စဝ်ခွန်နန်း - Sao Khun Nang

စဝ်ခွန်နန်း - Sao Khun Nang မႂ်ႇသုင်ၶႃႈ🙏
ၸဝၲႈၶုၼၲၼၢငၲး
According to my hobbies,Write poems, novels and songs.Not an expert. 🙏

22/05/2026
22/05/2026

🤍"If I raised my mother"🤍
🤍"တကယ်လို့များ အမေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်"🤍

ကျမရဲ့ Soul Cartographer အတန်းတွေတိုင်းမှာ ပါဝင်သူတွေရဲ့ Energy အတိုင်း သင်မိ ပြောမိတတ်တယ်။

ပြောသာပြောတာ Reiki အတန်းနဲ့ အခြားအတန်းတွေလည်းတူတူပါပဲလေ။
Curriculum အချက်အလက်တွေတူပေမယ့် ပြောမိတာတွေနည်းနည်းကွာပါတယ်။

Universe ဆီက သက်ဆိုင်သူတွေ ကြားသင့်တဲ့စကားကို
ကျမရဲ့ Soul ကို သုံးပြီး ကျမနှုတ်ကနေ ပြောပေးရတာမျိုးပေါ့။

ဒီတခါ Soul Cartographer အတန်းမှာ
ကျမရဲ့ငယ်ဘဝ၊ အဖေနဲ့ပတ်သက်တဲ့စကားတွေ ပြောပေးမိတာ အတော်များတာ ကိုယ်တိုင်လည်း သတိထားမိနေတယ်။
တကယ်ကိုပဲ Innerchild Healing လိုနေသူတွေအတွက် Message တွေ ဖြစ်လာခဲ့တာပါပဲ။

ကျမက အဖေ့ကို အမေ့ကို ခွင့်လွှတ်နိုင်ဖို့ အချိန်အကြာကြီး နည်းအမျိုးမျိုးနဲ့ ရှာဖွေခဲ့ရဖူးတယ်။

အထူးသဖြင့် မိဘဖြစ်နေလို့ ပို ခွင့်မလွှတ်ချင်ဘူး။

အမေ ဖြစ်ရက်နဲ့
အဖေ ဖြစ်ရက်နဲ့
ဆိုပြီး တွေးမိတယ်။

တကယ်တော့ သူတို့ဆိုတာကလည်း အဲ့ဒီအချိန်တုန်းက ကိုယ့်အရွယ် ပဲ
ဒါမှမဟုတ် ကိုယ့်ထက်တောင် ငယ်ချင်ငယ်နေဦးမယ်။

ဟိုတနေ့က YouTube မှာ "If I raised my mother" ဆိုတဲ့ Animation အတိုလေးတခုတွေ့တယ်။

"တကယ်လို့များ ငါ့အမေကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်" တဲ့

တကယ်လို့များ ကိုယ့်မိဘကို ကိုယ်ပြန်မွေးခဲ့ရမယ်ဆိုရင်
ဘယ်လိုမွေးမယ် ပျိုးထောင်ပေးမယ် စိတ်ကူးလဲ ဟင်။

သူတို့ ငယ်ဘဝကို အားလုံးမသိလည်း
သူတို့ ဘယ်လိုကြီးပြင်းခဲ့ရတာလဲ စိတ်ကူးယဉ်စဉ်းစားကြည့်ပါ။

အခု သူတို့ကြောင့် ကိုယ့်အပေါ်ခက်ခဲစေတာ ကိုယ့်ကိုခံစားရစေတာတွေဟာ၊
ကိုယ့်အပေါ် မချစ်တတ်တဲ့ သူတို့ရဲ့ အပြုအမူတွေဟာ
သူတို့ ဘဝရဲ့ ဒဏ်ရာအနာတရလေးတွေနဲ့လည်း ဆိုင်နေရင် ဆိုင်နေရှာမှာ။

"If I raised my Mother"
"If I raise my Father"
"တကယ်လို့များ အမေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်"
"တကယ်လို့များ အဖေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်"

ကဲ စရေးကြည့်ကြရအောင်။

ကျမရဲ့ ဘဝအတွေ့အကြုံအတိုင်း နမူနာရေးပြပါမယ်။

"တကယ်လို့များ အမေကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်
သူ့ကလေးဘဝဟာ သူတပါးကို အားကျစိတ်တွေနဲ့ အားငယ်ပြီး ကြီးမလာစေရဘူး"

"တကယ်လို့များ အမေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်
ပညာတတ်ကြီးဖြစ်အောင် အစွမ်းကုန်ပျိုးထောင်ပေးမယ်"

"တကယ်လို့များ အမေ့ကို ပြန်မွေးခဲ့ရမယ် ဆိုရင်
ပျော်ရွှင်တဲ့ ကလေးမလေးတယောက် အဖြစ် ကြီးပြင်းလာစေရမယ်"

အဖေ့ကိုရောပဲ။
"တကယ်လို့များ အဖေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်
မိသားစု ချစ်ခြင်း ဆိုတာ ဘယ်လောက် ကောင်းလဲ သေချာလေး ပေးသိပေးမယ်"

"တကယ်လို့များ အဖေ့ကို ငါပြန်မွေးခဲ့ရမယ် ဆိုရင်
သူတပါးကို ဝေမျှခြင်းဟာလည်း ပျော်စရာ အရသာ ရှိတယ် ဆိုတာ သင်ကြားပေးမယ်"

"တကယ်လို့များ အဖေ့ကို ပြန်မွေးခဲ့ရမယ် ဆိုရင်
အနာဂတ်ခိုင်မာဖို့ ငွေကြေးလိုတာမှန်ပေမယ့် မေတ္တာလည်း အရေးကြီးကြောင်း"
"သူတပါးချစ်တာကို ရယူတာက ပျော်စရာကောင်းသလိုပဲ
သူတပါးကို ပြန်ချစ်ပေးရတာကလည်း ပျော်စရာအရမ်းကောင်းကြောင်း သေချာသိအောင် ပျိုးထောင်ပေးမယ်"

စမ်းရေးကြည့်ကြည့်ပါနော်
ရေးစရာ ဒီထက် အများကြီး ပေါ်လာပါလိမ့်မယ်။
ရေးရင်း ငိုမိသွားရင် ကျမ လက်ကို ကိုင်ထားပါ။
ကျမ အတူတူ ရှိနေတယ်နော်။

တကယ်တော့လေ
သူတို့သာ အဲဒီအရွယ်က ကိုယ့်လောက် သိခဲ့ရင်
သူတို့မှာသာ ပြန်ရွေးချယ်ခွင့် ရှိကြမယ်ဆိုရင်
သူတို့လည်း ပိုကောင်းအောင် လုပ်ပေးချင်ကြမှာပါ။

ကဲ ခွင့်ပြုပေးလိုက်ပါ။
အဖေ နဲ့ အမေ ကို ပြုံးပြီး ပြောလိုက်
"မှားလို့ ရပါတယ် လူငယ်လေးရေ
မှားလို့ ရပါတယ် မိန်းကလေးရေ"
"ခွင့်လွှတ်တယ်နော်"
"တချိန်ချိန်မှာ၊ သံသရာရဲ့ တနေရာရာမှာ
အမှားအမှန်ကို ကောင်းစွာသိတဲ့ ပျော်ရွှင်နေတဲ့ Soul လှလှလေးတွေ အဖြစ်
ကံကောင်းသူလေးတွေ ဉာဏ်ကောင်းသူလေးတွေ ဖြစ်ခွင့်ရကြပါစေ"
"အချစ်ရဲ့အရသာကို သိခွင့်ရကြပါစေ။ သိစေချင်ပါတယ်နော်"

အချစ်ကို ကျမ မရခဲ့လည်း ရလိုက်တယ်လို့ပဲ ခံစားလိုက်ပါတယ်။
အဲလို ခံစားလိုက်ချိန်မှာ ကျမထံမှာ အချစ်က တကယ်ကို ရရှိပြီးဖြစ်သွားပါပြီ။

🤍ကလေးလေးတွေကိုရော
🤍အမေအဖေတို့ကိုရော
🤍အိမ်ထောင်ကျခါစ ဘဝကို ဘယ်လိုထိန်းကျောင်းရမှန်းမသိသေးတဲ့ လူငယ်လေးစုံတွဲကိုရော
🤍အချစ်ခံချင်နေတဲ့ အိုမင်းလာတဲ့ ဖေဖေမေမေတို့ကိုရော
🤍လူလတ်ပိုင်းအရွယ်မှာ Innerchild လေးတွေကို ပြန်ကုစားနေသူလေးတွေကိုရော

သက်ဆိုင်သူများအားလုံး အရမ်းကို ချစ်ပေးလိုက်ပါသည် နော်


Tarot reading တွေ ပြန်လည် တင်ပေးပါတော့မည်🔔🧿🎐📿🔮    #09451395066(Viber)TikTok Acc : Telegram     : t.me/SaoKhunNangYouTube...
22/05/2026

Tarot reading တွေ ပြန်လည် တင်ပေးပါတော့မည်🔔🧿🎐📿🔮




#09451395066(Viber)

TikTok Acc :
Telegram : t.me/SaoKhunNang
YouTube : https://youtube.com/?si=qxt3Cl2EMamu5iMX

Address

Shwe Gyot Pin Street
Pyay
180101

Alerts

Be the first to know and let us send you an email when စဝ်ခွန်နန်း - Sao Khun Nang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စဝ်ခွန်နန်း - Sao Khun Nang:

Shortcuts

Share