08/05/2022
BPA နဲ့ပြုလုပ်ထားတဲ့ လူ့သုံးကုန်ပစ္စည်းတွေက ကျန်းမာရေးကိုဘယ်လိုထိခိုက်စေသလဲ❓❓❓
BPA ဆိုသည့် Bisphenol A သည် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဟော်မုန်းစနစ်ကိုဟန့်တားပေးသော ပစ္စည်းတစ်မျိုးလည်းဖြစ်ပါသည်။Chemical တစ်မျိုးဖြစ်သည့် BPA(Bisphenol A)ကို အစားအစာနှင့်အအေးများကို ထုတ်ပိုးသော ပလတ်စတစ်ဘူးများ ၊ စည်သွတ်ဘူးများ ၊ ဘူးအဖုံးများ နှင့် ရေပိုက်များ ထုတ်လုပ်ရာတွင် ထည့်သွင်းထားကြောင်း တွေ့ရပါသည်။ BPA ဖြင့် ပလစ်စတစ်ပစ္စည်းများကို အများအားဖြင့် ထုတ်လုပ်ကြပါသည်။
BPAနှင့်ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများကို အသုံးပြု၍ရသော်လည်း ပါးစပ်ထဲထည့်၍စားရသော စားသောက်ကုန်ပစ္စည်း (ဥပမာ- ပလစ်စတစ်ဘူး) များတွင် BPAပါဝင်နေပါက ရှောင်ကြဥ်သင့်ပါသည်။BPA ပါဝင်သောပစ္စည်းများကို ကာလအတော်ကြာသုံးစွဲမိပါက သန္ဓေသားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေခြင်း ၊ ကလေးများတွင် ဦးနှောက်ဖွံ့ဖြိုးမှုကိုနှေးကွေးစေခြင်း ၊ အမျိုးသားအင်္ဂါ မှ သုတ်ထုတ်လုပ်မှုကို လျော့ကျစေခြင်း ၊ ကလေးများ၏အပြုအမူများ ပုံမှန်မဟုတ်ခြင်း များဖြစ်ပေါ်စေနိုင်ပါသည်။ လူကြီးများတွင် သွေးပေါင်ချိန်တက်ခြင်း ၊ ဆီးချိုရောဂါဖြစ်ခြင်း ၊ ကင်ဆာရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ပါသည်။
ပလစ်စတစ်ပစ္စည်းများ၏အောက်ခြေရှိ Recycle code number တွင် Recycle number 1,2,4,5,6 ဟု တွေ့ရှိပါက BPA free ပစ္စည်းများဖြစ်သည့်အတွက်စိတ်ချစွာသုံးစွဲနိုင်ပြီး Recycle number 3,7 ဖြစ်နေပါက သုံးစွဲရန်မသင့်သော BPAဖြင့်ပြုလုပ်ထားသော ပစ္စည်းများဖြစ်ပါသည်။ကျန်းမာရေးအတွက်ထိခိုက်စေသည့် BPA ပါဝင်သောပစ္စည်းများကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါသည်။ ယခုအခါစျေးကွက်ထဲတွင် BPA free ဟုတံဆိပ်ကပ်ထားသော လူသုံးကုန်ပစ္စည်းများရှိလာသည့်အတွက် BPAမပါဝင်သောပစ္စည်းများကိုရွေးချယ်ဝယ်ယူနိုင်ပါသည်။ ပူသောအစားအစာများစားသောအခါ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများကိုသုံးစွဲမည့်အစား ဖန် ၊ ကြွေ နှင့် စတီးဖြင့် ပြုလုပ်ထားသော ပန်းကန်များ ၊ ခွက်များ ၊ ရေဘူးများ စသည့် လူသုံးကုန်ပစ္စည်းများကို သုံးစွဲခြင်းဖြင့် ကျန်းမာရေးအတွက်အထူးဂရုပြုသင့်ကြောင်း အကြုံပြုလိုက်ပါတယ်ရှင့်....
🙏လူတိုင်းကျန်းမာခြင်းဖြင့် အောင်မြင်မှုများရရှိနိုင်ပါစေ🙏
-----မေဖြိုးကြိုင်(ဆေးဝါးတက္ကသိုလ်)-----