O2P 24hour Clinic and Pharmacy

O2P 24hour Clinic and Pharmacy primary medical services မိသားစုကျန်းမာရေး
အသည်းရောဂါအမျိုးမျိုး
ဉီးနှောက်အာရုံ‌ကြောရောဂါအမျိုးမျိ

Minor surgery
GP clinic
flu vaccination
Hep B vaccination
သားဆက်​ခြား ​​ဆေးခန်း

နှာခေါင်းသွေး လျှံ ခြင်းရောဂါဆိုတာဘာလဲ??🩸 နှာခေါင်းသွေးလျှံတယ်ဆိုတာ နှာခေါင်းထဲက သွေးကြောလေးတွေ ပေါက်သွားလို့ ဖြစ်တတ်တဲ့...
28/08/2026

နှာခေါင်းသွေး လျှံ ခြင်းရောဂါဆိုတာဘာလဲ??
🩸 နှာခေါင်းသွေးလျှံတယ်ဆိုတာ နှာခေါင်းထဲက သွေးကြောလေးတွေ ပေါက်သွားလို့ ဖြစ်တတ်တဲ့ သာမန်အခြေအနေတစ်ခုပါ။ ဘာကြောင့်ဖြစ်တတ်လဲဆိုတာကို လူကြီးမင်းတို့နားလည်လွယ်အောင် အလွယ်ကူဆုံး အပိုင်း3ပိုင်းနဲ့ ပြောပြပေးသွားပါမယ်ရှင်
​၁။ နှာခေါင်းသွေးလျှံရခြင်းအကြောင်းအရင်းများကတော့
​🩸 ရာသီဥတုနဲ့ လေထုခြောက်သွေ့ခြင်း - လေထု ခြောက်သွေ့တဲ့အခါ နှာခေါင်းတွင်းက အသားစလေးတွေ ခြောက်ပြီး ကွဲအက်ရာကနေ သွေးထွက်တတ်ပါတယ်။
​🩸 နှာခေါင်းနှိုက်ခြင်း (သို့) ပွတ်ဆွဲခြင်း - နှာခေါင်းကို မကြာခဏ ထိုးခြင်း၊ နှိုက်ခြင်း ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ပွတ်ဆွဲမိရင် သွေးကြောလေးတွေ ထိခိုက်ပြီး သွေးလျှံတတ်ပါတယ်။
​🩸 ထိခိုက်ဒဏ်ရာရခြင်း - အားကစားလုပ်ရင်းဖြစ်စေ၊ မတော်တဆ ထိခိုက်မိလို့ဖြစ်စေ နှာခေါင်းကို ထိမိတဲ့အခါ သွေးထွက်နိုင်ပါတယ်။
​၂။ မိမိတို့ကျန်းမာရေးအခြေအနေများနဲ့ဆေးဝါးများကြောင့်လည်းဖြစ်နိူင်ပါတယ်ရှင်
​🩸 ဓာတ်မတည့်ခြင်းနှင့် အအေးမိခြင်း - နှာစေးတာ၊ နှာပိတ်တာတွေ မကြာခဏဖြစ်တဲ့အခါ နှာခေါင်းတွင်း အမြှေးပါးတွေ ရောင်ရမ်းပြီး သွေးကြောလေးတွေ ပါးသွားပါတယ်။
​🩸 သွေးကျဲဆေး သောက်သုံးနေခြင်း - သွေးကျဲစေတဲ့ ဆေးဝါးတွေ သုံးစွဲနေရသူတွေမှာ သွေးပိုထွက်လွယ်တတ်ပါတယ်။
​🩸 သွေးတိုးခြင်း - သွေးတိုးရှိသူတွေမှာ သွေးလျှံပြီဆိုရင် ပုံမှန်ထက် သွေးတိတ်ဖို့ အချိန်ပိုကြာတတ်ပါတယ်။
​🩸 သွေးလျှံလာရင် ဘယ်လိုလုပ်ရမလဲ?
​ခေါင်းကို နောက်သို့ လုံးဝမလှန်ပါနဲ့ (သွေးတွေ လည်ချောင်းထဲ စီးဝင်နိုင်လို့ကြောင့်ပါ)။
​ခေါင်းကို အနည်းငယ် ရှေ့သို့ ငုံ့ထားပါ။
​နှာခေါင်းအပျော့ပိုင်း (နှာခေါင်းအောက်ပိုင်း အသားပျော့တဲ့နေရာ) ကို လက်ချောင်းနှစ်ချောင်းနဲ့ (၁၀) မိနစ်ခန့် ညှစ်ထားပေးပါ။ အသက်ကိုဖြည်းဖြည်းချင်း ပါးစပ်ဖြင့်ရှူပါ
​သွေးမတိတ်ဘဲ ဆက်ထွက်နေရင်တော့ နီးစပ်ရာ ဆေးခန်း (သို့) ဆေးရုံကို အမြန်ဆုံး သွာပြ ဖို့ အကြုံပြုချင်ပါတယ်ရှင်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

💊 ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို မိတ်ဆွေတို့ အတွက် အုန်းနှစ်ပင်မိသားစုဆေးခန်းမှ ပြန်လည်မျ...
25/08/2026

💊 ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို မိတ်ဆွေတို့ အတွက် အုန်းနှစ်ပင်မိသားစုဆေးခန်းမှ ပြန်လည်မျှဝေလိုက်ပါတယ်ရှင် 🙏
💊 ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေခြင်းက ဆဲလ်တွေဆီသို့ အာဟာရဓာတ်များနှင့် အောက်ဆီဂျင်များကို ထိရောက်စွာ ပို့ဆောင်ပေးနိုင်ပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာများကို တက်ကြွလန်းဆန်းစွာ လုပ်ဆောင်နိုင်ရန် အဓိက အထောက်အကူပြုပါတယ် 💧

​🩺 လုံလောက်သော ရေပမာဏကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဦးနှောက်၏ အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေကာ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းဝေဒနာများကို သက်သာစေနိုင်ပါတယ် 🏥

​💉 အသားအရေဆဲလ်များကို အစိုဓာတ် ထိန်းသိမ်းပေးပြီး ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေကာ အရေပြားကို နုပျိုစိုပြေစေပြီး အရေးအကြောင်းများကို ကာကွယ်ပေးပါတယ် 💊

​💊 ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ချွေးနှင့် ဆီးတို့မှတစ်ဆင့် ထုတ်လွှတ်ပေးခြင်းဖြင့် ကျောက်ကပ်နှင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ် 💧

​🩺 ကိုယ်အလေးချိန် ထိန်းညှိရာတွင်လည်း ရေဓာတ်ပြည့်ဝခြင်းက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ဇီဝဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ် 🏥

​💉 ခန္ဓာကိုယ်အဆစ်အမြစ်များနှင့် ကြွက်သားများကို ချောမွေ့စေကာ လှုပ်ရှားမှုများကို ပိုမိုအားကောင်းစေပြီး ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ် ရှင်💊 ကျေးဇူးတင်ပါတယ်ရှင် နောက်လည်း ကျန်းမာရေးဗဟုသုတတွေကို အစဥ်မပြတ် မျှဝေသွားပါမယ်ရှင်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပို၍ ကျန်းမာပျော်ရွှင်သော မနက်ဖြန်များကို ပိုင်ဆိုင်နိုင်ကြပါစေ

💉🩸ယနေ့ခေတ်မှာ  လူကြီးလူငယ် ကျားမ မရွေး အဖြစ်များနေတဲ့ ကျောက်ကပ်ရောဂါအန္တာရယ်အကြောင်းမျှဝေသွားပေးပါမယ်ရှင် ​💉 ရေဓာတ်ပြည့်...
22/08/2026

💉🩸ယနေ့ခေတ်မှာ လူကြီးလူငယ် ကျားမ မရွေး အဖြစ်များနေတဲ့ ကျောက်ကပ်ရောဂါအန္တာရယ်အကြောင်းမျှဝေသွားပေးပါမယ်ရှင်
​💉 ရေဓာတ်ပြည့်ဝအောင် နေထိုင်ဖို့ တစ်နေ့ကို ရေအလုံအလောက် (အနည်းဆုံး ရေ ၈ ခွက်မှ ၁၀ ခွက်အထိ) သောက်သုံးပေးသင့်ပါတယ်။
​🩺 အငန်ဓာတ် (ဆိုဒီယမ်) နဲ့ အချိုကဲတဲ့ အစားအစာတွေကို လျှော့စားခြင်းက ကျောက်ကပ်အပေါ် ဖိအားသက်ရောက်မှုကို သက်သာစေပါတယ်။
​🩹 ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးခြင်းက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
​🌡️ သွေးတိုးနဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ရောဂါအခြေအနေကို ဆေးဝါးနဲ့ စနစ်တကျ ထိန်းသိမ်းကုသဖို့ လိုအပ်ပါတယ်။
​🔬 မိမိရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တွေကို သိရှိနိုင်ဖို့အတွက် နှစ်စဉ်ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
🩻 မိမိတို့ရဲ့ကျန်းမာရေးအတွက်စစ်ဆေးမူများကို တစ်နေရာတည်းမှာပဲ အချိန်နဲ့တစ်ပြေးညီစစ်ဆေးချင်ပါက
အုန်းနှစ်ပင် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ ကိုသာ သတိရလိုက်ပါနော်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပို၍ကျန်းမာပျော်ရွှင်သော မနက်ဖြန်များကို ပိုင်ဆိုင်နိုင်ကြပါစေ

🗣 နှလုံးသွေးကြောကျဥ်းရောဂါဆိုတာ ဘာလဲ? ????နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ  နှလုံးကြွက်သားဆီသွေးပို့တဲ့သွေးကြောတွေမှာအဆီပိတ...
21/08/2026

🗣 နှလုံးသွေးကြောကျဥ်းရောဂါဆိုတာ ဘာလဲ? ????

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကြွက်သားဆီသွေးပို့တဲ့သွေးကြောတွေမှာအဆီပိတ်ပြီးကျဉ်းလာတာဖြစ်ပါတယ် ။

🩺 လှုပ်ရှားတဲ့အခါရင်ဘတ်အောင့်တာ၊တင်းတာ၊လက်မောင်းနဲ့လည်ပင်းဆီနာကျင်မှုပျံ့တာတွေဖြစ်တတ်ပါတယ် ။

🫀 အနည်းငယ်လှုပ်ရှားရုံနဲ့အလွန်အမင်းမောပန်းတာနဲ့အသက်ရှူကြပ်တာတွေခံစားရနိုင်ပါတယ် ။

💊 သွေးတိုး၊ဆီးချို၊ကိုလက်စထရောမြင့်မားတာနဲ့ဆေးလိပ်သောက်တာတွေကရောဂါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေပါ ။

🥗 အဆီနဲ့အငန်ကဲတာတွေရှောင်ပြီးအသီးအရွက်စားသုံးကာပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ် ။

👩‍⚕️ သွေးတိုးနဲ့ဆီးချိုရှိရင်ပုံမှန်စစ်ဆေးမှုခံယူပြီးဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးဝါးသောက်သုံးသင့်ပါတယ် ။

🚑 နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရရင်တော့နီးစပ်ရာဆေးရုံဆေးခန်းကိုချက်ချင်းသွားရောက်ပြသပါ ။
🙏သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် ပုသိမ်မြို့မှာ မကြာသေးမှီကဖွင့်လှစ်ထားတဲ့ 24နာရီလုံးပြသခွင့်ရမယ့် အုန်းနှစ်ပင် 24 Hour Medical Center ကို အချိန်မရွေးလာပြလို့ရပါပြီရှင်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပို၍ကျန်းမာပျော်ရွှင်သော မနက်ဖြန်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

သွေးတိုးရှိတာကို မသိဘဲ နေ့စဉ်ပုံမှန်ဘဝနဲ့ နေနေမိနေပြီလား?”သွေးတိုးရောဂါ (Hypertension) ဆိုတာ သွေးလွှတ်ကြောနံရံတွေပေါ်မှာ...
19/08/2026

သွေးတိုးရှိတာကို မသိဘဲ နေ့စဉ်ပုံမှန်ဘဝနဲ့ နေနေမိနေပြီလား?”
သွေးတိုးရောဂါ (Hypertension) ဆိုတာ သွေးလွှတ်ကြောနံရံတွေပေါ်မှာ သွေးရဲ့တွန်းအား ပုံမှန်ထက် မြင့်နေတဲ့ အခြေအနေဖြစ်ပါတယ်။
အရေးကြီးတာက သွေးတိုးရောဂါရှိသူအချို့မှာ လက္ခဏာသိသိသာသာ မပြနိုင်ပါဘူး။ ဒါကြောင့် မိမိမှာ သွေးတိုးရှိ၊ မရှိ သိဖို့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပေးဖို့ အရေးကြီးပါတယ်။
🩺 သွေးတိုးကို မထိန်းချုပ်ထားရင်—
❤️ နှလုံးရောဂါ
🧠 လေဖြတ်ခြင်း
🫘 ကျောက်ကပ်ထိခိုက်ခြင်း
👁️ မျက်စိထိခိုက်ခြင်း
စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။
သွေးပေါင်ကို ထိန်းချုပ်ဖို့— ✅ အငန်လျှော့စားပါ
✅ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
✅ ဆေးလိပ်ရှောင်ပါ
✅ အရက်ကို ရှောင်ရန်/လျှော့ရန် ကြိုးစားပါ
✅ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို ပုံမှန်သောက်ပါ
✅ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ
“သွေးတိုးရောဂါက လက္ခဏာမပြဘဲ အန္တရာယ်ပေးနိုင်တာကြောင့် မိမိသွေးပေါင်ကို သိထားဖို့ အရေးကြီးပါတယ်။”
📍 သွေးပေါင်ချိန်မတိုင်းရသေးတာ ကြာပြီဆိုရင် အုန်းနှစ်ပင် မိသားစုက သင်နဲ့သင့်မိသားစု ကျန်းမာရေးအတွက် 24နာရီလုံးဖွင့်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်ရှင့် မည်သည့်အချိန်မရွေးလာရောက် စစ်ဆေးလို့ရပါပြီရှင်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပို၍ပျော်ရွှင်သော မနက်ဖြန်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

G6PD ဆိုတာ ဘာလဲ သိပါသလားရှင်?”G6PD ဆိုတာ လူ့ခန္ဓာကိုယ်ထဲက သွေးနီဥတွေကို ပျက်စီးမသွားအောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတစ်မျိုး...
18/08/2026

G6PD ဆိုတာ ဘာလဲ သိပါသလားရှင်?”

G6PD ဆိုတာ လူ့ခန္ဓာကိုယ်ထဲက သွေးနီဥတွေကို ပျက်စီးမသွားအောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။
ဒီအင်ဇိုင်း နည်းနေတဲ့သူတွေမှာ သွေးနီဥတွေ ပျက်စီးလွယ်ပြီး သွေးအားနည်းခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်မဲလာခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
G6PD ချို့တဲ့မှုက မျိုးရိုးလိုက်တတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ဒါကြောင့် G6PD ရှိသူတွေအနေနဲ့ အချို့သောဆေးဝါးတွေ၊ ပဲကြီး (Fava beans) နဲ့ Naphthalene လို ပစ္စည်းတွေကို သတိထားဖို့ လိုပါတယ်။
အထူးသဖြင့် ဆေးကို ကိုယ့်ဘာသာ မသောက်ဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးဖို့ အရေးကြီးပါတယ်။
G6PD ချို့တဲ့မှုရှိ၊ မရှိကိုလည်း G6PD Blood Test နဲ့ စစ်ဆေးနိုင်ပါတယ်ရှင်။
G6PD ကို ကြိုတင်သိထားခြင်းက မလိုလားအပ်တဲ့ သွေးနီဥပျက်စီးမှုတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပို၍ ကျန်းမာပျော်ရွှင်သော မနက်ဖြန် များကို ပိုင်ဆိုင်နိုင်ပါစေ

📢 ကာလဝမ်းရောဂါ ပျံ့နှံ့နေချိန်မှာ သင်နဲ့ သင့်မိသားစုကို ဘယ်လိုကာကွယ်မလဲ? 💧🛡️​ရာသီဥတုအကူးအပြောင်းနဲ့ ပတ်ဝန်းကျင်မသန့်ရှင်...
13/08/2026

📢 ကာလဝမ်းရောဂါ ပျံ့နှံ့နေချိန်မှာ သင်နဲ့ သင့်မိသားစုကို ဘယ်လိုကာကွယ်မလဲ? 💧🛡️

​ရာသီဥတုအကူးအပြောင်းနဲ့ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေကြောင့် ကာလဝမ်းရောဂါ ကာကွယ်ရေးဟာ အလွန်ပင် အရေးကြီးပါတယ်ရှင်။

​မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က ချစ်ရသူတွေကို ကာလဝမ်းရောဂါဘေးမှ ကာကွယ်နိုင်ဖို့အတွက် အောက်ပါ နည်းလမ်းလေးတွေကို စနစ်တကျ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်👇✨

​🥛 ၁။ သန့်ရှင်းသောရေကိုသာ သောက်သုံးပါ

​ကျိုချက်ထားသော ရေ သို့မဟုတ် သန့်ရှင်းစိတ်ချရသော သောက်သုံးရေကိုသာ သောက်ပါ။

​ဟင်းသီးဟင်းရွက် ဆေးကြောခြင်းနှင့် အစားအသောက် ချက်ပြုတ်ရာတွင်လည်း သန့်ရှင်းသောရေကိုသာ အသုံးပြုပါ။

​🧼 ၂။ လက်ကို ပုံမှန်ဆေးကြောပါ

​ဆပ်ပြာ၊ သန့်ရှင်းသောရေတို့ဖြင့် လက်ကို စနစ်တကျ မကြာခဏ ဆေးကြောပါ။

​လက်တွင် သိသာသောအညစ်အကြေး မရှိပါက Hand Gel (လက်သန့်ဆေးရည်) ဖြင့် သန့်စင်ပေးပါ။

​(အထူးသဖြင့် အစားမစားမီ၊ မချက်ပြုတ်မီ၊ အိမ်သာသုံးပြီးနောက်နှင့် ကလေးများ၏ အနီး/Diaper လဲလှယ်ပေးပြီးချိန်များတွင် မဖြစ်မနေ လက်ဆေးပါ)

​🍲 ၃။ အစားအသောက် သန့်ရှင်းမှု ဂရုစိုက်ပါ

​အစားအစာများကို ကျက်အောင် သေချာချက်ပြုတ်ပြီး ယင်မနားစေရန် သေချာဖုံးအုပ်ထားပါ။

​ချက်ပြုတ်ပြီးစီးပါက ပူပူနွေးနွေး ချက်ချင်းစားသုံးပေးပါ။

​🚫 ၄။ သောက်သုံးရေမြောင်း/ရေကန်များကို ထိန်းသိမ်းပါ

​သောက်သုံးရေရရှိသော နေရာများ၏ အနီးတွင် လက်ဆေးခြင်း၊ အဝတ်အစား လျှော်ဖွပ်ခြင်းများ မပြုလုပ်ပါနှင့်။

​အညစ်အကြေးများကို ရေထွက်ရှိရာနေရာများအနီး လုံးဝစွန့်ပစ်ခြင်း မပြုရပါ။

​မိသားစုတိုင်း ကျန်းမာရေးအသိဖြင့် ကာလဝမ်းရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️💪
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

10/08/2026

အုန်းနှစ်ပင် မိသားစုဆေးခန်းမှ‌ နွေးထွေးပျူဌာစွာ စိတ်ချရသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေပါပြီရှင်😍

မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် ပုသိမ်မြို့မှာတင်
15.8.2026 (Saturday)နေ့တွင် ညနေ 6:00PM နှင့်
16.8.2026(Sunday)နေ့တွင် နံနက် 7:00AMတွင် ကျွန်မတို့ အုန်းနှစ်ပင် မိသားစုဆေးခန်းတွင်
ဒေါက်တာ ဦးမင်းသိန်းနိုင်
ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး
M.B.,B.S.(Ygn)M.Med.Sc(internal medicine)
Dr.Med.Sc(Neurology) fellowship in clinical
Lecture Department of Neuro medicine
University of medicine 2
ကိုယ်တိုင် လူနာများကို တိုင်ပင်ဆွေးနွေး ကုသပေးသွားမှာဖြစ်သောကြောင့် ကြိုတင်စာရင်းလေးပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်👏

ပြသနိုင်သောရောဂါများ
🔸အတက်ရောဂါများ
🔸ဦးနှောက်သွေးကြောပေါက်/ပိတ် လေဖြတ်လူနာများ
🔸ဦးနှောက်အကြိတ်ရောဂါများ
🔸မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှုနှေးရောဂါများ
🔸ဦးနှောက်‌ဒဏ်ဖြစ်လူနာများ
🔸ဦးနှောက်ပိုးဝင်လူနာများ
🔸 autism ကလေးငယ်များ။
စတဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါဝေဒနာများကို တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီရှင့်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

Adult Curcumcisionလိင်တံထိပ် အရေပြား ကို အသက်ကြီးမှ ခွဲစိတ်ခြင်းလိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအာ...
08/08/2026

Adult Curcumcision
လိင်တံထိပ် အရေပြား ကို အသက်ကြီးမှ ခွဲစိတ်ခြင်း

လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။

ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အမြဲလှုပ်ရှားသွားလာနေရတာ၊ လက်နဲ့ ထိမိကိုင်မိတာ စတာတွေကြောင့် ပိုးဝင်သွားနိုင်ခြေတော့ ပိုများပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။

အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။
ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရင်ကလောက် ရှက်မနေတော့ပါဘူး။ ဒီတော့ ကျန်းမာရေးကို ရှေးရှုပြီး ခုလို အသေးစားခွဲစိတ်မှုမျိုးကို အရဲစွန့်လုပ်ကြတာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်းက လုပ်ထားရင်တော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးမှ ဖြတ်ရင်တော့ နည်းနည်းပိုဂရုစိုက်ဖို့လိုတာပေါ့။ အထူးသဖြင့်

လိင်တံထိပ်အရေပြား ရှည်လွန်းတဲ့အမျိုးသားတွေ
သေချာဆေးကြော သန့်ရှင်းရမှာ ပျင်းတဲ့သူတွေ
လိင်တံထိပ်အရေပြား ရောင်နေတဲ့သူတွေ
အရေပြား နောက်လှန်ဆွဲမရတာ စတဲ့အခြေအနေမျိုးမှာလည်း လိင်တံအရေပြားဖြတ်ဖို့ လိုအပ်ပါတယ်။

တခြားအကျိုးကျေးဇူးရော ရှိသေးလား။
၁။ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဖြင့် ချွေး၊ အညစ်အကြေး၊ အဆီတွေပိတ်မိခြင်းမရှိတဲ့အတွက် အဖြူဖတ်လည်းနည်းသွားသလို လိင်တံအနံ့ဆိုးလည်း သက်သာသွားပါတယ်။

၂။ ပွန်းပဲ့စရာအရေပြား မရှိတော့တာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါ HIV နဲ့ ကာလသားရောဂါကူးစက်ခံရဖို့ အခွင့်အလမ်းနည်းသွားပါတယ်။

၃။ လိင်တံက သန့်ရှင်းနေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၄။ အရေပြားမှိုစွဲခြင်း၊ ယားယံခြင်း၊ ရေယုန်ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရနိုင်ခြေ နည်းသွားပါတယ်။

၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လိင်တံအရေပြား ခွဲစိတ်ဖြတ်တောက်ခြင်း အဆင့်များ
မွေးကင်းစကလေးတွေမှာမဟုတ်ဘဲ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဖြတ်တဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။ အရင်ဆုံး နာကျင်မှုသက်သာစေဖို့ ထုံဆေး ထိုးပေးမှာဖြစ်ပါတယ်။ ထုံဆေးထိုးချိန်မှာ အနည်းငယ်နာကျင်တာကလွဲလို့ ခွဲစိတ်ဖြတ်တောက်ချိန်မှာ နာကျင်မှု့ ကိုမသိနိုင်ပါဘူး။

ထုံဆေးအရှိန်ရလာတဲ့အခါ ဆရာဝန်အနေနဲ့ လိင်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့အရေပြားကို ဘယ်လောက်ထိဖြတ်ဖို့လိုအပ်လဲဆိုတာ အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုကို မှတ်ထားပြီးတဲ့အခါ လိုအပ်တဲ့ပမာဏအတိအကျကို ခွဲစိတ်ဖြတ်တောက်သွားမှာပါ။

သွေးတိတ်အောင်လုပ်ပြီး အနာအမြန်ကျက်စေဖို့ အသား​ကြိုးဖြင့်(ချုပ်ကြိုးဖြည်စရာမလို) ချုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လိင်အင်္ဂါကို ထိခိုက်ပွန်းပဲ့ခြင်းကနေ ကာကွယ်ပေးဖို့ dressing နဲ့ အုပ်ပေးလိုက်မှာပါ။

ခွဲပြီးကာစရက်အနည်းငယ်အတွင်းမှာ လိင်တံကိုအုပ်ထားတဲ့ dressing ကို သန့်ရှင်းအောင်ထားဖို့၊ ရေမစိုစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။ ခွဲပြီး ၃ရက်အကြာမှာ အခြေအနေကို လေ့လာဖို့နဲ့ dressing လဲပေးဖို့ ဆေးခန်းကို ပြန်သွားပြဖို့လိုပါတယ်။

ပုံမှန်အားဖြင့် ၂ပတ်မှ ၃ပတ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာကင်းစေဖို့ ခွဲပြီးတစ်ပတ်လောက်ကို အလုပ်ခွင့်တင်ပြီး အိမ်မှာအေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒဏ်ရာမကျက်မချင်း လေ့ကျင့်ခန်းတွေကို နားထားဖို့လိုသလို ခွဲပြီး ၆ပတ်လောက်အထိ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်မှုကိစ္စတွေကို လုံးဝရပ်ထားရပါမယ်။ ခွဲပြီးကာစမှာ အနည်းနဲ့ အများနာကျင်နိုင်တဲ့အတွက် ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာသောက်ပေးဖို့လိုပါတယ်။

လိင်တံထိပ်အရေပြား ခွဲစိတ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များ
အိမ်မှာနေတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ ပုဆိုး၊ ဘောင်းဘီအပွဝတ်လို့ ရသလို အပြင်သွားမယ်ဆိုရင်လည်း ဂျင်းဘောင်းဘီလို သိပ်ကြပ်တဲ့ ဘောင်းဘီမျိုးကို ရှောင်ပေးပါ။ ချောင်ချိတဲ့ အတွင်းခံမျိုးကိုသာ ဝတ်ဆင်ပြီး လိင်တံထိပ်ခေါင်းကို အပေါ်ဘက် (ချက်ပေါက်ရှိရာ ဘက်) သို့ ဘေးဘက်သို့ ထားထားပြီးမှ ဝတ်ပေးပါ။ ခုန်တာ၊ အလေးမတာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေကို ရပ်ထားပေးပါ။

သေချာဂရုစိုက်မယ်ဆိုရင် အနာထဲပိုးဝင်တာ၊ အနာကျက်နှေးတာမျိုး မဖြစ်စေဘဲ စောစောစီးစီး ပျောက်ကင်းသွားမှာမို့ သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ရောဂါအခံတစ်မျိုးမျိုး ( ဆီးချို သွေးတိုး)နှင့်
သောက်လက်စဆေးများ အကြောင်းကိုလဲ ဆရာဝန်နှင့်ကြိုတင်တိုင်ပင်ထားသင့်ပါတယ်ရှင်
🌴🌴မေတ္တာရှေ့ထား
မိသားစုစိတ်ထား
အုန်းနှစ်ပင်ရဲ့ ဝန်ဆောင်မှုများ🌴🌴

📍အသေးစိတ် စုံစမ်းရန်နှင့်ကြိုတင်စာရင်းပေးသွင်းရန်အတွက်
💬page messenger (သို့)ဆေးခန်းဖုန်း
☎️09793752077
သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

O2P 1
Primary Care Clinic
☎️09793752077
🏪လိပ်စာ
ဥမ္မာဒန္တီလမ်း အမက 20အနီး ပုသိမ်မြို့

O2P 2
O2P 24 Hour Medical & Diagnostic Center
☎️09672452077
🏪လိပ်စာ
အမှတ် 51,ပတ်လမ်း ရပ်ကွက် 6 ပုသိမ်မြို့

ပုသိမ်မြို့ရှိ အုန်းနှစ်ပင်ဆေးခန်းများ၌ တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ Full Time ဝန်ထမ်း‌ေနရာများ အလိုရှိနေပါတယ်ရှင့်။📢...
05/08/2026

ပုသိမ်မြို့ရှိ အုန်းနှစ်ပင်ဆေးခန်းများ၌ တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ Full Time ဝန်ထမ်း‌ေနရာများ အလိုရှိနေပါတယ်ရှင့်။

📢Senior Nurse - (2) ဦး

📢Marketing Staff - (1) ဦး

📢Nurse Aid - (5) ဦး

အသေးစိပ်သိရှိလိုပါက 09 5036667, 09793068070 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 အလုပ်လျှောက်ထားရန်
ဆေးခန်းများသို့ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သကဲ့သို့၊ Viber ဖုန်းနံပါတ် [09692752077] သို့ CV နှင့် တာဝန်ထမ်းဆောင်လိုကြောင်း အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ပါတယ် ရှင့်။

🙏ပို၍ကျန်းမာပျော်ရွှင်သောမနက်ဖြန်များကို ပိုင်ဆိုင်
နိုင်ကြပါစေ 🙏

Address

13rd (B), Pat Street, Pathein , No 5 Ohmmardanny Street Near EPC , အမက ၂၀ အနီး ပုသိမ်မြို့
Pathein
10012

Opening Hours

Monday 07:30 - 18:30
Tuesday 07:30 - 18:30
Wednesday 07:30 - 18:30
Thursday 07:30 - 18:30
Friday 07:30 - 18:30
Saturday 07:30 - 18:30

Alerts

Be the first to know and let us send you an email when O2P 24hour Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category