White Aura Studio

White Aura Studio ☸️ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿

" 𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 𝗦𝘁𝘂𝗱𝗶𝗼 " နဲ့အတူသင့်စွမ်းအားကိုမြှင့်တင်လိုက်ပါ👑

ကူညီပေးဖို့အဆင်သင့်ရှ်ိနေပါတယ်🤍

❤ သာမန် အချစ်ရေးတစ်ခုနဲ့ 'Soul Union'  ကြားက ကွာခြားချက်က ဘာလဲ? ​လူနှစ်ယောက် တွေ့ဆုံခြင်းတိုင်းဟာ ရိုးရှင်းတဲ့ တိုက်ဆိုင...
21/09/2026

❤ သာမန် အချစ်ရေးတစ်ခုနဲ့ 'Soul Union' ကြားက ကွာခြားချက်က ဘာလဲ?

​လူနှစ်ယောက် တွေ့ဆုံခြင်းတိုင်းဟာ ရိုးရှင်းတဲ့ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။
တချို့ဆက်ဆံရေးတွေက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေထက် ကျော်လွန်ပြီး...
စကားပြောစရာမလိုဘဲ တစ်ယောက်ခံစားချက်ကို တစ်ယောက်က အလိုလို သိမြင်နားလည်နေတဲ့ (Energetic Resonance) အဆင့်ထိ နက်ရှိုင်းပါတယ်။ ဒါကို "Soul Union" လို့ ခေါ်ပါတယ်။

​ဒါပေမယ့် Soul Union အစစ်အမှန်ဟာ အမြဲတမ်း ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။

သူတို့ဟာ တစ်ယောက်ကို တစ်ယောက် မှန်တစ်ချပ်လို ထင်ဟပ်ပေးပြီး၊ ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ စိတ်ဒဏ်ရာတွေ၊ Karmic Patterns တွေကို မလွှဲမရှောင်သာ ရင်ဆိုင် ကုစားလာအောင် တွန်းအားပေးတတ်တဲ့ ဆက်ဆံရေးမျိုးပါ။

ဒီလို နက်ရှိုင်းတဲ့ ကုစားမှုတွေကနေတစ်ဆင့် အပြန်အလှန် လေးစားမှု၊ နားလည်မှု အပြည့်ရှိတဲ့ "Healthy Relationship" တစ်ခုအဖြစ်ကိုပါ အတူတူ ခိုင်ခိုင်မာမာ တည်ဆောက်သွားကြတာ ဖြစ်ပါတယ်။

​ကိုယ့်ရဲ့ လက်တွဲဖော်ဟာ ကိုယ့်အတွက် သာမန် ခရီးသွားဖော်လား...

ဒါမှမဟုတ် ကိုယ့်ရဲ့ Soul ကိုပါ အဆင့်မြှင့်တင်ပေးမယ့်သူလား?

​ဒီအဖြေကို သိဖို့ဆိုရင် သာမန် ဗေဒင်မေးသလို ယေဘုယျအဖြေထက်... လူနှစ်ယောက်ရဲ့ Birth Charts နှစ်ခုကို ထပ်တူချပြီး (Synastry Chart) နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

​White Aura Studio မှာ သင့်နဲ့ သင့်ချစ်သူကြားက -

☯ စိတ်ခံစားချက်တွေ၊ ညှို့ဓာတ်တွေ ဘယ်လို ချိတ်ဆက်နေလဲ?

☯ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဘယ်လို ကုစားပေးနိုင်မလဲ?

☯ နှစ်ယောက်အတူတူ ဘယ်လို အမြင့်ဆုံး ဘဝရည်မှန်းချက် (Soul Purpose) ဆီကို လျှောက်လှမ်းကြမလဲ?

☯ နှစ်ယောက် ညှိယူရမဲ့ အချက်တွေက ဘာတွေလဲ?

​ဆိုတာတွေကို စိတ်ပညာနဲ့ Spiritual ရှုထောင့်တွေကနေ အတိအကျ ဖွင့်ဟပြမယ့် သီးသန့် "Couple Reading" (Relationship Synastry) လေးကို ပြင်ဆင်ပေးထားပါတယ်။

♾️ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကုစားချင်တဲ့ (Deep Healing & Alignment) စုံတွဲတွေအတွက်တော့ စာဖတ်ရုံသက်သက် မဟုတ်ဘဲ၊ ကိုယ်တိုင် တိုက်ရိုက် စကားပြောဆွေးနွေးလို့ရမယ့် Premium 1-on-1 Live Consultation ကိုပါ ထပ်မံ ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

​ကိုယ့်ရဲ့ ဆက်ဆံရေးကို သာမန်အဆင့်ကနေ နားလည်မှု အပြည့်ဝဆုံး "Soul Union" အဆင့်ထိ အတူတူ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့...Soul လို့ မန့်ခဲ့ပေး​နော်။

အသေးစိပ်ကို Admin မှတဆင့် ဖြေကြားပေးသွားပါ့မယ်ရှင့်။ 🤍✨


💄"Energetic Sexy Woman" ဆိုတာ ဘာလဲ? တန်ဖိုးမြင့် အမျိုးသမီး (High-Value Woman) တစ်ယောက်ဖြစ်အောင် ဘယ်လို တည်ဆောက်မလဲ?​“Se...
19/09/2026

💄"Energetic Sexy Woman" ဆိုတာ ဘာလဲ?
တန်ဖိုးမြင့် အမျိုးသမီး (High-Value Woman) တစ်ယောက်ဖြစ်အောင် ဘယ်လို တည်ဆောက်မလဲ?

​“Sexy” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ လူအများစုက ခန္ဓာကိုယ်အချိုးအစား၊ ဝတ်စားဆင်ယင်မှုတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။

​တကယ်တော့ တကယ့် "Energetic Sexy" ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ထက် ကိုယ့်ရဲ့ အတွင်းစိတ် စွမ်းအင် (Vibe & Energy) ကနေ ထွက်ပေါ်လာတဲ့ ညှို့ဓာတ်တစ်မျိုးပါ။

​သူမ အခန်းထဲ ဝင်လာလိုက်တာနဲ့ အဲဒီနေရာတစ်ခုလုံး လင်းထိန်သွားသလိုမျိုး၊ သူနဲ့ စကားပြောလိုက်ရင် စိတ်ထဲမှာ နွေးထွေးလုံခြုံသွားသလိုမျိုး ခံစားရစေတဲ့ စွမ်းအင်မျိုး ပိုင်ဆိုင်ထားသူကို "Energetic Sexy Woman" လို့ ခေါ်ပါတယ်။👑

​ဒီလို တန်ဖိုးမြင့်တဲ့ စွမ်းအင်မျိုးကို ဘယ်လို ဖန်တီးတည်ဆောက်ယူလို့ ရမလဲ?

​၁။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ လက်ခံယုံကြည်ခြင်း

High-value woman တစ်ယောက်ဟာ သူများအလိုကျ ဟန်ဆောင်နေထိုင်လေ့ မရှိပါဘူး။ သူ့ရဲ့ အားသာချက်တွေကို ဂုဏ်ယူသလို၊ အားနည်းချက်တွေကိုလည်း ရှက်ရွံ့ဖုံးကွယ်မနေဘဲ သဘာဝကျကျ လက်ခံထားပါတယ်။
"ငါက ငါပဲ၊ ဘယ်သူနဲ့မှ ယှဉ်ပြိုင်စရာမလိုဘူး" ဆိုတဲ့ ယုံကြည်မှုက သူ့ကို အထူးခြားဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။

​၂။ ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း

သူမဟာ ပြဿနာတစ်ခု ကြုံလာရင် ဒေါသတကြီး ပေါက်ကွဲတာမျိုး၊ စိတ်လိုက်မာန်ပါ တုံ့ပြန်တာမျိုး မလုပ်ပါဘူး။
ကိုယ့်ရဲ့ ခံစားချက်ကို သေချာနားလည်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်ပါတယ်။
နောက်ပြီး ကိုယ်လက်မခံနိုင်တဲ့ အရာတွေအတွက် ခိုင်မာတဲ့ စည်းမျဉ်း (Healthy Boundaries) တွေ ချမှတ်ထားပြီး အဲဒီစည်းမျဉ်းကို ချိုးဖောက်လာရင် ပြတ်ပြတ်သားသား ငြင်းဆန်ရဲတဲ့ သတ္တိရှိပါတယ်။

​၃။ ရည်မှန်းချက်နဲ့ ရပ်တည်မှု

Energetic Sexy Woman တစ်ယောက်ရဲ့ အသက်သွေးကြောက "ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း" ပါပဲ။
သူဟာ တစ်စုံတစ်ယောက်အပေါ် မှီခိုပြီး ရှင်သန်နေသူ မဟုတ်ပါဘူး။
သူ့ဘဝအတွက် ခိုင်မာတဲ့ ရည်မှန်းချက်တွေ၊ ဝါသနာတွေ ရှိပြီး အဲဒီအရာတွေအတွက် အမြဲတမ်း တက်တက်ကြွကြွ ကြိုးစားနေတတ်ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေမှုက တခြားသူတွေကိုပါ ကူးစက်စေပါတယ်။

​၄။ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်
သူမအကြောင်းကို တစ်ခါတည်းနဲ့ အကုန်သိခွင့် မရပါဘူး။
သူ့ရဲ့ တည်ငြိမ်မှု၊ နက်နဲတဲ့ တွေးခေါ်နိုင်စွမ်းနဲ့ တစ်ခါတစ်ရံ ပြသတတ်တဲ့ နူးညံ့မှုတွေက လူတွေကို ထပ်ပြီး သိချင်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။
ဒါဟာ တစ်ဖက်လူကို တမင်လုပ်ယူပြီး ဆွဲဆောင်တာမျိုးမဟုတ်ဘဲ၊ (Spiritual Depth) ကနေ လာတဲ့ ဆွဲဆောင်မှုပါ။

​၅။ အလိုအလျောက် သံလိုက်ဓာတ်

သူမဟာ လူတွေကို သူမဆီရောက်လာအောင် အတင်းလိုက်လံ ဆွဲဆောင်နေစရာ မလိုပါဘူး။
သူ့ရဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်၊ ရိုးသားမှုနဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု (Self-worth) ကြောင့် မှန်ကန်တဲ့ လူတွေ၊ အခွင့်အလမ်းတွေက သူ့ဆီကို အလိုအလျောက် ရောက်လာတတ်ပါတယ်။

​အချုပ်ပြောရရင် -

"Sexy" ဖြစ်ဖို့အတွက် အပြင်ပန်း ဆွဲဆောင်မှုတွေနဲ့ ကြိုးစားနေစရာ မလိုပါဘူး။
သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ သင့်ရဲ့ ယုံကြည်မှု၊ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေက သင့်ကို အလှပဆုံးနဲ့ အတန်ဖိုးအမြင့်ဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာစေမှာပါ။

​👏 Tell me...
ဒီအချက် (၅) ချက်ထဲမှာ သင့်ဆီမှာ ဘယ်အချက်တွေ ရှိနေပြီလဲ? (၁ ကနေ ၅ ထိ) ကိုယ်ပိုင်ဆိုင်ထားတဲ့ အချက်လေးတွေကို Comment မှာ ဂုဏ်ယူစွာနဲ့ ရေးသွားပေးပါဦး။

​(ဒါမှမဟုတ်) ကိုယ်အရမ်းလေးစားရတဲ့၊ ဒီလို "Energetic Sexy" စွမ်းအင်မျိုး ပိုင်ဆိုင်ထားတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းမလေးတွေကို Tag တွဲပြီး ချီးကျူးပေးလိုက်ပါဦးနော်။✨🤍

🎉 ဩဂုတ်လ (၁၂) ရက်နေ့က ပွင့်သွားတဲ့ Cosmic Portal ကြီးဟာ... သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲပေးဖို့ အခုထိ ဆက်လက် အလုပ်လုပ်န...
18/09/2026

🎉 ဩဂုတ်လ (၁၂) ရက်နေ့က ပွင့်သွားတဲ့ Cosmic Portal ကြီးဟာ... သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲပေးဖို့ အခုထိ ဆက်လက် အလုပ်လုပ်နေဆဲပါ။

​ပြီးခဲ့တဲ့ ဩဂုတ်လ (၁၂) ရက်နေ့က ဖြတ်သန်းခဲ့တဲ့ နေကြတ်ခြင်း (Solar Eclipse) နဲ့ ဂြိုဟ် (၆) လုံးတန်းတဲ့ "Cosmic Portal" ကြီးကို မှတ်မိကြဦးမယ် ထင်ပါတယ်။

​တကယ်တော့ အဲ့ဒီနေ့က စကြာဝဠာရဲ့ တံခါးပေါက် ပွင့်သွားရုံပဲ ရှိပါသေးတယ်။ အဲ့ဒီကနေ စီးဆင်းလာတဲ့ စွမ်းအင်လှိုင်းလုံးကြီးတွေရဲ့ အရှိန်အဟုန်က လာမယ့် (၆) လတိတိ သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲပေးဖို့ ဆက်လက် အလုပ်လုပ်နေဆဲပါ။

​ဒီရက်ပိုင်း ဂြိုဟ်တွေရဲ့ စွမ်းအင်က အလွန်ပြင်းထန်တဲ့အတွက် သာမန် ဆုတောင်းရုံလေးနဲ့ မလုံလောက်တော့ပါဘူး။

​ဒါကို သေချာနားလည်တဲ့ White Aura Studio ရဲ့ Client ဟောင်းတွေကတော့ အခွင့်အရေးကို လက်မလွှတ်ရအောင် "Personal Eclipse Reading" တွေအတွက် နေရာတွေ ပြန်လည် ကြိုတင်ယူနေကြပါပြီ။

​ဒီ Reading လေးကို Old Client တွေ ဘာလို့ ထပ်ခါထပ်ခါ ယူနေကြသလဲဆိုရင်... ဒီ Reading ထဲမှာ သာမန် Manifestation (ဆန္ဒပြုခြင်း) ထက် ပိုမိုနက်ရှိုင်းပြီး မြန်ဆန်တဲ့ "Quantum Manifestation" နည်းစနစ်တွေကို အထူး ထည့်သွင်း လမ်းညွှန်ပေးထားလို့ပါပဲ။

​🗣️Quantum Manifestation ဆိုတာ ဘာလဲ?
သာမန် ဆုတောင်းခြင်းတွေက အချိန်ယူရတတ်ပေမယ့် Quantum Manifestation ကတော့ သင့်ရဲ့ အတွေး၊ ခံစားချက်နဲ့ စကြာဝဠာရဲ့ စွမ်းအင်လှိုင်းကို တိုက်ရိုက်ချိတ်ဆက်ပြီး၊ သင်လိုချင်တဲ့ အနာဂတ်ဆီကို အမြန်ဆုံး ကူးပြောင်းရောက်ရှိနိုင်မယ့် (Quantum Jump) နည်းစနစ် ဖြစ်ပါတယ်။

​White Aura Studio ရဲ့ "Personal Eclipse Reading" ဟာ သာမန် အနာဂတ်ဟောပြောခြင်း သက်သက်မဟုတ်ပါဘူး။
​
☑️ဒီ Cosmic Event ကြီးက သင့်ကိုယ်ပိုင် (Birth Chart) ရဲ့ ဘယ် (House) ကို သွားရောက် မီးထွန်းပေးနေသလဲ?
​
☑️သင့်ရဲ့ ငွေကြေးနဲ့ အချစ်ရေး လမ်းကြောင်းတွေမှာ ပိတ်ဆို့နေတဲ့ Karmic Pattern အဟောင်းတွေကို ဘယ်လို အပြီးသတ် ဖယ်ရှားမလဲ?

​☑️Quantum Manifestation ကို အသုံးပြုပြီး လာမယ့် (၆) လအတွင်းမှာ ကိုယ့်ရဲ့ Highest Potential ကိုရောက်ဖို့ ဘယ်လို Spiritual Action Plan တွေ ချမှတ်ရမလဲ?

​ဒီအချက်တွေကို (Psychology) နဲ့ (Spiritual) ရှုထောင့်တွေကနေပါ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ် အဖြေရှာပေးတဲ့ သီးသန့် လမ်းညွှန်မှုတစ်ခု ဖြစ်ပါတယ်။

​ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရဲ့ နောက်ထပ် (၆) လတာ Chapter သစ်အတွက် ပြန်လည် ရွေးချယ်ပေးကြတဲ့ Old Client တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်သလို...
​ကိုယ့်ဘဝရဲ့ အမြင့်ဆုံး အဆင့်ဆီကို Quantum Jump လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့၊ WhiteAuraStudio ကနေ သင့်အတွက် နွေးထွေးစွာ စောင့်ကြိုနေပါတယ်ရှင့်။ 🤍✨

(Slot အရေအတွက် ကန့်သတ်ထားပါတယ်)



ဒီ Portal က Next 6month အထိ အကျိုးသက်ရောက်မှုရှိမှာမို့ Available ပါ🤍ဒီရက်ပိုင်း   တွေပြန်ယူနေကြပါတယ်😍
17/09/2026

ဒီ Portal က Next 6month အထိ အကျိုးသက်ရောက်မှုရှိမှာမို့ Available ပါ🤍

ဒီရက်ပိုင်း တွေပြန်ယူနေကြပါတယ်😍

🚨 Stop Scrolling! စကြာဝဠာကြီးက သင့်ကို ဘဝသစ်တစ်ရပ် စတင်ဖို့ လှမ်းခေါ်နေပြီ...

​ဩဂုတ်လ ၁၂ ရက်နေ့ မှာ ဖြစ်ပေါ်လာမယ့် စကြာဝဠာရဲ့ အစွမ်းထက်ဆုံး Cosmic Portal ဟာ သင့်ရဲ့ အိမ်မက်တွေကို Quantum Jump လုပ်ပေးတော့မှာပါ။

​ဒီလို ကြုံတောင့်ကြုံခဲ မဟာစွမ်းအင် အကူးအပြောင်းကြီးကို သင် ဘယ်လို အသုံးချမလဲ? 🤔

​ထိုနေ့ရဲ့ အကြီးမားဆုံးနှင့် စွမ်းအားအပြင်းဆုံး ဖြစ်စဉ်ကတော့ အပြည့်အဝ နေကြတ်ခြင်း ဖြစ်ပါတယ်။

နေမင်းရဲ့ အလင်းရောင် အမှောင်ကျသွားမယ့် အဲဒီစက္ကန့်ပိုင်းလေးဟာ သင့်ဘဝရဲ့ အတိတ်က ပိတ်ဆို့မှုများ၊ စိတ်ဒဏ်ရာများနှင့် အဆိပ်အတောက် ဖြစ်စေသော Karmic pattern များကို စကြာဝဠာထဲ သို့ အပြီးသတ် စွန့်လွှတ်လိုက်ရမယ့် အချိန်ဖြစ်ပါတယ်။

အမှောင်ထဲကနေ အလင်းရောင် ပြန်လည်ပေါ်ထွက်လာသလိုပဲ သင့်ရဲ့ Higher Self ဟာလည်း စွမ်းအင်သစ်၊ အလင်းရောင်သစ်နဲ့ ပြန်လည် မွေးဖွားလာပါလိမ့်မယ်။

နောက်ထပ်ထူးခြားတာတစ်ခုက ဘာလဲဆိုရင် *​နေကြတ်တဲ့ စွမ်းအင်အပြင် ဗုဒ္ဓဟူး၊ သောကြာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ၊ ယူရေးနပ်စ် စတဲ့ ဂြိုဟ်ကြီး (၆) လုံးဟာ တစ်တန်းတည်း တညီတညွတ်တည်း စုစည်းသွားမှာ ဖြစ်ပါတယ်။
အရမ်းလှပသော ​Process တစ်ခုပါပဲ။

ဒီဂြိုဟ် (၆) လုံးရဲ့ စွမ်းအားတွေ သင့်ဘက်မှာ ရှိနေတဲ့အတွက် သင် တောင်းဆိုလိုက်တဲ့ ဓနဥစ္စာ၊ အချစ်ရေးနဲ့ အောင်မြင်မှု Manifestation တွေဟာ အဆပေါင်းများစွာ ပိုမို မြန်ဆန်စွာ လက်တွေ့ဖြစ်လာတော့မှာပါ။

​🔮 ဒီလို မဟာ စွမ်းအင်ရက်မှာ သင့်အတွက် Spiritual Action Plan ✴

​🕯️ ၁။ Energy Cleanse (မိမိ၏ Aura နှင့် ပတ်ဝန်းကျင် စွမ်းအင် သန့်စင်ခြင်း)

- မိမိအခန်း၏ ထောင့်လေးထောင့်တွင် မီးခိုးဖြင့် သန့်စင်ပေးပြီးနောက်၊ မီးခိုးကို မိမိ၏ ခန္ဓာကိုယ် (Aura) ခေါင်းအစ ခြေအဆုံးဆီ သို့ အနီးကပ် ဖြတ်သန်းစေကာ Negative Energy များကို ရှင်းထုတ်ပါ။

- ပင်လယ်ဆား သို့မဟုတ် ဆားခါး (Epsom Salt) ခတ်ထားသော ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့် အတိတ်က ကပ်တွယ်နေသော စွမ်းအင်အဟောင်းများကို လွှတ်ချလိုက်ပါ။

​Affirmation: "ငါ့ခန္ဓာကိုယ်၊ စိတ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက် စွမ်းအင်မှန်သမျှကို စကြာဝဠာထဲ စွန့်လွှတ် သန့်စင်လိုက်ပြီ။"

​📜 ၂။ Release & Manifestation Ritual (စွန့်လွှတ်ခြင်းနှင့် ဆန္ဒပြည့်ဝစေခြင်း)

- စာရွက်တစ်ရွက်ပေါ်တွင် မိမိဘဝမှ အပြီးသတ် ထွက်သွားစေချင်သော အကျင့်ဆိုးများ၊ အတွေးအမှောင်များ၊ အကြောက်တရားများနှင့် နာကျင်စရာ အတိတ်များကို တိတိကျကျ ရေးပါ။
ရေးပြီးပါက ထိုစာရွက်ကို ဘေးကင်းစွာ မီးရှို့ဖျက်ဆီးပါ (သို့မဟုတ် စာရွက်အသေးလေးများဖြစ်အောင် ဆွဲဖြတ်ပစ်ပါ)။

- အခြား စာရွက်တစ်ရွက်ပေါ်တွင် မိမိ ရရှိလိုသော အနာဂတ် ရည်မှန်းချက်၊ ဓနဥစ္စာနှင့် အချစ်ရေးများကို Present Tense (လက်ရှိ ရရှိထားပြီးသည့် ပုံစံ) ဖြင့် ရေးသားပါ။

(ဥပမာ - "ငါ့ဆီကို ငွေကြေးနဲ့ မင်္ဂလာရှိတဲ့ အခွင့်အလမ်းတွေ ဝင်ရောက်နေပြီ"၊ "ငါ စိတ်အေးချမ်းမှုနဲ့ ကျန်းမာခြင်းကို ပိုင်ဆိုင်ထားပြီ")

​🧘‍♀️ ၃။ Quantum Meditation (စကြာဝဠာ စွမ်းအင်လိုင်းနှင့် စိတ်ချိတ်ဆက်ခြင်း)

- တိတ်ဆိတ်သော နေရာတစ်ခုမှာကျောရိုးကို ဖြောင့်ဖြောင့်ထိုင်ကာ ဝင်သက်ထွက်သက်ကို (၄) စက္ကန့် ရှူသွင်း၊ (၄) စက္ကန့် အောင့်ထား၊ (၄) စက္ကန့် ရှူထုတ်သည့် လှိုင်းဖြင့် စိတ်ကို ငြိမ်အောင် ထားပါ။

- နေကြတ်ခြင်း၏ အမှောင်ထုထဲမှ တောက်ပသော အလင်းရောင်တစ်ခု မိမိ၏ (Crown Chakra) သို့ စီးဆင်းလာပုံနှင့် ဂြိုဟ် ၆ လုံး၏ စွမ်းအားများက မိမိ ရေးသားထားသော Manifestation စာရွက်ပါ အိမ်မက်များကို အရှိန်အဟုန်ဖြင့် လက်တွေ့ဖန်တီးပေးနေပုံကို ပြတ်ပြတ်သားသား ပုံဖော်ပါ။

- ပြီးရင်တော့ မိမိ တောင်းဆိုထားသည်များ လက်တွေ့ ဖြစ်လာတော့မည်ကို ကြိုတင်၍ ကျေးဇူးတင်စိတ် ဖြင့်အဆုံးသတ်လို့ရပါပြီ။

ဒီ Eclipse စွမ်းအင်ဟာ ဒီတစ်ရက်တည်းမှာတင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။

အထူးစွမ်းအင်အမြင့်ဆုံး (၇) ရက် အတွင်း Manifestation များ ပြုလုပ်ထားပြီးပါက ထိုစွမ်းအင်ရဲ့ အရှိန်အဟုန်ဟာ လာမည့် (၆) လ အတွင်း သင့်ဘဝကို Magic ဆန်ဆန် အစစအရာရာ ပြောင်းလဲဆန်းသစ်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။🎉

☮ ဒီ Cosmic Event က သင့်ရဲ့ ကိုယ်ပိုင် Birth Chart ပေါ် ဘယ်လို ရိုက်ခတ်နေသလဲ ၊ဘယ်လိုအရှိန်အဟုန်တွေနဲ့ စီးဆင်းလာမလဲ~~

​ဒီ Eclipse Portal က သင့်ရဲ့ ငွေကြေး၊ အချစ်ရေးနဲ့ ဘဝလမ်းကြောင်းရဲ့ ဘယ်အိမ်မြောက် (House) ကို သွားရောက် မီးထွန်းပေးနေသလဲဆိုတာ သိရှိဖို့ အလွန် အရေးကြီးပါတယ်။

​ဒါ့ကြောင့် သင့်အတွက် သီးသန့် Personal Eclipse Reading & Energy Guidance ကို ရယူလိုပါက Inbox သို့ "PORTAL" ဟု စာပို့၍ အခုပဲ Slots ဘိုကင်ယူထားလိုက်ပါရှင်။ 🔮

* (Slot အရေအတွက် ကန့်သတ်ထားပါသည်)*


⏳ ၂၀၂၆ မကုန်ခင် ကျန်နေတဲ့ ၃ လခွဲ... ခေါင်းထဲက အရှုပ်အထွေးတွေနဲ့ပဲ ဒီနှစ်ကို အဆုံးသတ်တော့မလို့လား?​လုပ်စရာတွေ အများကြီးရှ...
17/09/2026

⏳ ၂၀၂၆ မကုန်ခင် ကျန်နေတဲ့ ၃ လခွဲ... ခေါင်းထဲက အရှုပ်အထွေးတွေနဲ့ပဲ ဒီနှစ်ကို အဆုံးသတ်တော့မလို့လား?

​လုပ်စရာတွေ အများကြီးရှိနေပေမယ့် ဘာကနေစလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတာ...

​အလုပ်မှာရော၊ Relationship မှာပါ ရှေ့ဆက်တိုးရမလား၊ ဆုတ်ရမလား ဝေခွဲမရတဲ့ လမ်းဆုံရောက်နေတာ...

​လူကသာ အရမ်းပင်ပန်းနေပြီး ကိုယ်လိုချင်တဲ့ ရလဒ်က ထင်သလောက် ထွက်မလာတာ...

​အခုရက်ပိုင်းမှာ ဒီလိုခံစားနေရရင် ဒါ သင်တစ်ယောက် တည်း မဟုတ်ပါဘူး။

လက်ရှိ စက်တင်ဘာလရဲ့ ဂြိုဟ်အပြောင်းအလဲ စွမ်းအင်တွေများတာကြောင့် ဒီလို 'Stuck' ဖြစ်နေတာ သဘာဝကျပါတယ်။

​ဒါပေမဲ့... အချိန်တွေက စောင့်မနေဘူးလေ။ ဒီအတိုင်း ထိုင်ကြည့်နေလို့တော့ မရတော့ပါဘူး။

​ဒါကြောင့် ဒီကာလမှာ White Aura Studio အနေနဲ့ အမြဲတမ်း လူကြိုက်များတဲ့ "1-Hour Premium 1-on-1 Call" Session တွေကို ပိုပြီး အထူးဦးစားပေး ဖွင့်လှစ်ပေးထားပါတယ်။

စာအုပ်ကြီးအတိုင်း ဖတ်ပြနေမယ့် ယေဘုယျ ဟောစာတမ်း မဟုတ်ပါဘူး။ သင့်ရဲ့ "လက်တွေ့ ပြဿနာ" ကို တိုက်ရိုက် ဖြေရှင်းပေးမယ့် (၁) နာရီတိတိ သီးသန့် အချိန်ပါ။

​✨ ဒီ (၁) နာရီအတွင်း သင့်အတွက် ဘာတွေ ပြောင်းလဲသွားမလဲ?

​💼 ပိတ်ဆို့နေတဲ့ ငွေကြေးလမ်းကြောင်းနဲ့ Career ကို Astrologyတွက်ချက်မှုနဲ့ အတိအကျ လမ်းဖွင့်ပေးပါမှာပါ။

​❤️ ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကို Psychology ရှုထောင့်နဲ့ပါ ပေါင်းစပ်ပြီး အကောင်းဆုံး အဖြေရှာပေးမှာပါ။

​🔥 The "Burning Questions လို့ခေါ်တဲ့ အခုချက်ချင်း ဆုံးဖြတ်ချက်ချဖို့ လိုနေတဲ့ သင့်ရဲ့ အရေးကြီးဆုံး မေးခွန်း (၃) ခုကို တိတိကျကျ တွက်ချက်ပြီး ချက်ချင်း အဖြေပေးမှာဖြစ်ပါတယ်။

​🎯 အထူးပါဝင်မည့် Bonus အစီအစဉ်များ
📝 Must-Do Action Plan (Homework) ^ Session ပြီးတာနဲ့ ပြီးသွားတာမျိုး လုံးဝ မဟုတ်ပါဘူး။ ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး သင့်လက်တွေ့ဘဝမှာ ချက်ချင်း ပြောင်းလဲလာအောင် မဖြစ်မနေ လုပ်ဆောင်ရမယ့် တိကျတဲ့ 'Homework' တွေ ပါမှာပါ။

🤝 1-Week VIP Follow-Up ^ ပေးလိုက်တဲ့ Homework တွေ လုပ်ဖြစ်ရဲ့လား၊ လက်တွေ့ အကောင်အထည်ဖော်ရာမှာ ဘာအခက်အခဲတွေ ရှိနေလဲဆိုတာကို (၁) ပတ်အကြာမှာ ကိုယ်တိုင်ကိုယ်ကျ Follow-up ပြန်လည်စစ်ဆေးပေးမယ့် အစီအစဉ်ပါ ပါဝင်ပါတယ်။

​စာရွက်တွေ ဖတ်နေစရာမလိုဘဲ ဖုန်း (သို့) Chat ကနေတစ်ဆင့် မိမိကိုယ်တိုင်ရဲ့ အခက်အခဲတွေကို (၁) နာရီ အပြည့် အေးအေးဆေးဆေး ရင်ဖွင့်တိုင်ပင်နိုင်မယ့် သီးသန့် Session လေး ဖြစ်ပါတယ်။
​
⚠️ Follow-up ပါ သေချာ ပြန်လုပ်ပေးရမှာဖြစ်လို့ ဒီ စက်တင်ဘာလကုန်အထိ (၁၀) ဦး သာ သီးသန့် လက်ခံပေးပါမယ်။

💎 Special Note: ၂၀၂၆ နှစ်ကုန်တဲ့အထိ လမ်းပျောက်မသွားဘဲ (၄) လဆက်တိုက် သေချာလေး Continuous Support ယူချင်သူတွေအတွက်လည်း "Q4 VIP Package" ဆိုပြီး သီးသန့် ရှိပါသေးတယ်။ အသေးစိတ်ကို Comment မှာ ဖတ်ကြည့်ပေးပါနော်။*

​ခေါင်းထဲက အရှုပ်အထွေးတွေကို ရှင်းထုတ်ပြီး ၂၀၂၆ ရဲ့ နောက်ဆုံး (၃) လကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည် စတင်ချင်တယ်ဆိုရင်... အခုပဲ Page Messenger မှာ "1 on 1" လို့ စာပို့ပြီး Booking နေရာ လာရောက် ရယူနိုင်ပါပြီ။

➡ အခုလောလောဆယ် သင့်ကို အများဆုံး စိတ်လေးလံစေတာက ငွေရေးကြေးရေး/အလုပ်လား၊ ဒါမှမဟုတ် လူမှုရေး/အချစ်ရေးလား?
(Comment မှာ လွတ်လပ်စွာ ရင်ဖွင့်သွားလို့ရပါတယ်)✌


ဒီရက်ပိုင်း သင့်စိတ်တွေကို ကမောက်ကမဖြစ်စေမယ့် Venus Square Pluto 🖤​ဒီရက်ပိုင်း ကိုယ့်ချစ်သူကို အကြောင်းမဲ့ သဝန်တိုတာ၊ ပိ...
15/09/2026

ဒီရက်ပိုင်း သင့်စိတ်တွေကို ကမောက်ကမဖြစ်စေမယ့် Venus Square Pluto 🖤

​ဒီရက်ပိုင်း ကိုယ့်ချစ်သူကို အကြောင်းမဲ့ သဝန်တိုတာ၊ ပိုင်စိုးပိုင်နင်းလုပ်ချင်တာ၊ အသေးအမွှားကိစ္စလေးကအစ အကြီးအကျယ် ပြဿနာရှာ
ချင်စိတ်တွေ တားမရဆီးမရ ဖြစ်နေလား?

​ဒါဟာ သင့်အမှား မဟုတ်ပါဘူး။ စက်တင်ဘာ (၁၅) ရက်နေ့မှာ အချစ်ဂြိုဟ် (Venus) နဲ့ အသွင်ပြောင်းဂြိုဟ် (Pluto) တို့ ထိပ်တိုက်ဆုံပြီး အပြင်းထန်ဆုံး အားပြိုင်နေကြလို့ပါ။

​ပြီးခဲ့တဲ့ Weekend လောက်ကတည်းက စတင်ခဲ့တဲ့ ဒီစွမ်းအင်တွေက ဒီနေ့မှာ အထွတ်အထိပ်ကို ရောက်နေပါတယ်။
ဒီအချိန်မှာ...
​🔥 သာမန်နားလည်မှုလွဲတာကနေ "အကုန်ရမလား၊ ဘာမှမလိုချင်ဘူးလား (All or Nothing)" ဆိုတဲ့ အစွန်းရောက် စိတ်ခံစားချက်တွေ ပေါက်ကွဲထွက်လာတတ်ပါတယ်။

⛓️ တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံ အရှုံးမပေးဘဲ၊ အချစ်ရေးမှာ ဘယ်သူက လွှမ်းမိုးနိုင်သလဲဆိုတဲ့ Toxic ဆန်ဆန် လွန်ဆွဲပွဲတွေ ဖြစ်လာတတ်ပါတယ်။

​⚠️ ဘယ်လို ကျော်ဖြတ်နိုင်မလည်း ဆိုရင်~

ဒီနေ့နဲ့ နောက်လာမယ့် (၂) ရက် (၃) ရက်အတွင်းမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး လမ်းခွဲတာမျိုး၊ အပြတ်ပြောတာမျိုးလို ဆုံးဖြတ်ချက်ကြီးတွေ လုံးဝ (လုံးဝ)မလုပ်ပါနဲ့ ။
ပူလောင်နေတဲ့ စွမ်းအင်တွေကို ရန်ဖြစ်တဲ့နေရာမှာ မသုံးဘဲ၊ ကိုယ့်ရဲ့ အလုပ်ထဲမှာ၊ အနုပညာ ဖန်တီးမှုတွေထဲမှာ (Channel into creativity) အစွမ်းကုန် ပုံချပစ်လိုက်ပါ။

​ကိုယ့်ရဲ့ ဆက်ဆံရေးမှာ ဖုံးကွယ်ထားတဲ့ အနာဟောင်းတွေ ပေါ်လာပြီဆိုရင်တော့ ဟန်ဆောင်မနေဘဲ အရှိကိုအရှိအတိုင်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းရမယ့် အချိန်ရောက်ပါပြီ။

​ကဲ... ဒီရက်ပိုင်း အချစ်ရေးမှာ စိတ်အနှောင့်အယှက်အဖြစ်ရဆုံး၊ အပူလောင်ရဆုံး ကိစ္စက ဘာတွေများဖြစ်မလဲ? Comment မှာ ရင်ဖွင့်သွားလို့ ရပါတယ်... 🖤


ဘဝမှာ တချို့ပြဿနာတွေက ဘာလို့ အမြဲတမ်း သံသရာလည်နေရတာလဲ? 🤔​ဒီရက်ပိုင်း ဂြိုဟ်အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပြီး စွမ်းအင်တွေ ပ...
14/09/2026

ဘဝမှာ တချို့ပြဿနာတွေက ဘာလို့ အမြဲတမ်း သံသရာလည်နေရတာလဲ? 🤔

​ဒီရက်ပိုင်း ဂြိုဟ်အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပြီး စွမ်းအင်တွေ ပြင်းထန်နေတဲ့အချိန်မှာ လူတော်တော်များများက "ငါ့ကံဇာတာပဲ ညံ့နေတာလား" ဆိုပြီး တွေးပူတတ်ကြပါတယ်။
တကယ်တော့ စကြဝဠာက သင့်ကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး။
သင် သေချာ မဖြေရှင်းခဲ့ရသေးတဲ့ အတွင်းစိတ်က ဒဏ်ရာတွေ၊ အကြိမ်ကြိမ် မှားယွင်းနေတဲ့ ရွေးချယ်မှု ပုံစံတွေကို မြင်သာအောင် မီးမောင်းထိုးပြနေတာပါ။

​Social Media ပေါ်မှာ နေ့စဉ်ဖတ်နေရတဲ့ ယေဘုယျ ဟောစာတမ်းတွေက သင့်ကို အခြေအနေ အရပ်ရပ်ကို ခန့်မှန်းပေးနိုင်ပေမယ့်၊ သင့်ရဲ့ လက်တွေ့ဘဝမှာ တကယ့်ကို ရင်ဆိုင်နေရတဲ့ သီးသန့် နာကျင်မှုတွေ၊ ဆုံးဖြတ်ရခက်နေတဲ့ လမ်းဆုံလမ်းခွတွေအတွက်တော့ လုံလောက်တဲ့ အဖြေတစ်ခု အမြဲတမ်း ဖြစ်မလာတတ်ပါဘူး။

​လူတစ်ယောက်ချင်းစီရဲ့(Natal Chart) ဆိုတာ တစ်ဦးနဲ့တစ်ဦး လုံးဝမတူညီတဲ့ "ဝိညာဉ်ရဲ့ မြေပုံ" တွေပါပဲ။📜

​ဘယ်လို အချစ်ရေး၊ ဘယ်လို လက်တွဲဖော်မျိုးက သင့်ကို တကယ် လုံခြုံမှုပေးနိုင်မလဲ?

​ဘယ်လို အလုပ်အကိုင်မျိုးက သင့်ရဲ့ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို အသက်ဝင်စေမလဲ?

​အခုလက်ရှိ ပိတ်မိနေတဲ့ အကျပ်အတည်းကနေ သင့်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဘယ်လို ဖောက်ထွက်ရမလဲ?

​ဒီလို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ဖို့ဆိုရင် နက္ခတ်ဗေဒင်ပညာ သက်သက်တင်မကဘဲ၊ (Psychology) နဲ့ (Spiritual) ရှုထောင့်တွေကနေပါ ပေါင်းစပ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒါမှသာလျှင် သင့်စိတ်ထဲမှာ သင်​တောင်သတိမထားမိဘဲ ပိတ်မိနေတဲ့ Block တွေပွင့်သွားမှာပါ။

​White Aura Studio ရဲ့ "Premium Private Reading" (One-on-One Consultation) ဟာ အနာဂတ်ကို ထိုင်ဟောပေးတဲ့ သာမန် ဗေဒင်မေးခြင်းမျိုး မဟုတ်ပါဘူး။

သင့်ရဲ့ အတွင်းစိတ် ပဟေဠိတွေကို အတူတူ အဖြေရှာပြီး၊ သင့်ဘဝရဲ့ အမြင့်ဆုံး စွမ်းအင် (Highest Potential) ဆီကို လျှောက်လှမ်းနိုင်ဖို့ သီးသန့် ဖန်တီးပေးထားတဲ့ "စိတ်ပိုင်းဆိုင်ရာ ကုထုံးဆွေးနွေးပွဲ" တစ်ခု ဖြစ်ပါတယ်။☕️

​ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့... တိတ်ဆိတ်အေးချမ်းတဲ့ ဒီနေရာလေးမှာ သင့်အတွက် အချိန်တစ်ခု ဖယ်ချန်ပေးထားပါတယ်ရှင့်။ 🤍✨

(မှတ်ချက်။ Energy အပြည့်စိုက်ထုတ်ရတာကြောင့်လူဦးရေကန့်သတ်ထားပါတယ်။)


12/09/2026

🚨စက်တင်ဘာ (၁၂) ကနေ (၁၄) ရက်နေ့အတွင်းမှာ Mercury ဟာ အသွင်ပြောင်းဂြိုဟ်ကြီး (၃) လုံး (Neptune, Uranus, Pluto) စလုံးကို တစ်ပြိုင်နက်တည်း သွားရောက်လှုံ့ဆော်နေပါတယ်။

​ဒါကြောင့် ဒီ (၃) ရက်အတွင်းမှာ -

- အရင်က မတွေးမိဖူးတဲ့ အကြံဉာဏ်သစ်တွေ၊ Inspiration တွေ ရေစီးကြောင်းလို ဝင်လာပါလိမ့်မယ်။

- ကိုယ့်ဘဝရဲ့ ပဟေဠိဖြစ်နေတဲ့ ကိစ္စတွေအတွက် ရုတ်တရက်ဆိုသလို အဖြေရှာတွေ့သွားတတ်ပါတယ်။

⚠️ သတိပြုရန် ; အာရုံတွေ အရမ်းပွင့်နေတဲ့ အချိန်မို့ တကယ့် အလိုလိုသိစိတ် (Intuition) နဲ့ ကိုယ့်ဘာသာ အတွေးလွန်ပြီး စိတ်ကူးယဉ် (Illusion) နေတာကိုတော့ သေချာခွဲခြားဖို့ လိုပါတယ်။

မြေပြင်နဲ့ လက်တွေ့ကို သေချာပြန်ချိတ်ဆက် (Grounding လုပ်) ပါ။

​ဒီရက်ပိုင်း ခေါင်းထဲမှာ အတွေးတွေများပြီး ဘာကအစစ်အမှန်လဲဆိုတာ ဝေခွဲမရ ဖြစ်နေတယ်ဆိုရင်တော့...
"Personal Private Reading" မှာ လာရောက်ဆွေးနွေးပြီး အတူတူ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 📩✨

🌑 အမှောင်ထဲကနေ အလင်းဆီသို့... သင့်ဘဝကို အသစ်ပြန်စမယ့် "New Moon in Virgo" 🌑​ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သင့်စိတ်ထဲမှာ အ...
11/09/2026

🌑 အမှောင်ထဲကနေ အလင်းဆီသို့... သင့်ဘဝကို အသစ်ပြန်စမယ့် "New Moon in Virgo" 🌑

​ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သင့်စိတ်ထဲမှာ အကြောင်းမဲ့ လေးလံနေတာ၊ အရာရာဟာ ရှုပ်ထွေးပြီး လမ်းစပျောက်နေသလို ခံစားခဲ့ရနိုင်ပါတယ်။

​ဒါဟာ မကြာခင် ရောက်လာတော့မယ့် အလင်းရောင်အတွက် ကံကြမ္မာက သင့်ကို ကြိုတင်ပြင်ဆင်ပေးနေတာပါပဲ။
ဒီနေ့ စက်တင်ဘာ (၁၁) ရက်နေ့မှာ ကျရောက်တဲ့ New Moon in Virgo ဟာ သင့်ဘဝရဲ့ အဟန့်အတားတွေကို ဖယ်ရှားပေးမယ့် "မှော်ဆန်သော တံမြက်စည်း" တစ်ချောင်းအဖြစ် ရောက်ရှိလာပါပြီ။
​
ဒီနေ့ဟာ သာမန်ရက်တစ်ရက် မဟုတ်ပါဘူး။ စကြဝဠာက သင့်ကို "အရာရာကို ရှင်းလင်းပစ်ဖို့" နိမိတ်ပြနေတဲ့ အချိန်ပါ။

➡သင့်အိမ်မှာ၊ အလုပ်စားပွဲမှာ ရှုပ်ပွနေတဲ့ အဟောင်းအမြင်းတွေကို အခုပဲ လွှင့်ပစ်လိုက်ပါ။ ရုပ်ဝတ္ထုတွေကို ရှင်းလင်းလိုက်တာနဲ့ သင့်ရဲ့ ပိတ်ဆို့နေတဲ့ ကံလမ်းကြောင်းတွေ ရုတ်တရက် ပွင့်ထွက်သွားတာကို ကိုယ်တိုင် ခံစားရပါလိမ့်မယ်။

➡ Virgo ရဲ့ စွမ်းအင်ဟာ စာရင်းဇယားနဲ့ အသေးစိတ်ကျမှုကို အလွန်နှစ်သက်ပါတယ်။ ဒီနေ့မှာ ပေးစရာရှိတဲ့ အကြွေးတွေ၊ ငွေချေစရာရှိတဲ့ ကိစ္စတွေကို ပြတ်သားအောင် ရှင်းလင်းလိုက်ပါ။ အသုံးစရိတ်တွေကို သေချာပြန်တွက်ချက်ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်လိုက်ခြင်းက နောက်ထပ် ဝင်ငွေအသစ်တွေ ဝင်လာဖို့အတွက် လမ်းကြောင်းဖွင့်ပေးလိုက်တာပါပဲ။

➡"သူ ဘာလို့ ဒီလိုလုပ်တာလဲ၊ ရှေ့ဆက် ဘာလုပ်ရမလဲ" ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပေါ်မယ့် အချိန်ပါ။ ပဟေဠိဖြစ်နေတဲ့ ဆက်ဆံရေးတွေ၊ အလုပ်ကိစ္စတွေကို ဒီရက်ပိုင်းမှာ ထိုင်ပြီး ဆွေးနွေးလိုက်ပါ။ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ Insights တွေ အံ့သြစရာကောင်းလောက်အောင် ထွက်ပေါ်လာပါမယ်။

➡ ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေအားလုံးကို စက္ကူတစ်ရွက်ပေါ် ချရေးလိုက်ပါ။ ဒီ New Moon ရဲ့ စွမ်းအင်က သင့်ကို တကယ်အရေးကြီးတဲ့ အရာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်အောင် လမ်းပြပေးပါလိမ့်မယ်။

​ကဲ... သင့်ဆီကို အသစ်ရောက်လာမယ့် ကံကောင်းခြင်းတွေ၊ အခွင့်အရေးတွေအတွက် နေရာဖယ်ပေးဖို့ အသင့်ဖြစ်ပြီလား?
ဒီနေ့မှာ သင့်ဘဝရဲ့ ဘယ်အပိုင်းကို အရင်ဆုံး ရှင်းလင်းရေး လုပ်ပစ်မလဲဆိုတာ Comment မှာ ရင်ဖွင့်သွားပါဦး... 🖤

#

⚡ ရုတ်တရက် အပြောင်းအလဲတွေရဲ့ သခင်... "Uranus" ဂြိုဟ် နောက်ပြန်လှည့်ပြီ! သင့်ဘဝရဲ့ ဘယ်အရာတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်စ...
11/09/2026

⚡ ရုတ်တရက် အပြောင်းအလဲတွေရဲ့ သခင်... "Uranus" ဂြိုဟ် နောက်ပြန်လှည့်ပြီ! သင့်ဘဝရဲ့ ဘယ်အရာတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်စေမလဲ⚡

​နက္ခတ်ဗေဒင်မှာ Uranus ဆိုတာ "The Great Awakener" လို့ တင်စားကြပါတယ်။
သူက ရိုးရာဘောင်တွေကို ဖောက်ထွက်တတ်တဲ့ Rebel၊ လျှပ်စီးလက်သလို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲ တွေနဲ့ လွတ်လပ်မှု ကို အစိုးရတဲ့ ဂြိုဟ်ကြီးပါ။
အဟောင်းအမြင်းတွေကို ဖြိုခွဲပြီး အသစ်တွေကို ယူဆောင်လာပေးတဲ့ စကြဝဠာရဲ့ဆရာကြီးပေါ့။😎

​ပုံမှန်ဆိုရင် Uranus ဟာ အပြင်ပန်း အခြေအနေတွေကို မထင်မှတ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောင်းလဲပစ်လေ့ရှိပေမယ့်၊ အခုလို Uranus Retrograde ကာလ မှာတော့ အဲ့ဒီစွမ်းအင်တွေက ကိုယ့်ရဲ့ "အတွင်းစိတ်" (Inner World) ထဲကို ပြောင်းလဲသက်ရောက်သွားပါတယ်။

​ဒီကာလမှာ ဘာတွေဖြစ်လာနိုင်လဲကြည့်ရအောင်~

​🌪 ၁။ အတွင်းစိတ် ပြောင်းလဲမှုများ

ပြင်ပက အခြေအနေတွေ ငြိမ်သက်သွားသလို ထင်ရပေမယ့်၊ သင့်ခေါင်းထဲ၊ ရင်ထဲမှာတော့ အတွေးအခေါ် အပြောင်းအလဲတွေ စတင်နေပါပြီ။
"ငါ တကယ်ဖြစ်ချင်တာ ဒါမျိုးမဟုတ်ဘူး"၊ "ဒီလိုဘဝမျိုးနဲ့ ဆက်မနေနိုင်တော့ဘူး" ဆိုတဲ့ အသိအမြင်တွေ ရုတ်တရက် ပွင့်ထွက်လာပြီး၊ သူများတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ထွက်ချင်စိတ်တွေ အရမ်းပြင်းထန်လာပါလိမ့်မယ်။

​💡 ၂။ မမျှော်လင့်ထားတဲ့ အသိဉာဏ်များ

အရင်က ပဟေဠိဖြစ်နေတဲ့ ကိစ္စတွေ၊ ဘဝရဲ့ လမ်းဆုံလမ်းခွတွေမှာ "ဒေါက်" ခနဲ မီးလင်းသွားသလို အဖြေမှန်ကို ရုတ်တရက် တွေ့ရှိသွားတတ်ပါတယ်။
သင့်ရဲ့ အလိုလိုသိစိတ် ဟာ အခုအချိန်မှာ လျှပ်စီးလို မြန်ဆန်ထက်မြက်နေပြီး၊ သူများမစဉ်းစားမိတဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အများကြီး ထွက်ပေါ်လာပါမယ်။ဒါကကောင်းတဲ့အချက်ပါ။💯

​⛓ ၃။ ချုပ်နှောင်မှုများကို ဖြိုခွဲခြင်း

ကိုယ့်ဘဝ တိုးတက်မှုကို ဟန့်တားနေတဲ့ အကျင့်ဆိုးတွေ၊Toxic Relationships တွေ၊ ဒါမှမဟုတ် ကိုယ်နဲ့ မကိုက်ညီတော့တဲ့ အလုပ်အကိုင်တွေကနေ ရုန်းထွက်ဖို့ အလွန်အားကောင်းတဲ့ တွန်းအားတွေ ရလာပါမယ်။
အရင်က ကြောက်လို့ မျိုသိပ်ထားခဲ့ရတာတွေကို အခုချိန်မှာ ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရဲလာပါလိမ့်မယ်။

​🦋 ၄။ စစ်မှန်သော လွတ်လပ်မှုကို ရှာဖွေခြင်း

Uranus Retrograde ရဲ့ အဓိက ရည်ရွယ်ချက်က သင့်ကို "စစ်မှန်တဲ့ သင့်ရဲ့ ဖြစ်တည်မှု (Authentic Self)" အတိုင်း နေထိုင်ခွင့်ရအောင် လုပ်ဆောင်ပေးတာပါ။
Comfort Zone ထဲကနေ ရဲရဲဝံ့ဝံ့ ထွက်လာဖို့၊ တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်ဖို့ ကံကြမ္မာက လမ်းဖွင့်ပေးနေပါပြီ။ဒါက သင့်ဘဝရဲ့ကြီးမားတဲ့အချိုးအကွေ့တစ်ခုလည်းဖြစ်နိုင်ပါတယ်။

အချုပ်ပြောရရင်တော့ ဒီRetrodgrade ကာလက အကောင်းဘက်ဦးတည်တာများပါတယ် ။
ဒါပေမယ့် သာမန် ကံကောင်းတာမျိုးမဟုတ်ဘဲ “ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့နဲ့ Upgrade လုပ်ဖို့ အတွက် အကောင်းဆုံးအချိန်” လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။✔
( 2027 ဖေဖော်ဝါရီ ထိရှိနေပါလိမ့်မယ်)

✌အခုရက်ပိုင်းမှာ ဘဝကို ကြီးကြီးမားမား ပြောင်းလဲပစ်ချင်စိတ်တွေ၊ ရိုးအီနေတဲ့ နေ့စဉ်ဘဝကြီးကနေ ရုန်းထွက်ချင်စိတ်တွေ ရုတ်တရက် ပြင်းပြနေပြီလား?
ဘယ်လိုအရာတွေက သင့်ကို ချုပ်နှောင်ထားတယ်လို့ ခံစားနေရလဲ?
သင့်ရဲ့ လွတ်လပ်ခွင့်အတွက် ဘာတွေကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပြီလဲဆိုတာ Comment မှာ ရင်ဖွင့်သွားပါဦး...

​✨ Special Announcement✨

​ဒီရက်ပိုင်းမှာ ဂြိုဟ်တွေ အပြောင်းအလဲ သိပ်များနေတာမို့ ကိုယ့် Energy ကို ဘယ်လိုချိန်ညှိရမလဲ၊ စီးပွားရေးမှာ၊ အချစ်ရေးမှာ ဘယ်လို Handle လုပ်သင့်လဲ စသဖြင့် ကျွန်မတို့ရဲ့ နေ့စဉ်ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကို ကျွန်မနဲ့အတူတူ အဖြေရှာချင်တယ်ဆိုရင်...

​အရမ်းလူကြိုက်များခဲ့တဲ့ Psychology နဲ့ Spiritual ပေါင်းစပ်ထားပြီး Astrology နဲ့ အဖြေရှာပေးမယ့် "Personal Private Reading" လို့ခေါ်တဲ့ One-on-One Consultation အတွက် Booking တွေ ပြန်လက်ခံနေပါပြီရှင့်။ 😍

​(မှတ်ချက် - Energy အပြည့်စိုက်ထုတ်ရတာကြောင့် လူဦးရေ ကန့်သတ်ထားပါတယ်။)
​Booking တင်လိုပါက Page Messenger (သို့မဟုတ်) Telegram သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်။ 📩


Address

Taunggyi
06101

Alerts

Be the first to know and let us send you an email when White Aura Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share