23/06/2026
ချစ်ရတဲ့ ဖေဖေ၊ မေမေတို့ရှင့်....
📄ကျန်ရှိနေသေးတဲ့ သားသားမီးမီးတို့ရဲ့ မွေးစာရင်းတွေကို စောင့်မျှော်နေကြတဲ့ မိဘများအတွက် ထူးမြတ်အမျိုးသမီးဆေးရုံမှ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
💁♀️ လက်ရှိမှာ မွေးစာရင်းတွေကို အချိန်မီရရှိနိုင်ဖို့ ကျွန်မတို့ ထူးမြတ်ဆေးရုံဝန်ထမ်းများမှ အထူးအလေးထားပြီး ဆောင်ရွက်ပေးနေပါတယ်။ ယခုလို လုပ်ငန်းစဉ်တစ်ခုမှာ အချိန်ယူစောင့်ဆိုင်းပေးရတဲ့အတွက် မိဘများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နားလည်ပေးမှုအတွက်လည်း လေးစားမိပါတယ်ရှင့်။💙
မွေးစာရင်းများ ရရှိလာသည်နှင့်တစ်ပြိုင်နက် ထူးမြတ်ဆေးရုံမှ ဖေဖေ၊ မေမေတို့ထံ အမြန်ဆုံးအကြောင်းကြားပေးသွားမှာဖြစ်လို့ စိတ်အေးချမ်းစွာဖြင့် စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။🙇♀️💞
မိသားစုတိုင်း ကျန်းမာ၊ ရွှင်လန်းကြပါစေ။❣️
#ထူးမြတ်အမျိုးသမီးဆေးရုံ #မွေးစာရင်း #မိဘများအတွက်အသိပေးချက်