ABM:Herbs For Self Wellness

ABM:Herbs For Self Wellness Health & medical

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးကညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်...
26/12/2025

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား

ငယ်ငယ်က တောင်ကြီး
တခေါက်ရောက်တော့ နယ်ခံ လူကြီးက
ညဘက် ခြေအိတ်စွပ်မအိပ်နဲ့
မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ်
ခံနိုင်တာက တစ်ကြောင်း၊
ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ
မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ
ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး
ဆိုတဲ့သတိပေးစကားကို
အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း
ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့်
မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း
အနွေးထည် ထူထူဝတ်
စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ
ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ
တစ်ယောက် ခြေကျင်းဝတ်
ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ
အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့
ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့
ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား
မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့
ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက်
လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက်
အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့်
မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့
စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက
အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး
ဆိုက်တွေထဲ လိုက်ရှာ
ကြည့်ကြတော့တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ
ကောင်းကျိုး တွေ ဖော်ပြတာပဲ
တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက်
အိပ်ခြင်းက အိပ်ပျော်ဖို့
အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင်
ပူလှောင် နေလိမ့်မည်ဟု
ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက
ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို
အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက
ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် ,
အပူပေးထားတဲ့ခြေအိတ်
စွပ်ထားသည်ဖြစ်စေ
လျှင်မြန်စွာအိပ်ပျော်စေတာကို
တွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ
ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို
ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက်
ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ
အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက်
နွေးလာခြင်းက သွေးကြော များ
ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး
အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက
ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း
ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက
မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ
biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ
လုပ်ဆောင်မူကို circadian rhythm
လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို
သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင်
အိပ်ချင်ပြီး , မနက်ကျနိုးလာတာ
ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး
တဖြည့်ဖြည်းတက်လာတာနေ့လည်
နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး
ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး
ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင်
ကိုယ်အပူချိန် ၁.၂ ဒီဂရီ
လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ
အပူ ထိန်းခြင်းအတွက် အထောက်အကူ
ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ
ခြေဖျားလက်ဖျားမှာ သွေးကြောတွေ
ကျဉ်းကုန်ပြီး သွေးလျှောက်
နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး
ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း
လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင်
ဒီလို ရေနော လက္ခဏာ ခံစား ရမူ
လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်
( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက
ချွေးထွက်လွန်ခြင်း
ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ
အပူတွေထွက်နေတတ်ပါတယ် ၊
ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from
2005 အရ အိပ်ချိန်မှာ
ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ
လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း
တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့်
ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည်
ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ်
ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင်
သွေးလျောက်ခြင်းကိုအနှောက်အရှက်
ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့
ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit - ဒေါက်တာမြင့်သိန်း
#ကျန်းမာရေးဗဟုသုတ #ပြန်လည်မျှဝေပါသည်

Address

Taunggyi

Telephone

+959428327903

Website

Alerts

Be the first to know and let us send you an email when ABM:Herbs For Self Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share