30/07/2026
"သွားတွေကလည်းမကောင်းဘူးစိတ်ညစ်လိုက်တာအကုန်နှုတ်ပီးအံကပ်ပဲ့တပ်တော့မယ်" 😩
ဒီလိုတွေးပြီး စိတ်ညစ်နေတဲ့သူလေးတွေ ရှိလား? ဆုံးဖြတ်ချက်မချခင် ခဏလောက် ရပ်စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ✋
အံကပ်တပ်တာက အဆင်ပြေတယ် ဆိုပေမယ့် ကိုယ့်ရဲ့ သဘာဝသွားအမြစ်တွေရှိနေတဲ့ သွားအစစ်တွေနဲ့ ဝါးစားရတဲ့ အရသာနဲ့ ခံစားမှုမျိုးကိုတော့ ဘယ်တော့မှ အပြည့်အဝ မပေးစွမ်းနိုင်ပါဘူး။ အံကပ်နဲ့ဆိုရင် မာတဲ့အရာတွေ စားတဲ့အခါ အားမရတာ၊ စကားပြောရင်း ဒါမှမဟုတ် အစာစားရင်း လွတ်ထွက်သွားမှာကို စိတ်ပူရတာတွေ ရှိနိုင်ပါတယ်။
ဒါကြောင့် ပြင်လို့ရနေသေးတဲ့ သွားလေးတွေကို အလွယ်တကူ မနှုတ်ပစ်ဘဲ ပြန်လည်ပြုပြင်လိုက်တာက လက်တွေ့အကျဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ 💯
✨ ပုံထဲမှာကတော့ ပြင်လို့ရသေးတဲ့သွားတွေကို လိုအပ်သလိုပြုပြင်ပီး Zirconia Crown လေးတွေပြန်စွပ်ပေးထားတာဖြစ်ပါတယ်
-ကိုယ့်ရဲ့သွားအစစ်အတိုင်း ကျန်ရှိနေတဲ့အတွက် ဝါးစားလို့ အရမ်းကောင်းပြီး စိတ်ကြိုက် အားပါးတရ စားနိုင်ပါတယ်။
-သဘာဝသွားနဲ့ အနီးစပ်ဆုံးတူလို့ ကြည့်လိုက်ရင် အရမ်းကို သဘာဝဆန်ပြီး လှပပါတယ်။
-အရည်အသွေးမြင့်မားလို့ ခိုင်ခံ့မှုအားကောင်းပြီး ရေရှည်အတွက် စိတ်ချရပါတယ်။
💡 အကြံပြုချက်
သွားဆိုတာ တစ်ခါနှုတ်လိုက်ရင် ပြန်ပေါက်လာတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်လို့ရနေတုန်း ပြင်သင့်တဲ့အချိန်လေးမှာ သွားတွေကို အကုန်နှုတ်ပစ်မယ့်အစား သေချာလေး ပြန်လည်ပြုပြင်ပြီး ထိန်းသိမ်းလိုက်ပါ။ ကိုယ့်ရဲ့ သွားအစစ်လောက် ဘယ်အရာကမှ ဝါးစားလို့ မကောင်းသလို၊ အကောင်းဆုံးလည်း မဖြစ်နိုင်ပါဘူး။
အလှပဆုံးအပြုံးတွေနဲ့ အရသာရှိတဲ့ အစားအစာတွေကို စိတ်ကြိုက်စားသုံးနိုင်ဖို့ သင့်ရဲ့သွားလေးတွေကို အခုပဲ ဂရုစိုက်လိုက်ပါ။ 💙
📍 လိပ်စာ - [အမှတ်၅၈၊မြို့ပတ်၂လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊အောင်သုခရပ်၊ မြိတ်မြို့။]
📞 ဖုန်း - [09-773 398 523,09-255 401 075]
#ပြုံးသွားဆေးခန်း Crown Crown #