31/10/2023
Languishing Mood (စိတ်ပင်ပန်းနွမ်းနယ်ခြင်း)
Languishing ဆိုတာဘာလဲ...❔
================================
ကျန်းမာရေးဆိုင်ရာအဆိုအရ languishing ဆိုတာ...🩺
1️⃣ မည်သည့်အရာကိုမျှလုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊
2️⃣ မိမိကိုယ်ကို တိုးတက်မှုမရှိဟုခံစားရခြင်း၊
3️⃣ ပျော်ရွှင်စရာများ ဖန်တီးရန် စိတ်မပါတော့ခြင်း၊
4️⃣ နေ့စဥ်ဘဝဖြတ်သန်းရသည်ကို ငြီးငွေ့လာခြင်း၊
5️⃣ ဘဝအတွက် မျှော်လင့်ချက်များ လျော့နည်းသွားခြင်း။
စတဲ့အခြေအနေမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Languishing ဆိုရာမှာ အကောင်းမြင်စိတ်ဖြင့် ဘဝကိုအောင်မြင်စွာ ရှင်သန်နေထိုင်ပြီး စိတ်ကျန်းမာရေးကောင်းမွန်သည့် အခြေအနေဖြစ်တဲ့ (Flourishing) နဲ့ စိတ်ဓာတ်ကျဆင်းခြင်း(Depression) တို့ကြားမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ Languishing ကို စိတ်ရောဂါ တစ်ခုလို့ ပြောလို့မရသလို ပြီးပြည့်စုံပြီးကျန်းမာကောင်းမွန်တဲ့ စိတ် အခြေအနေတခုလို့ လည်းပြောလို့မရပါဘူး။ Languishing ဟာ Depression လို Su***de လုပ်ဖို့အထိ တွေးမိကြတဲ့ ပြင်းထန်တဲ့ စိတ်ကျန်းမာရေးအခြေအနေမဟုတ်ပေမဲ့ ခံစားရတဲ့အချိန်ကြာမြင့်လာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အန္တရာယ်ပေးလာနိုင်တဲ့အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီ ကာကွယ်ပေးနိုင်ဖို့လိုပါတယ်🧏
Languishing Mood ခံစားနေရခြင်းအား သိရှိနိုင်သည့် အကြောင်းအရင်းများ...💁♂️
==================================
🔴 Social media အလွန်အကျွံသုံးရင်း အချိန်ဖြုန်းနေမိခြင်း။
🔴 စိတ်ဝင်စားစရာ မကောင်းသော movies တွေ၊ Dramas တွေ၊ TV shows တွေ ကြည့်ရင်းနဲ့ အချိန်ကုန်ဆုံးနေမိခြင်း။
🔴 အလုပ်လုပ်သည့်အခါ အာရုံစူးစိုက်မှုမရှိတော့ခြင်း။
🔴 လုပ်ငန်းတာဝန်များကို တခုပြီးတခုပြောင်းလုပ်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း။
🔴 ဝမ်းနည်းစရာ၊ ဒေါသထွက်စရာ မရှိလည်း စိတ်မကြည်သလို ဖြစ်နေတတ်ခြင်း။
🔴 ပင်ပန်းနေခြင်းမဟုတ်သော်လည်း Energy မရှိသလိုခံစားနေရခြင်း။
🔴 မိမိဝါသနာပါသောအရာများအတွက် ကြိုးစားရန်စိတ်မပါတော့ခြင်း။
🔴 နေ့စဉ်ဘဝကို ငြီးငွေ့ပြီး မျှော်လင်ချက်မဲ့နေခြင်း မျိုးမဟုတ်သော်လည်း မျှော်လင့်ချက်များ လျော့နည်းလာခြင်း။
🔴 မိသားစု၊ သူငယ်ချင်းများနှင့် အတူရှိနေပေမဲ့ အဆက်အသွယ်ပြတ်နေသကဲ့သို့ ခံစားရခြင်း။
စတဲ့ စိတ်အခြေအနေများကို ရင်ဆိုင်နေရပြီဆိုရင်တော့ Languishing ဆိုတဲ့ mood ခံစားနေရသည်ဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။
Languishing Mood ခံစားနေရပြီဆိုရင် ဘယ်လိုကျော်ဖြတ်မလဲ...❔❔
================================
🔵 Social Media အလွန်အကျွံသုံးခြင်းမှ ရှောင်ကြည်ပါ။
🔵 စာလုပ်သည့်အခါ သို့မဟုတ် အလုပ်လုပ်သည့်အခါမှာ 25 minutes rule လေးထားပါ။
❕( 25 minutes rule ဆိုတာ 25 mins စာကြည့်ပြီးရင် 5,10 mins လောက် အနားယူတာမျိုးပါ)❕
🔵 Small Goals လေးများ သတ်မှတ်ပါ။
❕(ဥပမာ ဒီလ စာအုပ်တစ်အုပ်ပြီးအောင် ဖတ်ဖြစ်တာမျိုး)❕
🔵 Volunteer လုပ်ခြင်းမျိူး၊ Social Events များမှာ ပါဝင်ခြင်းများ လုပ်ဆောင်ကြည့်ပါ။
🔵 ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။
🔵 မိသားစု၊ သူငယ်ချင်းများ နဲ့ အချိန်ပေးပြီး စကားစမြည်ပြောခြင်းမျိုး လုပ်ပေးပါ။
🔵 မိမိဝါသနာပါသော အရာများအတွက် တစ်နေ့ကို အချိန်နည်းနည်းစီ ပေးပါ။
စတဲ့ မိမိ ကိုယ်ကို ဂရုစိုက်မှုလေးတွေ လုပ်ပေးခြင်းဖြင့် Languishing Mood ခံစားနေရခြင်းမှ ကာကွယ်နိုင်ပါတယ်။
☎ 09425286860, 09652305074, 09442498253, 09673132764
🏥 ကမ်းနားလမ်း ဧစေတီနှင့်မျက်စောင်းထိုး၊ အမှတ်(၁၉၇)၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်၊ စစ်တွေမြို့။
🔵ဆေးခန်းဖွင့်ချိန် - တနင်္လာနေ့မှ စနေနေ့အထိ - နံနက် (၈:၀၀) နာရီမှ (၁၀:၀၀) နာရီ၊ နေ့လည် (၁၂:၀၀) နာရီမှ (၂:၀၀) နာရီ၊ ညနေ (၄:၀၀) နာရီမှ (၇:၀၀) နာရီ။ တနင်္ဂနွေနေ့ - နံနက် (၈:၀၀) နာရီမှ (၁၀:၀၀) နာရီ။
💙 Healthy Mind Healthy Body 💙
" စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ အေးချမ်းသာမှာ ကုသစို့ "
#အေးချမ်းသာအာရုံကြောနှင့်စိတ်ကျန်းမာရေးအထူးကုဆေးခန်း
#အေးချမ်းသာအထူးကုဆေးခန်း
#အေးချမ်းသာ_ဆေးခန်း
#အေးချမ်းသာ_စစ်တွေ
#စိတ်ကျန်းမာရေး