22/07/2026
#အဖြူဆင်းတယ်
#အနံ့ထွက်တယ်
#ပမာဏများတယ် စိုးရိမ်ရလားဆရာ?
အဖြူဆင်းခြင်းကို မူမှန်အဖြူဆင်းခြင်းနှင့်
မူမမှန်အဖြူဆင်းခြင်းဟူ၍ အဓိကအားဖြင့်
နှစ်မျိုးခွဲခြားနိုင်ပါတယ်။
✅ မူမှန်အဖြူဆင်းခြင်း
အပျိုဖော်ဝင်ပြီးသော အမျိုးသမီးများတွင် ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ်ရာသီစက်ဝန်းအတွင်း အဖြူဆင်းခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်နိုင်ပါတယ်။
မူမှန်အဖြူဆင်းခြင်း၏ လက္ခဏာ (၄) ချက်
1. ဆင်းချိန်မှန်ခြင်း – ရာသီစက်ဝန်းအလယ်ပိုင်း (မျိုးဥထွက်ချိန်) နှင့် ဓမ္မတာမလာမီ ၁–၂ ရက်ခန့်တွင် ဆင်းတတ်သည်။
2. ပမာဏမများခြင်း
3. ယားယံခြင်း မရှိခြင်း
4. အနံ့အသက် မရှိခြင်း
မူမှန်အဖြူဆင်းခြင်းအတွက် အလွန်စိုးရိမ်ရန် မလိုပါ။
🧼 တစ်ကိုယ်ရည်သန့်ရှင်းရေး
* ရေသန့်နှင့် ဆပ်ပြာနုနုဖြင့် အပြင်ပိုင်းကိုသာ သန့်ရှင်းပေးပါ။
* မိန်းမကိုယ်အတွင်းပိုင်းကို ဆေးရည်၊ ပိုးသတ်ဆေးများဖြင့် ဆေးကြောခြင်း မပြုသင့်ပါ။
⚠️ မူမမှန်အဖြူဆင်းခြင်း
အောက်ပါလက္ခဏာများရှိပါက မူမမှန်အဖြူဆင်းခြင်း ဖြစ်နိုင်ပါတယ်။
* ပမာဏများလာခြင်း
* ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
* အနံ့အသက်ဆိုးရှိခြင်း
အဓိကအကြောင်းရင်းများ
မူမမှန်အဖြူဆင်းခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းက ပိုးဝင်ခြင်း ဖြစ်ပါတယ်။
* Trichomonas vaginitis (Trichomonas ပိုးကူးစက်ခြင်း)
* Fungal vaginitis (မှိုပိုးကူးစက်ခြင်း)
* ထိုပိုးနှစ်မျိုးစလုံး တွဲဖက်ကူးစက်ခြင်း
ဒါ့အပြင်—
* သားအိမ်ခေါင်းမှ အရည်ထွက်များခြင်း
* IUCD (သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) အသုံးပြုခြင်း
* သန္ဓေတားနည်းအချို့ အသုံးပြုခြင်း
* တစ်ကိုယ်ရည်သန့်ရှင်းရေး မမှန်ခြင်း
* စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများခြင်း
စတဲ့ အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
🚨 သတိပြုရန်
သွေးဆုံးပြီးနောက် အဖြူဆင်းလာခြင်းသည် သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် သားအိမ်နှင့်ဆိုင်သော ရောဂါအချို့နှင့် ဆက်စပ်နိုင်သောကြောင့် မပေါ့ဆသင့်ပါ။
#အမျိုးသမီးကျန်းမာရေး
#အဖြူဆင်းခြင်း