01/09/2026
"Melasma : A Challenge for Aesthetic Doctors” ခေါင်းစဉ်ဖြင့် 26th August 2026 တွင် Academic Talk ပွဲလေးကို မန္တလေးမြို့၊ Golden Duck မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ပွဲတွင် Dr. Lwin Moe Aung (Aesthetic Physician) မှ Melasma နှင့်ပတ်သက်သော Clinical Experience များ၊ Evidence-based Approaches များနှင့် လက်တွေ့အသုံးချနိုင်မည့် အမြင်များကို မျှဝေဆွေးနွေးပေးခဲ့ပါတယ်။
ထို့အပြင် Aesthetic Medicine နယ်ပယ်မှ ဆရာဝန်များအကြား အတွေ့အကြုံများ၊ အမြင်များကို ဖလှယ်ရင်း Melasma ကို ပိုမိုထိရောက်စွာ နားလည်ပြီး စနစ်တကျ Manage လုပ်နိုင်ရန် အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။ ✨
💗 Gluta Glow Plus အနေဖြင့် Aesthetic Medicine နှင့် Skin Health ဆိုင်ရာ Knowledge Sharing များကို အားပေးပံ့ပိုးရင်း ကျန်းမာလှပတဲ့ အသားအရေအတွက် အသိပညာမျှဝေမှုများနှင့်အတူ ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားရင်း အမှတ်တရ ပွဲပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်... 🥰