Cherry Healthy World

Cherry Healthy World အဆစ်/ကြွက်သား/အရွတ် ကိုက်ခဲ
ထုံကျင် ရောင်ရမ်း အတွက်
ဆေးကပ်ခွာ နှင့် လိမ်းဆေး လက်လီ /လက်ကား 🍀

 #ကျောနာ၊  #ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုးကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ...
26/02/2026

#ကျောနာ၊ #ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုး

ကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ့ရာကြောင့် နဲ့ အိပ်စက်ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ညဘက်အိပ်တဲ့အခါမှာ သေချာ ဂရုတစိုက်နဲ့ အိပ်ပေးတာဖြစ်ဖြစ် ၊ အိပ်ပုံအနေအထားမှန်အောင် အိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။

အိပ်ပုံအနေအထားမှန်ရက်နဲ့ မခံမရက်နိုင်အောင် နာနေရင် နားလည်တတ်ကျွမ်းသော သမားတော် နဲ့ ပြကြည့်ပေးဖို့ တိုက်တွန်းပေးပါတယ်။

(၁) လည်ပင်း နဲ့ ကျောအပေါ်ဘက်
=====================

မွေ့ရာကို နောက်ကျောပေးအိပ်တာက နောက်ကျောနဲ့ ခါးကို တစ်ကိုယ့်လုံးရဲ့ ဝိတ်က ပိနေတတ်ပါတယ်။

ဒီနည်းဆိုရင်တော့ လည်းပင်းနဲ့ ဒူးအောက်မှာ ခေါင်းအုံးအသေးစား ခုပေးဖို့လိုပါတယ်။ ဒီလိုခုပေးလိုက်တာက ခါးနဲ့ နောက်ကျောကို သက်သာသွားစေနိုင်ပါတယ်။

(၂) ကျောရိုး
========

ပက်လက်မှောက်အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်မှာ ခေါင်းအုံးကို ခုအိပ်ပေးတာ ပိုကောင်းပါတယ်။

ခုထားတဲ့ ခေါင်းအုံးက (၃)လက်မထက် မထူရပါဘူး ဒီလိုအိပ်တာက ခါးနဲ့ နောက်ကျောကို လုံး၀ မထိခိုက် မနာကျင်စေပါဘူး။

(၃) ကျောအောက်ဘက်
===============

ဘေးဘက်လှည့်ပြီး အိပ်တတ်တယ်ဆိုရင် ဖက်လုံးဖက်ပေးရပါမယ်။ ခါးနာတတ်သူတွေက ဖက်လုံးမဖက်တတ်သူတွေအဖြစ်များကြပါတယ်။

အကြောင်းကတော့ တစ်ဖက်ကို လှည့်အိပ်တဲ့အခါ ဖက်လုံးကို မဖက်ထားရင် တစ်ဖက်ရဲ့ အလေးချိန်က ခါးကို ပိနေသလိုဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဖက်လုံးရဲ့ အကူအညီနဲ့ လှည့်အိပ်ပေးတာက ခါးနာတာတွေကို သက်သာစေနိုင်ပါတယ်။

(၄) ခါးပိုင်း
========

တကယ်လို့ ကျောအောက် ခါးနေရာနားမှာ နာနေတယ်ဆိုရင် ဒီလို အနေအထားမျိုးက အထောက်အကူဖြစ်စေမှာပါ။

ခေါင်းအုံး နဲ့ ကူရှင် တို့ကို ကျောနောက်နဲ့ လည်ပင်းနောက်မှာ ခံပေးပါ။ ပိုပြီးသက်တောင့်သက်သာရှိစေဖို့ဆိုရင် နောက်ထပ် ခေါင်းအုံးနဲ့ ကူရှင်တို့ကို ဒူးအောက်နဲ့ ခြေဖနောင့်အောက်မှာ နေရာချထားပေးပါ။

#မူရင်းရေးသားသူကိုCreditပေးပါတယ်
#ကျန်းမာရေးဗဟုသုတ
#ခါးနာ

: Health And Herb

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း...
20/12/2025

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???
- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
- ချွေးအနံ့ ဆိုးရွားလွန်းခြင်း
- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
ပိုထွက်ခြင်း
- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
- အကြောတက် ​ညောင်းညာခြင်း
- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း
စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။
ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။
၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း
ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။
၂။ #စအိုမှထုတ်ခြင်း
ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။
၃ #ပါးစပ်မှထုတ်ခြင်း
ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။
၄။ #ခေါင်းမှထုတ်ခြင်း
ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။
ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။
၅။ #ခြေဖဝါးမှထုတ်ခြင်း
စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။
အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။
#ဆားနယ်ခြင်း
ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။
မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။
ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။
ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။


Address

Taunggyi

Telephone

+959442624624

Website

Alerts

Be the first to know and let us send you an email when Cherry Healthy World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share