19/06/2022
🍚ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတာ တကယ်ပဲလား 🍚
တော်တော်များများ ကြားဖူးကြလိမ့်မယ်ထင်တယ်။ ထမင်းကိုအများကြီးမစားရဘူး၊ စားရင် ဆီးချိုဖြစ်နိုင်တယ်ဆိုတာမျိုးပေါ့။
💭ဒါဆိုဘာလို့ အဲ့လိုမျိုးပြောကြတာလဲ။
အဓိကအကြောင်းအရင်းကတော့ ထမင်းထဲမှာက ဆီးချိုကိုတက်စေတဲ့ ကစီဓာတ်တွေအများဆုံးပါဝင်ပါတယ်။
အဲ့တော့ ထမင်းစားလေ ထမင်းထဲက ကစီဓာတ်တွေကို ပိုစားသုံးသလိုဖြစ်ပြီး ဆီးချို တက်လေပါပဲ။
ဒါဆို ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတဲ့စကားက တကယ်ပဲပေါ့။
ဒီတော့ အဲ့လိုမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင် ကြမလဲဆိုတော့ 👇
✅အဆာခံမယ့် ထမင်းမျိုးကို ရွေးပါ။ ဥပမာ - ဆန်လုံးညို၊ rice berry
✅ကစီဓါတ်လျှော့ထားတဲ့ ထမင်း ကိုရွေးချယ်ပါ။
✅အသားဓါတ်ပြည့်ဝအောင်စားပါ
✅အရွက်များများစားပါ
✅လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
✅ကစီဓါတ် ပါဝင်တဲ့ အစားအစာ (ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ) စတာတွေ စားရင် ပမာဏ သတိထားပြီးစားပါ။
🍛ဆီးချိုသမားများအတွက် အရေးအကြီးဆုံးက portion control (ပမာဏထိန်းစားခြင်း) ပါ။ ဘယ်လောက်ပဲ ဆီးချို နဲ့ တည့်ပါတယ် ဆိုတဲ့ ထမင်း၊ ခေါက်ဆွဲ ပဲ ဖြစ်ဖြစ် ပမာဏ မထိန်းနိုင်ရင် ဆီးချို က ဆက်တက်နေပါလိမ့်မယ်။
နောက်ထပ် အမျှင်များတာတွေ နဲ့ တွဲ စားပေးခြင်းဖြင့်လဲ ဆီးချို တက်နှုန်း ကို တဖက်တလမ်း က နေ ထိန်းသိမ်းပေးနိုင်တာ ကို တွေ့လာရပါတယ်။
ဒါဆို ဆီးချိုကိုထိန်းနိုင်စေဖို့ ထမင်းစားရင် ဘယ်လို အချက်တွေ သတိထားရမလဲဆိုတော့ 👇
🍚ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံ ကို ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူး
🍚ကျန် တစ်ပုံ ကို အသား၊ ငါး၊ ပဲ၊ ဥ
🍚ကျန် နှစ်ပုံကို အရွက် ထည့်စားပါ
🍚ဇွန်း၊ ခက်ရင်းနဲ့ စားရင် ပိုကောင်းပါတယ်။ အစားစားချိန်ကြာပြီး 🍚အစားစားချင်စိတ်လျော့နည်းစေပါတယ်။
🍚ပန်းကန်သေးသေးထဲ ထည့်စားပါ။ အမြင် အားဖြင့် အများကြီးစားရမယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။
🍚ထမင်းမစားခင်၊ စားနေတုန်း၊ စားပြီး ရေသောက်ပါ။ ဗိုက်ပြည့်စေပြီး 🍚ထမင်းစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။
🍚အစာစားပြီးတာနဲ့ အသီး ချက်ချင်းစားတာမျိုး ဆီးချိုဝေဒနာရှင်တွေမှာ မလုပ်သင့်ပါ။ ဆီးချို အရမ်း တက်သွားနိုင်လို့ပါ။
အထက်ပါအချက်တွေ ကို စနစ်တကျလိုက်လုပ်ပြီး ဆီးချို ထိန်းကြပါလို့ အကြံပြုချင်ပါတယ် ခင်ဗျာ။
💃နောက်ပြီးအရေးအကြီးဆုံးတခု ကတော့ ကိုယ်လက်လေ့ကျင့်ခန်း တခုခု လုပ်ပေးဖို့လဲ အလွန်အရေးကြီးပါတယ်။ မိနစ် ၃၀ လောက် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ထဲမှာဆိုရင် Zumba အကကခြင်းက လူကိုတစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုမရှိစေဘဲ ဆီးချိုအတွက် အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
crd:
ဒေါက်တာ ညီညီကျော်