Aung Thu Kha Chemo Center and Clinic

Aung Thu Kha  Chemo Center and Clinic Daycare center
Daily Open 7:30 Am to 7:00 Pm

22/04/2025

28ရက်နေ့ငလျင်ကြောင့်အောင်သုခဆေးခန်းအဆောက်ဦးပျက်စီးသွားပါသဖြင့်ခေတ္တပိတ်ထားရပီးယနေ့21.4.2025မှစ၍လူနာများအဆင်ပြေစေရန်ရည်ရွယ်ပီးအနောက်ဘက်နှစ်ထပ်ဆောင်တွင်ဆရာဝန်ကြီးများနှင့်ဆွေးနွေးခြင်း၊ဆေးသွင်းခြင်းဆိုင်ရာကိစ္စများကိုစတင်ဆောင်ရွက်ပေးနေပါသည်၊နေရာအခက်အခဲကြောင့်အဆင်မပြေမှု့များရှိပါကခွင့်လွှတ်ပေးပါရန်ကြိုတင်တောင်းပန်အပ်ပါသည်ရှင်

16/11/2024

Full Moon Day of Tazaungmone🌕🌝
Thu Kha
#15.11.2024
pyi taw

 #ဝါဆိုလပြည့် ဓမ္မံစင်္ကြာအခါတော်နေ့ 🙏🙏🙏သန္ဓေ✓ တောထွက်✓ ဓမ္မစက်✓ တစ်ချက်ပြာဋိဟာ✓ ဘုရားလောင်းတော်‌သည်1.မဟာသက္ကရာဇ် (၆၇) ခ...
20/07/2024

#ဝါဆိုလပြည့် ဓမ္မံစင်္ကြာအခါတော်နေ့ 🙏🙏🙏
သန္ဓေ✓ တောထွက်✓ ဓမ္မစက်✓ တစ်ချက်ပြာဋိဟာ✓ ဘုရားလောင်းတော်‌သည်
1.မဟာသက္ကရာဇ် (၆၇) ခုနှစ် ကြသာပတေးနေ့ ဝါဆိုလပြည့်မှာ ပဋိသန္ဓေ ယူတော်မူသည်🙏🙏🙏
2.မဟာသက္ကရာဇ် (၉၇) ခုနှစ် (သူအို'သူနာ'သူသေ'ရဟန်း) ဆိုတဲ့ နိမိတ်ကြီး(၄)ပါးကို မြင်တော်မူ၍ ဝါဆိုလပြည့်နေမှာ တောထွက်တော်မူသည်🙏🙏🙏
3.မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဝါဆိုလပြည့် စနေနေ့မှာ ပဉ္စဝဂ္ဂီ ( ၅ )ဦးကို ဓမ္မံစင်္ကြာ တရားဦးစတင် ဟောကြားတော် မူသည်🙏🙏🙏
4.မဟာသက္ကရာဇ် (၁၀၉) ခုနှစ် ဝါဆိုလပြည့်နေ့၌ပင် ရာဇဂြိုဟ်ပြည်မှာ ဒိဌိတို့ကို တန်ခိုးပြပြီ နှိမ်နှင်းတော် မူခဲ့သည့်🙏🙏🙏
ကုသိုလ်ထူးတွေရရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။
Crd #

" အာဇာနည်နေ့" တို့မမေ့ " •••••••••••••••••••"19 July မမေ့နိုင်"မျက်ရည်သွန်လို့ ဘဝင်ညိုး ဇူလှိုင် တစ်ဆယ့်ကို:၁၉၄၇ ခုနှစ်၊...
19/07/2024

" အာဇာနည်နေ့" တို့မမေ့ "
•••••••••••••••••••
"19 July မမေ့နိုင်"
မျက်ရည်သွန်လို့ ဘဝင်ညိုး
ဇူလှိုင် တစ်ဆယ့်ကို:

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။
🙏

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ဤကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ဘဝနှင့်ပတ်သက်၍အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။(၁) မြတ်ဗုဒ္ဓလော...
22/05/2024

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့
ဤကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ဘဝနှင့်ပတ်သက်၍
အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

(၁) မြတ်ဗုဒ္ဓလောင်း ဗျာဒိတ်ခံယူသည့်နေ့
ဤကမ္ဘာမှ မတိုင်မီ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း
အထက် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာ
ဘုရားထံဗျာဒိတ်တော် ပန်ဆင်ဆုတောင်းခဲ့သောနေ့သည်
ဤကဆုန်လပြည့်နေ့ပင်ဖြစ်ပါသည်။
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့။

(၂) မြတ်ဗုဒ္ဓလောင်းဖွားသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

လုမ္ဗိနီသာမောအင်ကြင်းတော၌ မယ်တော်မာယာဒေဝီမိဘုရားမှ
ဖွားမြင်တော်မူသောနေ့သည်လည်း ဤကဆုန်လပြည့်နေ့
ပင်ဖြစ်ပါသည်။

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်အောက်၌ သဗ္ဗညုတရွှေဉာဏ်တော်ကို
ရရှိပြီး သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိသည့် နေ့သည်လည်း
ဤကဆုန်လပြည့်နေ့ပင်ဖြစ်ပါသည်။

(၄) မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
မလ္လမင်းတို့၏ ကုသိနာရုံ အင်ကြင်းတော၌ပင်
ပရိနိဗ္ဗာန် စံတော်မူသောနေ့သည်လည်း ဤကဆုန်
လပြည့်နေ့ ပင်ဖြစ်ပါသည်။

ဤသို့ ထူးခြားချက်များသည် ကဆုန်လပြည့်နေ့၌သာ
ဖြစ်ပေါ်ခဲ့ပါသည်။မြတ်ဗုဒ္ဓ၏ဖြစ်တော် စဉ် အစ၊ အလယ်၊
အဆုံးသုံးပါးလုံး ပါဝင်ထူးမြတ်သည့် ကဆုန်လပြည့်
ဤနေ့အခါ၌ “ဗုဒ္ဓနေ့”အဖြစ် စိတ်ဝယ်ရည်မှန်း၍
မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို
ရည်မှန်းပူဇော်ပြီး မြတ်ဘုရား၏အဆုံးအမအတိုင်း
ကျင့်ကြံအားထုတ်၍ ဘဝသံသရာဝဋ်အနှောင်အဖွဲ့မှ
လွတ်မြောက်ရေးကို ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။

Address

Ayeyarwadi Street
Naypyidaw

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959400884455

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha Chemo Center and Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Thu Kha Chemo Center and Clinic:

Shortcuts

Share