Intellect Health Resources - IHR

Intellect Health Resources - IHR MEDICAL SERVICES Healthcare Service

🩸 Thalassemia ရောဂါကို အမြစ်ပြတ်ကုသနိုင်မည့် Bone Marrow Transplantation (BMT)Thalassemia ရောဂါဟာ မျိုးရိုးလိုက် သွေးအား...
04/06/2026

🩸 Thalassemia ရောဂါကို အမြစ်ပြတ်ကုသနိုင်မည့် Bone Marrow Transplantation (BMT)

Thalassemia ရောဂါဟာ မျိုးရိုးလိုက် သွေးအားနည်းရောဂါတစ်မျိုးဖြစ်ပြီး လူနာအများစုမှာ အသက်ရှည်ရှည်နေထိုင်နိုင်ရန် သွေးသွင်းခြင်းနှင့် သံဓာတ်ဖယ်ရှားဆေးများကို အချိန်ကြာမြင့်စွာ လိုအပ်လေ့ရှိပါသည်။

ဒါပေမယ့် တိုးတက်လာတဲ့ ယနေ့ခေတ်မှာ Bone Marrow / Stem Cell Transplantation (BMT/HSCT) သည် Thalassemia Major လူနာများအတွက် ရောဂါကို အမြစ်ပြတ်ကုသနိုင်သည့် အရေးကြီးသော ကုသနည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုထားပါသည်။

🏥 Samitivej Children’s Hospital, Bangkok
သည် ကလေးသွေးရောဂါနှင့် Bone Marrow Transplantation အထူးပြုစင်တာများကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာမှ လူနာများစွာကို ကုသပေးလျက်ရှိပါသည်။

✅ HLA Tissue Matching စစ်ဆေးမှုများ
✅ Bone Marrow & Stem Cell Transplantation
✅ Thalassemia Major Management
✅ Pediatric Hematology & Oncology Specialist Team
✅ International Patient Services

Bone Marrow Transplantation ပြုလုပ်နိုင်မည့် အခွင့်အလမ်းရှိမရှိကို လူနာ၏ အသက်၊ ရောဂါအခြေအနေ၊ ကိုက်ညီသော Donor ရှိ/မရှိ စသည့် အချက်များအပေါ် မူတည်၍ အထူးကုဆရာဝန်များက သေချာစွာ အကဲဖြတ်ပေးပါသည်။

👨‍⚕️ Intellect Health Resources မှတဆင့်

✅ဆေးမှတ်တမ်းများ သုံးသပ်ပေးခြင်း
✅ဆေးရုံနှင့် ချိတ်ဆက်ပေးခြင်း

✅Bangkok သို့ ဆေးကုသရေး စီစဉ်ပေးခြင်း
တို့ကို အခမဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။

📩 Thalassemia လူနာများအတွက် Bone Marrow Transplantation အကြောင်း ပိုမိုသိရှိလိုပါက Page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။








May 25th – “ကမ္ဘာ့သိုင်းရွိုက်ကျန်းမာရေးနေ့” 💙✅သိုင်းရွိုက်ဂလန်းဆိုတာ လည်ပင်းရှေ့ဘက်မှာရှိတဲ့အရေးကြီး ဟော်မုန်းဂလန်းတစ်ခ...
26/05/2026

May 25th – “ကမ္ဘာ့သိုင်းရွိုက်ကျန်းမာရေးနေ့” 💙

✅သိုင်းရွိုက်ဂလန်းဆိုတာ လည်ပင်းရှေ့ဘက်မှာရှိတဲ့အရေးကြီး ဟော်မုန်းဂလန်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ စွမ်းအင်အသုံးပြုမှု၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် ကိုယ်အလေးချိန်တို့ကို ထိန်းညှိပေးပါတယ်။

✅သိုင်းရွိုက်ရောဂါများကို အဓိကအားဖြင့်
🔹 သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
🔹 သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroidism)
🔹 သိုင်းရွိုက်အဖု/လည်ပင်းဖောင်းခြင်း (Goiter & Thyroid Nodules)
🔹 သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)
တို့အဖြစ် တွေ့ရနိုင်ပါတယ်

အဖြစ်များသော လက္ခဏာများမှာ —
✅ မောပန်းလွယ်ခြင်း
✅ ရင်တုန်ခြင်း
✅ ကိုယ်အလေးချိန် တိုး/ကျ
✅ အပူ သို့မဟုတ် အအေး မခံနိုင်ခြင်း
✅ လည်ပင်းဖောင်းခြင်း
✅ အိပ်မပျော်ခြင်း
✅ စိတ်ဖိစီးမှုနှင့် စိတ်အပြောင်းအလဲများ
တို့ဖြစ်နိုင်ပါတယ်

သိုင်းရွိုက်ရောဂါများကို မကုသဘဲထားပါက နှလုံးရောဂါ၊ သွေးပေါင်ချိန်ပြဿနာ၊ ကိုယ်ဝန်ဆောင်အန္တရာယ်များနှင့် နေ့စဉ်ဘဝအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

စောစီးစွာ စစ်ဆေးသိရှိခြင်းနှင့် မှန်ကန်သောကုသမှုခံယူခြင်းသည် ကျန်းမာရေးကို ကာကွယ်ပေးနိုင်တာမို့လို့ သိုင်းရွိုက်ရောဂါအကြောင်းကို ကျွန်မတို့ Intellect Health Resources ( IHR ) မှမျှဝေပေးလိုက်ပါတယ်ရှင့် ❣️

💊 Thailand မှာပဲ ရတဲ့ဆေးတွေ ရှာမတွေ့လို့ စိတ်ညစ်နေလား?🇹🇭 Bangkok မှ မြန်မာပြည်အထိဆေးဝါးများကို IHR မှ ဝယ်ယူပို့ဆောင်ပေးန...
24/05/2026

💊 Thailand မှာပဲ ရတဲ့ဆေးတွေ ရှာမတွေ့လို့ စိတ်ညစ်နေလား?

🇹🇭 Bangkok မှ မြန်မာပြည်အထိ
ဆေးဝါးများကို IHR မှ ဝယ်ယူပို့ဆောင်ပေးနေပါပြီရှင်
✈️

✔ Prescribed Medicine
✔ Supplement
✔ Vitamin

🛒 ကိုယ်လိုချင်တဲ့ဆေးကို screenshot ပို့ရုံနဲ့ ရပါတယ်။
📩 CB မှာ လာမေးနိုင်ပါပြီ။

“ကျန်းမာရေးအတွက် လိုတာကို အချိန်မီရဖို့ IHR ကို ဆက်သွယ်ကြစို့ "


မိမိကလေးတွင် မွေးရာပါနှလုံးရောဂါ (Congenital Heart Disease) ရှိနေပါသလား? ❤️👶Bangkok ရှိ Samitivej Children’s Hospital တွ...
23/05/2026

မိမိကလေးတွင် မွေးရာပါနှလုံးရောဂါ (Congenital Heart Disease) ရှိနေပါသလား? ❤️👶

Bangkok ရှိ Samitivej Children’s Hospital တွင် ကလေးနှလုံးအထူးကုနှင့် နှလုံးခွဲစိတ်အထူးကုများမှ နိုင်ငံတကာအဆင့်မီ စစ်ဆေးကုသပေးခြင်း ၊ ခေတ်မီနည်းပညာများဖြင့် ရောဂါရှာဖွေခြင်း၊ ခွဲစိတ်ကုသမှုနှင့် ကုသပြီးနောက် စောင့်ရှောက်မှုများကို အသေးစိတ် ဆောင်ရွက်ပေးပါသည်။

✅မွေးရာပါနှလုံးပေါက်၊ နှလုံးသွေးလည်ပတ်မှုမမှန်ခြင်းနှင့် ကလေးနှလုံးဆိုင်ရာ ရောဂါများအတွက် ကုသနိုင်ပါသည်။

✅မိဘများအတွက် နားလည်လွယ်သော အကြံပေးဆွေးနွေးမှုနှင့် ကလေးအတွက် နွေးထွေးသော စောင့်ရှောက်မှုကိုလည်း ဆောင်ရွက်ပေးပါတယ်ရှင့် 👩🏻‍⚕️

👶👧🏻ကလေး၏ နှလုံးကျန်းမာရေးအတွက် အချိန်မီ စစ်ဆေးခြင်းနှင့် ကုသမှုသည် အရေးကြီးပါတယ်❤️

ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှ ဆေးကုသဖို့လိုအပ်တဲ့ ခရီးစဉ်အစအဆုံးအား အခမဲ့ကူညီဆောင်ရွက်ပေးနေတာမို့အအသေးစိတ် သိရှိလိုပါက Intellect Health Resources သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် …

Hantavirus ပိုးအန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ပါဘာတွေသတိထားရမလဲ ??✅ ရောဂါဖြစ်ပွားရာဒေသများမှ ပြန်လာသူများအနေဖြင့် မိမိကို...
19/05/2026

Hantavirus ပိုးအန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ပါ

ဘာတွေသတိထားရမလဲ ??

✅ ရောဂါဖြစ်ပွားရာဒေသများမှ ပြန်လာသူများအနေဖြင့် မိမိကိုယ်မိမိ စောင့်ကြည့်စစ်ဆေးရန် အလွန်အရေးကြီးပါသည်။

✅ သတိထားရမည့် လက္ခဏာများ (၈ ပတ်အတွင်း):

🌡️ ဖျားခြင်း

💪 ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

😮‍💨 ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း

ရောဂါ မဖြစ်ပွါးအောင်ကာကွယ်ဖို့ ဘာတွေ ပြုလုပ်သင့်သလဲ 🤔🤔

၁။ ကြွက်အန္တရာယ် ကာကွယ်ပါ: အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပြီး နေအိမ်အတွင်း ကြွက်များမဝင်အောင် ပိတ်ဆို့ထားပါ။

၂။ သန့်ရှင်းရေးကို စနစ်တကျလုပ်ပါ: ပိုးသတ်ဆေးဖြန်း၍ သန့်ရှင်းရေးလုပ်ပါ။ ကြွက်ချေးများကို တံမြက်စည်းလှည်းခြင်း သို့မဟုတ် ဖုန်စုပ်စက်အသုံးပြုခြင်း မပြုလုပ်ပါနှင့် (ဖုန်မှုန့်မှတစ်ဆင့် ရောဂါကူးစက်နိုင်သောကြောင့် ဖြစ်ပါသည်)။

၃။ ဆေးကုသမှု အမြန်ခံယူပါ: နေထိုင်မကောင်းဖြစ်ပါက ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြားပါ။

14/05/2026

“ သားဥအိမ်ကင်ဆာရောဂါအကြောင်း “

ပြီးခဲ့တဲ့ 🩵 မေလ ၈ ရက် – World Ovarian Cancer Day ဖြစ်တဲ့ အတွက် ကျွန်မတို့ IHR မှ သားဥအိမ်ကင်ဆာအကြောင်း Short video လေးတင်ပေးလိုက်ပါတယ်ရှင့် …

#ကျန်းမာရေးအသိပညာပေး

အရိုးပွ၊ အရိုးစားခြင်းဝေဒနာ​ကြောင့် ပြင်းထန်စွာ နာကျင်မှုခံစားနေရပြီး နေ့စဉ်ဘဝတွင် လှုပ်ရှားသွားလာရန် ခက်ခဲနေသူများ၊ သော...
08/05/2026

အရိုးပွ၊ အရိုးစားခြင်းဝေဒနာ​ကြောင့် ပြင်းထန်စွာ နာကျင်မှုခံစားနေရပြီး နေ့စဉ်ဘဝတွင် လှုပ်ရှားသွားလာရန် ခက်ခဲနေသူများ၊ သောက်ဆေးဖြင့်မသက်သာသော သူများဟာ “ Hip Replacement Surgery”

တင်ပါးဆုံရိုးအစားထိုးခြင်း ကုသမှုအားခံယူပြီး ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားကာ ဘဝအရည်အသွေးကို ပြန်လည်မြှင့်တင်နိုင်ပါတယ်။

Bangkok ရှိ Phyathai Hospital တွင် မိမိ၏ တင်ပါးဆုံရိုးကျန်းမာရေးအတွက်ပြသရန် ကျွန်မတို့ Intellect Health Resources ( IHR ) မှ တစ်ဆင့် အခမဲ့ ဆောင်ရွက်ပေးနေပါပြီရှင့်။

Contact- via Messenger

လူနာများအတွက် မနားမနေ ကြိုးစားပေးနေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင်အလုပ်သမားတိုင်းကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်…ပျော်ရွ...
01/05/2026

လူနာများအတွက် မနားမနေ ကြိုးစားပေးနေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင်
အလုပ်သမားတိုင်းကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်…
ပျော်ရွှင်ဖွယ် အလုပ်သမားနေ့ ဖြစ်ပါစေလို့ ကျွန်မ IHR မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်💙
— Intellect Health Resources”

🤖: Mako SmartRobotics™ ဆိုတာ ဒူးဆစ်နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ပိုမိုတိကျစေရန်နှင့် ခွဲစ...
30/04/2026

🤖: Mako SmartRobotics™ ဆိုတာ ဒူးဆစ်နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ပိုမိုတိကျစေရန်နှင့် ခွဲစိတ်မှုရလဒ်များ ပိုမိုကောင်းမွန်စေရန် ဒီဇိုင်းထုတ်ထားတဲ့ စက်ရုပ်နည်းပညာ အထောက်အကူပြု ခွဲစိတ်ကုသမှုနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

✅ ဘယ်လိုလူနာမျိုးတွေအတွက် သင့်တော်ပါသလဲ?
▪ ဒူးခေါင်းအဆစ်ရောင် ဝေဒနာရှင်များ
▪ တင်ပါးဆုံရိုး အဆစ်ရောင်ဝေဒနာရှင်များ
▪ အရိုးတည်ဆောက်ပုံ ပုံမှန်မဟုတ်သူများ၊ အရိုးအဆစ် ပုံစံပျက်ယွင်းနေသူများ စတဲ့ အလွန် တိကျသေချာတဲ့ ခွဲစိတ်ကုသမှု လိုအပ်လျက်ရှိတဲ့ ဝေဒနာရှင်များ
▪ အမြန်ဆုံး နာလန်ထပြီး ပြန်လည်ကျန်းမာလိုတဲ့ ဝေဒနာရှင်များ
▪ သမားရိုးကျ ခွဲစိတ်ခြင်းနည်းလမ်းတွင် အန္တရာယ်ရှိနိုင်သည့် ဝေဒနာရှင်များ

✨ စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်မှု အစီအစဉ်များ (Robotic-assisted Surgery Programs)

ဒူးဆစ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ် ကုသခြင်း
- 529,000 ထိုင်းဘတ်

တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း
- 629,000 ထိုင်းဘတ်

👉 ပိုမိုလေ့လာလိုပါက https://smtvj.com/3QlUNWk

🏥 ဘန်ကောက်မြို့ရှိ ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံကြီးမှ ကျွမ်းကျင်အရိုးခွဲစိတ်ဆရာဝန်ကြီးများက အဆိုပါခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဆရာဝန်ကြီးများနှင့် ပြသခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်မတို့ Intellect Health Resources ( IHR ) မှတစ်ဆင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေပါပြီရှင့်…

Contact - via messenger

ထိုင်းမှာ မြေဆီလွှာနဲ့ ရေမှတစ်ဆင့် ကူးစက်နိုင်တဲ့ မယ်လီယိုဒိုးစစ် (Melioidosis) ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး သေ...
25/04/2026

ထိုင်းမှာ မြေဆီလွှာနဲ့ ရေမှတစ်ဆင့် ကူးစက်နိုင်တဲ့ မယ်လီယိုဒိုးစစ် (Melioidosis) ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး သေဆုံးသူ ၂၀ ကျော်အထိ ရှိလာနေတာကြောင့် မြန်မာနိုင်ငံသားတွေ သတိပြုနေထိုင်ဖို့ Meliodosis ရောဂါအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

“Soil Fever” Melioidosis ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်တဲ့အခါ “မြေတုပ်ကွေး” (သို့) “မြေဆီလွှာအဖျား” လို့လည်း ခေါ်ကြပါတယ်။

🦠 ဒီရောဂါဟာ Burkholderia pseudomallei လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတာပါ။

ရောဂါကူးစက်ဖြစ်ပွါးပုံ
- ရောဂါဖြစ်စေတဲ့ အထက်ပါ ဘက်တီးရီးယားဟာ စိုစွတ်တဲ့ရွှံ့မြေ၊ မြေဆီလွှာထဲ၊ လယ်ကွင်း နဲ့ ရေဝပ်တဲ့မျက်နှာပြင်တွေမှာ နေထိုင်ကြပါတယ်။
- ထို့ကြောင့် အဆိုပါ ဘက်တီးရီးယားရှိတဲ့ မြေမှုန်၊ ရေမှုန်များ ရှုသွင်းမိခြင်း/ထိတွေ့ထားတဲ့ အစားအသောက်များကို စားသောက်မိခြင်း တို့မှ ရောဂါဖြစ်ပွါးပါတယ်။
- ထို့အပြင် ဘက်တီးရီးယားရှိတဲ့ မြေ၊ရေ နှင့် (ပွန်းပဲ့ဒဏ်ရာရှိတဲ့) အရေပြား တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့်လည်း ကူးစက်ဖြစ်ပွါးနိုင်ပါတယ်။

📌 ရောဂါလက္ခဏာများ
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- အသက်ရှုရခက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်းများ ခံစားရနိုင်ပြီး

🚨 အချိန်မီ မကုသပါက သွေးမှတစ်ဆင့် ရောဂါပိုးပျံ့နှံ့မှုများ ဖြစ်ပွါးနိုင်ပြီး အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်နိုင်၍ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

⚠️ ရောဂါဖြစ်ပွါးနိုင်ခြေများသူတွေ
- ဆီးချိုရောဂါရှိသူတွေ
- အသည်းရောဂါရှိသူတွေ
- ကျောက်ကပ်ရောဂါရှိသူတွေ
- အရက်အလွန်အကျွံသောက်သူတွေ
- နာတာရှည်ရောဂါရှိသူတွေ နဲ့
- ကိုယ်ခံအားနည်းနေသူတွေ
- မြေ၊ရေ နဲ့ တိုက်ရိုက်ထိတွေ့ လုပ်ကိုင်နေရသူတွေ ( ဥပမာ - လယ်သမားများ )

✅ ကာကွယ်ရန်
- ရောဂါပိုးရှိသော မြေ၊ရေ နှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် လက်အိတ် နှင့် လယ်တွင်းစီး(လည်ရှည်ဘွတ်ဖိနပ်များ ) ဝတ်ဆင်ပါ။
- ရောဂါပိုးရှိသော မြေ၊ရေ နှင့် တိုက်ရိုက်ထိတွေ့ထားတဲ့ အစားအသောက်များကို စားသောက်ခြင်း မပြုရန်။

💊 ကုသခြင်း
- ပဋိဇီဝဆေးသွင်းခြင်းကို ၂ပတ် မှ ၈ပတ်
- ပဋိဇီဝဆေးသောက်ခြင်းကို ၃လ မှ ၆လ အထိ ကုသရပါတယ်။

အပတ်စဉ် ကျန်းမာရေးဗဟုသုတများကို ကျွန်မတို့ Intellect Health Resources ( IHR ) မှ ဝေမျှသွားမှာဖြစ်လို့ မိမိသိချင်တဲ့ရောဂါများရှိလျှင် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့် ။

Address

Naypyidaw

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959785411490

Alerts

Be the first to know and let us send you an email when Intellect Health Resources - IHR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share