ကောင်းအရေပြားအထူးကု၊အလှအပနှင့်လေဆာဆေးခန်းโรคผิวหนังความงามและคลินิกเลเซอร์

  • Home
  • Myanmar
  • Tachilek
  • ကောင်းအရေပြားအထူးကု၊အလှအပနှင့်လေဆာဆေးခန်းโรคผิวหนังความงามและคลินิกเลเซอร์

ကောင်းအရေပြားအထူးကု၊အလှအပနှင့်လေဆာဆေးခန်းโรคผิวหนังความงามและคลินิกเลเซอร์ အရေပြားအထူးကု၊ အလှအပရေးရာနှင့် လေဆ?

စိတ်ဝင်စားပါက 09266668802 Viber သို့Cv form တင်လို့ရပါတယ်ရှင့်❤️ #ကောင်းအရေပြားနှင့်အလှပဆေးခန်း  #တာချီလိတ်မြို့  #ကျ်ုင...
29/07/2026

စိတ်ဝင်စားပါက 09266668802 Viber သို့Cv form တင်လို့ရပါတယ်ရှင့်❤️
#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#တာချီလိတ်မြို့
#ကျ်ုင်းတံုအလုပ်ခေါ်စာ
#သူနာပြုအကူအလိုရှိသည်

👄နှုတ်ခမ်းသား အရမ်းထူတာမကြိုက်ဘူးဆိုလို့ ပါးပါးလေးနဲ့သဘာဝဆန်ဆန် အပြုံးလေးကိုပိုလှစေဖို့ဖန်တီးပေးထားပါတယ်🥰 ✨ပြောင်းလဲချင်...
27/07/2026

👄နှုတ်ခမ်းသား အရမ်းထူတာမကြိုက်ဘူးဆိုလို့
ပါးပါးလေးနဲ့သဘာဝဆန်ဆန် အပြုံးလေးကိုပိုလှစေဖို့
ဖန်တီးပေးထားပါတယ်🥰

✨ပြောင်းလဲချင်တာထက်ပိုလှချင်သော ကာကာ လေး😍
📩အသေးစိတ်သိလိုပါက Cb or 09266668802 Viber မှာမေးလို့ရပါတယ်ရှင့်❤️

#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#အလှအပကြိုက်သူများအတွက်
#တာချီလိတ်မြို့


#နှုတ်ခမ်းသားလေးလှပစေဖို့

မျက်နှာပေါ်ကတင်ရတိတ်တွေကြောင့်လူကြားထဲသွားဖို့မဝံ့မရဲဖြစ်နေပီလား☺️🌿 တင်းတိတ်ဖြစ်ရတဲ့ အကြောင်းရင်တွေကတော့နေရောင်ခြည် (UVA...
25/07/2026

မျက်နှာပေါ်ကတင်ရတိတ်တွေကြောင့်လူကြားထဲသွားဖို့မဝံ့မရဲဖြစ်နေပီလား☺️

🌿 တင်းတိတ်ဖြစ်ရတဲ့ အကြောင်းရင်တွေကတော့နေရောင်ခြည် (UVA/UVB) ထိတွေ့မှုများခြင်း ☀️
• ဟော်မုန်းအပြောင်းအလဲများ
• ကိုယ်ဝန်ဆောင်ခြင်း / သားဖွားပြီးကာလ
• မျိုးရိုးဗီဇနှင့် အသားအရေအမျိုးအစား
• အသားအရေကို မသင့်တော်တဲ့ Skin Care တွေ အသုံးပြုခြင်း

🛡️ တင်းတိတ်မပြန်ဖြစ်အောင် ဆောင်ရန်
✅ နေ့စဉ် Sunscreen လိမ်းပါ
✅ နေရောင်ပြင်းချိန်တွင် ဦးထုပ်၊ ထီး စတာတွေ အသုံးပြုပါ
✅ အသားအရေနဲ့ သင့်တော်တဲ့ Skincare ကိုသာ အသုံးပြုပါ
✅ ဆရာဝန်/အရေပြားအထူးကု ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ
✅ အချိန်ယူပြီး စနစ်တကျ ထိန်းသိမ်းပါ

✨ တင်းတိတ်ဆိုတာစနစ်တကျကုသမှုနဲ့ နေ့စဉ်ထိန်းသိမ်းရန်အရေးကြီးတယ်နော်✨️

📩အသေးစိတ်သိလိုပါက Cb or 09266668802 Viberကို ဆက်သွယ်လို့ရပါတယ်ရှင့်❤️
#09266668802
#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#အလှအပကြိုက်သူများအတွက်
#တင်းတိတ်အမဲစက်ကုသခြင်း

Xanthoma (အဆီဖု) ဆိုတာ ဘာလဲ?Xanthoma သည် သွေးတွင်း Cholesterol သို့မဟုတ် Triglyceride အဆီဓာတ်များခြင်းကြောင့် အရေပြားအော...
23/07/2026

Xanthoma (အဆီဖု) ဆိုတာ ဘာလဲ?

Xanthoma သည် သွေးတွင်း Cholesterol သို့မဟုတ် Triglyceride အဆီဓာတ်များခြင်းကြောင့် အရေပြားအောက်တွင် အဆီဓာတ်များ စုပုံလာပြီး ဖြစ်ပေါ်သော အဖု ဖြစ်ပါသည်။

✔️ မျက်ခွံ၊ မျက်နှာ၊ တံတောင်ဆစ်၊ ဒူးနှင့် အရွတ်များပေါ်တွင် တွေ့ရနိုင်ပါသည်။

⚠️ Xanthoma သည် အလှအပပိုင်းပြဿနာတစ်ခုသာ မဟုတ်ဘဲ သွေးတွင်းအဆီဓာတ် များနေခြင်း၏ အရေးကြီးသော လက္ခဏာ ဖြစ်နိုင်သောကြောင့် သွေးစစ်ဆေးပြီး အကြောင်းရင်းကို ကုသရန် လိုအပ်ပါသည်။

📍 Kaung Skin Clinic တွင် အရေပြားနှင့်ပတ်သတ်သောအဖုမှားကိုအရေပြားဆရာဝန်ကိုယ်တိုင် ကုသပေးနေပါပီရှင့်♥️
📩အသေးစိတ်သိလိုပါက cb or 09266668802 viber မှာ မေးလို့ရပါပီရှင့်☺️
#ကောင်းအရေပြားနှင့်အလှအပဆေးခန်း
#အရေပြားရောဂါ
#မျက်နှာပေါ်ရှိအဆီဖု

22/07/2026

ကြွက်နို့သည် HPV ပိုးကြောင့်ဖြစ်ပွါးသောအရေပြားအဖုအတစ်တစ်မျိုးဖြစ်ပြီး မိမိကိုယ်တိုင် ဖဲ့ခြင်း၊ဖြတ်ခြင်း မပြုလုပ်သင့်ပါ။
အရွယ်အစား၊ နေရာအလိုက် အမျိုးအစားပေါ်မူတည်ပီး သင့်တော်သော ကုသမှုကိုရွေးချယ်ရပါသည်

🌸Forehead Warts (ကြွက်နို့)Removal result 🌸
နဖူးပေါ်ရှိကြွက်နို့ ကို ခွဲစိတ်ဖယ်ရှားပြီး သေချာချုပ်ပေးထားသောကုသမှုဖြစ်ပါသည်

✔️ကြွက်နို့ကို အမြစ်ပါ ဖယ်ရှားပေးခြင်း
✔️သန့်ရှင်းသော technique ဖြင့်ခွဲစိတ်ကုသပေးခြင်း
✔️ချုပ်ရိုးကိုသေချာစွာပြုလုပ်ပေးတာဖြစ်လို့ အနာကျက်ပီးနောက် အမာရွတ်ကျန်ခဲ့မှာလဲစိတ်ပူစရာမလိုဘူးနော်☺️
Kaung Skin Clinic တွင်ကြွက်နို့များကိုစနစ်တကျ စစ်ဆေးပီး သင့်လျော်သောနည်းလမ်းများဖြင့်ဖယ်ရှားကုသပေးနေပါပီရှင့်🥰
📩အသေးစိတ်သိလိုပါက Cb or 09266668802 Viber ကို ဆက်သွယ်လို့ရပါတယ်ရှင့်❤️

#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#တာချီလိတ်မြို့
#ကြွက်နို့အသားပိုဖယ်ရှားကုသခြင်း
#အလှအပကြိုက်သူများအတွက်

✨ ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေပီလား  ✨ဝက်ခြံ၊ ဝက်ခြံအမာရွတ်၊ အမဲစက်တွေကြောင့် မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းနေပြီလား? 🥺...
18/07/2026

✨ ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေပီလား ✨

ဝက်ခြံ၊ ဝက်ခြံအမာရွတ်၊ အမဲစက်တွေကြောင့် မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းနေပြီလား? 🥺

ဒီပုံလေးကတော့ ဆေးခန်းမှာ စနစ်တကျ ဝက်ခြံကုသမှုခံယူပြီး ၂ လအကြာ ရရှိလာတဲ့ Result လေး ပါရှင့် 💖
📸 Before ➡️ After 2 Months
အရေပြားအခြေအနေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပေမယ့် စနစ်တကျကုသမှုနဲ့ သင့်တော်တဲ့ Skin Care Routine ကို ဆက်လက်ထိန်းသိမ်းပေးမယ်ဆိုရင် အသားအရေကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်နိုင်ပါတယ် ✨

ဝက်ခြံပြဿနာရှိသူများလည်း ကိုယ့်အသားအရေအတွက် သင့်တော်တဲ့ကုသမှုကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့် 💕
ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ကစပြီး ဂရုစိုက်လိုက်ပါနော် 🥰

📩အသေးစိတ်သိလိုပါကCb or Viber 09266668802ကိုဆက်သွယ်နိုင်ပါတယ်ရှင့်❤️




#အလှအပကြိုက်သူများအတွက်
#ကောင်းအရေပြားဆေးခန်း
#ဝက်ခြံကုသခြင်း

ဘိလပ် ကြောင့်ဖြစ်တဲ့ Acute Eczema (Cement Dermatitis)ဘိလပ် နဲ့ ထိတွေ့ပြီးနောက် ရုတ်တရက် အရေပြားနီရဲ၊ ယားယံ၊ အရည်ကြည်ဖုထွ...
16/07/2026

ဘိလပ် ကြောင့်ဖြစ်တဲ့ Acute Eczema (Cement Dermatitis)

ဘိလပ် နဲ့ ထိတွေ့ပြီးနောက် ရုတ်တရက် အရေပြားနီရဲ၊ ယားယံ၊ အရည်ကြည်ဖုထွက်တဲ့ eczema ကို acute cement dermatitis လို့ခေါ်ပါတယ်။ အများဆုံး လက်၊ လက်မောင်း၊ ခြေထောက်နဲ့ ဒူးအောက်ပိုင်းတွေမှာ တွေ့ရတက်ပါတယ်

🖍ဘယ်သူတွေ အဖြစ်များလဲဆိုရင်

➡️ဆောက်လုပ်ရေးလုပ်သားများ
➡️အုတ်စီသမား
➡️ဘိလပ်နဲ့ထိတွေ့မှု များတဲ့သူတွေမှာ အများဆုံးဖြစ်လေ့ရှိပါ

နောင်တစ်ခါ ထပ်ထိရုံနဲ့ eczema ပြန်ထနိုင်ပါတယ်။

📌လက္ခဏာများ

➡️အရေပြားနီရဲခြင်း

➡️ယားယံခြင်း

➡️ပူလောင်သလိုခံစားရခြင်း

➡️အရည်ကြည်ဖု (Vesicles) ထွက်ခြင်း

➡️အရည်စိမ့်ထွက်ခြင်း (Weeping)

➡️အဖတ်ကပ်ခြင်း (Crusting)

➡️ပြင်းထန်လျှင် နာကျင်ပြီး အက်ကွဲနိုင်ပါတယ်

အရေပြားဆရာဝန်နဲ့အသေးစိတ်တိုင်ပင်လိုပါက
cb or viber 09266668802 ကိုဆက်သွယ်လို့ရပါတယ်ရှင့်❤️

09/07/2026

အခုလိုမိုးရာသီတွင် ဆေးခန်းမှာ အများဆုံးတွေ့ရလေ့ရှိသော အဖြစ်အများဆုံးကတော့ skin infection (အရေပြားပိုးဝင်ရောဂါ) ဖြစ်ပါတယ်။
ရေက တိုက်ရိုက် "ပိုးဖြစ်စေ" တာမဟုတ်ပေမယ့် အရေပြားကို စိုစွတ်စေပြီး ပိုးများ၊ မှိုများ ပိုမိုပွားများလွယ်စေပါတယ်။

အဖြစ်များတဲ့ skin infection တွေမှာ—

- **မှိုပိုး (Fungal infection)** – ခြေချောင်းကြား၊ ပေါင်ခြံ၊ ကိုယ်ခန္ဓာမှာ ယားခြင်း၊ အနီရောင်ဝိုင်းဝိုင်းဖြစ်ခြင်း၊ အရေပြားကွာခြင်းတို့ ဖြစ်တတ်ပါတယ်။
- **ဘက်တီးရီးယားပိုး (Bacterial infection)** – အနာနီလာခြင်း၊ နာကျင်ခြင်း၊ ပူနွေးခြင်း၊ ပြည်ထွက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
- **ရေညစ်ကြောင့် အရေပြားရောင်ရမ်းခြင်း (Irritant dermatitis)** – ရေထဲက ဓာတုပစ္စည်း၊ ဖုန်မှုန့် သို့မဟုတ် ညစ်ညမ်းပစ္စည်းတွေကြောင့် ယားခြင်း၊ အဖုထွက်ခြင်း ဖြစ်နိုင်ပါတယ်။

မိုးရာသီမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့—
- ယားယံခြင်း
- နီရဲခြင်း
- နာကျင်ခြင်း
- အဖု သို့မဟုတ် ရေကြည်ဖုထွက်ခြင်း
- အရေပြားကွာခြင်း
- အနံ့ဆိုးထွက်ခြင်း (အထူးသဖြင့် ခြေထောက်)

ကာကွယ်နည်းတွေက—
- မိုးရေစိုပြီးရင် ကိုယ်ကို **ဆပ်ပြာနှင့် ရေသန့်ဖြင့် ဆေးကြောပြီး ခြောက်အောင် သုတ်ပါ။**
- ခြေချောင်းကြား၊ ပေါင်ခြံလို စိုလွယ်တဲ့နေရာတွေကို အထူးသဖြင့် ခြောက်သွေ့အောင်ထားပါ။
- စိုနေတဲ့ ခြေအိတ်၊ ဖိနပ်၊ အဝတ်အစားကို အမြန်လဲပါ။
- တခြားသူနဲ့ မျက်နှာသုတ်ပဝါ၊ ခြေအိတ် စတာတွေ မျှဝေမသုံးပါ။
- ယားလို့ အရမ်းကုတ်ခြင်းကို ရှောင်ပါ၊ ကုတ်လိုက်ရင် ပိုးဝင်လွယ်ပါတယ်။

📌အရေးကြီးတဲ့အခြေအနေကတော့

- ဖျားခြင်း
- နီရဲတဲ့နေရာက အလျင်အမြန် ကျယ်လာခြင်း
- ပြည်ထွက်ခြင်း
- နာကျင်မှု ပြင်းထန်ခြင်း
- ဆီးချိုရောဂါရှိသူ၊ ကိုယ်ခံအားနည်းသူမှာ အရေပြားပိုးဝင်ခြင်း

များဖြစ်လာပါကအရေပြားဆရာဝန်နဲ့ပြသဖို့လိုပါတယ်ရှင့်✨

ဆေးခန်းပြလိုပါကCb or 📞09266668802📞 Viber မှာအသေးစိတ်မေးလို့ရပါတယ်ရှင့်❤️
#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#အရေပြးပိုးဝင်ခြင်း

#မိုးရာသီမှာအဖြစ်များတဲ့ရောဂါ

မျက်နှာပေါ်ကမလိုအပ်တဲ့မှဲ့တွေဖယ်ရှားလိုက်ရအောင်🤩လေဆာစက်နဲ့မို့ အနာလဲမကြီး သွေးလဲမထွက်ဘူးနော်✨📩အသေးစိတ်သိလိုပါကCb or 📞092...
02/07/2026

မျက်နှာပေါ်ကမလိုအပ်တဲ့မှဲ့တွေဖယ်ရှားလိုက်ရအောင်🤩

လေဆာစက်နဲ့မို့ အနာလဲမကြီး သွေးလဲမထွက်ဘူးနော်✨

📩အသေးစိတ်သိလိုပါကCb or 📞09266668802 📞Viber မှာမေးလို့ရပါတယ်ရှင့်

#မှဲ့ဖျက်ကုသခြင်း
#ကောင်းအရေပြားနှင့်အလှပဆေးခန်း
#တာချီလိတ်မြို့
#အလှအပကြိုက်သူများအတွက်

30/06/2026

✨ ပွေးကွက် (Tinea Corporis) ကုသမှု ၂ လအကြာ Result ✨

ပွေးကွက်ဆိုတာ လိမ်းဆေးတစ်ခါနှစ်ခါလိမ်းရုံနဲ့ ပျောက်သွားတဲ့ရောဂါမဟုတ်ပါဘူး။

✅ မှန်ကန်တဲ့ရောဂါအမည်သတ်မှတ်ခြင်း
✅ သင့်တော်တဲ့ဆေးဝါးကုသမှု
✅ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကိုစနစ်တကျသောက်/လိမ်းခြင်း
✅ ကုသမှုကို အချိန်ပြည့်လိုက်နာခြင်း

တို့ကြောင့် ၂ လအကြာမှာ အနီကွက်များသက်သာပြီး ပွေးမှိုရောဂါကို ထိန်းချုပ်နိုင်ခဲ့တဲ့ Result ဖြစ်ပါတယ်။ ✨

📌 ပွေးကွက်ကို မကုသဘဲထားရင် ပြန့်ပွားနိုင်သလို၊ မိသားစုဝင်တွေကိုလည်း ကူးစက်နိုင်ပါတယ်။

အရေပြားမှာ ယားယံပြီး စက်ဝိုင်းပုံအနီကွက်တွေ ပေါ်နေပါက ကိုယ်တိုင်ဆေးမလိမ်းဘဲ အရေပြားဆရာဝန်နှင့် စောစောပြသပြီး ကုသမှုခံယူပါ။

Kaung Skin Clinic
Healthy Skin, Happy Life. 🌿
❤️အသေးစိတ်သိလိုပါက cb or 09266668802 viber သို့မေးမြန်းနိုင်ပါတယ်ရှင့် ❤️
#ကောင်းအရေပြားနှင့်အလှပဆေးခန်း

#ပွေးဝဲညှင်းရောဂါအရှင်းပျောက်
#ပွေးကုသခြင်း

Address

2/111, Thazin Street, Pone Loh Road, San Sai(A), Tachileik
Tachilek
06271

Opening Hours

Monday 09:30 - 19:30
Tuesday 09:30 - 19:30
Wednesday 09:30 - 19:30
Thursday 09:30 - 19:30
Friday 09:30 - 07:30
Saturday 09:30 - 07:30

Telephone

+959266668802

Alerts

Be the first to know and let us send you an email when ကောင်းအရေပြားအထူးကု၊အလှအပနှင့်လေဆာဆေးခန်းโรคผิวหนังความงามและคลินิกเลเซอร์ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကောင်းအရေပြားအထူးကု၊အလှအပနှင့်လေဆာဆေးခန်းโรคผิวหนังความงามและคลินิกเลเซอร์:

Shortcuts

Share

Category