14/04/2026
မင်းကွန်းတိပိဋကဓရ
ဆန္ဒတော်ပြည့်အာယုပါလဆေးရုံတော်
မင်းကျောင်းတိုက်၊ မြင်းခြံမြို့။
၁၇-၄-၂၀၂၆ သောကြာနေ့
ကျေးဇူးတော်ရှင် မင်ကွန်းတိပိဋကဓရ
ဆရာတော်ဘုရားကြီးအား ရည်မှန်း၍
ပူဇော်သောအားဖြင့်
သားတပည့် ရွှေစင်တိပိဋကဓရဆရာတော် ဦးဆောင်လှူဒါန်းလျှက်ရှိသော
မင်းကွန်းတိပိဋကဓရဆန္ဒတော်ပြည့်အာယုပါလဆေးရုံတော်အတွက်
တစ်ပြားစု ဓမ္မမိတ်ဆွေများအဖွဲ့
USA - က
အလှူတော်ငွေ { ၂၅ } သိန်းကျပ်ကို မြန်မာနှစ်သစ်ကူး ဆေးအလှူတော်အဖြစ်
လှူဒါန်းကြပါသည်။
အလှူရှင်များ မင်္ဂလာနှစ်သစ်မှစ၍
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြလျက် ကောင်းသောအရာမှန်သမျှ လိုတိုင်းတ ရရှိကြပါစေ ဟု ရွှေစင်တိပိဋကဓရ ဆရာတော် အမှူးပြုသော ဆေးရုံတော် ကော်မတီအဖွဲ့က ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်။