide Labeler, Cassettes Labeler and Paraffin Trimmer ခေါင်းစဉ်ဖြင့်
Dew Medical & Diagnostics (DMD) Co,.ltd မှ လာရောက်ပို့ချသော Training ပုံရိပ်လေးများအား
တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821

ကျွန်တော်တို့ Innovative Diagnostics တွင် Medical Technologists များအား Refresher Training on Handling of Histopathology...
22/05/2026

ကျွန်တော်တို့ Innovative Diagnostics တွင် Medical Technologists များအား
Refresher Training on Handling of Histopathology Analyzers ခေါင်းစဉ်ဖြင့်
Concordia International Co,.ltd မှ လာရောက်ပို့ချသော Training ပုံရိပ်လေးများအား
တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon

မေလ (၁၉) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အူလမ်းကြောင်းရောင်ရမ်းမှုရောဂါ (Inflammatory Bowel Disease - IBD) ခံစားနေရသူတွေ...
18/05/2026

မေလ (၁၉) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အူလမ်းကြောင်းရောင်ရမ်းမှုရောဂါ (Inflammatory Bowel Disease - IBD) ခံစားနေရသူတွေကို စာနာမှုပေးဖို့နဲ့ ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်လာစေဖို့ ရည်ရွယ်ထားတဲ့ "World IBD Day (ကမ္ဘာ့အူလမ်းကြောင်း ရောင်ရမ်းမှုဆိုင်ရာ ရောဂါနေ့)" ဖြစ်ပါတယ်။

IBD ဆိုတာ ရေရှည်ကုသမှုခံယူရလေ့ရှိတဲ့ အူလမ်းကြောင်းတစ်လျှောက်ရောင်ရမ်းမှုဖြစ်စေတဲ့ရောဂါတစ်ခုဖြစ်ပြီး Crohn’s Disease နဲ့ Ulcerative Colitis ဆိုပြီး အဓိက (၂) မျိုး ရှိပါတယ် ခင်ဗျာ

IBDရဲ့ရောဂါလက္ခဏာတွေကတော့

ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း (Cramping)

မောပန်းနွမ်းနယ်ခြင်း (Fatigue)

အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း (Weight Loss)

မကြာခဏ ဝမ်းလျှောခြင်း သို့မဟုတ် သွေးပါခြင်း စသည်တို့ဖြစ်နိုင်ပါသည်။

ကျွန်တော်တို့ Innovative Diagnostics တွင် IBD နှင့်ပတ်သတ်ပြီး စစ်ဆေးမှုများမှာဖြစ်သော
သွေးမှတဆင့်စစ်ဆေးခြင်း (Blood tests)
ဝမ်းမှတဆင့်စစ်ဆေးခြင်း (Stool examinations)
အသားစမှတဆင့်စစ်ဆေးခြင်း (Biopsy test)
ဓါတုဆေးဆိုးစစ်ဆေးခြင်း (IHC test) အစရှိသော စစ်ဆေးမှုများကို
နိုင်ငံတကာအဆင့့််မီ နည်းပညာများ၊ အရည်အသွေးပြည့်ဝသောဓာတ်ခွဲကျွမ်းကျင်ပညာရှင်များမှ အကောင်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိနေပါကြောင်း သတင်းကောင်းပါးလျက် IBD ကို အများပြည်သူများသိရှိစေရန် ကျန်းမာရေးအသိပညာပေးတင်ပြအပ်ပါသည်ခင်ဗျာ။








‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821

နှစ်စဉ် မေလ အား Skin Cancer Awareness Month အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးတွင်ကျင်းပလေ့ရှိကြပါသည်။ အရေပြားကင်ဆာအား အချိန်မီ စစ်...
17/05/2026

နှစ်စဉ် မေလ အား Skin Cancer Awareness Month အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးတွင်ကျင်းပလေ့ရှိကြပါသည်။ အရေပြားကင်ဆာအား အချိန်မီ စစ်ဆေးကုသနိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ကြပါသည်။
အရေပြားကင်ဆာသည် အဖြစ်အများဆုံးကင်ဆာများထဲမှတစ်ခုဖြစ်ပါသည်။

အရေပြားကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ

(UV Rays) နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ခြင်း။

နေလောင်ဒဏ် ခဏခဏ ခံရခြင်း။

မိသားစုမျိုးရိုးထဲတွင် အရေပြားကင်ဆာရှိခြင်း။

ကိုယ်ခံအားစနစ် အားနည်းခြင်း။

အရေပြားကင်ဆာကြိုတင်ကာကွယ်နိုင်ရန်အတွက်

Sunscreen အမြဲလိမ်းပါ။
နေပူထဲထွက်ရင် ထီး၊ ဦးထုပ်၊ လက်ရှည် အင်္ကျီနဲ့ နေကာမျက်မှန်များ ဝတ်ဆင်ပါ။

Melanoma ဖြစ်ပွားမှုအားအချိန်မီစစ်ဆေးသိရှိကုသနိုင်ရန်အတွက်
အရွယ်အစား/ အရောင် လျင်မြန်စွာအပြောင်းအလဲ ဖြစ်တတ်သောမှဲ့များမှ အသားစယူစစ်ဆေးခြင်း (Biopsy)၊ ရရှိလာသောအသားစများအားဓါတုဆေးဆိုးစစ်ဆေးခြင်း (Immunohistochemical IHC stains) နှင့် ဆဲလ်မျိုးရိုးဗီဇပြောင်းလဲမှုကိုစစ်ဆေးခြင်း Gene mutation (BRAF) အစရှိသည်တို ့ကိုအချိန်မီစစ်ဆေးပြီး မလိုလားအပ်သော အခြားသောအဂ်ါအစိတ်အပိုင်းများသိူ ကင်ဆာပျံ့ပွားမှုများမရောက်စေရန်
ထိန်းချုပ်သင ့်ပါသည်။
BRAF မျိုးရိုးဗီဇသည် Melanoma ( ခေ ါ် ) အရေပြားကင်ဆာတွင် များသောအားဖြင့် ပြောင်းလဲလေ့ရှိပြီး V600E gene mutation သည် အဖြစ်အများဆုံးဖြစ်ပါသည်။
Targeted therapy ( ခေါ် ) ပစ်မှတ်ထားကုထုံးများဖြစ်သော BRAF inhibitors များကိုထိရောက်စွာအသုံးပြုခြင်းဖြင့် V600E ဗီဇပြောင်းလဲမှုနှင့်အတူ melanomas များကို ထိရောက်စွာ ကုသနှိမ်နင်းနိုင်ပါသည်။
ပြောင်းလဲတိုးတက်လာသောဆေးပညာများအရ BRAF mutation testing များကိုနိုင်ငံတကာတွင်စစ်ဆေးလာပြီး ကုသမှုရွေးချယ်လာကြပြီဖြစ်ပါသည်။
ကျွန်တော်တို ့ Innovative diagnostics တွင်လည်း နိုင်ငံတကာအဆင့်မီနည်းပညာသုံးစက်ကိရိယာများ ကျွမ်းကျင်ပညာရှင်များနှင့်အတူ Melanoma (ခေါ်) Skin cancer အားအချိန်မီစစ်ဆေးကုသနိုင်ရာတွင်အသုံးပြုသော ဓါတ်ခွဲစစ်ဆေးမှုများဖြစ်သည့်
အသားစစစ်ဆေးခြင်း၊ အသားစအားဓါတုဆေးဆိုးစစ်ဆေးခြင်း နှင့် BRAF gene mutation (ဗီဇပြောင်းလဲမှုစစ်ဆေးခြင်း) များအား 24နာရီပိတ်ရက်မရှိအကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်း သတင်းကောင်းပါးလျက် အရေပြားကင်ဆာအား အချိန်မီစစ်ဆေးကုသနိုင်ရန်ကျန်းမာရေးအသိပညာပေးအပ်ပါသည်ခင်ဗျာ။







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

‎May လရဲ့ Quiz လေးမှာ ပါဝင်ဆင်နွှဲပြီး အဖြေမှန်ကန်အောင်ဖြေဆိုသွားကြတဲ့ Lucky Winners လေးများကိုကြေညာပေးလိုက်ရပါတယ်ခင်ဗျာ...
14/05/2026

‎May လရဲ့ Quiz လေးမှာ ပါဝင်ဆင်နွှဲပြီး အဖြေမှန်ကန်အောင်ဖြေဆိုသွားကြတဲ့ Lucky Winners လေးများကိုကြေညာပေးလိုက်ရပါတယ်ခင်ဗျာ။
‎အဖြေမှန်လေးကတော့ 3-9-4 ဖြစ်ပါတယ်ခင်ဗျာ။
‎ပါဝင်ဖြေဆိုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို Innovative Diagnostics မှ
‎ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 🥰🥰









‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Innovative Diagnostics  ၏ Staff Competency Training အနေဖြင့်  Daw Pan Thin Kyaing (Quality Improvement Manager-Documenta...
13/05/2026

Innovative Diagnostics ၏ Staff Competency Training အနေဖြင့် Daw Pan Thin Kyaing (Quality Improvement Manager-Documentation) မှ
International Statistical Classification
of Diseases and Related Health Problems,
Tenth Revision Training ခေါင်းစဉ်ဖြင့် ပြု လုပ်ခဲ့သော ပုံရိပ်လေးများကို တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။🙏🩵✨








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

ဒီတစ်ခါမှာတော့ First Aid Box လေးကိုဖွင့်ဖို့ Password နံပါတ်လေး(၃)လုံး 🔓ကို ရှာကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။ အဖြေမှန်သူများထဲမ...
11/05/2026

ဒီတစ်ခါမှာတော့ First Aid Box လေးကိုဖွင့်ဖို့ Password နံပါတ်လေး(၃)လုံး 🔓ကို ရှာကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။ အဖြေမှန်သူများထဲမှ ကံထူးရှင်(၃)ဦးအားရွေးချယ်ပြီး မေလ (၁၄)ရက်နေ့တွင် ကြေငြာပြီး အမှတ်တရလက်ဆောင်လေးများလည်း
ချီးမြှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ ။ ကဲ..အားလုံးပဲ ပါဝင်ပြီးဖြေဆိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🥰








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

11/05/2026

‎မေလ(10)နေ့တွင် ကျရောက်ခဲ့သော Happy Mother's Day၌
‎ Innovative Diagnostics မှာ တာဝန်ထမ်းဆောင်နေကြတဲ့ Staffs များအား
‎မိခင်တို့နှင့်တူတူ ခိုင်မာတဲ့နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာများ ရရှိစေရန် ရည်ရွယ်၍
‎ဂုဏ်ပြုတင်ဆက်တဲ့ အစီအစဉ်လေးဖြစ်ပါတယ်။
‎ကျွန်တော်တို့ကို လောကကြီးမှာရပ်တည်နိုင်အောင် မွေး‌ဖွားပေးခဲ့ကြတဲ့ သူရဲကောင်းမေမေများအား လေးစားစွာ ဂုဏ်ပြုတင်ဆက်ရိုက်ကူးခဲ့ကြတဲ့အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။







.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Send a message to learn more

နှစ်စဉ်မေလ (၁၀)ရက်နေ့သည် ကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် နာတာရှည်ရောဂါအကြောင်းကို ကမ္ဘာတစ်ဝှမ်း...
10/05/2026

နှစ်စဉ်မေလ (၁၀)ရက်နေ့သည်
ကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် နာတာရှည်ရောဂါအကြောင်းကို ကမ္ဘာတစ်ဝှမ်းလုံးတွင် အသိပညာပေးရန်နှင့် သတိပြုမိစေရန်အတွက်ကျင်းပသော World Lupus Day ဖြစ်ပါသည်။

Lupus ဟာ ခုခံအားစနစ် ဖောက်ပြန်တဲ့ရောဂါ (Autoimmune Disease) တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပြင်ပက ရောဂါပိုးမွှားတွေကို မတိုက်ခိုက်ဘဲ မိမိရဲ့ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။

Lupus ရောဂါ၏အဖြစ်များသော လက္ခဏာများမှာနာကျင်ကိုက်ခဲခြင်း၊အဆစ်ရောင်ခြင်း၊ကြွက်သားများနာကျင်ခြင်း၊မောပန်းနွမ်းနယ်ခြင်း၊အရေပြားများနီရဲခြင်း၊အသက်ပြင်းပြင်းရှူလျှင် ရင်ဘတ် အောင့်ခြင်း၊ခြေထောက်နှင့် မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်း၊ ပါးစပ်တွင် အနာများ ပေါက်ခြင်း ၊ ဂလင်းများရောင်ခြင်း၊ဆံပင်ကျွတ်ခြင်း၊ အေးလျှင် သို့မဟုတ် စိတ်ဖိစီးမှုများလျှင် ခြေချောင်း၊လက်ချောင်းများ ဖြူဖျော့ခြင်း၊ခရမ်းရောင်ဖြစ်ခြင်း၊နေရောင်ထိတွေ့လျှင် ရောဂါပိုဆိုးခြင်း စသည်တို့ဖြစ်စေပါသည်။

🦋ကျွန်တော်တို့ Innovative Diagnostics မှလည်း Lupus ရောဂါနှင့်ပတ်သက်၍ အောက်ဖော်ပြပါ Laboratory testများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
(1) ENA Test(23 Parameters)
(2) ANA Titre Test
(3) ANF Test
(4) LE Cells Microscopic Detection Method တို့ကို ကျွမ်းကျင်သည့်ဆရာဝန်ကြီးများနှင့် ကနဦးပြသမှုအပြီးတွင် လာရောက်စစ်ဆေးနိုင်ပါတယ်။Laboratory test များကို ၂၄ နာရီ ပိတ်ရက်မရှိ ၀န်ဆောင်မှု ပေးလျက်ရှိပါကြောင်းသတင်းကောင်းပါးရင်း

"Make Lupus Visible" (လူးပတ်စ်ရောဂါကို လူမြင်သာအောင် လုပ်ဆောင်ကြပါ)ဆိုတဲ့ Theme အတိုင်း အမြန်ဆုံး အချိန်မီစစ်ဆေးကုသနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🗓နှစ်စဉ်နှစ်တိုင်းရဲ့ မေလကို ovarian cancer awareness month (သားဥအိမ်ကင်ဆာအသိပညာပေးကာလ)အဖြစ်သတ်မှတ်ကာကျန်းမာရေးအသိပညာပေး...
08/05/2026

🗓နှစ်စဉ်နှစ်တိုင်းရဲ့ မေလကို ovarian cancer awareness month (သားဥအိမ်ကင်ဆာအသိပညာပေးကာလ)
အဖြစ်သတ်မှတ်ကာကျန်းမာရေးအသိပညာပေး​ဆောင်ရွက်လျက်ရှိပါသည်။

👩Ovarian cancer ဆိုတာ သားဥအိမ်တွင်အစပြုကာဖြစ်ပေါ်လာခြင်း သို့မဟုတ် သားဥအိမ်အနီးရှိ သားအိမ်, သားဥပို့ ပြန် နှင့် ဝမ်းဗိုက်အတွင်းရှိ အဂ်ါတစ်ခုခု ကင်ဆာဖြစ်ပွားရာမှ ပျံ့နှံ့ခြင်းအစရှိသည်တို့ကြောင့်ဖြစ်ပေါ်လာတတ်ပါသည်။

👩သားဥအိမ်ကင်ဆာရောဂါသည် အချိန်မီစစ်ဆေးတွေ့ရှိကုသနိုင်ပါကပျောက်ကင်းနိုင်သော်လည်း အစောပိုင်းကာလများတွင် ရောဂါလက္ခဏာများအလွယ်တကူမတွေ့ရှိရသောကြောင့် နှစ်စဉ်ပုံမှန်စစ်ဆေးမှုမပြုလုပ်ပါကအချိန်မီသိရှိနိုင်သည့်အခွင့်ရေးနည်းပါးတတ်ပါတယ်။သို့ဖြစ်ပါ၍ သားဥအိမ်ကင်ဆာ အဖြစ်များသော သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းအမျိုးသမီးများအ​နေဖြင့် နှစ်စဉ်ပုံမှန်စစ်ဆေးမှုများပြုလုပ်သင့်ပါသည်။
Ovarian Cancer ဖြစ်ပွားသူများတွင် ပြသလေ့ရှိသောရောဂါလက္ခဏာများမှာ
အစာအိမ် လေပွခြင်း ။
ရင်ပြည့်ခြင်း ။
အစားစာလျှင် ဗိုက်ပြည့် မြန်ခြင်း ။
ကိုယ်အလေးချိန်ကျခြင်း ။
ခါး​အောက်ပိုင်းတွင်နာကျင်မှုကိုခံစားရခြင်း ။
ဝမ်းချုပ်ခြင်း ။
ဆီးခဏခဏ သွားချင်ခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။

👩Ovarian cancer ဟာ
မိသားစုထဲတွင် ကင်ဆာမျိုးရိုးဗီဇရှိသောသူများ
ဓမ္မတာစက်ဝန်းစောစီးစွာဖြစ်သောသူများ
ကိုယ်ဝန်မဆောင်ဖူးသူများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်နောက်ကျသူများ
အဝလွန်သူများ
Endometriosis ဖြစ်နေသောသူများ
တွင်ဖြစ်ပွားနိုင်ချေပိုမိုများပြားသည်ကိုလေ့လာတွေ့ရှိချက်များအရသိရှိရပါတယ်။

👩သားဥအိမ်ကင်ဆာအားမဖြစ်ပွားမီ ကာကွယ်နိုင်ရန်နှင့်ဖြစ်ပွားနေပါက အချိန်မီကုသနိုင်ရန်အတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု (health check up) များအားပြုလုပ်သင့်ကြောင်းတိုက်တွန်းလိုပါတယ်။ Innovative Diagnostics တွင်လည်း Ovarian cancer နှင့်သက်ဆိုင်သောစစ်ဆေးမှုများဖြစ်သည့်
🧪 သွေးမှတဆင့် ကင်ဆာ marker စစ်ဆေးခြင်း (CA 125),
🧪 ဟော်မုန်းများစစ်ဆေးခြင်း (Estrogen & Progesterone),
✅️ အသားစစစ်ဆေးခြင်း ( Biopsy),
✅️ အထူးဓါတုဆေးဆိုးစစ်ဆေးခြင်း
(IHC immunohistochemical stains) နှင့်
✅️ မျိုးရိုးဗီဇgene ပြောင်းလဲမှုစစ်ဆေးခြင်း (🧬 BRCA1 and BRCA2 genes) အစရှိသည့် ဓါတ်ခွဲစစ်ဆေးမှုများအား နိုင်ငံတကာစံချိန်စံနှုန်းများအတိုင်း ​ခေတ်မီ စက်ကိရိယာများကို အသုံးပြု၍ ကျွမ်းကျင်ပညာရှင်များမှအကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်းတင်ပြရင်း သားဥအိမ်ကင်ဆာ အား အမျိုးသမီးထုအနေဖြင့် အချိန်မီစစ်ဆေးသိရှိကုသနိုင်ရင်း တွန်းလှန်နိုင်ကြပါစေကြောင်းဆန္ဒပြုဆုတောင်းကျန်းမာရေးအသိပညာပေးအပ်ပါသည်ခင်ဗျာ။








Address

အမှတ်(68), Taw Win Road, 9 Mile, Mayangone Township, Yangon
Myaungmya

Telephone

+959969923821

Website

Alerts

Be the first to know and let us send you an email when Innovative Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Innovative Diagnostics:

Share

Category