Mya Tha Har Hospital - မြသဟာဆေးရုံ

Mya Tha Har Hospital - မြသဟာဆေးရုံ Since 2012, we've been at the forefront of healthcare excellence as Tachilek's pioneering private hospital.

Our commitment to providing the best services ensures your optimal wellness. Experience compassionate care with us for a happier, healthier life.

ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌕ယန...
28/08/2026

ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌕

ယနေ့ ကျရောက်သော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) တွင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြ ပါစေကြောင်း မြသဟာအထွေထွေ‌ရောဂါကုဆေးရုံ (အဆွေတော်မိသားစု) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင့်🙏🙏

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်
𝟎𝟖𝟒𝟐𝟎𝟓𝟑𝟒𝟑𝟔
𝟎𝟖𝟒𝟐𝟎𝟓𝟏𝟒𝟖𝟒
𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

📍 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

#မြသဟာ‌ဆေးရုံတာချီလိတ်




#ဝါခေါင်လပြည့်

🚨 အစာအိမ်အောင့်ခြင်း၊ ရင်ပူခြင်းနဲ့ လေပွတာတွေကို မကြာခဏ ခံစားနေရပြီလား❓ ဒါဆိုရင်တော့ အစာအိမ်ရောဂါတွေရဲ့ အဓိကတရားခံဖြစ်တဲ...
27/08/2026

🚨 အစာအိမ်အောင့်ခြင်း၊ ရင်ပူခြင်းနဲ့ လေပွတာတွေကို မကြာခဏ ခံစားနေရပြီလား❓

ဒါဆိုရင်တော့ အစာအိမ်ရောဂါတွေရဲ့ အဓိကတရားခံဖြစ်တဲ့ အစာအိမ်ပိုး (𝐇. 𝐩𝐲𝐥𝐨𝐫𝐢) ရှိ/မရှိ သေချာစစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ။ 🦠

မြသဟာဆေးရုံကြီးမှာ နာကျင်မှုလုံးဝမရှိဘဲ လေမှုတ်ပြီး အလွယ်တကူနဲ့ အဖြေတိကျစွာသိနိုင်မယ့် 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 ကို အထူးပရိုမိုးရှင်းစျေးနှုန်းနဲ့ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 💚

💰 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐢𝐜𝐞: 𝟗𝟓𝟎 𝐁𝐚𝐡𝐭 💰

⚠️ ယခုပရိုမိုးရှင်းသည် ပထမဦးဆုံး လာရောက်စစ်ဆေးသူ အယောက် (၅၀) ဦး အတွက်သာ သီးသန့်ဖြစ်လို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အခုပဲ အမြန်ဆုံး လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💚

📌 ကြိုတင် 𝐁𝐨𝐨𝐤𝐢𝐧𝐠 ယူရန်နှင့် အသေးစိတ်စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည် -

☎️ 𝟎𝟖𝟒 𝟐𝟎𝟓 𝟑𝟒𝟑𝟔
☎️ 𝟎𝟖𝟒 𝟐𝟎𝟓 𝟏𝟒𝟖𝟒
☎️ 𝟎𝟗 𝟕𝟔𝟓 𝟒𝟖𝟒 𝟏𝟕𝟎

📍 လိပ်စာ - အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢 ဝန်ဆောင်မှုပေး လက်မနှေး၊ ရှေ့ရှုကျန်းမာ မြသဟာ 🟢🟢

#မြသဟာ‌ဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧 #မြသဟာဆေးရုံ
#𝐇𝐩𝐲𝐥𝐨𝐫𝐢 #အစာအိမ်ပိုး
#အစာအိမ်နှင့်အူလမ်းကြောင်း
#𝐔𝐫𝐞𝐚𝐁𝐫𝐞𝐚𝐭𝐡𝐓𝐞𝐬𝐭 #အစာအိမ်ပိုးလေမှုတ်စစ်ဆေးခြင်း

ရင်သွေးလေးရဲ့ ချစ်စဖွယ် အမူအရာလေးတွေကို 𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 နဲ့ ကြည့်ကြမယ် 💚မိခင်ဝမ်းဗိုက်ထဲက မွေးဖွားမယ့် ကလေးလေးရဲ့ ချစ်စဖွယ...
26/08/2026

ရင်သွေးလေးရဲ့ ချစ်စဖွယ် အမူအရာလေးတွေကို 𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 နဲ့ ကြည့်ကြမယ် 💚

မိခင်ဝမ်းဗိုက်ထဲက မွေးဖွားမယ့် ကလေးလေးရဲ့ ချစ်စဖွယ် အပြုံးလေးတွေ၊ လှုပ်ရှားမှုနဲ့ အမူအရာလေးတွေကို တိုက်ရိုက် ဗီဒီယိုပုံစံအတိုင်း အရှိကိုအရှိအတိုင်း တိကျစွာ မြင်တွေ့ချင်ပါသလား...?

𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (လေးဘက်မြင် ဗီဒီယို) ဆိုတာ ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အမူအရာ ပုံရိပ်များကို စောစီးစွာ စိစစ်ကြည့်ရှုနိုင်ရုံတင်မက မွေးရာပါ ချို့ယွင်းချက် အချို့ကိုပါ ကြိုတင် စစ်ဆေးပေးနိုင်လို့ မိခင်နှင့် ကလေးအတွက် စိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ခေတ်မီ နည်းပညာဖြစ်ပါတယ်ရှင်။ 💚

𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးခြင်း၏ အကျိုးကျေးဇူးများ -
• ချစ်စဖွယ် အမူအရာများ မြင်တွေ့ရခြင်း: ရင်သွေးငယ်၏ အပြုံးနှင့် လှုပ်ရှားမှုလေးများကို မိဘများအနေဖြင့် စောစီးစွာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် ရရှိစေပါသည်။

• မွေးရာပါ ချို့ယွင်းချက်များ ကြိုတင် စစ်ဆေးနိုင်ခြင်း: ကလေးငယ်၏ ဖွံ့ဖြိုးမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစိစစ်နိုင်ပါသည်။

ရင်သွေးလေးရဲ့ ပထမဆုံး အပြုံးနှင့် လှုပ်ရှားမှု ပုံရိပ်များကို မြသဟာဆေးရုံကြီး တွင် ယုံကြည်စိတ်ချစွာ လာရောက် ရိုက်ကူး စစ်ဆေးလိုက်ပါရှင် 💚

📞 𝟎𝟖𝟒𝟐𝟎𝟓𝟑𝟒𝟑𝟔
𝟎𝟖𝟒𝟐𝟎𝟓𝟏𝟒𝟖𝟒
𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

📍 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

#မြသဟာဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧
#𝟒𝐃𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 #𝟒𝐃𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬
#𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 #𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤

ကျောက်ကပ်ဆေးမယ်ဆို မြသဟာဆေးရုံကို သတိရလိုက်ပါ...နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များအတွက် မြသဟာအထွေထွေရောဂါကုဆေးရုံတွင် ကျောက်...
25/08/2026

ကျောက်ကပ်ဆေးမယ်ဆို မြသဟာဆေးရုံကို သတိရလိုက်ပါ...

နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များအတွက် မြသဟာအထွေထွေရောဂါကုဆေးရုံတွင် ကျောက်ကပ်ဆေးခြင်းဝန်ဆောင်မှုကို ကျောက်ကပ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ကြီးကြပ်၍ ကျွမ်းကျင်သော ဆရာဝန်များ ၊သူနာပြုများ မှ နေ့စဉ် မနက် (၇) နာရီမှ ည (၇) နာရီထိ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ရှင့် 💚

𝐇𝐚𝐞𝐦𝐨𝐝𝐢𝐚𝐥𝐲𝐬𝐢𝐬 သွေးကြောမှ တဆင့် ကျောက်ကပ်ဆေးခြင်းဝန်ဆောင်မှု ကုန်ကျစရိတ်
♦️𝐀𝐫𝐭𝐞𝐫𝐲 𝐕𝐞𝐧𝐨𝐮𝐬 𝐅𝐢𝐬𝐭𝐮𝐥𝐚 - 𝟏𝟒𝟎𝟎 𝐁
♦️𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐕𝐞𝐧𝐨𝐮𝐬 𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫 – 𝟏𝟓𝟎𝟎 𝐁
♦️ကျောက်ကပ်ဆေးခြင်းအတွက် ပျမ်းမျှကြာချိန် (၄) နာရီအထိ ရှိပြီး တစ်ပါတ်လျှင် (၂) ကြိမ် (သို့) (၃) ကြိမ် ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးသင့် ပါတယ်ရှင့် 💚

📌ကျောက်ကပ်ပုံမှန်ဆေးနေကျလူနာများကိုလည်း ကျောက်ကပ်အထူးကုဆရာဝန်ကြီးမှ အခမဲ့ ဆွေးနွေးပေးခြင်းများအပြင် ကျောက်ကပ်ဆေးနေစဉ် အရေးပေါ် ဖြစ်ပေါ်လာနိုင်သောအခြေနေများအတွက် ကျွမ်းကျင်ဆရာဝန်များမှ လျှင်မြန်စွာ ကုသပေးနိုင်ခြင်း စသည့် ဝန်ဆောင်မှုများကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်ရှင့်

📌ကျောက်ကပ်ဆေးရန် ကြိုတင်ဘိုကင်ရယူလိုသူများအနေနှင့် မြသဟာဆေးရုံ ကျောက်ကပ်ဆေးစင်တာ ဖုန်းနံပါတ် - 𝟎𝟗𝟒𝟒𝟎𝟓𝟖𝟑𝟑𝟒𝟎 သို့ဆက်သွယ်၍ ကြိုတင်ဘိုကင်ရယူနိုင်ပါတယ်ရှင့်

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

☎️ဆက်သွယ်ရန်ဖုန်းနံပါတ်
084 2053436, 084 2051484, 09 765484170

အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း ( ခရိုင်ပြည်သူ့ဆေးရုံကြီးအနီး ) ၊ တာချီလိတ်မြို့။

#မြသဟာဆေးရုံတာချီလိတ်





24/08/2026

အသံတိတ် ဒုက္ခပေးနေတဲ့ အစာအိမ်ပိုး (𝐇. 𝐩𝐲𝐥𝐨𝐫𝐢)

မြန်မာနိုင်ငံမှာ လူ (၁၀) ယောက်မှာ (၈) ယောက်လောက်ဟာ အစာအိမ်ပိုး (𝐇. 𝐩𝐲𝐥𝐨𝐫𝐢) ကူးစက်ခံနေရတယ်ဆိုတာ သင်သိပါသလား...? တွက်ချက်မှုတွေအရ လူတော်တော်များများဟာ ဒီပိုး ရှိနေမှန်း မသိဘဲ နေထိုင်နေကြတာဖြစ်ပါတယ်ရှင်။ ဒါကြောင့်…

✅ 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 အစာအိမ်ပိုးဆိုတာ ဘာလဲ?
✅ "𝐇. 𝐩𝐲𝐥𝐨𝐫𝐢" ပိုး ရှိ/မရှိ ဘယ်လိုစစ်ဆေးနိုင်မလဲ?
✅ ဘယ်လိုအခြေအနေတွေမှာ အစာအိမ်မှန်ပြောင်း (𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲) ကြည့်သင့်သလဲ?
✅ အစာအိမ်ပိုးကို ဘယ်လို ထိထိရောက်ရောက် ကုသမလဲ?
ဆိုတဲ့ အကြောင်းအရာတွေကိုတော့ ဒီ 𝐕𝐢𝐝𝐞𝐨 လေးထဲမှာ 𝐂𝐡𝐢𝐞𝐟 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 – 𝐃𝐫. 𝐇𝐥𝐚𝐢𝐧𝐠 𝐌𝐢𝐧 𝐇𝐭𝐮𝐭 က အသေးစိတ် ရှင်းလင်းပြောပြပေးထားပါတယ်ရှင်။

🏥 မြသဟာအထွေထွေရောဂါကုဆေးရုံကြီးတွင် အစာအိမ်ပိုး ရှိ/မရှိကို အချိန်ကုန်သက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်တဲ့ လေမှုတ်စစ်ဆေးခြင်း (𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 - 𝐔𝐁𝐓) ၊ အစာအိမ်မှန်ပြောင်းကြည့် စစ်ဆေးခြင်း (𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲) များနှင့် အခြားထိရောက်သော ကုသမှုများကို ယုံကြည်စိတ်ချစွာဖြင့် လာရောက်စစ်ဆေးကုသနိုင်ပါပြီရှင် 💚

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်
𝟎𝟖𝟒𝟐𝟎𝟓𝟑𝟒𝟑𝟔
𝟎𝟖𝟒𝟐𝟎𝟓𝟏𝟒𝟖𝟒
𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

📍 လိပ်စာ အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီးအနီး)၊ တာချီလိတ်မြို့။

🟢🟢 ဝန်ဆောင်မှုပေး လက်မနှေး၊ ရှေ့ရှုကျန်းမာ မြသဟာ 🟢🟢

#မြသဟာ‌ဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐩𝐲𝐥𝐨𝐫𝐢 #𝐔𝐁𝐓
#𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲 #𝐔𝐫𝐞𝐚𝐁𝐫𝐞𝐚𝐭𝐡𝐓𝐞𝐬𝐭
#အစာအိမ်ပိုး #အစာအိမ်မှန်ပြောင်း
#တာချီလိတ် #မြသဟာဆေးရုံ

ကျောက်ကပ်ဆေးမည့်လူနာများ ဘာကြောင့် သွေးကြောမွေးဖို့ လိုအပ်တာလဲ❓နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပြီး ကျောက်ကပ်ပျက်စီးပြီဆိုလျှင...
23/08/2026

ကျောက်ကပ်ဆေးမည့်လူနာများ ဘာကြောင့် သွေးကြောမွေးဖို့ လိုအပ်တာလဲ❓

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပြီး ကျောက်ကပ်ပျက်စီးပြီဆိုလျှင် အသက်ဆက်ရှင်ဖို့အတွက် ကျောက်ကပ်ဆေးဖို့ လိုအပ်လာပါပြီ။ ရေရှည်ကျောက်ကပ်ဆေးရတော့မည်ဆိုရင် သွေးကြောမွေးခြင်း (𝐀𝐕 𝐅𝐢𝐬𝐭𝐮𝐥𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧) လုပ်ဖို့ကလည်း အရေးကြီးပါတယ်။

သွေးကြောမွေးခြင်း (𝐀𝐕 𝐅𝐢𝐬𝐭𝐮𝐥𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧) ဆိုတာ ဘာလဲ?

𝐀𝐕 𝐅𝐢𝐬𝐭𝐮𝐥𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 (သွေးကြောမွေးခြင်း) ဆိုတာ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်ဆေးခြင်း (𝐡𝐞𝐦𝐨𝐝𝐢𝐚𝐥𝐲𝐬𝐢𝐬) ပြုလုပ်ရာတွင် အဆင်ပြေစေရန်နှင့် ရေရှည်ပြုလုပ်နိုင်စေရန်အတွက် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို ခွဲစိတ်ဆက်ပေးခြင်း ဖြစ်ပါသည်။

ရေရှည် ကျောက်ကပ်ဆေးရမည့်လူနာများအတွက် (𝐀𝐕 𝐅𝐢𝐬𝐭𝐮𝐥𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧) သွေးကြောမွေးဖို့ ဘာကြောင့် လိုအပ်သလဲ?

💠 သွေးကြောခိုင်မာအားကောင်းစေတယ်
💠 ပိုးဝင်ခြင်း (𝐢𝐧𝐟𝐞𝐜𝐭𝐢𝐨𝐧) ဖြစ်နိုင်ချေနည်းပါးစေတယ်။
💠ရေရှည်အသုံးပြုနိုင်တယ်။
💠ကျောက်ကပ်ဆေး (𝐃𝐢𝐚𝐥𝐲𝐬𝐢𝐬) လုပ်သည့်အခါ အချိန်တိုအတွင်းပြီးမြောက်စေတယ်။

ဒါကြောင့် နာတာရှည်ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရပြီး ကျောက်ကပ်ဆေးရန် သွေးကြောမွေးဖို့ လိုအပ်နေသူတွေအတွက် မြသဟာဆေးရုံတွင် ယုံကြည်စိတ်ချစွာဖြင့် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

𝐀𝐕𝐅 𝐏𝐫𝐨𝐱𝐢𝐦𝐚𝐥 𝐃𝐚𝐲𝐜𝐚𝐫𝐞 𝐒𝐮𝐫𝐠𝐞𝐫𝐲 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐏𝐫𝐢𝐜𝐞 - 𝟐𝟏,𝟎𝟎𝟎 𝐓𝐇𝐁

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်
09 765484170, 084 2053436, 084 2051484

🏥 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢 ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ 🟢🟢

#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧
#𝐀𝐕𝐅𝐢𝐬𝐭𝐮𝐥𝐚𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 #သွေးကြောမွေးခြင်း #ကျောက်ကပ်ဆေး

22/08/2026

အစာအိမ်ပိုး (H. pylori) လေမှုတ်စစ်ဆေးမှု (Urea Breath Test) မလုပ်မီ ဒါတွေကို မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားပေးပါ! 💨🩺

အစာအိမ်ပိုး ရှိ/မရှိ လေမှုတ်စစ်ဆေးသည့် Urea Breath Test (UBT) ဟာ မနာမကျင်ဘဲ လွယ်ကူမြန်ဆန်တဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပေမဲ့ စစ်ဆေးမှု ရလဒ် တိကျသေချာစေဖို့အတွက် ကြိုတင်လိုက်နာရမယ့် စည်းကမ်းလေးတွေ ရှိပါတယ်ရှင်။ ⚠️

အောက်ပါအချက်များကို မလိုက်နာပါက စစ်ဆေးမှုအဖြေ မှားယွင်းနိုင်တာကြောင့် မစစ်ဆေးမီ တင်းကြပ်စွာ လိုက်နာပေးဖို့ လိုအပ်ပါတယ် -

📌 UBT မစစ်ဆေးမီ ကြိုတင်ပြင်ဆင်ရန်အချက်များ
• အစာနှင့် ရေ ရှောင်ရန်: စစ်ဆေးမှု မပြုလုပ်မီ အနည်းဆုံး (၄) နာရီမှ (၆) နာရီအထိ အစားအသောက်နှင့် ရေသောက်ခြင်းကို လုံးဝ ရပ်နားထားရပါမည်။
• ပိုးသတ်ဆေးများ ကြိုတင်ရပ်နားရန်: ပိုးသတ်ဆေးများ (Antibiotics) သို့မဟုတ် Bismuth ဆေးများ သောက်သုံးထားပါက အနည်းဆုံး (၄) ပတ် ကြိုတင် ရပ်တန့်ထားရပါမည်။
• အစာအိမ်ဆေးများ ရပ်နားရန်: Proton Pump Inhibitors (PPIs) အစာအိမ် အက်ဆစ်ဖျက်ဆေးများကို အနည်းဆုံး (၂) ပတ် ကြိုတင် ရပ်ထားရပါမည်။
• ဆေးလိပ် ရှောင်ကြဉ်ရန်: စစ်ဆေးမှု မပြုလုပ်မီ အနည်းဆုံး (၂) နာရီအတွင်း ဆေးလိပ် လုံးဝ မသောက်ရပါ။

အထူးသတိပြုရန်: စမ်းသပ်မှုမတိုင်မီ (၁) ပတ်အတွင်း အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်မှု ဖြစ်ပွားထားသူများ သို့မဟုတ် အစာအိမ် ခွဲစိတ်ဖြတ်တောက်မှု ခံယူထားသူများအနေဖြင့် အဖြေရလဒ်ကို ထိခိုက်နိုင်သဖြင့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရပါမည်။

🎉 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ပထမဦးဆုံးလာရောက်စစ်ဆေးမည့် အယောက် (၅၀) အတွက် 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐢𝐜𝐞 𝟗𝟓𝟎 𝐁𝐚𝐡𝐭 ဖြင့် စစ်ဆေးပေးသွားမှာဖြစ်ပါတယ်ရှင်။

ပထမဦးဆုံး အယောက် (၅၀) စာရင်းထဲပါဝင်ဖို့ အခုပဲ အမြန်ဆုံး စစ်ဆေးလိုက်တော့နော်။ 💚

📌 ကြိုတင် 𝐁𝐨𝐨𝐤𝐢𝐧𝐠 ယူရန်နှင့် အသေးစိတ်စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည် -
☎️ 𝟎𝟖𝟒 𝟐𝟎𝟓 𝟑𝟒𝟑𝟔
☎️ 𝟎𝟖𝟒 𝟐𝟎𝟓 𝟏𝟒𝟖𝟒
☎️ 𝟎𝟗 𝟕𝟔𝟓 𝟒𝟖𝟒 𝟏𝟕𝟎

📍 လိပ်စာ - အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢 ဝန်ဆောင်မှုပေး လက်မနှေး၊ ရှေ့ရှုကျန်းမာ မြသဟာ 🟢🟢

#မြသဟာ‌ဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧 #မြသဟာဆေးရုံ
#𝐇𝐩𝐲𝐥𝐨𝐫𝐢 #အစာအိမ်ပိုး
#အစာအိမ်နှင့်အူလမ်းကြောင်း
#𝐔𝐫𝐞𝐚𝐁𝐫𝐞𝐚𝐭𝐡𝐓𝐞𝐬𝐭 #အစာအိမ်ပိုးလေမှုတ်စစ်ဆေးခြင်း

ပိုမိုတိကျသော ပုံရိပ်ဖော် ရောဂါရှာဖွေ စစ်ဆေးခြင်းများအတွက် မြသဟာဆေးရုံ တွင် 𝐂𝐓 𝐒𝐜𝐚𝐧 ရိုက်ကူးနိုင်ပါပြီ....တစ်ခါတလေ ခန္ဓာ...
21/08/2026

ပိုမိုတိကျသော ပုံရိပ်ဖော် ရောဂါရှာဖွေ စစ်ဆေးခြင်းများအတွက် မြသဟာဆေးရုံ တွင် 𝐂𝐓 𝐒𝐜𝐚𝐧 ရိုက်ကူးနိုင်ပါပြီ....

တစ်ခါတလေ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေက ပြင်ပကကြည့်ရုံနဲ့ ဒါမှမဟုတ် သာမန် 𝐗-𝐑𝐚𝐲 ရိုက်ရုံနဲ့ ရောဂါအဖြေအတိအကျ မသိနိုင်တာမျိုး ကြုံဖူးကြပါသလား...? 🤔

ဒါဆိုရင်တော့ 𝐗-𝐑𝐚𝐲 ရောင်ခြည်နဲ့ အဆင့်မြင့် ကွန်ပျူတာနည်းပညာကို ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက် အသေးစိတ် ပုံရိပ်ဖော်ပေးနိုင်တဲ့ 𝐂𝐓 𝐒𝐜𝐚𝐧 စစ်ဆေးမှု လိုအပ်နေပါပြီရှင်။ 🩺

ရောဂါတစ်ခုကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက အချိန်မီ ကုသမှုစတင်နိုင်ဖို့အတွက် အရေးကြီးဆုံး သော့ချက်ဖြစ်ပါတယ်! ✨

🔍 မြသဟာဆေးရုံ၏ 𝐂𝐓 𝐬𝐜𝐚𝐧 စက်ဖြင့် စစ်ဆေးနိုင်သည့် အခြေအနေများ -
• ဦးနှောက်နှင့် အာရုံကြော: ဦးနှောက်သွေးယိုခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်းနှင့် ဦးနှောက်အတွင်း အကြိတ်အဖုများ။
• အကြိတ်အဖုနှင့် ကင်ဆာ: အကြိတ်တည်နေရာ၊ အရွယ်အစားနှင့် ပျံ့နှံ့မှု အခြေအနေများကို ကုသမှုမတိုင်မီ/အပြီး အကဲဖြတ်ခြင်း။
• ထိခိုက်ဒဏ်ရာများ: ယာဉ်မတော်တဆမှုများ၊ ဦးခေါင်းနှင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်မှု၊ အရိုးကျိုးခြင်းများ။
• သွေးကြောဆိုင်ရာ: သွေးကြောပိတ်ဆို့ခြင်းနှင့် 𝐂𝐓 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐩𝐡𝐲 ဖြင့် သွေးကြောများ အသေးစိတ်ကြည့်ရှုခြင်း။

📍 စစ်ဆေးနိုင်သည့် အစိတ်အပိုင်းများ -
ဦးခေါင်း၊ လည်ပင်း၊ နှာခေါင်း/𝐒𝐢𝐧𝐮𝐬၊ နားအတွင်းပိုင်း၊ ရင်ခေါင်း၊ ဝမ်းဗိုက်၊ ကျောရိုး၊ သွေးကြောနှင့် ခြေလက်အရိုးများအထိ အသေးစိတ် ပုံရိပ်ဖော်နိုင်ပါသည်။

ခေတ်မီ 𝐂𝐓 𝐒𝐜𝐚𝐧 စက်ကြီးဖြင့် တိကျသေချာသော ရောဂါအဖြေများကို ယုံကြည်စိတ်ချစွာ ရယူလိုက်ပါရှင်။

⏰ အရေးပေါ်အခြေအနေများအတွက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေသလို၊ ကြိုတင်စာရင်းပေးသွင်းလိုပါကလည်း အောက်ပါဖုန်းနံပါတ်များသို့ ယခုပဲ ဆက်သွယ်လိုက်ပါရှင်။ 👇

ဆက်သွယ်ရန် ဖုန်းနံပါတ်များ -
☎️ 𝟎𝟖𝟒 𝟐𝟎𝟓𝟑𝟒𝟑𝟔
☎️ 𝟎𝟖𝟒 𝟐𝟎𝟓𝟏𝟒𝟖𝟒
☎️𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

🏥 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧
#𝐂𝐓𝐬𝐜𝐚𝐧
#𝐫𝐚𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐱𝐫𝐚𝐲
#ဓာတ်မှန်

ဘယ်လိုလူတွေက 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 စစ်ဆေးသင့်သလဲ... ❓ 💨🧪အစာအိမ် မကြာခဏ အောင့်တာ၊ ရင်ပြည့်တာတွေ ခံစားနေရပေမဲ့ မှန်ပြောင်းကြည့်...
20/08/2026

ဘယ်လိုလူတွေက 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 စစ်ဆေးသင့်သလဲ... ❓ 💨🧪

အစာအိမ် မကြာခဏ အောင့်တာ၊ ရင်ပြည့်တာတွေ ခံစားနေရပေမဲ့ မှန်ပြောင်းကြည့်ရမှာ ကြောက်လို့ ဆေးရုံ/ဆေးခန်း မပြဖြစ်ဘဲ ဖြစ်နေပါသလား... ❓ 🤔

ဒါဆိုရင်တော့ နာကျင်မှု လုံးဝမရှိဘဲ လေမှုတ်ထုတ်ရုံနဲ့ အစာအိမ်ရောဂါပိုး (𝐇. 𝐩𝐲𝐥𝐨𝐫𝐢) ရှိ/မရှိ တိကျစွာ သိရှိနိုင်မယ့် 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 (𝐔𝐁𝐓) လေမှုတ်စစ်ဆေးခြင်းကို မြသဟာဆေးရုံတွင် ရရှိနေပါပြီရှင့် 💚

ဘယ်လိုလူတွေက 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 (𝐔𝐁𝐓) စစ်ဆေးသင့်သလဲ?
🤢 မကြာခဏ ဗိုက်အောင့်ခြင်း ခံစားနေရသူများ
🔥 ရင်ညွန့်နားမှ ပူခနဲ ခံစားရခြင်း ဖြစ်လေ့ရှိသူများ
💨 အစာစားပြီးတိုင်း လေပွခြင်း၊ ဗိုက်တင်းခြင်း ခံစားရသူများ
🤢 အကြောင်းရင်း မရှိဘဲ ပျို့အန်ခြင်း ဖြစ်နေသူများ
🦠 အစာအိမ်ပိုး ရှိ/မရှိ တိကျစွာ စစ်ဆေးလိုသူများ
🩺 အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါ ရာဇဝင်ရှိသူများ
💊 ဆေးကုသမှု ခံယူပြီးနောက် အစာအိမ်ပိုး စင်/မစင် အခြေအနေ ပြန်လည် စစ်ဆေးလိုသူများ

🌟 𝗨𝗿𝗲𝗮 𝗕𝗿𝗲𝗮𝘁𝗵 𝗧𝗲𝘀𝘁 ၏ အားသာချက်များ
✅ မှန်ပြောင်းကြည့်ရန် မလိုခြင်း: နာကျင်မှုနှင့် မအီမသာဖြစ်မှု လုံးဝမရှိပါ။
✅ မြန်ဆန်ပြီး ရလဒ်တိကျခြင်း: စစ်ဆေးချိန်တိုတောင်းပြီး ယုံကြည်စိတ်ချရသော ရလဒ်ကို ရရှိနိုင်ပါသည်။
✅ ကုသမှုအောင်မြင်မှုကို ဆန်းစစ်နိုင်ခြင်း: အစာအိမ်ပိုးဆေးသောက်ပြီးနောက် ပိုးကင်းစင်သွားမှု ရှိ/မရှိ ပြန်လည်စစ်ဆေးရန်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

🏥 မြသဟာအထွေထွေရောဂါကုဆေးရုံကြီးတွင် 𝗨𝗿𝗲𝗮 𝗕𝗿𝗲𝗮𝘁𝗵 𝗧𝗲𝘀𝘁 (အစာအိမ်ပိုး လေမှုတ်စစ်ဆေးခြင်း) ၀န်ဆောင်မှုအသစ်ကို ရရှိနေပြီဖြစ်၍ ယုံကြည်စိတ်ချစွာဖြင့် လာရောက်စစ်ဆေးနိုင်ပါပြီရှင်💚

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်
𝟎𝟖𝟒𝟐𝟎𝟓𝟑𝟒𝟑𝟔
𝟎𝟖𝟒𝟐𝟎𝟓𝟏𝟒𝟖𝟒
𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

📍 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

#မြသဟာ‌ဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧 #မြသဟာဆေးရုံ
#𝐇𝐩𝐲𝐥𝐨𝐫𝐢 #အစာအိမ်ပိုး #အစာအိမ်နှင့်အူလမ်းကြောင်း
#𝐔𝐫𝐞𝐚𝐁𝐫𝐞𝐚𝐭𝐡𝐓𝐞𝐬𝐭 #𝐇𝐩𝐲𝐥𝐨𝐫𝐢 #အစာအိမ်ပိုးလေမှုတ်စစ်ဆေးခြင်း

ခါးအောက်ပိုင်းနဲ့ နောက်ကျောဘက်တွေမှာ ထိခိုက်ဒဏ်ရာ ဘာမှမရှိဘဲ ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်နေပြီလား? 🥺 ဒါဆိုရင်တော့ ဒါ...
19/08/2026

ခါးအောက်ပိုင်းနဲ့ နောက်ကျောဘက်တွေမှာ ထိခိုက်ဒဏ်ရာ ဘာမှမရှိဘဲ ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်နေပြီလား? 🥺

ဒါဆိုရင်တော့ ဒါဟာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတဲ့ လက္ခဏာများလားဆိုတာ သတိပြုဖို့ လိုအပ်နေပါပြီ။

ဆီးကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ ဓာတ်ဆားနဲ့ သတ္တုဓာတ်တွေ စုပုံပြီး ကျောက်ခဲငယ်လေးတွေ ဖြစ်တည်လာရာကနေ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။

🚨 သတိပြုရမည့် ဆီးကျောက်တည်ခြင်း၏ အဓိက လက္ခဏာများ
• ခါးနာခြင်း
• ဝမ်းဗိုက်အောက်ပိုင်း ပြင်းပြင်းထန်ထန် နာကျင်ခြင်း
• ပေါင်ခြံတစ်ဝိုက် နာကျင်ခြင်း
• ပျို့အန်ခြင်း
• ဆီးထဲတွင် သွေး (သို့မဟုတ်) ပြည်များ ပါလာခြင်း
• ဆီးသွားရခက်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း
• ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ခြင်း
• ချမ်းတုန်ဖျားခြင်း

ဆီးကျောက်တည်ခြင်းကို အချိန်မီ မကုသပါက ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဆိုးရွားသွားစေနိုင်ပါတယ်။

ဒါကြောင့် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အချိန်မဆွဲဘဲ သင့်ကျန်းမာရေးအတွက် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်ရှင်။💚

မြသဟာဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီးနှင့်

📆 နေ့ရက်: 𝟐𝟐.𝟖.𝟐𝟎𝟐𝟔 မှ 𝟐𝟒.𝟖.𝟐𝟎𝟐𝟔 ပြသနိုင်ပါပြီရှင်…

📌ကြိုတင်ဘိုကင်ယူရန်အတွက် အောက်ဖော်ပြပါ ဖုန်းနံပါတ်ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 💚

☎️ 𝟎𝟖𝟒 𝟐𝟎𝟓𝟑𝟒𝟑𝟔
☎️ 𝟎𝟖𝟒 𝟐𝟎𝟓𝟏𝟒𝟖𝟒
☎️𝟎𝟗𝟕𝟔𝟓𝟒𝟖𝟒𝟏𝟕𝟎

🏥 အမှတ် (၈/၁၃၂) ၊ မြတ်လေးလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်း (ခရိုင်ပြည်သူ့ဆေးရုံကြီး အနီး) ၊ တာချီလိတ်မြို့။

🟢🟢ဝန်ဆောင်မှုပေး လက်မနှေး ရှေ့ရှုကျန်းမာ မြသဟာ🟢🟢

#ဆီးနှင့်ကျောက်ကပ်
#𝐔𝐫𝐨𝐬𝐮𝐫𝐠𝐞𝐨𝐧
#မြသဟာဆေးရုံတာချီလိတ်
#𝐌𝐲𝐚𝐓𝐡𝐚𝐇𝐚𝐫𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐀𝐒𝐰𝐞𝐓𝐚𝐰𝐅𝐚𝐦𝐢𝐥𝐲
#𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐧𝐭𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤
#𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡𝐈𝐬𝐎𝐮𝐫𝐂𝐨𝐧𝐜𝐞𝐫𝐧

Address

Https://maps. App. Goo. Gl/GBG6yxUYbdS2xVFMA
Tachileik

Telephone

+958451484

Website

Alerts

Be the first to know and let us send you an email when Mya Tha Har Hospital - မြသဟာဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mya Tha Har Hospital - မြသဟာဆေးရုံ:

Shortcuts

Share

Category