𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦

𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 Wisdom Pharma Co., Ltd is officially registered as a trading company and one of the members of MPMEEA. Pharma Wisdom Co. Ltd - Company Registration No. 125256384

✨ Gluta Glow Plus ရဲ့ MDAS 2026 ပွဲမှ DAY 2 ပုံရိပ်များ ✨  International Aesthetic Summit 2026 by MDAS ရဲ့ ဒုတိယမြောက်နေ...
05/08/2026

✨ Gluta Glow Plus ရဲ့ MDAS 2026 ပွဲမှ DAY 2 ပုံရိပ်များ ✨

International Aesthetic Summit 2026 by MDAS ရဲ့ ဒုတိယမြောက်နေ့လေးကိုလည်း စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ

ဒီနေ့မှာလည်း Gluta Glow Plus Booth ကို လာရောက်အားပေးခဲ့ကြတဲ့ Dermatologists များ၊ Aesthetic Doctors များ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် 💜

✨ International Aesthetic Summit 2026 by MDAS မှာ Gluta Glow Plus နဲ့အတူ ပျော်ရွှင်စရာ အမှတ်တရများ ✨ DAY 1International ...
04/08/2026

✨ International Aesthetic Summit 2026 by MDAS မှာ Gluta Glow Plus နဲ့အတူ ပျော်ရွှင်စရာ အမှတ်တရများ ✨
DAY 1

International Aesthetic Summit 2026 by MDAS ပွဲတွင် Gluta Glow Plus ကလည်း တက်ကြွဂုဏ်ယူစွာ ပါဝင်ဖြစ်ခဲ့ပြီး ပွဲအတွင်း ကံစမ်းမဲ အစီအစဉ်များ၊ ပျော်ရွှင်စရာ Game အစီအစဉ်များ၊ အမှတ်တရ လက်ဆောင်များနဲ့အတူ လာရောက်ပါဝင်သူများဖြင့် လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

Gluta Glow Plus booth သို့ လာရောက်ခဲ့ကြသူ Dermatologists များ၊ Aesthetic Doctors များ၊ အစီအစဉ်များတွင် ပါဝင်ပေးကြသူများနှင့် စိတ်ပါဝင်စားစွာ အားပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 💜

ရှေ့ဆက်ပြီးလည်း Gluta Glow Plus အနေဖြင့် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အသိပညာများကို မျှဝေကာ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားရင်း ဒီနေ့ပွဲရဲ့ ပျော်ရွှင်စရာ အမှတ်တရကောင်းများကို မျှဝေပေးလိုက်ပါတယ်နော် 🫶

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐫 - 1 Post (For Ya...
04/08/2026

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠
Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.

𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐫 - 1 Post (For Yangon & Lower Myanmar )
𝐓𝐞𝐚𝐦 𝐋𝐞𝐚𝐝𝐞𝐫- 1 Post (For Yangon )

Job Descriptions ( 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐫 )
• Any Graduate
• Should have minimum 3 years experience as Sales Manager in Pharmaceutical company.
• Responsible for implementing marketing strategies to drive brand growth, increase customer engagement, and achieve key performance goals.
• Participate in the development of operating goals and objectives to enhance all the operation performances.
• Coordinating and organizing the product evaluations.
• Internal and external communication, cross functional management, territory management, team member development.
• Initiative, Leadership skill and proper follow up skill
• Computer literate (MS Word, Excel, Power point, Internet/E-mail)
• Must be able to travel around in local

Job Descriptions ( 𝐓𝐞𝐚𝐦 𝐋𝐞𝐚𝐝𝐞r )
• Any graduate
• Minimum 2-3 years of experience with a similar position in the pharmaceutical industry
• Ensure effective communication within the team and provide constructive feedback to team members.
• Foster a collaborative environment that encourages knowledge sharing.
• Providing team members with constructive feedback and assisting to solve customers' problems.
• Maintaining positive customer relations.
• Monitoring the team's sales performance.
• Report day-to-day activities and situations to the respective supervisor and follow the supervisor's instructions.
• Action-oriented
• Proactivity, willingness to learn, self-discipline, and teamwork
• Good personality and communication skills
• Ability to work under pressure and meet tight deadlines
• Salary is negotiable depending on experiences
• Daily allowance and Ph bill
• Attractive incentive package

Any Interested candidates can send their CV

𝐄𝐦𝐚𝐢𝐥 - [email protected] , [email protected]

𝐏𝐡𝐨𝐧𝐞 - 09 253538565 , 09 797117897

💌Appreciation💌၃၀.၇.၂၀၂၆၊ တောင်ငူမြို့၊ Mother's House Hotel တွင် ဒေါက်တာ ဟန်မင်းထွန်းမှ "Khee Joint Health" ခေါင်းစဉ်ဖြင...
03/08/2026

💌Appreciation💌

၃၀.၇.၂၀၂၆၊ တောင်ငူမြို့၊ Mother's House Hotel တွင် ဒေါက်တာ ဟန်မင်းထွန်းမှ "Khee Joint Health" ခေါင်းစဉ်ဖြင့် ကျန်းမာရေး ဗဟုသုတများ ဆွေးနွေးမျှဝေပေးခဲ့တဲ့ Tendodrive Academic Talk ပွဲလေးဟာဆိုရင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို အချိန်ပေး တက်ရောက်ခဲ့ကြပါသော ဆရာဝန်တစ်ဦးတစ်ယောက်ချင်းစီကိုလည်း Pharma Wisdom မှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း အမှတ်တရ ပွဲပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ် 💕

ဒီနေ့လေးကတော့ မြန်မာလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ ဝါဆိုလပြည့်နေ့လေး ပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ထူးမြတ်လ...
28/07/2026

ဒီနေ့လေးကတော့ မြန်မာလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ ဝါဆိုလပြည့်နေ့လေး ပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ထူးမြတ်လှသော နေ့ထူးနေ့မြတ်ကြီးဖြစ်ပြီး "ဓမ္မ စကြာအခါတော်နေ့" ဟုလည်းခေါ်ဆိုကြပါတယ်။

ဒီလိုနေ့ထူးနေ့မြတ်လေးမှာ မြတ်စွာဘုရားရှင်၏ တရားတော်တွေနဲ့အတူ ငြိမ်းချမ်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ # 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦

28/07/2026

ဇူလိုင်လ (၂၈) ရက်နေ့ဟာ World Hepatitis Day (ကမ္ဘာ့အသည်းရောင် အသားဝါရောဂါနေ့) ဖြစ်ပြီး အသည်းကျန်းမာရေးဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ကမ္ဘာတစ်ဝန်း အသည်းကျန်းမာရေးနှင့် ပတ်သက်ပြီး အသိပညာပေးဖို့နဲ့ ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ဖို့ ကြိုတင်ကာကွယ်သင့်တဲ့ ကျန်းမာရေးနည်းလမ်းတွေကို မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့အသည်းရောင် အသားဝါရောဂါနေ့ အထိမ်းအမှတ်အဖြစ် ၁.၈.၂၀၂၆၊ MMA Hall, Yangon မှာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ) မှ ဦးဆောင်ပြီး

အသည်းရောဂါ အထူးကု ဆရာဝန်ကြီးများမှ

📌 အသည်းရောဂါများနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာ ဗဟုသုတများကို ဟောပြောပေးခြင်း

📌 အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး အခမဲ့ စစ်ဆေးပေးခြင်းနှင့်

📌 အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းတို့ကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Pharma Wisdom Co., Ltd အနေဖြင့်လည်း အခမ်းအနားမှာ အတူရှိနေမှာ ဖြစ်ပြီး ပါဝင်အားဖြည့်ပေးသွားဖြစ်လို့ စိတ်ပါဝင်စားသူ မိဘပြည်သူများလည်း အသည်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အကြောင်းအရာများကို ပိုမိုသိရှိနားလည်သွားစေဖို့နဲ့ ဘီပိုး၊ စီပိုး လည်း အခမဲ့ စစ်ဆေးနိုင်မှာပဲ ဖြစ်လို့ ဩဂုတ်လ (၁) ရက်နေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ ကို လာရောက်နိုင်ဖို့ ဖိတ်ကြားလိုက်ပါတယ်။

#အသည်းရောင်အသားဝါနေ့ #အသည်းကျန်းမာရေး

"World Systemic Sclerosis (Scleroderma) Day" ကမ္ဘာ့အရေပြားထူ လေးဖက်နာနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ (၂၈) ရက်နေ့၊ သူနာပြုတက္က...
06/07/2026

"World Systemic Sclerosis (Scleroderma) Day" ကမ္ဘာ့အရေပြားထူ လေးဖက်နာနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ (၂၈) ရက်နေ့၊ သူနာပြုတက္ကသိုလ်တွင် Scleroderma အရေပြားထူ လေးဖက်နာရောဂါနှင့် ပတ်သက်သော အသိပညာ၊ ဗဟုသုတများ မျှဝေခြင်းနှင့် လူနာများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ

Pharma Wisdom Co., Ltd မှလည်း ဂုဏ်ယူစွာ ပူးပေါင်းပါဝင်ခဲ့ပြီး တက်ရောက်လာကြသူများနှင့် လူနာများအား လိမ္မော်ရည်များဖြင့် ဧည့်ခံခြင်းနှင့် Optimal-C Sampling Activity များ ပြုလုပ်ခဲ့ပါတယ်။

ရှေ့ဆက်၍ ကျန်းမာရေး အသိပညာမြှင့်
တင်ရေးနှင့် ပိုမိုကျန်းမာသော လူမှုဝန်းကျင်
တစ်ရပ် ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ Pharma Wisdom Co., Ltd အနေဖြင့်လည်း အားလုံးနှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်ရှင်...

လုပ်ငန်းများ တိုးချဲ့ရန် Team Member အသစ်များ လိုအပ်နေပါသဖြင့် Pharma Wisdom ဆေးဝါးကုမ္ပဏီနဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက...
25/06/2026

လုပ်ငန်းများ တိုးချဲ့ရန် Team Member အသစ်များ လိုအပ်နေပါသဖြင့် Pharma Wisdom ဆေးဝါးကုမ္ပဏီနဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Medical Representative - (1) Post (For Pakokku)

Job Descriptions

• Product Awareness ကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်ပြီး ဆရာဝန်များ၊ Purchaser များနှင့်လည်း ကောင်းမွန်စွာ ပြောဆိုညှိနှိုင်းနိုင်သူ ဖြစ်ရမည်။
• ထိရောက်သော Strategy ဖြင့် လစဉ် အရောင်း Target ပြည့်မီစေရန်နှင့် အရောင်းတက်လာစေရန် ကြိုးစားလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
• Daily, Weekly, Monthly Report များ တင်ပြနိုင်ရမည်။
• သက်ဆိုင်ရာ မြို့နယ်အလိုက် ကျွမ်းကျင်စွာ သွားလာနိုင်ပြီး ဆေးရုံ၊ ဆေးခန်းများသို့ ဝင်/ထွက် သွားလာနိုင်သူ ဖြစ်ရမည်။

Job Requirements

• ဘွဲ့ရရှိပြီးသူ (သို့) ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။
• Medical Field အတွေ့အကြုံ ရှိသူ ဖြစ်ရမည်။
• Teamwork ကောင်းကောင်းဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်သူ ဖြစ်ပြီး ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။

Sales Representative - (1) Post (For Pakokku)

Job Descriptions

- ဘွဲ့ရရှိပြီးသူ (သို့) ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။
- Medical Field အရောင်းအတွေ့အကြုံရှိပါက ဦးစားပေးမည်။
- မိမိအား ပေးထားသော လစဉ်၊ နှစ်စဉ် Sales Target ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရမည်။
- နေ့စဉ်နှင့် လစဉ် အရောင်းလုပ်ငန်း အစီရင်ခံစာများကို မိမိအထက်လူကြီးထံသို့ တင်ပြနိုင်ရမည်။
- သက်ဆိုင်ရာ မြို့နယ်အလိုက် ကျွမ်းကျင်စွာ သွားလာနိုင်ပြီး ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များသို့ ဝင်/ထွက် သွားလာနိုင်သူ ဖြစ်ရပါမည်။
- ရေရှည်လက်တွဲနိုင်သူ ဖြစ်ရပါမည်။

စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့
Viber - 09 402605827 ( Ma Myat Thandar Tin ) သို့ အမြန်ဆက်သွယ်ပြီး လျှောက်ထားလိုက်တော့နော်

အဖေကဘယ်လောက်ပဲနေမကောင်းဖြစ်ဖြစ် သားသမီးတွေ စိတ်ပူမှာစိုးလို့ ဘာမှမဖြစ်ဘူးကောင်းပါတယ်လို့ အမြဲပြောနေကြသူပါ။ စကားနည်းပြီး ...
21/06/2026

အဖေကဘယ်လောက်ပဲနေမကောင်းဖြစ်ဖြစ် သားသမီးတွေ စိတ်ပူမှာစိုးလို့ ဘာမှမဖြစ်ဘူးကောင်းပါတယ်လို့ အမြဲပြောနေကြသူပါ။

စကားနည်းပြီး ခံနိုင်ရည်ရှိတဲ့ အဖေရဲ့ ကျန်းမာရေးကို အခုအရွယ်မှာပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်တယ်နော်။

မိသားစုအတွက် အမြဲပင်ပန်းခဲ့ရတဲ့ ဖခင်များအားလုံး “အဖေများနေ့” မှသည် ရှည်လျားသော အနာဂတ်နေ့ရက်များစွာတိုင်အောင် ရောဂါဘယကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေထိုင်နိုင်ပါစေကြောင်း 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ 🙏❤️

#အဖေများနေ့

အသက်အရွယ်ကြီးလာတဲ့အခါ အရိုးတည်ဆောက်မှုစနစ်နှေးကွေးသွားပြီး အရိုးဟောင်းများ ပျက်စီးမှုနှုန်းပိုမိုမြန်လာတာကြောင့် အရိုးပွ...
16/06/2026

အသက်အရွယ်ကြီးလာတဲ့အခါ အရိုးတည်ဆောက်မှုစနစ်နှေးကွေးသွားပြီး အရိုးဟောင်းများ ပျက်စီးမှုနှုန်းပိုမိုမြန်လာတာကြောင့် အရိုးပွရောဂါ ခံစားရနိုင်ပါတယ်။

💁‍♀️အမျိုးသမီးများသွေးဆုံးချိန်မှာ အရိုးသိပ်သည်းစကိုထိန်းချုပ်ပေးတဲ့ အီစထရိုဂျင်(Estrogen) ဟော်မုန်းသိသိသာသာ လျော့နည်းသွားတာကြောင့် အမျိုးသမီးများကပိုပြီးအရိုးပွရောဂါ ခံစားကြရပါတယ်။

အရိုးပွရောဂါသည် အစောပိုင်းအဆင့်မှာ မည်သည့်လက္ခဏာမှ ပြလေ့မရှိတဲ့အတွက် အရိုးကျိုးတဲ့အချိန်ကြမှသိသာတာကြောင့် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ပေးသင့်ပါတယ်။

𝐅𝐥𝐞𝐱𝐢𝐬𝐨-𝐊𝟐 အရိုးအဆစ်အားဖြည့်ဆေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် အရိုးပွ၊အရိုးပါးခြင်းကို ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။🏃‍♀️🏃

𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 မှ တရားဝင်တင်သွင်းဖြန့်ချီလျှက်ရှိသည့် Made in India | 𝐅𝐥𝐞𝐱𝐢𝐬𝐨-𝐊𝟐 အရိုးအဆစ်အားဖြည့်ဆေးက မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန Food and Drug Administration, Myanmarရဲ့ တရားဝင်ထောက်ခံချက်ရရှိပြီး အရည်အသွေးမြင့် Supplement ဖြစ်ပါတယ်။

သောက်သုံးရလွယ်ကူတဲ့ Soft Gel Capsules အနေဖြင့် ထုတ်လုပ်ထားပြီး (၁) ဘူးမှာ ဆေးတောင့် (၃၀) ပါဝင်ပါတယ်။ တစ်ခါသောက် (၁) တောင့်မှ (၂) တောင့် နှုန်းဖြင့် တစ်နေ့လျှင် (၁) ကြိမ် မှ (၂) ကြိမ်အထိသောက်သုံးနိုင်သလို သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ရဲ့ ညွှန်ကြားချက်ဖြင့်လည်း သောက်သုံးနိုင်ပါတယ်။
မှာယူရန် - http://m.me/wisdomretailstore
#အရိုးပွရောဂါ

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter
Tamwe
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959250069643

Alerts

Be the first to know and let us send you an email when 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦:

Shortcuts

Share