Eastern Breeze

Eastern Breeze Diagnostic Lab,X ray and USG

16/02/2025

ညာဘက်နံရိုးအောက်တည့်တည့်မှာ အသည်းရှိနေပြီး အသည်းရဲ့လုပ်ငန်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

( ၁ ) အသည်းက သည်းခြေရည်ကိုထုတ်ပေးပြီး အဆီကိုခြေဖျက်၊ အဆီပျော် ဗိုက်တာမင် A, D, E , K နှင့် အဟာရကို စုပ်ယူပါတယ်။ သွေးအတွင်းအရေးကြီးသော ပရိုတိန်းများကိုလည်း ထုတ်ပေးပါတယ်။

( ၂ ) အသည်းက သံဓာတ်၊ ဗိုက်တာမင် A, D, K နှင့် B12 ကိုလည်း သိုလှောင်သိမ်းဆည်းပါတယ်။ Glucose ( ဂလူးကို့စ် ) ကိုလည်းသိုလှောင်နိုင်ပါတယ်။ သကြားအများကြီးစားတဲ့အခါ အသည်းအဆီဖုံးလာပါလိမ့်မည်။ Essential phospholipid က အသည်းအတွင်း အဆီစုပုံခြင်းကို တားဆီးပေးပါတယ်။ အရက်ကြောင့်ဖြစ်သောဆဲလ်ပျက်စီးမှုကို အကာအကွယ်ပေးပါတယ်။။ အသည်းအဆီဖုံးခြင်း, အသည်းခြောက်ခြင်း နှင့် အသည်းရောင်ရောဂါများမှာ အသုံးပြုပါတယ်။

( ၃ ) အသည်းမှာ အညစ်အကြေး နှင့် အဆိပ်တွေကို ထယ်ထုတ်၊ ရှင်းလင်းနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဆေးဝါးကုသမှု နောက်ဆက်တွဲများ, အစာအလွန်စားခြင်းရဲ့ ဆိုးကျိုးများကို အခံရဆုံးက အသည်းဖြစ်ပါတယ်။

PHYO MAUNG MAUNG ( FNs )

https://www.facebook.com/share/p/1Bgw2nsXG4/
26/01/2025

https://www.facebook.com/share/p/1Bgw2nsXG4/

ခေါင်းတစ်ခြမ်းက_သေလောက်အောင်ကိုက်တယ်
မျက်နှာပါအမ်းနေတယ်
ရင်ခေါင်းတောင့်လွန်းလို့_လက်ထိုးပြီးသွားသွားအန်ရတယ်
စာရေးရင်းရေးရင်း နဲ့မှ ရောဂါတွေကလည်း မိန်းကလေးတွေချည်း ယူထားသလားထင်ရအောင် အခုတစ်ခုကလည်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်
Migraine ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာပါ

ရောဂါ သဘောသဘာဝအကြောင်းသေသေချာချာနားလည်စေချင်တဲ့ အတွက် မိမိရဲ့ *အသိပညာ၊ *အတွေ့အကြုံများအပြင် သုတေသန *စာတမ်းများပါ ဖတ်၍ အပြည့်အစုံ ရေးသားထားသောကြောင့် စာက အတော့ကို ရှည်သွားပါတယ်
အချိန်ပေးပြီး သေသေချာချာ ဖတ်ပြီးရင်တော့ Migraine (ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအတွက်) အကျိုးရစေမှာ သေချာပါတယ်
------
ရောဂါအကြောင်းမစ ခင် သိထားရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် အကြောင်း အရင်ရှင်းပြချင်ပါတယ်။
နည်းနည်းတော့ ရှုပ်ပါတယ်၊ သေချာနားလည်ရင်တော့ ဘာလို့ ခေါင်း အဲ့လောက် ကိုက်ရတာလဲ နားလည် သွားကြမယ် လို့ ယူဆပါတယ်
ပထမတစ်ခုက
အာရုံကြော အဖွဲ့အစည်းပါ
ကျွန်တော်တို့ ခံစားတာကို သိဖို့ အရေပြားမှာ
(a.) အာရုံခံတဲ့နေရာတွေရှိပါတယ်၊ (ပူတယ်/အေးတယ်)၊ ထိတယ်၊ နာတယ်ပေါ့)
အဲ့ဒီအာရုံတွေကို ဦးနှောက်ဆီကို သယ်သွားပေးမယ့်
(b.)အာရုံကြောတွေရှိပါတယ်
ဦးနှောက်ကနေ အဲ့ဒါက ပူတာ၊ အဲ့ဒါက အေးတာ၊ အဲ့ဒါကတော့ နာတာ ဆိုပြီး (c.) ဆုံးဖြတ်ပေးတဲ့နေရာရှိပါတယ်
အဲ့ဒီ (a) (b) (c) သုံးခုပေါင်းပြီးမှ အာရုံတွေကို ခံစားပါတယ်
အဲ့ဒီက မှ ဦးနှောက်ကနေ ပူရင်ဘာလုပ်လိုက်၊ အေးရင်ဘာလုပ်လိုက်၊ နာရင်ဘာလုပ်လိုက် ဆိုပြီး (d.) တုံ့ပြန်ပါတယ်။
အဲ့ဒီအာရုံကြောအဖွဲ့အစည်းအများကြီးထဲကမှ
ဦးခေါင်း + လည်ပင်းပိုင်းနဲ့ သက်ဆိုင်တာက Trigerminal/Cervical Pain system ပါ။
(ပုံ ထည့်ပေးထားပါတယ်)
(( ဥပမာပြောရရင် ပါးရိုက်ခံလိုက်ရတယ်၊ ခေါင်းခေါက်ခံ လိုက်ရတယ် ဆိုပါတော့
သမခံလိုက်ရတာကို (a.) ကသိပါတယ်
အဲ့ဒီ Information ကို (b.) ကသယ်သွားပါတယ်
ငါတော့ အကျွေးခံရလိုက်ရပြီဆိုပြီး (c.) ကနေ သိပြီး နာလိုက်တာ ဆိုပြီး ဖြစ်သွားပါတယ်။
နာတာသိသွားရင် ဦးနှောက်တွင်းက ဌာနတွေ ချိတ်ဆက်ပြီးတော့ (အမေခေါက်တာ၊ ကောင်မလေးရိုက်တာဆိုရင်) (d.) အနေနဲ့က ငြိမ်ခံလိုက် ဆိုတဲ့ တုံ့ပြန်မှု ပြန်လုပ်ပါလိမ့်မယ် ))
ဒုတိယတစ်ခုက
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အကြောင်းကြောင်းကြောင့် သွေးကြောတွေကျဉ်းသွားခဲ့ရင် (အဲ့ဒီသွေးကြောက ထောက်ပံ့ပေးနေတဲ့ cells တွေ Oxygen နဲ့ အဟာရအရနည်းသွားတဲ့ အတွက်) Vasodilator ဆိုတဲ့ သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လိုက်ပါတယ်။
အဲ့ဒီ ဓာတ်ပစ္စည်းတွေ ထဲမှာ *Serotonin ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးလည်း အပါအဝင်ဖြစ်ပါတယ်။
Vasodilator တွေ ထွက်လာရင် သွေးကြောက ပြန်ကျယ်သွားတဲ့ အတွက် Cells တွေက Oxygen နဲ့ အဟာရတွေ ပြန်ရသွားပါတယ်။
ဒါပေမယ့် အဲ့ဒီ Vasodilator (သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်း) ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန် တဲ့ အခါ သွေးကြောက အချိန်ကြာမြင့်စွာ ကျယ်နေတဲ့ အတွက် သူထောက်ပံ့ထားတဲ့ နေရာကို သွေးပမာဏများစွာ ရောက်ရှိသွားပါတယ်
သွေးရောက်တာ နည်းရင် မကောင်း သလို၊ သွေးရောက်တာ တရားလွန် များရင်လည်း အဲ့နေရာမှာ သွေးပေါင်တွေ တတ်လာတတ်ပါတယ်။

အဲ့လိုသဘောပါ နည်းနည်းနားလည် ပြီဆိုရင် ရှေ့ဆက်ပါမယ်
>>>>>>>>>>

15/01/2025

အိမ်တိုင်ရာရောက် သွေးဖောက် ဆေးထိုး drip ချိတ် အတွက် ကျွမ်းကျင်သော လုပ်သက်ရင့် သူနာပြု ဆရာမ ခေါ်ယူနိုင်ပါသည် 👍👍👍
ဖုန်း 09787005466
09661222159 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် 👍👍
#သွေးစစ် #အိမ်တိုင်ရာရောက်

15/01/2025

Hepatitis B,
Hepatitis C,
HIV,
VDRL ၄ မျိုး ကို ၂၀၀၀၀ ကျပ် နှင့် နေ့ချင်းပြီး စစ်ပေးနေပါပြီ
(ဖေဖော်ဝါရီလ ကုန် အထိ)
No 18 ကျွန်းတောလမ်း စမ်းချောင်း


#စမ်းချောင်း #သွေးစစ်

https://www.facebook.com/share/p/192XgJd6Rd/
06/01/2025

https://www.facebook.com/share/p/192XgJd6Rd/

Liposuction လုပ်ရင်

Liposuction အလွယ်ပြောရင် အဆီ စုပ်ထုတ်လိုက်တာပေါ့။ စုပ်ထုတ်ပြီး ပိန်သွားမှာ ဆိုတော့ ပိုက်ဆံ ရှိရင် ဘာမှ အားထုတ်စရာ မလိုပဲ ဝိတ်ကျသွားမယ် လို့ ယူဆ ပြီး လုပ်ကြတာပေါ့။

Liposuction လုပ်မယ် ဆိုရက် ဆိုးကျိုး တွေ သိထားဖို့ လိုမယ်။ သိထားပြီး မှ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ချက်ချသင့်ပါတယ်။

လုပ်ပေးမယ် ဆရာဝန် က လဲ ဒါလုပ်တော့မယ် ဆိုရင် risk (ဆိုးကျိုး) တွေ ပြောပြီးမှ informed consent (သဘောတူညီချက်) ရပြီးမှ လုပ်သင့်တာမျိုးပါ။

ဘာတွေ ဖြစ်နိုင်လဲ?

1. ရောဂါပိုးဝင်နိုင်ခြင်း
2. fat embolism - အဆီခဲလေးက ကျွတ်ထွက်ပြီး သွေးကြောသွားပိတ်ခြင်း (အသက်အန္တရာယ် ရှိ)
3. အရေပြား - elasticity မကောင်းတော့ခြင်း- တွန့်လာခြင်း
4. အဆီစုပ်ထုတ်တဲ့ နေရာ တဝိုက်မှာ ခဏတာ ဖြစ်စေ ရေရှည်ဖြစ်စေ ထုံနေတတ်ခြင်း
5. ကျောက်ကပ်၊ နှလုံးမှာ အန္တရာယ် ဖြစ်ခြင်း - အဆီ များများ ထုတ်လိုက်ရင် ခန္ဓာကိုယ် အတွင်း အရည်ဓါတ် အထားအသိုမမှန်တော့ဘဲ အန္တရာယ် ဖြစ်စေတာပါ။
6. ထုံဆေး အဆိပ်သင့်ခြင်း

အဲ့လို အန္တရာယ် တွေ ကို သိထားပြီးမှ လူနာ ကိုယ်တိုင် သဘောတူမှ လုပ်ရတာမျိုးပါ။

Liposuction ရဲ့ သဘောက လေဖူဖောင်း လေလျှော့လိုက်သလိုပဲ စုပ်ထုတ်တုန်း ခဏ ပိန်မယ်။ ပြန်စားရင် ပြန်ဝ လာမယ် မျိုးပေါ့။

ပြီးတော့ liposuction လုပ်ရင် subcutaneous fat (အရေပြားအောက်) က အဆီ က တော့ ကျသွားတော့ အလှအပအတွက် အရေးပါကောင်းပါပေမယ့် ကျန်မာရေးအတွက် ဒုက္ခပေးနေတဲ့ visceral fat (ဝမ်းတွင်း ကလီစာအဆီ) ကို တော့ မကျ စေတော့ ကျန်းမာရေး အတွက် liposuction လုပ်မှာ ဆိုရင် တော့ သိပ်တော့ မထူးပါဘူး။

Healthy diet စား အားကစား လုပ်ဆိုတာတော့ အမြဲ လုပ်ရမယ့် အလေ့အကျင့်ပါပဲ အထွေအထူးတော့ ပြောစရာမရှိပါဘူး။

အခုတလော ဖြစ်သွားတဲ့ ပြသနာ လိုမျိုး ကမ္ဘာနဲ့ အဝှမ်း မှာ ဖြစ်နေပါတယ်။ ဆေးပညာ တလုံးတစိ မှ မသိတဲ့ သူတွေ လုပ်တော့ ပိုဆိုးတာပေါ့။

ဒီနေရာမှာ နောက်ထပ် ပြောစရာရှိတာ က ကျွန်တော်တို့ ပတ်ဝန်းကျင် ရဲ့ social bullying ကိစ္စတွေပါ။

“နင်ဝလာလိုက်တာ။ ဝိတ်ချအုံး
ပိန်လာလိုက်တာ။ စားအုံး”

“မျက်နှာ မှာလဲ ဝက်ခြံတွေနဲ့”
“အသားကလဲ မည်းသွားလိုက်တာ”

အဲ့ စကားတွေ ကို အလွယ်တကူ ပါးစပ်က ထွက်တတ်တဲ့ အကျင့် ကို ပြင်ဖို့လိုလာပါပြီ….

အခုဖြစ်နေတဲ့ ပြသနာ တွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ စပ်ဆက်နေပါတယ်….

နောက်တခု ကတော့ ကျွမ်းကျင် ပညာရှင် ဆရာဝန်၊ သူနာပြု့ ဆရာ/ဆရာမ မဟုတ်ပဲ အပ်ပုန်းတွေ လက်တည့်စမ်း မခံရဖို့ သတိပြုကြပါ။

comment မှာ diet plan ရေးပေးထားပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အဆီစုပ်ထုတ်

Address

No18/ground Floor And First Floor, Kyundaw Road, Sanchaung Township
Sanchaung
1111

Telephone

+959661222159

Website

Alerts

Be the first to know and let us send you an email when Eastern Breeze posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Eastern Breeze:

Shortcuts

Share