MYAT TAW WIN Specialist Clinic & Diagnostic Centre

MYAT TAW WIN Specialist Clinic & Diagnostic Centre မြတ်​တော်ဝင် အထူးကု​ဆေးခန်းနှင့် ​ရောဂါရှာ​ဖွေ​ရေးစင်တာ

✅️ ကျွန်ုပ်တို့ နေ့စဥ်ကျန်းမာစွာသွားလာနေထိုင်နိုင်ဖို့အတွက်အာဟာရပြည့်ဝမျှတစွာစားသောက်ဖို့အရေးကြီးပါတယ်။✅️ မိမိတို့စားသုံ...
09/07/2026

✅️ ကျွန်ုပ်တို့ နေ့စဥ်ကျန်းမာစွာသွားလာနေထိုင်နိုင်ဖို့အတွက်အာဟာရပြည့်ဝမျှတစွာစားသောက်ဖို့အရေးကြီးပါတယ်။

✅️ မိမိတို့စားသုံးသလောက်အာဟာရ ရရှိဖို့နဲ့အင်အားပြည့်ဝဖို့အတွက် ခန္ဓာကိုယ်ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ဟာအစဥ်ကျန်းမာနေဖို့အရေးကြီးပါတယ်။

✅️ အစာအိမ် အူလမ်းကြောင်းစနစ်ရဲ့လုပ်ငန်းတာဝန်ကတော့ စားသောက်လိုက်တဲ့ အစားအသောက်တွေကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူပေးပြီး မလိုအပ်တဲ့ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးဖို့ ဖြစ်ပါတယ်။

✅️ အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ပါးစပ်ကနေစတင်ပြီး အစာရေမြိုပြွန်၊အစာအိမ်၊ အူသိမ်၊အူမကြီးတို့ပါဝင်ပြီး စအိုမှာ အဆုံးသတ်ပါတယ်။

✅️ ရှည်လျားရှုပ်ထွေးလှတဲ့ အစာအိမ်၊အူလမ်းကြောင်းဟာ ရောဂါအစုံဖြစ်နိုင်တဲ့အတွက် ရောဂါလက္ခဏာအသေးအမွှားလေးတွေကအစ မပေါ့ဆပဲ ဂရုစိုက်ပြီးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။

👩‍⚕️အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေကတော့

မကြာခဏအစာမကြေဖြစ်ခြင်း၊

အစာအိမ်မှအချဥ်ဓါတ်ပြန်၍တက်ခြင်း၊

ရင်ဝအောင့်ခြင်း၊ရင်ပူခြင်း၊

ဗိုက်အောင့်ခြင်း၊ လေထခြင်း၊

အစာမျိုချရခက်ခဲခြင်း၊

အလွန်အမင်းဝမ်းချုပ်ခြင်း၊

မကြာခဏဝမ်းသွားခြင်း ၊ဝမ်းပျက်ခြင်း၊

ကော်ဖီရောင်အန်ခြင်း၊

ဝမ်းထဲတွင်သွေးပါခြင်း၊

ကိုယ်အလေးချိန်ကျဆင်းလာခြင်း စသည်တို့ဖြစ်ပါတယ်။

🩺အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောရောဂါများအတွက်မြတ်တော်ဝင်အထူးကုဆေးခန်းမှာ

📌ရန်ကုန်မြို့မှ အစာအိမ်၊အူလမ်းကြောင်းနှင့်သည်းခြေလမ်းကြောင်းအထူးကုသမားတော်ကြီး နှင့်

ဇူလိုင်လ (၁၂) ရက် (တနင်္ဂနွေနေ့) နံနက် (၁၀:၃၀) နာရီတွင်လာရောက်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ပါသည်။

👩‍⚕️ပြသလိုသောလူနာများအနေဖြင့် ကြိုတင်စာရင်းပေး

ထားနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။

🧪လိုအပ်သောသွေးစစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~

💬 Page Messenger (သို့) ဆေးခန်းဖုန်း

☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🏥 လိပ်စာ

📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ

အားထားပါ" 👨‍⚕️🩺

#အစာအိမ်အူလမ်းကြောင်းရောဂါ

#မြတ်တော်ဝင်

#အထူးကုဆေးခန်း

#ရောဂါရှာဖွေရေးစင်တာ

ခြေဆစ်၊ လက်ဆစ်တွေ နာကျင်ကိုက်ခဲနေပြီဆိုရင် ဘယ်သူနဲ့ ပြသသင့်လဲ? 🩺"အဆစ်အမြစ်တွေ နာလိုက်တာ၊ တစ်စစ်စစ်နဲ့ပဲ..."ဒီလိုဝေဒနာမျိ...
08/07/2026

ခြေဆစ်၊ လက်ဆစ်တွေ နာကျင်ကိုက်ခဲနေပြီဆိုရင် ဘယ်သူနဲ့ ပြသသင့်လဲ? 🩺
"အဆစ်အမြစ်တွေ နာလိုက်တာ၊ တစ်စစ်စစ်နဲ့ပဲ..."
ဒီလိုဝေဒနာမျိုး ခံစားနေရတဲ့အခါ ကျွန်မတို့ကတော့ Rheumatologist ဆရာဝန်ကြီးများနဲ့ ပြသဖို့ အကြံပေးလိုပါတယ်။
ဘယ်လိုလက္ခဏာတွေရှိရင် Rheumatologist နဲ့ ပြသသင့်တာလဲ? 👇

အဆစ်များ ရောင်ရမ်းနာကျင်ခြင်း - ခြေဆစ်၊ လက်ဆစ်များ တစ်ပြိုင်နက်တည်း နာကျင်ပြီး ရောင်ရမ်းနေခြင်း။

မနက်ခင်း တောင့်တင်းခြင်း - အိပ်ရာထချိန်မှာ အဆစ်အမြစ်တွေ လှုပ်ရှားရခက်ပြီး တောင့်တင်းနေခြင်း။

အရေပြားပြဿနာများ - အရေပြား ခြောက်သွေ့အက်ကွဲပြီး ငွေရောင်အကြေးခွံကဲ့သို့ အနီကွက်များဖြစ်ခြင်း (Psoriatic Arthritis လက္ခဏာ)။

ရုတ်တရက် အဆစ်နာခြင်း - အဆစ်များ ပြင်းထန်စွာ နာကျင်ပြီး အဖျားတက်ခြင်း (လူသိများတဲ့ ဂေါက်ရောဂါ - Gout)။
ဒါ့အပြင် အဆစ်နာတာတင်မကဘဲ နောက်ဆက်တွဲအနေနဲ့ -
✅ အမြဲပင်ပန်းနွမ်းနယ်နေခြင်း
✅ အကြောင်းရင်းမရှိ အဖျားတက်ခြင်း
✅ ကိုယ်အလေးချိန် ကျဆင်းလာခြင်း
✅ မျက်လုံးနှင့် ပါးစပ်များ ခြောက်သွေ့ခြင်း
အစရှိတဲ့ လက္ခဏာတွေဟာလည်း အဆစ်အမြစ်နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါတွေရဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်နိုင်ပါတယ်။
ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရပါဘူး။ သွေးလေးဖက်နာ အပါအဝင် အဆစ်အမြစ်ရောင်ရောဂါ အမျိုးမျိုးကို စောစီးစွာ စစ်ဆေးကုသခြင်းဖြင့် အဆစ်များ ပုံပျက်သွားခြင်းမှ ကာကွယ်နိုင်ပါတယ်။ အထက်ပါ လက္ခဏာတွေရှိနေပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ Rheumatologist နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူလိုက်ပါရှင်။ ❤️

ကျွန်မတို့ "မြတ်တော်ဝင်ဆေးခန်း" တွင်

အရိုး၊ အဆစ်နှင့် အကြောအဆစ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး
Dr San Pa Pa Phyo
M.B.,B.S(YGN),M.Med.Sc(Int; Medicine)
MRCP (UK),FRCP (Edin)
Senior Consultant Physician
(300) Bedded Teaching Hospital,Mandalay

နှင့် လာမည့် ( 11 .7.2026 ) (စနေနေ့) - ညနေ ( 3 ) နာရီ ၊ ( 12.7.2026 ) (တနင်္ဂနွေနေ့) - မနက် ( 8 )နာရီတွင် လာရောက်တိုင်ပင်ဆွေးနွေး ပြသနိုင်ပါပြီရှင့်

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - [email protected]

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

📍ကျောက်ကပ်မကောင်းရင်ဖြစ်လာမယ့်ဆိုးကျိုးလက္ခဏာ◇သွေးပေါင်တက်ခြင်း◇တစ်ကိုယ်လုံးဖောရောင်ခြင်း◇အသက်ရှူကျပ်ခြင်း၊အလွန်အမင်းမော...
08/07/2026

📍ကျောက်ကပ်မကောင်းရင်ဖြစ်လာမယ့်ဆိုးကျိုးလက္ခဏာ
◇သွေးပေါင်တက်ခြင်း
◇တစ်ကိုယ်လုံးဖောရောင်ခြင်း
◇အသက်ရှူကျပ်ခြင်း၊အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း
◇ကြွက်တက်ခြင်း၊ခြေ၊လက်များနှုံးချိခြင်း
◇အစားပျက်ခြင်း ၊ပျို့အန်ခြင်း၊အာဟာရဆုံးရှုံးခြင်း
◇ဆီးသွားနည်းခြင်း
◇သွေးအားနည်းခြင်း
◇နှလုံးထိခိုက်ခြင်း
◇လေဖြတ်ခြင်း
◇သွေးဆိပ်တက်ခြင်းတို့အပြင်
အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

👩‍⚕️အဖြစ်များတဲ့ကျောက်ကပ်ရောဂါများကတော့
◇ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊
◇ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
◇ဆီးချို၊သွေးတိုးရောဂါတို့၏နောက်ဆက်တွဲကျောက်ကပ်ထိခိုက်ခြင်း၊
◇ကျောက်ကပ်ရည်အိတ်တည်ခြင်း၊
◇ကျောက်ကပ်ရောင်ရမ်းခြင်း၊
◇နာတာရှည်ကျောက်ကပ်ရောဂါများ၊
◇မွေးရာပါကျောက်ကပ်ရောဂါများ
တို့ဘဲဖြစ်ပါတယ်။

👩‍⚕️ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ရောဂါများအတွက် မြတ်တော်ဝင်အထူးကုဆေးခန်းတွင်
ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီး
နှင့်လာရောက်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။

📌ဆရာဝန်ကြီးသည် ဇူလိုင်လ ( ၁၁ )ရက်‌ ၊( စနေနေ့ ) နံနက် (၁၀:၃၀) နာရီတွင် လူနာများအားလာရောက်ဆွေးနွေးကုသပေးမည်ဖြစ်ပါတယ်။

🧪လိုအပ်သောသွေး၊ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#ဆီးနှင့်ကျောက်ကပ်
#ကျောက်ကပ်ရောဂါ
#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

🩵 ခန္ဓာကိုယ်မှာ အဆီများလာတာ၊ အဝလွန်လာတာဟာ သာမန် အလှအပပြဿနာတစ်ခုတင် မဟုတ်ပါဘူး။ ဆေးပညာအရတော့ ဒါဟာ ဆီးချို၊ နှလုံးနဲ့ ဟော်...
07/07/2026

🩵 ခန္ဓာကိုယ်မှာ အဆီများလာတာ၊ အဝလွန်လာတာဟာ သာမန် အလှအပပြဿနာတစ်ခုတင် မဟုတ်ပါဘူး။ ဆေးပညာအရတော့ ဒါဟာ ဆီးချို၊ နှလုံးနဲ့ ဟော်မုန်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်လာမယ့် "အချက်ပေးခေါင်းလောင်း" တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် အဝလွန်တဲ့သူတွေ၊ အဆီများတဲ့သူတွေအနေနဲ့ ဆီးချိုနှင့် ဟော်မုန်းအထူးကုဆရာဝန်ကြီးများ (Endocrinologists) နဲ့ တိုင်ပင်ပြသဖို့ အရေးကြီးဆုံး ဖြစ်ရတဲ့ အကြောင်းရင်း (၃) ချက်ကို မျှဝေပေးချင်ပါတယ် 👇
၁။ အဝလွန်ခြင်းနဲ့ Type 2 ဆီးချိုဟာ ခွဲမရလို့ပါ (Insulin Resistance)
ခန္ဓာကိုယ်မှာ အဆီပမာဏ များလာတဲ့အခါ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့ Insulin Resistance (အင်ဆူလင် ခုခံမှု) ဖြစ်လာပါတယ်။ ဒါဟာ Type 2 ဆီးချိုရောဂါ ဖြစ်လာစေဖို့ အဓိက တွန်းအားပေးတဲ့အချက် ဖြစ်လို့ ဆီးချိုဆရာဝန်နဲ့ စောစောပြသပြီး သွေးတွင်းသကြားဓာတ်ကို စနစ်တကျ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။
၂။ "အသည်းအဆီဖုံးခြင်း" ရဲ့ နောက်ကွယ်က တရားခံဖြစ်လို့ပါ
အဝလွန်ခြင်း၊ ဆီးချိုဖြစ်ခြင်းနဲ့ သွေးတွင်းအဆီဓာတ် (Triglycerides/Cholesterol) မြင့်မားခြင်းတို့ ပေါင်းစပ်သွားတဲ့အခါ အသည်းထဲမှာ အဆီတွေ စုပုံလာပြီး Fatty Liver (အသည်းအဆီဖုံးခြင်း) ကို ဖြစ်စေပါတယ်။ ဆီးချိုဆရာဝန်ကြီးများသည် ဤကဲ့သို့ ဇီဝကမ္မဖြစ်စဉ် လွဲမှားမှုများကို အထူးပြုကုသပေးသူများ ဖြစ်ကြပါတယ်။
၃။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ပါ
"ကျွန်တော်/ကျွန်မက ဆီးချိုပဲ ရှိတာ၊ နှလုံးရောဂါ မရှိပါဘူး" ဆိုပြီး ပေါ့ဆလို့ မရပါဘူး။ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီများခြင်းနဲ့ ဆီးချိုရောဂါတွေ စုပေါင်းလာတဲ့အခါ နှလုံးသွေးကြောတွေကို ထိခိုက်စေပြီး သာမန်လူတွေထက် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများလာစေပါတယ်။
💡 အဝလွန်ခြင်းနဲ့ ဆက်စပ်ရောဂါတွေကို သက်သာစေဖို့ ဘာတွေလုပ်မလဲ?
International Guidelines (နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များ) အရ အောက်ပါ နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ တိုက်တွန်းထားပါတယ် -
ကိုယ်အလေးချိန် လျှော့ချခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
အစားအသောက် ဆင်ခြင်ခြင်း: အချိုရည်များ၊ ပေါင်မုန့်ဖြူ/ကိတ်မုန့်ကဲ့သို့ သန့်စင်ထားသော ကာဘိုဟိုက်ဒရိတ်များ၊ Fast Food နှင့် အဆီအစိမ့်များ လျှော့စားပြီး ဟင်းသီးဟင်းရွက်နှင့် အသားဓာတ်ကောင်းများ ပိုမိုစားသုံးပေးပါ။
မကောင်းသော အလေ့အထများ ရှောင်ကြဉ်ခြင်း: ဆေးလိပ်ဖြတ်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ခြင်း။
အထူးကုဆရာဝန်နှင့် ပြသခြင်း: ဆီးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီဓာတ်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသထိန်းချုပ်ပါ။
🩺 American Association of Clinical Endocrinology (AACE) ကဲ့သို့ ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကြီးများ၏ လမ်းညွှန်ချက်များအရ "အဝလွန်ခြင်း" ကို ဟော်မုန်းနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဆီးချိုနှင့် ဟော်မုန်းအထူးကု သမားတော်ကြီးများ နှင့် စနစ်တကျ တိုင်ပင်ကုသရန် အကြံပြုထားပါတယ်ရှင်။

🚨 ကိုယ်တိုင်ဖြစ်စေ၊ မိမိချစ်ခင်ရသူတွေမှာဖြစ်စေ အဝလွန်ခြင်းနဲ့အတူ ဆီးချို၊ အဆီများတဲ့ လက္ခဏာတွေ ရှိနေရင် အချိန်မဆွဲဘဲ မြတ်တော်ဝင် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှာ

ဆီးချို၊သွေးချိုနှင့်ဟော်မုန်းရောဂါ အထူးကုသမားတော် ကြီး
ဒေါက်တာ ဝါဝါလင်း
M.B.,B.S (Ygn), M.Med .Sc (Int.Med)
MRCP (UK), FRCP (Edinburgh)
Dr. Med. Sc (Endocrinology)
နှင့်( ၁၁.၀၇.၂၀၂၆ ) ၊ ( စနေနေ့ ) ၊
နံနက် (၁၀:၃၀) နာရီ တွင် လာရောက်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေး ရန်အတွက်
☎️ 09888866112, 09888866113 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

🏨 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#ဆီးချိုအထူးကု
#မြတ်တော်ဝင်
#အထူးကုဆေးခန်း

သင့်အာရုံကြောစနစ်ကို ဂရုစိုက်ပါ! ✨​လူ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအားလုံးကို ထိန်းချုပ်ပေးတဲ့ အာရုံကြောစနစ် ဟာ တစ်ကိုယ်လ...
02/07/2026

သင့်အာရုံကြောစနစ်ကို ဂရုစိုက်ပါ! ✨

​လူ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအားလုံးကို ထိန်းချုပ်ပေးတဲ့ အာရုံကြောစနစ် ဟာ တစ်ကိုယ်လုံးကို ဖြန့်ကျက်ထားတဲ့ အရေးအကြီးဆုံး ကွန်ရက်တစ်ခုပါ။

​🧠 ဦးနှောက်ရဲ့ ဟန်ချက်ပျက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ လွဲမှားသွားနိုင်တယ် ဆိုတာကို သတိပြုရပါမယ်။ ဒါကြောင့် အာရုံကြောစနစ် ကျန်းမာဖို့ အရေးကြီးပါတယ်။

​🚨 အာရုံကြောအားနည်းခြင်း (Neuropathy) ဆိုတာ ဘာလဲ?

​ဒါဟာ ဦးနှောက်နှင့် အာရုံကြောမကြီးမှ ဖြာထွက်လာတဲ့ လက်၊ ခြေထောက်တို့ရှိ အာရုံကြောများ ပျက်စီးခြင်းကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။

​အာရုံကြောအားနည်းလာရင် သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်း အပါအဝင် နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။

​သင့်မှာ ဒီလက္ခဏာတွေ ခံစားနေရပြီလား?

​အောက်ပါ လက္ခဏာများထဲမှ တစ်ခုခုကို ခံစားနေရပြီဆိုရင် ဒါဟာ သင့်အာရုံကြောစနစ်က သင့်ကို သတိပေးနေတာ ဖြစ်နိုင်ပါတယ်။

အာရုံကြောအားနည်းခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့

- ခေါင်းကိုက်မှုများပြားခြင်း

- အမြင်မကြည်လင်ခြင်း

- မှတ်ဉာဏ်များပျက်စီးဆုံးရှုံးခြင်း

- ထုံကျဉ်ခြင်း

- ပိုချမ်းတတ်လာခြင်း

- အားနည်းခြင်း

- နှလုံးခုန်မြန်ခြင်း

- ပါးစပ်အနာဖြစ်ခြင်း

- ဗိုက်ပြဿနာ နှင့်အခြားသောရောဂါလက္ခဏများ​

ဒီလိုလက္ခဏာများ ခံစားလာရလျှင် လုံးဝ မပေါ့ဆပါနှင့်!

​ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး ပြသရန် အကြံပြုအပ်ပါတယ်။

ရန်ကုန်မြို့မှ

ဦး​နှောက်နှင့်အာရုံ​​ကြောအထူးကု ဆရာဝန်ကြီး

​ဒေါက်တာ မင်းသိန်းနိုင်

M.B.,B.S(Ygn), M.Med .Sc(Internal Medicine)

Dr.Med .Sc(Neurology)

Fellowship in Clinical Neurology

(UMMC,Malaysia) သည်

မြတ်​​တော်ဝင် အထူးကု​ဆေးခန်းနှင့်​ရောဂါရှာ​ဖွေ​ရေးစင်တာတွင် လာမည့်

၀၄ - ၀၇ -၂၀၂၆ (စနေနေ့)

၀၅ - ၀၇ - ၂၀၂၆ (တနင်္ဂနွေနေ့)

နံနက် ၁၀:၃၀ နာရီ တချိန်

​ညနေ ၀၄:၃၀ နာရီ တချိန်

တွင်လူနာများအား လာ​ရောက်​တိုင်ပင်​ဆွေး​​နွေးကုသ​ပေးမည်ပြီဖြစ်​ကြောင်း သတင်း​ကောင်း​လေးပါးလိုက်ပါတယ်ရှင် ..📢📢📢

📌 အ​သေးစိတ်စုံစမ်း​ရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~

💬 Page Messenger (သို့) ​ဆေးခန်းဖုန်း

☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်

🏥 လိပ်စာ

📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ​ကျောင်းအနီး၊ ပုသိမ်မြို့။

"​ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်​တော်ဝင်သာ

အားထားပါ" 👨‍⚕️🩺

#ဦးနှောက်နှင့်အာရုံကြော

#မြတ်တော်ဝင်

#အထူးကုဆေးခန်း

#ရောဂါရှာဖွေရေးစင်တာ

🩵 ( ၄.၇ .၂၀၂၆ )(စနေနေ့) တွင် နှလုံးနှင့်အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် လာရောက်ပြသသောလူနာများအတွက် Echo (Echocardiog...
01/07/2026

🩵 ( ၄.၇ .၂၀၂၆ )(စနေနေ့) တွင် နှလုံးနှင့်အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် လာရောက်ပြသသောလူနာများအတွက် Echo (Echocardiogram) နှလုံးဓာတ်မှန် "အခမဲ့" ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

နှလုံးဟာဆိုရင်ဖြင့် ရောဂါဖြစ်ပြီဆိုရင် အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့အပြင် တစ်ခါတလေ သိသာတဲ့ လက္ခဏာမပြဘဲ ဖြည်းဖြည်းချင်း ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို ခံစားနေရပြီဆိုရင်တော့ သင့်နှလုံးကို အထူးဂရုစိုက်ဖို့ လိုနေပါပြီ။
🤔 နှလုံးရောဂါရှိရင် ဘယ်လိုခံစားရတတ်သလဲ? (Symptoms)
ရင်ဘတ်အောင့်ခြင်း: ရင်ဘတ်ထဲက တစ်ခုခုနဲ့ ဖိထားသလို တင်းကျပ်ကျပ်ကြီး ခံစားရခြင်း
မောပန်းလွယ်ခြင်း: အရင်ကလို အလုပ်မလုပ်နိုင်တော့ဘဲ လှေကားတက်ရင်ဖြစ်ဖြစ်၊ လမ်းနည်းနည်းလျှောက်ရင်ဖြစ်ဖြစ် အသက်ရှူမဝဘဲ မောဟိုက်လာခြင်း
ရင်တုန်ခြင်း: ထိုင်နေရင်းနဲ့တောင် နှလုံးက တဒိန်းဒိန်း ခုန်နေသလို ခံစားရခြင်း (သို့မဟုတ်) နှလုံးခုန်သံ မမှန်ခြင်း
မူးဝေခြင်း: ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်ပြီး သတိလစ်ချင်သလို ဖြစ်ခြင်း
ဖောရောင်ခြင်း: ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ခြေဖဝါးတွေ အကြောင်းရင်းမရှိဘဲ ဖောရောင်လာခြင်း။
အသက်ရှူရခက်ခြင်း: လှဲအိပ်လိုက်တဲ့အခါမျိုးမှာ အသက်ရှူရ ကျပ်လာခြင်း စတဲ့လက္ခဏာတွေရှိရင် မပေါ့ဆသင့်ပါဘူးရှင့်

🔍 နှလုံးရောဂါ အမျိုးအစားများ
နှလုံးနဲ့ပတ်သက်ရင် ဒီလိုမျိုး ရောဂါအမျိုးအစားတွေ အသီးသီး ရှိနေနိုင်ပါတယ် -
၁။ နှလုံးစည်းချက်မမှန်ခြင်း (ခဏခဏ ရင်တုန်တတ်တာမျိုး)
၂။ နှလုံးသွေးကြောကျဉ်းခြင်း (သွေးကြောထဲ အဆီပိတ်တာမျိုး)
၃။ နှလုံးကြွက်သားဆိုင်ရာ ရောဂါများ
၄။ မွေးရာပါ နှလုံးချို့ယွင်းချက်များ
၅။ နှလုံးသွေးကြောမကြီးဆိုင်ရာ ရောဂါ (Coronary artery disease)
၆။ နှလုံးအဆို့ရှင် မကောင်းခြင်း
၇။ နှလုံးအလုပ်မလုပ်တော့ခြင်း (Heart failure)
၈။ နှလုံးအတွင်းပိုင်း ပိုးဝင်ခြင်း
၉။ လေဖြတ်ခြင်း (Stroke) — ဒါဟာလည်း နှလုံးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

✅ နှလုံးကျန်းမာဖို့ ဆင်ခြင်ဖို့ရာ

၁။ ဆေးလိပ်သောက်ခြင်းကို ဆင်ခြင်ပါ
၂။ အချို၊ အဆီ၊ အငန် လျှော့စားပါ။
၃။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ်ရေးဝဝ အိပ်ပါ။
၄။ လေကောင်းလေသန့်ရသော ပတ်ဝန်းကျင်တွင် နေထိုင်ပါ။
🫀 နှလုံးအထူးကု ဆရာဝန်ကြီးများနှင့် ပြသပါ
အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ မပေါ့ဆဘဲ ကျွမ်းကျင်တဲ့ နှလုံးအထူးကု ဆရာဝန်ကြီးများ (Cardiologists) နဲ့ တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းပါရစေ။ စောစောသိ၊ စောစောကုသတာက အသက်အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ခြင်းပါပဲ။

ကျွန်မတို့ မြတ်တော်ဝင်အထူးကုဆေးခန်းမှာ
ဒေါက်တာဝေယံလင်း
M.B.,B.S,M.Med.Sc (Int.Medicine)
Dr.Med.Sc (Cardiology)
နှလုံးနှင့်အထွေထွေရောဂါအထူးကုသမားတော်
နှလုံးဆေးကုသဆောင်
မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး နှင့်

လာမည့် ဇူလိုင်လ ( ၄ )ရက်၊ စနေနေ့၊ မနက် (၁၀) နာရီတွင် လာရောက်တိုင်ပင်ဆွေးနွေး ပြသနိုင်ပါပြီရှင့်

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀

ကြိုတင် ဘိုကင်ယူနိုင်ရန်

☎️ ဖုန်းနံပါတ် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။

📧 Email - [email protected]

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ
#နှလုံးရောဂါ

📍ကျောက်ကပ်မကောင်းရင်ဖြစ်လာမယ့်ဆိုးကျိုးလက္ခဏာ◇သွေးပေါင်တက်ခြင်း◇တစ်ကိုယ်လုံးဖောရောင်ခြင်း◇အသက်ရှူကျပ်ခြင်း၊အလွန်အမင်းမော...
26/06/2026

📍ကျောက်ကပ်မကောင်းရင်ဖြစ်လာမယ့်ဆိုးကျိုးလက္ခဏာ
◇သွေးပေါင်တက်ခြင်း
◇တစ်ကိုယ်လုံးဖောရောင်ခြင်း
◇အသက်ရှူကျပ်ခြင်း၊အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း
◇ကြွက်တက်ခြင်း၊ခြေ၊လက်များနှုံးချိခြင်း
◇အစားပျက်ခြင်း ၊ပျို့အန်ခြင်း၊အာဟာရဆုံးရှုံးခြင်း
◇ဆီးသွားနည်းခြင်း
◇သွေးအားနည်းခြင်း
◇နှလုံးထိခိုက်ခြင်း
◇လေဖြတ်ခြင်း
◇သွေးဆိပ်တက်ခြင်းတို့အပြင်
အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

👩‍⚕️အဖြစ်များတဲ့ကျောက်ကပ်ရောဂါများကတော့
◇ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊
◇ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
◇ဆီးချို၊သွေးတိုးရောဂါတို့၏နောက်ဆက်တွဲကျောက်ကပ်ထိခိုက်ခြင်း၊
◇ကျောက်ကပ်ရည်အိတ်တည်ခြင်း၊
◇ကျောက်ကပ်ရောင်ရမ်းခြင်း၊
◇နာတာရှည်ကျောက်ကပ်ရောဂါများ၊
◇မွေးရာပါကျောက်ကပ်ရောဂါများ
တို့ဘဲဖြစ်ပါတယ်။

👩‍⚕️ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ရောဂါများအတွက် မြတ်တော်ဝင်အထူးကုဆေးခန်းတွင်
ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီး
နှင့်လာရောက်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။

📌ဆရာဝန်ကြီးသည် ဇွန်လ ( ၂၇ )ရက်‌ ၊( စနေနေ့ ) နံနက် (၁၀:၃၀) နာရီတွင် လူနာများအားလာရောက်ဆွေးနွေးကုသပေးမည်ဖြစ်ပါတယ်။

🧪လိုအပ်သောသွေး၊ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#ဆီးနှင့်ကျောက်ကပ်
#ကျောက်ကပ်ရောဂါ
#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

👩‍⚕️အသည်းဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာအတော်များများပါဝင်ပါတယ်။အသည်းရဲ့တာဝန်နဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့◇အ...
23/06/2026

👩‍⚕️အသည်းဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာအတော်များများပါဝင်ပါတယ်။

အသည်းရဲ့တာဝန်နဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့
◇အစာချေဖျက်ခြင်း၊
◇ခန္ဓာကိုယ်တည်ဆောက်ဖို့အတွက်လိုအပ်တဲ့အသားဓါတ်တွေ ထုတ်ပေးခြင်း၊
◇စားလိုက်တဲ့အစာထဲမှာပါဝင်တဲ့အဆိပ်အတောက် တွေကိုခြေဖျက်ပေးခြင်း၊
◇ဆေးဝါး၊ အရက်စသည်တို့ကိုခြေဖျက်ပေးခြင်း၊
◇အာဟာရဓါတ်တွေသိုလှောင်ထားပေးပြီး လိုအပ်ချိန်တွင် စွမ်းအင်အဖြစ်သိုပြောင်းပေးနိုင်ခြင်း၊
◇သွေးခဲခြင်း၊သွေးတိတ်ခြင်းအတွက်လိုအပ်တဲ့ဓါတ်ပစ္စည်းတွေထုတ်ပေးနိုင်ခြင်းတို့ဘဲဖြစ်ပါတယ်။

👨‍⚕️အသည်းနေမကောင်းရင် ဘာတွေဖြစ်လာနိုင်မလဲ?

◇အစာမကြေဖြစ်ခြင်း၊ပျို့အန်ခြင်းတွေဖြစ်လာမယ်။
◇အသား၊ မျက်လုံး တွေဝါမယ်။
◇သွေးခြေဥလွယ်တာ၊ အနီကွက်တွေထတာ၊သွေးမတိတ်တာတွေဖြစ်လာမယ်။🩸
◇အာဟာရနည်းပြီး ပိန်လှီလာမယ်။😫
◇ရေဖျင်းဆွဲတာ၊ ခန္ဓာကိုယ်ဖောရောင်တာတွေ ဖြစ်လာနိုင်တယ်။
◇ထပ်ပြီးဆိုးလာမယ်ဆိုရင် အခြားကလီစာတွေပါထိခိုက်လာနိုင်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။

👩‍⚕️အသည်းကိုထိခိုက်ပျက်စီးစေတဲ့အကြောင်းအရာတွေကတော့
🔸️ အရက်အလွန်အကျွံသောက်ခြင်း
🔸️ အသည်းရောင်အသားဝါ "B" ပိုးရှိခြင်း
🔸️ အသည်းရောင်အသားဝါ "C" ပိုးရှိခြင်း
🔸️ အသည်းအဆီဖုံးနေခြင်း
🔸️ အဝလွန်ခြင်း
🔸️ အသည်းကင်ဆာရောဂါ
🔸️ ခုခံအားစနစ်နှင့်သက်ဆိုင်သော အသည်းရောဂါများ
🔸️ အကိုက်အခဲပျောက်ဆေးများနှင့် အသည်းကို ထိခိုက်တတ်သောဆေးဝါးများရေရှည်စွဲသောက်နေခြင်း တို့ဖြစ်ပါတယ်။

👨‍⚕️👩‍⚕️အသည်းရောဂါများနဲ့ပတ်သက်ပြီး ပြသမယ််ဆိုရင်တော့ 🏥မြတ်တော်ဝင်အထူးကုဆေးခန်းမှာ

ရန်ကုန်မြို့မှ အသည်းရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအေးမွန်ဦးနှင့်
📌၂၇- ၀၆ -၂၀၂၆ (စနေနေ့)၊ နေ့လည် (၂:၀၀)နာရီ အချိန်တွင် လာရောက်တိုင်ပင်ဆွေးနွေးကုသနိုင်ပြီပဲ ဖြစ်ပါတယ်ရှင့်။
ပြသလိုသောလူနာများအနေဖြင့်ကြိုတင်စာရင်းပေး ထားနိုင်ပြီဖြစ်ကြောင်းလည်းသတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။👩‍⚕️👨‍⚕️

🧪လိုအပ်သောသွေးစစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#အသည်းရောဂါ
#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

ဆီးချို၊သွေးချို၊ ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါများ၊လည်ပင်းကြီးရောဂါများနှင့် အခြားဟော်မုန်းဆိုင်ရာရောဂါများအတွက် မြတ်တ...
23/06/2026

ဆီးချို၊သွေးချို၊ ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါများ၊လည်ပင်းကြီးရောဂါများနှင့် အခြားဟော်မုန်းဆိုင်ရာရောဂါများအတွက် မြတ်တော်ဝင် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှာ

ဆီးချို၊သွေးချိုနှင့်ဟော်မုန်းရောဂါ အထူးကုသမားတော် ကြီး
ဒေါက်တာ ဝါဝါလင်း
M.B.,B.S (Ygn), M.Med .Sc (Int.Med)
MRCP (UK), FRCP (Edinburgh)
Dr. Med. Sc (Endocrinology)
နှင့်( ၂၇.၀၆.၂၀၂၆ ) ၊ ( စနေနေ့ ) ၊
နံနက် (၁၀:၃၀) နာရီ တွင် လာရောက်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်။

👩‍⚕️ဆီးချို၊သွေးချိုရောဂါဟာ နောက်ဆက်တွဲဆိုကျိုး တွေအင်မတန်များတာကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်သင့်ပြီး ဖြစ်လာခဲ့လျှင်လည်းထိရောက်တဲ့ ဆေးဝါးကုသမှုတွေခံယူဖို့လိုအပ်ပါတယ်။

❗️ဘယ်သူတွေမှာဆီးချိုသွေးချိုရောဂါပိုအဖြစ်များနိုင်
လဲ?
*ဆီးချို သွေးချိုရောဂါမျိုးရိုးရှိသူများ
*အဝလွန်ကဲသူများ
*ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများ
*သွေးတွင်းအဆီဓါတ်များသူများ
*သွေးတိုးရောဂါရှိသူများ
*အသက် ၄၅ ကျော်လာသူများ
သည် သာမာန်ထက်ဆီးချိုသွေးချို ဖြစ်နိုင်နှုန်းများ
နိုင်တဲ့အတွက်ပို၍ ဂရုစိုက်ကာကွယ်သင့်ပါတယ်။

❗️ထိထိရောက်ရောက်ဆေးမကုဘူးဆိုရင်ဆီးချိုကြောင့် ဖြစ်လာမယ့်နောက်ဆက်တွဲရောဂါနဲ့ဆိုးကျိုးတွေကဘာတွေလဲ?
*နှလုံးရောဂါ
*အာရုံကြောများထိခိုက်ပျက်ဆီးခြင်း
*ခန္ဓာကိုယ်ရှိသွေးကြောများပျက်ဆီးခြင်း၊သွေးကြော
ပိတ်ခြင်း
*ကျောက်ကပ်ပျက်စီးခြင်း
*အမြင်အာရုံထိခိုက်ခြင်းအပြင် အချိန်မတိုင်မီစော၍အသက်သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်

👨‍⚕️ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရအောင်ကာကွယ်မယ်၊ ဆေးဝါးကုသမှုတွေခံယူမယ်ဆိုရင်တော့ မြတ်တော်ဝင်အထူးကုဆေးခန်းမှာ ဆီးချို၊ ဟော်မုန်းနှင့် အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် လာရောက်ဆွေးနွေးပြသနိုင်မှာပဲဖြစ်ပါတယ်။
👉ဒါ့အပြင် ဆီးချိုသွေးချိုရောဂါရှိသူတွေပုံမှန်စစ်ဆေး
သင့်တဲ့
* Hb A1C (၃လပျမ်းမျှသွေးတွင်းအချိုဓါတ်)
* Lipid Profile (သွေးတွင်းအဆီဓါတ် )
* Urea, Electrolytes, Creatinine (သွေးတွင်းသက်စောင့်
ဓါတ်များနှင့် ကျောက်ကပ်လုပ်ဆောင်ချက်)
* Chest X-ray (ရင်ဘတ်ဓါတ်မှန်)
* Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်)
* ECG

အစရှိတဲ့စစ်ဆေးခြင်းတွေကို မြတ်တော်ဝင်အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှာ
တိကျမှန်ကန်စွာ နှင့် နေ့စဥ်ပိတ်ရက်မရှိစစ်ဆေးနိုင်ပြီဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေး ရန်အတွက်
☎️ 09888866112, 09888866113 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

🏨 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#ဆီးချိုအထူးကု
#မြတ်တော်ဝင်
#အထူးကုဆေးခန်း

👩‍⚕️အသည်းဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာအတော်များများပါဝင်ပါတယ်။အသည်းရဲ့တာဝန်နဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့◇အ...
17/06/2026

👩‍⚕️အသည်းဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာအတော်များများပါဝင်ပါတယ်။

အသည်းရဲ့တာဝန်နဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့
◇အစာချေဖျက်ခြင်း၊
◇ခန္ဓာကိုယ်တည်ဆောက်ဖို့အတွက်လိုအပ်တဲ့အသားဓါတ်တွေ ထုတ်ပေးခြင်း၊
◇စားလိုက်တဲ့အစာထဲမှာပါဝင်တဲ့အဆိပ်အတောက် တွေကိုခြေဖျက်ပေးခြင်း၊
◇ဆေးဝါး၊ အရက်စသည်တို့ကိုခြေဖျက်ပေးခြင်း၊
◇အာဟာရဓါတ်တွေသိုလှောင်ထားပေးပြီး လိုအပ်ချိန်တွင် စွမ်းအင်အဖြစ်သိုပြောင်းပေးနိုင်ခြင်း၊
◇သွေးခဲခြင်း၊သွေးတိတ်ခြင်းအတွက်လိုအပ်တဲ့ဓါတ်ပစ္စည်းတွေထုတ်ပေးနိုင်ခြင်းတို့ဘဲဖြစ်ပါတယ်။

👨‍⚕️အသည်းနေမကောင်းရင် ဘာတွေဖြစ်လာနိုင်မလဲ?

◇အစာမကြေဖြစ်ခြင်း၊ပျို့အန်ခြင်းတွေဖြစ်လာမယ်။
◇အသား၊ မျက်လုံး တွေဝါမယ်။
◇သွေးခြေဥလွယ်တာ၊ အနီကွက်တွေထတာ၊သွေးမတိတ်တာတွေဖြစ်လာမယ်။🩸
◇အာဟာရနည်းပြီး ပိန်လှီလာမယ်။😫
◇ရေဖျင်းဆွဲတာ၊ ခန္ဓာကိုယ်ဖောရောင်တာတွေ ဖြစ်လာနိုင်တယ်။
◇ထပ်ပြီးဆိုးလာမယ်ဆိုရင် အခြားကလီစာတွေပါထိခိုက်လာနိုင်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။

👩‍⚕️အသည်းကိုထိခိုက်ပျက်စီးစေတဲ့အကြောင်းအရာတွေကတော့
🔸️ အရက်အလွန်အကျွံသောက်ခြင်း
🔸️ အသည်းရောင်အသားဝါ "B" ပိုးရှိခြင်း
🔸️ အသည်းရောင်အသားဝါ "C" ပိုးရှိခြင်း
🔸️ အသည်းအဆီဖုံးနေခြင်း
🔸️ အဝလွန်ခြင်း
🔸️ အသည်းကင်ဆာရောဂါ
🔸️ ခုခံအားစနစ်နှင့်သက်ဆိုင်သော အသည်းရောဂါများ
🔸️ အကိုက်အခဲပျောက်ဆေးများနှင့် အသည်းကို ထိခိုက်တတ်သောဆေးဝါးများရေရှည်စွဲသောက်နေခြင်း တို့ဖြစ်ပါတယ်။

👨‍⚕️👩‍⚕️အသည်းရောဂါများနဲ့ပတ်သက်ပြီး ပြသမယ််ဆိုရင်တော့ 🏥မြတ်တော်ဝင်အထူးကုဆေးခန်းမှာ

ရန်ကုန်မြို့မှ အသည်းရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအေးမွန်ဦးနှင့်
📌(20.6.2026 ) ( စနေနေ့ )၊ မနက် ( 8 )နာရီ အချိန်တွင် လာရောက်တိုင်ပင်ဆွေးနွေးကုသနိုင်ပြီပဲ ဖြစ်ပါတယ်ရှင့်။
ပြသလိုသောလူနာများအနေဖြင့်ကြိုတင်စာရင်းပေး ထားနိုင်ပြီဖြစ်ကြောင်းလည်းသတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။👩‍⚕️👨‍⚕️

🧪လိုအပ်သောသွေးစစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#အသည်းရောဂါ
#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

Address

No. (63) Mahar Bandoola Road, Near B. E. H. S 1
Pathein
10011

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 19:00
Sunday 07:30 - 19:00

Telephone

+959888866112

Website

Alerts

Be the first to know and let us send you an email when MYAT TAW WIN Specialist Clinic & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MYAT TAW WIN Specialist Clinic & Diagnostic Centre:

Shortcuts

Share