Dr. မီ မီ ဟန္

Dr. မီ မီ ဟန္ For the people who are wondering happiness and meaningful life through personal development!

🍀ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်လာတဲ့အခါ… ခံယူချက်တွေပါ ပြောင်းလဲလာတတ်တယ် 🌿  [Somatic work နဲ့ လက်တွေ့တွေ့ကြုံခဲ့ရတဲ့ therapeut...
21/08/2026

🍀ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်လာတဲ့အခါ… ခံယူချက်တွေပါ ပြောင်းလဲလာတတ်တယ် 🌿
[Somatic work နဲ့ လက်တွေ့တွေ့ကြုံခဲ့ရတဲ့ therapeutic insight တစ်ခု]

တစ်ခါတလေ အကြောက်တရား၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်တဲ့အခါ
"အတွေးတွေကိုပဲ ပြောင်းလဲဖို့ ကြိုးစားနေရုံနဲ့ မလုံလောက်တာမျိုး" ရှိတတ်ပါတယ်။

မကြာသေးခင်က session တစ်ခုမှာ သတိထားမိခဲ့တဲ့ အတွေ့အကြုံတစ်ခုရှိပါတယ်။

Client ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အတိတ်အတွေ့အကြုံတွေကို စကားလုံးတွေနဲ့ ဆွေးနွေးရုံမဟုတ်ဘဲ၊

"ခန္ဓာကိုယ်မှာ လက်ရှိခံစားနေရတဲ့ sensation တွေကိုလည်း ဖြည်းဖြည်းချင်း သတိပြုနားထောင်နိုင်အောင်" လမ်းညွှန်ပေးခဲ့ပါတယ်။

client ကိုယ်တိုင် သတိပြုနိုင်အောင် မေးခွန်းလေးတွေသုံးပြီး space ပေးခဲ့ပါတယ်။

အဲဒီလိုနဲ့ ခန္ဓာကိုယ်အတွင်းက တင်းကျပ်မှုနဲ့ activation တွေ တဖြည်းဖြည်း လျော့ကျလာတဲ့အခါ…

စိတ်ဝင်စားစရာကောင်းတာတစ်ခုကို တွေ့ခဲ့ရပါတယ်။

"Client ရဲ့ အခြေအနေကို ကြည့်မြင်ပုံကပါ ပြောင်းလဲလာခဲ့ပါတယ်။" [Perceptive Change]

အရင်က “ဒါက ငါ့အတွက် အရမ်းကြောက်စရာကောင်းတယ်” လို့ ခံစားခဲ့တဲ့အရာကို၊ နောက်ပိုင်းမှာ

“ဒါဟာ ငါ့မှာ တစ်ခုခုမှားနေလို့ မဟုတ်ဘဲ၊ ငါ့ခန္ဓာကိုယ်နဲ့ စိတ်က အဲဒီအခြေအနေကို တုံ့ပြန်နေခဲ့တာလည်း ဖြစ်နိုင်တာပဲ…"

လို့ ပြန်မြင်လာနိုင်ခဲ့ပါတယ်။

ဒီအတွေ့အကြုံက ကျွန်မအတွက်လည်း အရေးကြီးတဲ့ reminder တစ်ခု ဖြစ်ခဲ့ပါတယ်။

**Mind နဲ့ Body ကို သီးခြားခွဲပြီး ကြည့်လို့မရပါဘူး။**

တစ်ခါတလေ အတွေးတွေကို အတင်းပြောင်းလဲဖို့ ကြိုးစားတာထက်၊ ခန္ဓာကိုယ်မှာ လက်ရှိဖြစ်နေတဲ့ sensation တွေကို judgment မလုပ်ဘဲ သတိပြုနိုင်ဖို့၊ လုံခြုံမှုကို နည်းနည်းချင်း ပြန်ခံစားနိုင်ဖို့ space ပေးခြင်းကလည်း လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ပြန်ကြည့်နိုင်တဲ့ တံခါးတစ်ချပ် ဖြစ်လာနိုင်ပါတယ်။

ဒါဟာ “body က trauma ကို သိမ်းထားတယ်” လို့ ရိုးရိုးရှင်းရှင်း သတ်မှတ်တာမျိုးမဟုတ်ပါဘူး။

အစားထိုးပြီး ပြောရရင်—

**ကျွန်မတို့ရဲ့ အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ခံစားမှုနဲ့ လက်ရှိအခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်နွယ်နေကြပါတယ်။**

Therapy ရဲ့ အလှတရားကလည်း တစ်ခါတလေ “အဖြေ” ကို therapist က ပေးလိုက်တာမဟုတ်ဘဲ…

Client ကိုယ်တိုင် သူ့အတွေ့အကြုံကို အသစ်တစ်ဖန် မြင်နိုင်လာတဲ့အချိန်မှာ insight တစ်ခု ပေါ်လာခြင်းပါပဲ။ 🌱

ကျွန်မ ယုံကြည်တာက—

Healing ဆိုတာ အတိတ်ကို ဖျောက်ပစ်ခြင်းမဟုတ်ပါဘူး။
အတိတ်ကို ကိုင်တွယ်ကြည့်တဲ့ ကိုယ့်ရဲ့အတွင်းပိုင်းအတွေ့အကြုံက တဖြည်းဖြည်း ပြောင်းလဲလာခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဲဒီခရီးမှာ လူတစ်ယောက်ချင်းစီရဲ့ "safety, choice, pace နဲ့ personal meaning" ကို လေးစားပြီး အတူတကွ လမ်းလျှောက်ပေးနိုင်ဖို့က therapist တစ်ယောက်အနေနဲ့ ကျွန်မ အလေးထားတဲ့အရာတွေထဲက တစ်ခုပါ။ 🤍







"Therapist တစ်ယောက်ကို ယုံကြည်ဖို့ ဘာကိုကြည့်မလဲ?"Certificate တွေကိုလား?Technique တွေကိုလား?ဒါမှမဟုတ်...သူ့ကိုယ်သူ ဘယ်လေ...
05/08/2026

"Therapist တစ်ယောက်ကို ယုံကြည်ဖို့ ဘာကိုကြည့်မလဲ?"

Certificate တွေကိုလား?

Technique တွေကိုလား?

ဒါမှမဟုတ်...

သူ့ကိုယ်သူ ဘယ်လောက်အထိ အလုပ်လုပ်ထားလဲဆိုတာကိုလား?

သူတို့မှာလည်း နာကျင်ဖူးတဲ့ အတိတ်တွေ ရှိနိုင်တယ်။

ဆုံးရှုံးမှုတွေ၊ အကြောက်တရားတွေ၊ ရှက်ရွံ့မှုတွေ၊ Attachment Wounds တွေ၊ Trauma တွေလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် Therapist တစ်ယောက်နဲ့ အခြားလူတစ်ယောက်ရဲ့ အရေးကြီးတဲ့ ကွာခြားချက်က—

ကိုယ့်အနာကို မရှိချင်ယောင်ဆောင်တာ မဟုတ်ဘဲ၊ ကိုယ့်အနာကို ရင်ဆိုင်ဖို့ သတ္တိရှိတာပါ။

ကိုယ့်ရဲ့ Trauma တွေ၊ Emotional Patterns တွေ၊ Blind Spots တွေကို လက်တွေ့ကျကျ အလုပ်လုပ်ရင်း၊ ကိုယ့်ကိုယ်ကို ဆက်လက်လေ့လာရင်း၊ ကုစားရင်း ဒီအလုပ်ကို လုပ်နေကြတာ ဖြစ်ပါတယ်။

ဒါကိုပဲ Personal Work လို့ ခေါ်ပါတယ်။ 🌱

🌱 Therapist ရဲ့ Personal Work ဆိုတာ ဘာလဲ?

Personal Work ဆိုတာ...

Therapist တစ်ယောက်အနေနဲ့ Client မတွေ့ခင်၊ Client တွေကို ကူညီနေစဉ်၊ Professional Life တစ်လျှောက်လုံးမှာ—

ကိုယ့်ကိုယ်ကို ဆက်လက်လေ့လာခြင်း၊ ကုစားခြင်း၊ သတိရှိရှိ ကြည့်ရှုခြင်းကို ဆိုလိုပါတယ်။

ဥပမာ...

✔ ကိုယ့်ရဲ့ Trauma နဲ့ Vulnerability တွေကို နားလည်ခြင်း

✔ Emotional Triggers တွေကို သတိပြုနိုင်ခြင်း

✔ Attachment Pattern တွေကို သိရှိထားခြင်း

✔ Counter-transference (Client ရဲ့အကြောင်းအရာကြောင့် ကိုယ့်ခံစားချက်တွေ ဝင်ရောက်လွှမ်းမိုးလာခြင်း) ကို သတိထားနိုင်ခြင်း

✔ ကိုယ့်ရဲ့ မဖြည့်ဆည်းရသေးတဲ့ Emotional Needs တွေကို Client ဆီမှာ မရှာမိစေခြင်း

✔ လိုအပ်တဲ့အခါ Therapy၊ Supervision၊ Consultation တွေကို ဆက်လက်ခံယူခြင်း

ဒါတွေဟာ Therapist တစ်ယောက်ရဲ့ Professional Responsibility တစ်ခုလည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီလို Personal Work လုပ်ဖို့ လိုအပ်တာလဲ?

Therapy မှာ အရေးကြီးဆုံး Tool က Technique တစ်ခုတည်း မဟုတ်ပါဘူး။

Therapist ကိုယ်တိုင်ပါပဲ။

Client တစ်ယောက်ရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသ၊ ရှက်ရွံ့မှု၊ ဝမ်းနည်းမှုတွေကို နေ့စဉ် ထိတွေ့နေရတဲ့အတွက်—

Therapist ဟာ ကိုယ့်အတွင်းမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သိနိုင်ဖို့ လိုပါတယ်။

တစ်ခါတစ်ရံ Client ရဲ့ အကြောင်းအရာက Therapist ရဲ့ အတိတ်အတွေ့အကြုံတွေကို လှုံ့ဆော်သွားနိုင်ပါတယ်။

အဲဒီအချိန်မှာ မေးရမယ့် မေးခွန်းက—

✳"အခု ငါ Client ကို နားထောင်နေတာလား?"

✳"ဒါမှမဟုတ် ငါ့ရဲ့ မဖြေရှင်းရသေးတဲ့ အနာက တုံ့ပြန်နေတာလား?"

ဒီလို သတိထားနိုင်ဖို့က Self-awareness နဲ့ Personal Work ကြောင့် ဖြစ်လာတာပါ။

Personal Work မရှိသေးရင်...

⚡️Client ရဲ့ Silence ကို... "Resistance ပဲ" လို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်မိနိုင်ပါတယ်။

⚡️Client ရဲ့ Anger ကို... "Difficult Client" လို့ တံဆိပ်ကပ်မိနိုင်ပါတယ်။

⚡️Client ရဲ့ Dependency ကို... "သူ ငါ့ကို အရမ်းလိုအပ်နေတာ" လို့ ကိုယ့်လိုအပ်ချက်နဲ့ ရောထွေးသွားနိုင်ပါတယ်။

အဲဒီအခါ Therapy ဟာ Client အတွက် Safe Space မဟုတ်တော့ဘဲ Therapist ရဲ့ မဖြေရှင်းရသေးတဲ့ အပိုင်းတွေ ဝင်ရောက်လာနိုင်ပါတယ်။

ဒါကြောင့် Therapist ရဲ့ Personal Work က...

Client ကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။

Therapist ကိုယ်တိုင် ပိုပြီး တည်ငြိမ်လာဖို့၊ ပိုပြီး Present ဖြစ်နိုင်ဖို့၊ ပိုပြီး လုံခြုံတဲ့ Healing Relationship တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။

✳Healing Relationship ဆိုတာ Technique တစ်ခုတည်းနဲ့ မတည်ဆောက်နိုင်ပါဘူး။

Therapist ရဲ့ Presence၊ Self-awareness နဲ့ Emotional Maturity တွေကလည်း Healing ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

🤍 နောက်ဆုံးမှာတော့...

"A therapist cannot take a client deeper than they have been willing to go within themselves."

Therapist တစ်ယောက်ဟာ ကိုယ်တိုင် မဝင်ရဲသေးတဲ့ အတွင်းပိုင်းအနက်ကို Client ကို ခေါ်မသွားနိုင်ပါဘူး။

ဒါကြောင့် Therapist တွေဟာ "ပြီးပြည့်စုံတဲ့ လူတွေ" မဟုတ်ပါဘူး။

ကိုယ့်အတွင်းကို ဆက်လက်ကြည့်ရဲတဲ့သူတွေ၊ ကိုယ့်အနာကို ဆက်လက်ကုစားရဲတဲ့သူတွေ၊ ကြီးထွားဖို့ မရပ်တန့်တဲ့သူတွေ ဖြစ်ပါတယ်။

အဲဒီ Inner Work တွေကပဲ Client အတွက် ပိုမိုလုံခြုံတဲ့ Healing Relationship တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ 🤍

သင်ဟာ Therapy ခံယူဖို့ Therapist တစ်ယောက် ရွေးချယ်နေတယ်ဆိုရင်...

Certificate တွေတင်မဟုတ်ဘဲ...

သူ့ကိုယ်သူ ဆက်လက်လေ့လာနေသလား?

Supervision ခံယူသလား?

Personal Work ကို ဆက်လုပ်နေသလား?

ဆိုတာတွေကိုလည်း မေးခွန်းထုတ်ကြည့်လို့ ရပါတယ်။

Healing Relationship က Therapist နဲ့ Client နှစ်ယောက်စလုံးရဲ့ ရိုးသားမှု၊ သတိရှိမှုနဲ့ တည်ဆောက်ရတဲ့ Relationship ဖြစ်လို့ပါ။ 🤍

မေတ္တာဖြင့် .....

🧠 Therapist နဲ့ Client ကြားက Relationship က ဘာကြောင့် Healing အတွက် အရေးကြီးတာလဲ?စိတ်ပိုင်းဆိုင်ရာ ကုထုံး (Psychotherapy...
04/08/2026

🧠 Therapist နဲ့ Client ကြားက Relationship က ဘာကြောင့် Healing အတွက် အရေးကြီးတာလဲ?

စိတ်ပိုင်းဆိုင်ရာ ကုထုံး (Psychotherapy) လောကမှာ လူတော်တော်များများက

“ဘယ် Technique ကို သုံးမလဲ?”
“ဘယ် Method က အကောင်းဆုံးလဲ?”
ဆိုတာကို အာရုံစိုက်တတ်ကြပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ အရာတစ်ခုရှိပါတယ်။

Technique တစ်ခုတည်းက မကုသပေးနိုင်ပါဘူး။
Healing ဖြစ်စေတဲ့ အဓိကအရာတွေထဲမှာ Therapist နဲ့ Client ကြားက Relationship လည်း ပါဝင်ပါတယ်။

Carl Rogers ရဲ့ Person-Centered Therapy အရ
Healing Relationship တစ်ခု တည်ဆောက်ဖို့ အခြေခံအချက် ၃ ခုက—

🌱 Empathy
(Client ရဲ့ အတွင်းကမ္ဘာကို နားလည်ကြိုးစားပေးခြင်း)

🌱 Congruence
(Therapist ရဲ့ ရိုးသားမှုနဲ့ Authentic ဖြစ်မှု)

🌱 Unconditional Positive Regard
(Client ကို အပြစ်တင်ခြင်းမရှိဘဲ လူတစ်ယောက်အနေနဲ့ လက်ခံပေးခြင်း)

တို့ ဖြစ်ပါတယ်။

Client တစ်ယောက်က...

“ဒီလူရှေ့မှာ ငါ့အကြောင်း အမှန်အတိုင်း ပြောလို့ရတယ်။”

“ငါ့ကို မဆုံးဖြတ်ဘူး။”

“ဒီနေရာက လုံခြုံတယ်။”

လို့ ခံစားလာတဲ့အချိန်မှာ Healing Process စတင်နိုင်လာပါတယ်။

🤍 Trust ကို Therapist က ဘယ်လိုတည်ဆောက်သလဲ?

Trust ဆိုတာ တစ်ကြိမ်တွေ့လိုက်တာနဲ့ ရရှိလာတာ မဟုတ်ပါဘူး။

Relationship ထဲမှာ အတွေ့အကြုံအသေးလေးတွေကနေ တဖြည်းဖြည်း တည်ဆောက်လာတာပါ။

ဥပမာ—

✔ Client ကို Judgment မလုပ်ခြင်း

✔ Client ရဲ့ Healing Pace ကို လေးစားပေးခြင်း

✔ Confidentiality ကို ထိန်းသိမ်းခြင်း

✔ Client ကို အဆင်သင့်မဖြစ်သေးတဲ့ အရာတွေကို Force မလုပ်ခြင်း

✔ “မလုပ်ချင်သေးဘူး” “မပြောချင်သေးဘူး” ဆိုတဲ့ Boundary ကို လေးစားခြင်း

ဒီအတွေ့အကြုံတွေက Client ရဲ့ Nervous System ကို

“ဒီနေရာမှာ ငါ Safe ဖြစ်တယ်”

ဆိုတဲ့ Message ကို တဖြည်းဖြည်း သင်ပေးနေပါတယ်။

🌿 Therapeutic Relationship က မိတ်ဆွေ Relationship နဲ့ မတူပါဘူး

Therapist က Client ကို ဂရုစိုက်ပါတယ်။

Empathy ရှိပါတယ်။

နွေးထွေးစွာ ဆက်ဆံပါတယ်။

ဒါပေမယ့် Therapeutic Relationship က Professional Relationship ဖြစ်ပါတယ်။

ဒါကြောင့်—

✨ Boundary ရှိတယ်
✨ Role ရှိတယ်
✨ Ethical Responsibility ရှိတယ်

ဒီအကန့်အသတ်တွေက Client ကို ပိုမိုလုံခြုံစေပါတယ်။

🌱 Healing Relationship ဆိုတာ ဘာလဲ?

Healing ဆိုတာ Advice ပေးရုံနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

တစ်ယောက်ယောက်က...

“ငါ့ကို အပြစ်မတင်ဘဲ နားထောင်ပေးတယ်။”

“ငါ့ခံစားချက်တွေကို လက်ခံပေးတယ်။”

“ငါ့ကို နားလည်ဖို့ ကြိုးစားပေးတယ်။”

“ငါ့ကို Respect ပေးတယ်။” ဆိုတဲ့ Experience အသစ်ကို ရရှိလာတဲ့အခါ—

အရင်က

“လူတွေက အန္တရာယ်ရှိတယ်”

“ငါ့ကို ဘယ်သူမှ နားမလည်ဘူး”

ဆိုတဲ့ ယုံကြည်ချက်တွေဟာ တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။

မေတ္တာဖြင့် .....

မဂ်လာပါရှင် .....နံနက်ခင်းတစ်ခု ကို အစပြုတဲ့ ကိုယ့်ရဲ့ ခံစားချက်လေးက ဘယ်လိုရှိလဲနော် .........ပတ်ဝန်းကျင်က ဘယ်လိုပဲ ရှိန...
03/08/2026

မဂ်လာပါရှင် .....

နံနက်ခင်းတစ်ခု ကို အစပြုတဲ့ ကိုယ့်ရဲ့ ခံစားချက်လေးက ဘယ်လိုရှိလဲနော် .........

ပတ်ဝန်းကျင်က ဘယ်လိုပဲ ရှိနေပါစေ ....

ကိုယ့်ရဲ့ စိတ်ခံစားချက် ကောင်းမွန်ဖို့ အတွက် Choice က ကိုယ့်လက်ထဲမှာပါ။

Good Morning to you All!

🌿 မင်္ဂလာနံနက်ခင်းပါ...တခါတရံ...အတိတ်က memory လေးတွေ ရုတ်တရက် ပြန်ပေါ်လာတတ်တယ်နော်။**အမှတ်တရ** ဆိုတာက...ပြီးဆုံးသွားခဲ့ပ...
02/08/2026

🌿 မင်္ဂလာနံနက်ခင်းပါ...

တခါတရံ...
အတိတ်က memory လေးတွေ ရုတ်တရက် ပြန်ပေါ်လာတတ်တယ်နော်။

**အမှတ်တရ** ဆိုတာက...
ပြီးဆုံးသွားခဲ့ပေမယ့်
ရင်ထဲမှာ နွေးနွေးထွေးထွေး ကျန်ရှိနေတဲ့ အရာတွေ။

အဲဒီအမှတ်တရတွေကို ပြန်သတိရတိုင်း
ကြည်နူးမှု၊ ကျေးဇူးတရား၊ အပြုံးလေးတွေကို
တစ်ဖန်ပြန်လည် ခံစားရတတ်ပါတယ်။

ဒါပေမယ့်...

"အမှတ်ရစရာ" တချို့ကတော့
အနာကျက်ပြီးသားလို့ ထင်ထားပေမယ့်
ထပ်ခါထပ်ခါ ပေါ်လာတိုင်း...

ဒေါသ၊ နာကျင်မှု၊ မကျေနပ်မှု၊
အမုန်းတရားတွေကိုပါ
ပြန်လည် နိုးထလာစေနိုင်ပါတယ်။

အတိတ်က ဖြစ်ရပ်က
ဒီနေ့ကို နာကျင်စေတာ မဟုတ်ပါဘူး။

အဲဒီအဖြစ်အပျက်ကို
စိတ်နဲ့ ထပ်ခါထပ်ခါ ပြန်အသက်သွင်းနေတဲ့
တုံ့ပြန်မှုပုံစံကသာ
ဒီနေ့ရဲ့ စိတ်အေးချမ်းမှုကို လာထိခိုက်စေတာ ဖြစ်ပါတယ်။

ဒါကြောင့် Emotional Regulation ဆိုတာဟာ
ဒေါသကို ဖိထားတာ၊ မေ့ပစ်လိုက်တာ မဟုတ်ပါဘူး။

ပေါ်လာတဲ့ စိတ်ခံစားချက်ကို သတိထားမိပြီး...
အဲဒီစိတ်ခံစားချက်က ကိုယ့်ကို မထိန်းချုပ်ခင်
ကိုယ်က ပြန်ရွေးချယ်တုံ့ပြန်နိုင်လာခြင်းပါ။

တချို့ memories တွေကို
သိမ်းထားလို့ ရပါတယ်။

ဒါပေမယ့်...
ကိုယ့်ကို နာကျင်စေတဲ့ memories တွေကိုတော့
ထပ်ခါထပ်ခါ အသက်သွင်းနေမယ့်အစား
နားလည်မှုနဲ့ ဖြည်းဖြည်းချင်း လွှတ်ချတတ်ဖို့လည်း လိုပါတယ်။

💛 ဘယ် memory က
သင့်ကို နွေးထွေးစေတာလဲ...
ဘယ် memory က
သင့်ကို မောပန်းစေတာလဲ...
ဒီမနက်လေးမှာ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပါ။

💛 The Emotional Alignment Program အတွက် အဆင်သင့်ဖြစ်နေပြီလို့ ခံစားရရင် Messenger မှာ "READY" လို့ ပို့လိုက်ပါ။
အသေးစိတ်အချက်အလက်တွေနဲ့ Registration Link ကို ပြန်ပို့ပေးပါမယ်။






01/08/2026

ညဘက် အိပ်မပျော်လို့ Social Media ကြည့်ရင်း ရင်ထဲ အောင့်ခနဲ ဖြစ်သွားဖူးပါသလား...

ညဘက် အိပ်မပျော်လို့ Facebook ဒါမှမဟုတ် TikTok ကြည့်နေရင်း...
အသက်ရွယ်တူတွေ နိုင်ငံခြားထွက်သွားတာ၊ အလုပ်အကိုင်တွေ အဆင်ပြေနေတာ၊ ဒါမှမဟုတ် ပျော်စရာ ဘဝလေးတွေကို မြင်တဲ့အခါ...

ရုတ်တရက် ရင်ထဲမှာ အောင့်ခနဲဖြစ်သွားပြီး ဖုန်းကို ချက်ချင်းပိတ်ချလိုက်ချင်တဲ့ ခံစားချက်မျိုး ဖြစ်ဖူးပါသလား။

"ငါ့ရဲ့ အကောင်းဆုံး အရွယ်တွေကတော့ ဘာမှရေရေရာရာမရှိဘဲ အလကားပဲ ကုန်သွားတော့မှာလား..."

"သူများတွေ အဝေးကြီးရောက်နေချိန်မှာ ငါကတော့ ပြတင်းပေါက်ကနေ မိုးရွာတာကို ထိုင်ကြည့်နေရသလိုပဲ..."

ဆိုတဲ့ အတွေးမျိုးတွေ မကြာခဏ ဝင်လာတတ်ရင် မီမီ တစ်ခု ပြောပြချင်ပါတယ်။

ဒီလို ခံစားနေရတာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။
💡 ငါတို့ ဘာလို့ အမြဲ မောပန်းနေကြတာလဲ?

ခေတ်ကာလ ရိုက်ခတ်မှု၊ စားဝတ်နေရေးနဲ့ ဖိအားတွေကြားထဲမှာ လူငယ်အတော်များများဟာ အကာအကွယ်အတုတွေကို သုံးပြီး ရုန်းကန်နေကြရပါတယ်။

အမြဲတမ်း တော်နေရမယ် ဆိုတဲ့ ဖိအားကြောင့် အမှားလုပ်မိမှာကို ကြောက်နေရတာ၊

"ဟင့်အင်း" လို့ မငြင်းရဲဘဲ သူများအကြိုက် လိုက်လုပ်ရင်း ကိုယ့်စိတ်ဆန္ဒကို မြှုပ်နှံထားလိုက်ရတာ၊

"ဒီအချိန်မှာ Skill အသစ်တွေ သင်ပါ၊ မပျင်းပါနဲ့" ဆိုတဲ့ Post တွေကို မြင်ရင် "ငါက ဒီနေ့တစ်ရက် အသက်ရှင်ဖို့ကိုတောင် မနည်းရုန်းကန်နေရတာပါ" လို့ အော်ပြောလိုက်ချင်တာ...

ဒါတွေဟာ မင်း မကြိုးစားချင်လို့ မဟုတ်ပါဘူး။ မင်းရဲ့ စိတ်ရော ခန္ဓာပါ Emotional Exhaustion (စိတ်စွမ်းအင် လုံးဝကုန်ခမ်းသွားခြင်း) ကို ကြုံနေရလို့ပါ။

☂️ စစ်မှန်တဲ့ "စိတ်လုံခြုံမှု" (Emotional Safety) ဆိုတာ...

လူငယ်အများကြီးက "စိတ်လုံခြုံမှု" ဆိုတာကို အောင်မြင်မှုတွေ၊ Like တွေ၊ သူတစ်ပါးရဲ့ ချီးကျူးမှုတွေကြားမှာ လိုက်ရှာနေကြတယ်။

ဒါပေမဲ့ တကယ့် စိတ်လုံခြုံမှုဆိုတာ

"သောကမုန်တိုင်း အတိုက်မခံရတာကို ပြောတာ မဟုတ်ပါဘူး။ မုန်တိုင်းတိုက်နေရင်တောင် ငါ့မှာ ခိုင်ခံ့တဲ့ ထီးတစ်ချောင်း ရှိတယ်လို့ ယုံကြည်တာကို ခေါ်တာပါ။"

ကိုယ့်ရဲ့ အားနည်းချက်နဲ့ "ငါမသိဘူး" ဆိုတာကို ရိုးသားစွာ အရှိကိုအရှိအတိုင်း လက်ခံရဲဖို့၊

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ် (Boundaries) ကို သတ်မှတ်တတ်ဖို့၊

ကြိုးစားမှဖြစ်မယ်ဆိုတဲ့ စံနှုန်းတွေကို ခဏဘေးဖယ်ပြီး Unconditional Self-Acceptance (ကိုယ့်ကိုယ်ကို အရှိအတိုင်း လက်ခံခြင်း) ကနေ စတင်ဖို့ လိုပါတယ်။

🌸 ရင်ဘတ်ထဲက မွန်းကျပ်မှုတွေကို လွှတ်ချပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပွေ့ဖက်ဖို့...

မတ်တပ်ရပ်ဖို့တောင် အားမရှိတော့တဲ့နေ့မျိုးမှာ အတင်းကြီး ပြေးဖို့ မကြိုးစားပါနဲ့နော်။

ကျွန်မတို့ရဲ့ Emotional Alignment Journey (Youth Program) မှာတော့ –

လူငယ်တွေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများ၊ စိတ်မလုံခြုံမှု Mask (မျက်နှာဖုံး) များကို အတူတကူ ခွာချပြီး၊ အပြင်ဘက်က မုန်တိုင်းတွေကြားထဲမှာ မတုန်လှုပ်တဲ့ အတွင်းစိတ် လုံခြုံမှု ထီးတစ်ချောင်း တည်ဆောက်နည်းကို စနစ်တကျ လမ်းညွှန် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် ဘာမှ အတင်းအကျပ် ဆက်မခိုင်းပါနဲ့တော့။

ရေလေးတစ်ခွက်သောက်၊ အသက်ပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ပေးမယ့် ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပါ။

💬 ဒီစာကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု လေးလံနေသေးရင် သို့မဟုတ် ကိုယ့်ခံစားချက်ကို ရင်ဖွင့်ချင်တယ်ဆိုရင် Comment မှာ လွတ်လပ်စွာ ချရေးသွားလို့ ရပါတယ်။

"The Emotional Alignment Program for Youth" ကို စိတ်ဝင်စားတယ်ဆိုရင် Messenger က နေ Ready လို့ ပို့လိုက်ပါနော်။ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပို့ပေးပါမယ်။
သင်တန်း စတင်မှာက - 8th August 2026, 9:00 Am ဖြစ်လို့ အမြန်ဆုံး နေရာယူထားစေချင်ပါတယ်။



1st August နံနက်ခင်းလေး မှာ စိတ်ကြည်လင် ပြီး ကြည်နူးစရာကောင်းတဲ့ နေ့ရက်ကိုပိုင်ဆိုင်ပါစေရှင်။
01/08/2026

1st August နံနက်ခင်းလေး မှာ

စိတ်ကြည်လင် ပြီး ကြည်နူးစရာကောင်းတဲ့ နေ့ရက်ကိုပိုင်ဆိုင်ပါစေရှင်။

စိတ်က အမြဲတွေးနေပြီး အနားမရသလို ခံစားနေရလား ......................တစ်ခါတလေ...• မပြောသင့်တာ သိပေမယ့် ဒေါသနဲ့ပြောမိတယ်။ • ...
31/07/2026

စိတ်က အမြဲတွေးနေပြီး အနားမရသလို ခံစားနေရလား ......................

တစ်ခါတလေ...
• မပြောသင့်တာ သိပေမယ့် ဒေါသနဲ့ပြောမိတယ်။
• စာဖတ်ချင်ပေမယ့် ဖုန်းကိုပဲ scroll လုပ်နေမိတယ်။
• Presentation လုပ်ရမှာ ကြောက်ပြီး ရှောင်လိုက်တယ်။
• Relationship တစ်ခုမှာ အလွန်အမင်း စိုးရိမ်ပူပန်လာတတ်တယ်။
• Comment တစ်ခုကြောင့် တစ်နေ့လုံး စိတ်ကျသွားတယ်။

ဒီလိုဖြစ်ဖူးလား?

ဒါတွေက Willpower မရှိလို့ မဟုတ်ပါဘူး။
အများအားဖြင့်တော့ Emotional Regulation Skill ကို လေ့ကျင့်ဖို့ အခွင့်အရေး မရခဲ့တာ၊ သို့မဟုတ် ခက်ခဲတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ထိန်းညှိနည်းတွေ မသိသေးတာကြောင့် ဖြစ်နိုင်ပါတယ်။

Emotional Regulation ဆိုတာ...

ကိုယ့်ရဲ့ emotions ကို ဖျောက်ပစ်တာမဟုတ်ဘူး။

Emotion ကို ဖိနှိပ်မထားဘဲ၊ နားလည်ပြီး ကိုယ့်အတွက် အကျိုးရှိတဲ့နည်းနဲ့ တုံ့ပြန်နိုင်တဲ့ စွမ်းရည် တစ်ခု ပဲဖြစ်ပါတယ်....

Emotional Regulation မှာ အဓိက skill (၅) ခုရှိတယ်။

🟢 ၁။ သတိထားနိုင်ခြင်း (Emotional Awareness)

"ငါအခု ဘာခံစားနေရတာလဲ"
လူအများစုက
ဒေါသလို့ထင်ပေမယ့်
တကယ်က စိတ်ထိခိုက်နေတာ။

🟢 ၂။ နာမည်ပေးနိုင်ခြင်း (Emotional Labeling)

"ငါ stress ဖြစ်နေတာလား...
ရှက်နေတာလား...
ကြောက်နေတာလား..."
Research တွေမှာ emotion ကို label ပေးနိုင်ရင် emotional intensity လျော့လာနိုင်ကြောင်း တွေ့ရပါတယ်။

🟢 ၃။ Body ကို ပြန်တည်ငြိမ်စေခြင်း (Physiological Regulation)

Emotion က စိတ်ထဲမှာပဲ မဟုတ်ဘူး။
နှလုံးခုန်တယ်။
အသက်ရှူမြန်တယ်။
လက်တုန်တယ်။
ဒါကြောင့် body ကိုပါ regulate လုပ်ရတယ်။

🟢 ၄။ အဓိပ္ပာယ်ပြန်ပေးနိုင်ခြင်း (Cognitive Reappraisal)

"သူငါ့ကို မုန်းတာပဲ"
ကနေ
"သူလည်း stress ဖြစ်နေလို့ ဖြစ်နိုင်တယ်"
လို့ perspective ပြောင်းနိုင်ခြင်း။

🟢 ၅။ တုံ့ပြန်ပုံကို ရွေးချယ်နိုင်ခြင်း (Response Regulation)

Emotion ရှိတာက ပြဿနာမဟုတ်ဘူး။
Emotion ရှိနေချိန်
ဘာလုပ်မလဲဆိုတာက
ဘဝကို ပြောင်းလဲစေတယ်။

ဥပမာ...
Emotional Regulation Skill မရှိရင်...

✳️Stress က ပိုကြာတတ်တယ်။
✳️ Anxiety နဲ့ overthinking ပိုများလာတတ်တယ်။
✳️ Relationship conflicts ပိုဖြစ်တတ်တယ်။
✳️ ဒေါသကို မထိန်းနိုင်တာ၊ ဒါမှမဟုတ် ဘာမှမခံစားချင်ဘဲ numb ဖြစ်သွားတာမျိုး ကြုံနိုင်တယ်။
✳️ အရေးကြီးတဲ့ decision တွေကို emotion အပေါ်မူတည်ပြီး ချလိုက်မိနိုင်တယ်။
✳️ Burnout ဖြစ်နိုင်ခြေ ပိုများလာနိုင်တယ်။

ဒါတွေဟာ လူတိုင်းမှာ ဖြစ်မယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် emotion ကို မစီမံနိုင်ဘဲ ကြာရှည်သွားရင် တွေ့ရတတ်တဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

"သတင်းကောင်းကတော့...
Emotional Regulation ဟာ Personality မဟုတ်ပါဘူး။"

Skill ဖြစ်ပါတယ်။

Skill ဖြစ်တဲ့အတွက်
လေ့ကျင့်ရင် တိုးတက်လာနိုင်ပါတယ်။

The Emotional Alignment Program for Youth ရဲ့ ၆ ပတ်တာ program မှာလည်း
'စိတ်ကိုထိန်းပါ' လို့ မပြောပါဘူး။

ကိုယ့်ရဲ့ emotions ကို နားလည်ဖို့၊ nervous system ကို တည်ငြိမ်အောင်လုပ်ဖို့၊ reaction မဟုတ်ဘဲ choice နဲ့ တုံ့ပြန်နိုင်ဖို့ အဆင့်လိုက် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။"

သင်တန်းမှာ ပါဝင်သူ တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေကို သေချာ အချိန်ပေး နားထောင်နိုင်ဖို့နဲ့၊ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် သင်တန်းသား အရေအတွက်ကို အကန့်အသတ်နဲ့ လက်ခံသွားမှာ ဖြစ်ပါတယ်။

• သင်တန်းစတင်မည့်ရက်: 8 August, 2026
• အချိန်: 9:00 Am - 12:00 Pm
• နေရာ: Zoom Platform

ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး၊ ပိုတည်ငြိမ်တဲ့ ကိုယ့်ရဲ့ version အသစ်ကို တည်ဆောက်ချင်တယ်ဆိုရင်
..အခုပဲ ဒီ Program ကို Join ဖို့ ဖိတ်ခေါ်ပါတယ်။

👉 Registration Link: https://forms.gle/u6EPCCTTB2ZmXUmEA ကနေတစ်ဆင့်
(သို့မဟုတ်)
Page Messenger ကို "Ready" လို့ စာပို့ပြီး အခုပဲ နေရာယူ (Secure your spot) ထားနိုင်ပါပြီ။







ပြီးခဲ့တဲ့ မေလ က ကျင်းပခဲ့တဲ့ Adults များအတွက် Expressive Art Workshop ပွဲရဲ့ ပုံရိပ်များ ...........................
31/07/2026

ပြီးခဲ့တဲ့ မေလ က ကျင်းပခဲ့တဲ့

Adults များအတွက် Expressive Art Workshop ပွဲရဲ့ ပုံရိပ်များ ...........................

Arts ....
30/07/2026

Arts ....

Address

Naypyidaw

Telephone

+959250638017

Website

Alerts

Be the first to know and let us send you an email when Dr. မီ မီ ဟန္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. မီ မီ ဟန္:

Shortcuts

Share

Category