05/08/2022
"သေဘၤာ Second Mate စာေမးပြဲေအာင္လိုု႔ သေဘာၤျပန္တက္ခါနီး ေဆးစစ္ရတယ္။ ေဆးအေျဖကိုု ယူတဲ့အခ်ိန္မွာ ရံုုးကိုု ပိုု႔လိုုက္မယ္ေျပာတယ္။ ”
-------- အခုု ဒီစကားေတြကေတာ့ ယူတိုု႔မၾကီး တိုုးတိုုးေဖာ္ရယ္ ေကာ္ရီး ႏွစ္ကိုုယ္ၾကားရယ္နဲ႔အတူတူ စကားေျပာျဖစ္ခဲ့တဲ့ HIV နဲ႔အသက္ရွင္ေနထိုင္သူ ကိုုသီဟၾကိဳင္ ေျပာျပခဲ့တဲ့ စကားေတြပဲျဖစ္ပါတယ္ ။ ကူးစက္ခံရသူတစ္ဦးေပမယ့္ ဘဝကိုု အရံႈးမေပးပဲ ျဖတ္သန္းခဲ့ပံုုေလးေတြကိုု ျပန္ျပီး ေဖာက္သည္ခ်ခ်င္တာေပါ့ေနာ္။ သူ႔ အေၾကာင္းေလးကိုု စလိုုက္ရေအာင္။ ကိုုသီဟၾကိဳင္က HIV ကူးစက္ခံထားရေၾကာင္းကိုု Second Mate စာေမးပြဲေအာင္လိုု႔ သေဘၤာျပန္တက္ခါနီး ေဆးစစ္တဲ့အခါမွ သိခဲ့ရတာပါ။ အဲ့ဒီအခ်ိန္မွာပဲ သူတက္ရမယ့္ သေဘၤာကိုု တျခားလူနဲ႔ လႊဲေပးခဲ့ပါတယ္။ တစ္ရံုုးလံုုးကလဲ ဝိုုင္းပယ္ခဲ့ ၾကပါတယ္။ အဲ့ဒီလိုအခက္အခဲေတြရင္ဆိုင္ေနရတဲ့အခ်ိန္မွာ အနီးစပ္ဆံုုးဦးေလး ျဖစ္သူနဲ႔တိုုင္ပင္ခဲ့ၿပီး SSC ေဆးခန္းမွာလဲ ေဆးစစ္မႈခံယူခဲ့တယ္။ ေဆးရံုကဆရာ၀န္ၾကီးက HIV ျဖစ္တာ မက်န္းမာတာမဟုုတ္လိုု႔အလုုပ္လုုပ္လိုု႔ရေၾကာင္းကိုု ေထာက္ခံခ်က္ေပးခဲ့ေပမယ့္ အခြင့္အေရးမရခဲ့ေတာ့ပါဘူး။
ေနာက္ဆံုုး အေမ့ကိုု ေျပာျပခဲ့ေတာ့ ကိုုသီဟၾကိဳင္ မိခင္ျဖစ္သူက ဘာလုုပ္ခ်င္လဲ ဘာလုုပ္ေပးရမလဲ လိုု႔ေျပာျပီး ကိုုသီဟၾကိဳင္ဆႏၵကိုုဦးစားေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ကိုုသီဟၾကိဳင္တိုု႔ မိသားစုုက HIV နဲ႔ ပတ္သက္တဲ့ဗဟုုသုုတ မျပည့္စံုုခဲ့ေသးေပမယ့္ အထိုုက္အသင့္ရွိေနျပီးသားဆိုုေတာ့ ကိုုသီဟၾကိဳင္ကိုုယ္တိုုင္က ခြဲေနဖိုု႔ အစားအေသာက္ခြဲစားဖိုု႔ ေျပာခဲ့ေပမယ့္ မိသားစုုကိုုယ္တိုုင္က ပစ္ပယ္ခဲ့ျခင္းမရွိပါဘူး။
သူငယ္ခ်င္းေတြက အလုုပ္ေတြကူရွာေပး၊ ကုိယ္ကသူမ်ားအလုုပ္ေတြ ကူလုုပ္ လုုပ္ေနတုုန္းမွာပဲ ဂ်ာနယ္ထဲကေန သဇင္ေဆးခန္းက HIV ပိုး ရွိေနသူေတြအတြက္ ပိုးထိန္းေဆးေတြေပးတယ္လိုု႔ေျပာလိုု႔ သဇင္ေဆးခန္းကိုုလဲ ေရာက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုုန္းက ေဆးရရွိရန္ ခ်မွတ္ထားတဲ့ကန့္သတ္ခ်က္အတြင္း မ၀င္သျဖင့္ ေဆးမရခဲ့ပါဘူး။ အဲ့ဒီအခ်ိန္မွာပဲ ကိုုသီဟၾကိဳင္က အလကားမေနပဲ ကေလးေတြကိုု အဂၤလိပ္စာသင္ေပးတယ္။ ကိုုရီးယား ေရနံသေဘၤာ လိုုက္ခဲ့တယ္။ ျပန္လာတဲ့အခ်ိန္က ေဆးမေသာက္ ဘာမေသာက္နဲ႔ ေနရင္းကေန တစ္ႏွစ္ေက်ာ္ၾကာျပီး ေတာ့ အျပင္းစဖ်ားပါတယ္။ ေရယုုန္ေပါက္ပါတယ္။ ဗမာေဆး ေတြနဲ႔လဲကုုခဲ့ပါေသးတယ္။ ေရယုုန္က ေပ်ာက္သြားေပမယ့္ သဇင္ေဆးခန္းမွာ ေဆးျပန္စစ္ေတာ့ CD4 က ေကာင္ေရ ၂၀၀ ေအာက္ေရာက္သြားပါျပီ။ အဲ့ဒီေတာ့ ေဆးေပးႏိုုင္တယ္။ ေသာက္ရမယ္ ဆိုုေပမယ့္ သဇင္ေဆးခန္းက သတ္မွတ္ထားတဲ့ေနရာ မွလာေရာက္ျခင္း မဟုုတ္လိုု႔ ေပးလိုု႔မရပါဘူး။ ဒါေပမယ့္ သဇင္ေဆးခန္းကစာနဲ႔ဆိုု ၅% ေလွ်ာ့ေပးတယ္ဆိုုတဲ့ ေနရာကေန ဝယ္ေသာက္ရပါတယ္။ တလ ၃ေသာင္းေက်ာ္ကိုု အိမ္က စိုုက္ေပးရပါတယ္။ ေဆးေသာက္ျပီး ၂ ပတ္ေက်ာ္မွာပဲေဆးရဲ့ေဘးထြက္ဆိုးက်ိဴးကို ျပင္းျပင္းထန္ထန္ခံစားရပါတယ္။
အဲ့ဒီမွာ ကိုုသီဟၾကိဳင္ တစ္ေယာက္ ေဆးေျပာင္းရဖိုု႔ ျဖစ္လာပါတယ္။ ေျပာင္းရမယ့္ေဆးရဲ့ ကုုန္က်စားရိတ္ကိုု မတတ္ႏိုုင္ေၾကာင္း သဇင္ေဆးခန္းက ဆရာဝန္ကိုု ေျပာျပေတာ့ ဒီမွာ အလုုပ္လုုပ္ပါလားလိုု႔ ေျပာျပီး သဇင္ေဆးခန္းမွာ စအလုုပ္လုုပ္ရပါေတာ့တယ္။ အဲ့ဒီကေနမွ ဘဝတူ ကူးစက္ခံရသူမ်ားလိုုအပ္ခ်က္ေတြကိုုပိုုပိုုသိလာလိုု႔ ကိုုသီဟၾကိဳင္တစ္ေယာက္ Phoenix ဆိုုတဲ့ အဖြဲ႔ေလးကိုု ဖြဲ႔စည္းခဲ့ျပီး ကူးစက္ခံရသူေတြကိုု အိမ္ေဆာက္ေပးတာ၊ ေရတြင္းတူးေပးတာေတြ အျပင္ အျခားလိုုအပ္တဲ့ ကူညီေစာင့္ေရွာက္မႈေတြကိုုလဲ အမ်ားၾကီးလုုပ္ခဲ့ႏိုုင္ပါတယ္။ အခုုဆိုု ေဆးေသာက္ျပီး ၁၅ ႏွစ္အတြင္းထိ က်န္းမာေရးေဒါင္ေဒါင္ျမည္လ်က္ရွိတဲ့ ကိုုသီဟၾကိဳင္တေယာက္ကေတာ့ ဘဝတူ ကူးစက္ခံရသူေတြကိုု ကာကြယ္ေစာင့္ေရွာက္ႏိုုင္မယ့္ မွ်တမႈရရွိႏိုုင္မယ့္ ဥပေဒ အထိကိုုပါ ၾကံရြယ္ျပီး ေလွ်ာက္လွမ္းလွ်က္ရွိေနပါတယ္။ ကိုုသီဟၾကိဳင္ကေတာ့ ဘဝကိုု သေဘၤာကပၺတိန္ျဖစ္ရမယ္လိုု႔ ေမွ်ာ္မွန္းခဲ့ေပမယ့္ အေျခအေန ရုုတ္တရက္ ေျပာင္းသြားတဲ့အခ်ိန္မွာေတာင္ အေကာင္းဆံုုးရပ္တည္ျပီး က်န္းမာစြာရွင္သန္ေနထိုုင္ေနတာကိုု ကအားရစရာပါ။ ျပီးေတာ့ ကိုုသီဟၾကိဳင္က တိုုးတိုုးေဖာ္နဲ႔ႏွစ္ကိုုယ္ၾကား ပရိသတ္အျပင္ လူငယ္ေတြကိုု ေပးခဲ့တဲ့ စကားလက္ေဆာင္ကေတာ့
“HIV ဆိုုတာ ပိုုးရွိတာသက္သက္ပါပဲ။ ေဆးနဲ႔ထိန္းလိုု႔ရပါတယ္။ အရည္အခ်င္းရွိဖိုု႔ပဲ လုုိပါတယ္။ HIV ရွိလိုု႔ အလုုပ္ျဖဳတ္တာတိုု႔ ဘာတိုု႔လိုုမ်ိဳးေတြရွိေနတဲ့အတြက္ အခုဆိုရင္ ခိုုင္မာတဲ့ HIV ပိုးနဲ႔အသက္ရွင္ေနထိုင္သူအတြက္ ဥပေဒတခုုကိုု ေရးဆြဲဖိုု႔ ၾကိဳးစားေနပါတယ္။ ခြဲျခား ႏွိမ့္ခ်တာမ်ိဳးလဲ မရွိေအာင္လိုု႔ ၾကိဳးစားေနၾကပါတယ္။ လူငယ္ေတြကိုု အဓိက ေျပာခ်င္တာက မျဖစ္တာေကာင္းတယ္။ မျဖစ္ေအာင္ အသိတရားနဲ႔ ထိန္းမယ္။ ျဖစ္လာခဲ့ရင္ေတာင္ စိတ္ဓါတ္မက်ဖိုု႔နဲ႔ ရွိတဲ့ အရည္အခ်င္းကိုု အေကာင္းဆံုုး အသံုုးခ်ျပီး ေရွ႔ဆက္သြားဖိုု႔ ပဲ ေျပာခ်င္ပါတယ္။"
ကဲ အဲ့ဒီေတာ့ ယူတိုု႔ေတြလဲ ဒီဇာတ္လမ္းကိုု သိျပီးသြားတဲ့အခါမွာ ကူးစက္ခံရသူေတြကိုု ကူညီၾကဖိုု႔နဲ႔ ကူးစက္ခံေနရသည့္တိုုင္ စိတ္ဓါတ္မက်ဖိုု႔ဆိုုတဲ့ အေၾကာင္းအရာေလးကိုုပဲ လက္ခံသြားရင္ေတာင္ ယူတိုု႔မၾကီး တိုုးတိုုးေဖာ္နဲ႔ ေကာ္ယီး ႏွစ္ကိုုယ္ၾကားက ဝမ္းသာပါျပီ။ ဒီအခ်က္အလက္ကေလးေတြကိုု မွ်ေဝလိုုစိတ္ရွိရင္ မွ်ေဝသြားၾကပါဦး။ လူမ်ားမ်ား သိေစဖိုု႔ပါ။
"သင်္ဘော Second Mate စာမေးပွဲအောင်လို့ သဘောၤပြန်တက်ခါနီး ဆေးစစ်ရတယ်။ ဆေးအဖြေကို ယူတဲ့အချိန်မှာ ရုံးကို ပို့လိုက်မယ်ပြောတယ်။ ”
-------- အခု ဒီစကားတွေကတော့ ယူတို့မကြီး တိုးတိုးဖော်ရယ် ကော်ရီး နှစ်ကိုယ်ကြားရယ်နဲ့အတူတူ စကားပြောဖြစ်ခဲ့တဲ့ HIV နဲ့အသက်ရှင်နေထိုင်သူ ကိုသီဟကြိုင် ပြောပြခဲ့တဲ့ စကားတွေပဲဖြစ်ပါတယ် ။ ကူးစက်ခံရသူတစ်ဦးပေမယ့် ဘဝကို အရှုံးမပေးပဲ ဖြတ်သန်းခဲ့ပုံလေးတွေကို ပြန်ပြီး ဖောက်သည်ချချင်တာပေါ့နော်။ သူ့ အကြောင်းလေးကို စလိုက်ရအောင်။ ကိုသီဟကြိုင်က HIV ကူးစက်ခံထားရကြောင်းကို Second Mate စာမေးပွဲအောင်လို့ သင်္ဘောပြန်တက်ခါနီး ဆေးစစ်တဲ့အခါမှ သိခဲ့ရတာပါ။ အဲ့ဒီအချိန်မှာပဲ သူတက်ရမယ့် သင်္ဘောကို တခြားလူနဲ့ လွှဲပေးခဲ့ပါတယ်။ တစ်ရုံးလုံးကလဲ ဝိုင်းပယ်ခဲ့ ကြပါတယ်။ အဲ့ဒီလိုအခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ အနီးစပ်ဆုံးဦးလေး ဖြစ်သူနဲ့တိုင်ပင်ခဲ့ပြီး SSC ဆေးခန်းမှာလဲ ဆေးစစ်မှုခံယူခဲ့တယ်။ ဆေးရုံကဆရာဝန်ကြီးက HIV ဖြစ်တာ မကျန်းမာတာမဟုတ်လို့အလုပ်လုပ်လို့ရကြောင်းကို ထောက်ခံချက်ပေးခဲ့ပေမယ့် အခွင့်အရေးမရခဲ့တော့ပါဘူး။
နောက်ဆုံး အမေ့ကို ပြောပြခဲ့တော့ ကိုသီဟကြိုင် မိခင်ဖြစ်သူက ဘာလုပ်ချင်လဲ ဘာလုပ်ပေးရမလဲ လို့ပြောပြီး ကိုသီဟကြိုင်ဆန္ဒကိုဦးစားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကိုသီဟကြိုင်တို့ မိသားစုက HIV နဲ့ ပတ်သက်တဲ့ဗဟုသုတ မပြည့်စုံခဲ့သေးပေမယ့် အထိုက်အသင့်ရှိနေပြီးသားဆိုတော့ ကိုသီဟကြိုင်ကိုယ်တိုင်က ခွဲနေဖို့ အစားအသောက်ခွဲစားဖို့ ပြောခဲ့ပေမယ့် မိသားစုကိုယ်တိုင်က ပစ်ပယ်ခဲ့ခြင်းမရှိပါဘူး။
သူငယ်ချင်းတွေက အလုပ်တွေကူရှာပေး၊ ကိုယ်ကသူများအလုပ်တွေ ကူလုပ် လုပ်နေတုန်းမှာပဲ ဂျာနယ်ထဲကနေ သဇင်ဆေးခန်းက HIV ပိုး ရှိနေသူတွေအတွက် ပိုးထိန်းဆေးတွေပေးတယ်လို့ပြောလို့ သဇင်ဆေးခန်းကိုလဲ ရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဆေးရရှိရန် ချမှတ်ထားတဲ့ကန့်သတ်ချက်အတွင်း မဝင်သဖြင့် ဆေးမရခဲ့ပါဘူး။ အဲ့ဒီအချိန်မှာပဲ ကိုသီဟကြိုင်က အလကားမနေပဲ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးတယ်။ ကိုရီးယား ရေနံသင်္ဘော လိုက်ခဲ့တယ်။ ပြန်လာတဲ့အချိန်က ဆေးမသောက် ဘာမသောက်နဲ့ နေရင်းကနေ တစ်နှစ်ကျော်ကြာပြီး တော့ အပြင်းစဖျားပါတယ်။ ရေယုန်ပေါက်ပါတယ်။ ဗမာဆေး တွေနဲ့လဲကုခဲ့ပါသေးတယ်။ ရေယုန်က ပျောက်သွားပေမယ့် သဇင်ဆေးခန်းမှာ ဆေးပြန်စစ်တော့ CD4 က ကောင်ရေ ၂၀၀ အောက်ရောက်သွားပါပြီ။ အဲ့ဒီတော့ ဆေးပေးနိုင်တယ်။ သောက်ရမယ် ဆိုပေမယ့် သဇင်ဆေးခန်းက သတ်မှတ်ထားတဲ့နေရာ မှလာရောက်ခြင်း မဟုတ်လို့ ပေးလို့မရပါဘူး။ ဒါပေမယ့် သဇင်ဆေးခန်းကစာနဲ့ဆို ၅% လျှော့ပေးတယ်ဆိုတဲ့ နေရာကနေ ဝယ်သောက်ရပါတယ်။ တလ ၃သောင်းကျော်ကို အိမ်က စိုက်ပေးရပါတယ်။ ဆေးသောက်ပြီး ၂ ပတ်ကျော်မှာပဲဆေးရဲ့ဘေးထွက်ဆိုးကျိူးကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။
အဲ့ဒီမှာ ကိုသီဟကြိုင် တစ်ယောက် ဆေးပြောင်းရဖို့ ဖြစ်လာပါတယ်။ ပြောင်းရမယ့်ဆေးရဲ့ ကုန်ကျစားရိတ်ကို မတတ်နိုင်ကြောင်း သဇင်ဆေးခန်းက ဆရာဝန်ကို ပြောပြတော့ ဒီမှာ အလုပ်လုပ်ပါလားလို့ ပြောပြီး သဇင်ဆေးခန်းမှာ စအလုပ်လုပ်ရပါတော့တယ်။ အဲ့ဒီကနေမှ ဘဝတူ ကူးစက်ခံရသူများလိုအပ်ချက်တွေကိုပိုပိုသိလာလို့ ကိုသီဟကြိုင်တစ်ယောက် Phoenix ဆိုတဲ့ အဖွဲ့လေးကို ဖွဲ့စည်းခဲ့ပြီး ကူးစက်ခံရသူတွေကို အိမ်ဆောက်ပေးတာ၊ ရေတွင်းတူးပေးတာတွေ အပြင် အခြားလိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကိုလဲ အများကြီးလုပ်ခဲ့နိုင်ပါတယ်။ အခုဆို ဆေးသောက်ပြီး ၁၅ နှစ်အတွင်းထိ ကျန်းမာရေးဒေါင်ဒေါင်မြည်လျက်ရှိတဲ့ ကိုသီဟကြိုင်တယောက်ကတော့ ဘဝတူ ကူးစက်ခံရသူတွေကို ကာကွယ်စောင့်ရှောက်နိုင်မယ့် မျှတမှုရရှိနိုင်မယ့် ဥပဒေ အထိကိုပါ ကြံရွယ်ပြီး လျှောက်လှမ်းလျှက်ရှိနေပါတယ်။ ကိုသီဟကြိုင်ကတော့ ဘဝကို သင်္ဘောကပ္ဗတိန်ဖြစ်ရမယ်လို့ မျှော်မှန်းခဲ့ပေမယ့် အခြေအနေ ရုတ်တရက် ပြောင်းသွားတဲ့အချိန်မှာတောင် အကောင်းဆုံးရပ်တည်ပြီး ကျန်းမာစွာရှင်သန်နေထိုင်နေတာကို ကအားရစရာပါ။ ပြီးတော့ ကိုသီဟကြိုင်က တိုးတိုးဖော်နဲ့နှစ်ကိုယ်ကြား ပရိသတ်အပြင် လူငယ်တွေကို ပေးခဲ့တဲ့ စကားလက်ဆောင်ကတော့
“HIV ဆိုတာ ပိုးရှိတာသက်သက်ပါပဲ။ ဆေးနဲ့ထိန်းလို့ရပါတယ်။ အရည်အချင်းရှိဖို့ပဲ လိုပါတယ်။ HIV ရှိလို့ အလုပ်ဖြုတ်တာတို့ ဘာတို့လိုမျိုးတွေရှိနေတဲ့အတွက် အခုဆိုရင် ခိုင်မာတဲ့ HIV ပိုးနဲ့အသက်ရှင်နေထိုင်သူအတွက် ဥပဒေတခုကို ရေးဆွဲဖို့ ကြိုးစားနေပါတယ်။ ခွဲခြား နှိမ့်ချတာမျိုးလဲ မရှိအောင်လို့ ကြိုးစားနေကြပါတယ်။ လူငယ်တွေကို အဓိက ပြောချင်တာက မဖြစ်တာကောင်းတယ်။ မဖြစ်အောင် အသိတရားနဲ့ ထိန်းမယ်။ ဖြစ်လာခဲ့ရင်တောင် စိတ်ဓါတ်မကျဖို့နဲ့ ရှိတဲ့ အရည်အချင်းကို အကောင်းဆုံး အသုံးချပြီး ရှေ့ဆက်သွားဖို့ ပဲ ပြောချင်ပါတယ်။"
ကဲ အဲ့ဒီတော့ ယူတို့တွေလဲ ဒီဇာတ်လမ်းကို သိပြီးသွားတဲ့အခါမှာ ကူးစက်ခံရသူတွေကို ကူညီကြဖို့နဲ့ ကူးစက်ခံနေရသည့်တိုင် စိတ်ဓါတ်မကျဖို့ဆိုတဲ့ အကြောင်းအရာလေးကိုပဲ လက်ခံသွားရင်တောင် ယူတို့မကြီး တိုးတိုးဖော်နဲ့ ကော်ယီး နှစ်ကိုယ်ကြားက ဝမ်းသာပါပြီ။ ဒီအချက်အလက်ကလေးတွေကို မျှဝေလိုစိတ်ရှိရင် မျှဝေသွားကြပါဦး။ လူများများ သိစေဖို့ပါ။