20/04/2026
K.T.Z Company Limited မှတင်သွင်းရောင်းချလျက်ရှိသော Somino-Sleep ပစ္စည်းအား အာနိသင် ပိုမိုကောင်းမွန်သော formula ဖြင့် အဆင့်မြှင့်တင် ထုတ်လုပ်ထားကြောင်း နှင့် ထုတ်ပိုးမှုပုံစံအား လည်း ယခင် ၆ လုံး x ၅ ကဒ် မှ ယခု ၁၀ လုံး x ၃ ကဒ် အဖြစ်သို့ အောက်ပါအတိုင်း ပြောင်းလဲ ထုတ်လုပ်ထားကြောင်း အသိပေးအပ်ပါသည်။
ဆိုမီနို Formula အသစ်တွင် Melatonin 5 Mg ပါဝင်လာသည့်အပြင် စိတ်ကြည်လင်စေပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေသည့် 5 HTP, Vitamin B6, Magnesium နှင့် Calcium တို့ပါ ထပ်မံထည့်သွင်းပေးထားပါသည်။
ဆိုမီနို Formula အသစ်သည် အသက်အရွယ်ကြောင့် အိပ်ပျော်ရန်ခက်ခဲနေသူများအပြင် စိတ်ဖိစီးမှု (Stress) များသူများ ၊ အတွေးများပြီး အိပ်မရသူများ ၊ အကြောင်းအရင်း တိတိကျကျမရှိ အိပ်ပျော် ရန်ခက်ခဲသူများ ၊ အိပ်ပျော်ပြီးအိပ်ရေးမ၀သလို ခံစားနေရသူများ ၊ အိပ်ချိန်စက်၀န်း နေ့/ည မမှန်သူ များပါ သောက်သုံးနိုင်ပါသည်။
အစဉ်အမြဲ အားပေးမှုကို ကျေးဇူးတင်ရှိပြီး လူကြီးမင်းတို့၏ ညစဉ်ညတိုင်း အိပ်စက်ခြင်းများ လှပပါစေကြောင်း Somino-Sleep မိသားစုမှ ဆန္ဒပြုအပ်ပါသည်။
#အိပ်စက်ခြင်းအတွက်နံပါတ်တစ်သဘာဝအားဆေးဆိုမီနို
#