Kaung Su Mon - ကလေးအထူးကုဆေးခန်း

Kaung Su Mon - ကလေးအထူးကုဆေးခန်း Child Health Care

မိုးဦး စပြီ ဆိုတာနဲ့  သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရတဲ့ ကလေးများ ရှိလာနေပြီဖြစ်ပါတယ်။ အချို့ ကလေးများ ရောဂါပြင်းထန...
11/07/2026

မိုးဦး စပြီ ဆိုတာနဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရတဲ့ ကလေးများ ရှိလာနေပြီဖြစ်ပါတယ်။ အချို့ ကလေးများ ရောဂါပြင်းထန်ပြီး သွေးလန့်လို့ သွေးရည်ကြည်သွင်းရတဲ့ အဆင့်ထိ ရှိခဲ့ကြပေမဲ့ ဆေးရုံတက် ကလေးအားလုံး ပြန်လည် နေကောင်းကျန်းမာသွားကြတဲ့ အတွက် ဝမ်းသာကျေနပ်ရပါတယ်။
မိုးများတဲ့ ဒေသဖြစ်လို့ မိုးတွင်းရောက်ချိန်နဲ့ ကျောင်းဖွင့်ချိန် တွေမှာ ပိုမိုတွေ့ရှိလာရနိုင်ပါတယ်။
မိဘများ အနေဖြင့် မိမိတို့၏ ရင်သွေးငယ်လေးများ ဖျားနာခဲ့လျင်သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ များနဲ့ ချိန်ထိုးပြီး ဆေးရုံ/ဆေးခန်း သို့ အချိန်မှီ သွားရောက်၍ ကုသမှုခံယူခြင်းဖြင့် ရောဂါ အန္တရာယ်ကို ကောင်းစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

"ကလေး အဖျားကြီးမယ်၊ မလန်းဆန်းဘဲ မှိန်းနေမယ်၊အစားသောက်ပျက်ပြီး ဘာမှ မစားဘဲဖြစ်နေမယ် ဆိုလျင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်လို့ အကြမ်းဖျဥ်း မှတ်ယူရပါမှာဖြစ်ပါတယ်။"

ကလေး ဖျားပြီး အောက်ပါ အချက် များထဲမှ ၂ချက်ရှိလျင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်သည်ဟု သတ်မှတ်ရမှာဖြစ်ပါတယ်။
(၁) အော့အန်ခြင်း / ကော်ဖီ အနှစ်ရောင် အန်ခြင်း
(၂) နှာခေါင်းသွေးလျှံခြင်း
(၃) သွေးပေါင်ချိန်တိုင်းစက်ဖြင့် Hess Test စမ်းသပ် ရာတွင် + ဖြစ်ခြင်း
(၄) အောက်ပါ အရေးပေါ်လက္ခဏာတစ်ခုခု ရှိခြင်း
(က) ဝမ်းဗိုက်နာခြင်း/ဗိုက်ကို ဖိလျှင် နာခြင်း
(ခ) ဆက်တိုက် အန်ခြင်း
(ဂ) အဆုတ်၊နှလုံး၊ဝမ်းဗိုက် တို့တွင် အရည်စုခြင်း
(ဃ)မှိန်းခြင်း သို့မဟုတ်ကယောင်ကတမ်း ဖြစ်ခြင်း
(င)အသည်း ၂စင်တီမီတာ အထက် ကြီးလာခြင်း
(စ)သွေးဖြူဥ ကျလာခြင်း နှင့် သွေးပြစ်နှုံး pcv တက်လာခြင်း

"အရေးပေါ် လက္ခဏာ ရှိတဲ့သူ ၊ အသက် (၁)နှစ်အောက် ကလေး ၊ အ၀လွန်သူ၊အခြားရောဂါ အခံရှိသူ၊ ဆေးရုံနှင့် သွားလာရဝေးသောသူများသည် ဆေးရုံ တက်ရောက်၍ ကုသမှုခံယူသင့်သူများ ဖြစ်ပါတယ်။"

သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်ချိန် ဖြစ်ပေါ်သော အောက်ပါ သွေးလန့်ခြင်းလက္ခဏာများ ကိုလည်း မိဘများ သိရှိထားနိုင်ရန် ဖော်ပြထားပါတယ်

(၁) ဆီး မသွားခြင်း
(၂)ခြေဖျား လက်ဖျားများ အလွန်အမင်းအေးစက်ခြင်း၊
(၃) ရုတ်တရက် ဗိုက်အောင့်လာခြင်း
(၄) ဂနာမငြိမ်ဖြစ်ခြင်း (သို့မဟုတ်) အရမ်းမှိန်းလာခြင်း
(၅) အစာ/ ရေမဝင်နိုင်လောက်အောင်အဆက်မပြတ်အန်ခြင်း
(၆) ​သွေးလန့်လျှင် မှိန်း​နေပြီး တကိုယ်လုံး ​အေးစက်လာခြင်း၊ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း
(၇)ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း
(၈) ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း (စတင်ဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် အဖြစ်များတတ်သည်)
(၉) သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း တို့ဖြစ်ပါတယ်။

🚨 မိဘများ အထူးသတိပြုရန် အချက်များ 🚨

❗️ကိုယ်အပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိ​နေလျှင်၊ တက်လျှင်

❗️က​လေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်​အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံး​အေးစက်​နေ​သော်လည်း မလန်းဘဲ မှိန်း​နေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်​လျှောက်အန်နေလျှင်၊

❗️နှာ​ခေါင်း​သွေးယိုလျှင် ၊သွားဖုံး​သွေးယိုလျှင်၊ ကတ္တရာစီး​ရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲ​သွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များ​ပေါ်လျှင်

နားလည်​တက်ကျွမ်းသော ဆရာဝန် / က​လေးအထူးကု ဆရာဝန်နှင့် ပြသရန် ​ဆေးရုံ /ဆေးခန်းသို့ ချက်ချင်း သွားရောက်ရမှာဖြစ်ပါတယ်။

✅ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်ခြင်း ✅

မိမိကလေး၏ ပတ်ဝန်းကျင်တွင် သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာမည့် ခြင် မရှိအောင် အဓိကထား ကာကွယ်ရပါမယ်။
ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင် ကင်းစင်မည် ဖြစ်သောကြောင့်

(၁) ခြင်မပေါက်ဖွားရန် ရေအိုး/ရေလှောင်ကန်တွေကို အဖုံး "ဖုံး" အုပ်ပါ။
(၂) ရေအိုး/ရေစည် များ၏ အတွင်းပိုင်းကို ၁ပတ် ၁ကြိမ် တိုက်ချွတ်ဆေးကြောပြီး "သွန်" ပါ။
(၃) ဘုရားပန်းအိုးများကို ပိုးလောက်လန်း ပေါက်ဖွားမှာ မရှိစေရန် ၁ပတ် ၂ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေ "လဲ" လှယ် ပေးပါ။
(၄) ရေချိုများတွင် ပိုလောက်လန်းတွေ့ပါက ရေစစ် ဖြစ် "စစ်" ပြီးမှ သိုလှောင် သုံးစွဲပါ။
(၄)အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်ခြင်း၊သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ထားပါ။
(၅) နေ့ခင်းဘက်ကလေးအိပ်ချိန် ခြင်မကိုက်အောင်ခြင်ထောင်ထောင်၍သိပ်ပါ။
(၆) အောက်ဖော်ပြပါ ပုံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့်
" ဖုံး ၊ သွန် ၊ လဲ ၊ စစ်
ခတ် ၊ ထောင် ၊ လောင်း ၊ ဖွင့်
မြုပ် ၊ ရှင်း ၊ ထည့် "
ဆိုသည့် ခြင်ကြား လောက်လန်း နှိမ်နှင်းခြင်း အစီစဥ်များကို ဆောင်ရွက်ထားပါ။
(၇) မိမိ အိမ်နီးချင်း သွေးလွန်တုပ်ကွေးဖြစ်၍ ဆေးရုံတက်ရသောကြောင့် ကျန်းမာရေး ဝန်ထမ်းများမှ ခြင်ဖြန်းဆေး လာရောက်ဖြန်းလျှင် ဝိုင်ဝန်း ပူးပေါင်းဆောင်ရွက်ပေးပါ။
ကာကွယ်ခြင်း သည် ကုသခြင်းထက် ပိုမိုထိရောက်ပါ သဖြင့် မိမိတို့ ပတ်ဝန်ကျင်တွင် ပိုးလောက်လန်း၊ ခြင်ကြား မပေါက်ဖွားအောင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း ၊ မိမိ ကလေး ခြင်မကိုက်အောင် အထူးသတိထား ကာကွယ်ခြင်း နှင့် သွေးလွန်တုပ်ကွေး သံသယ ဟု ယူဆပါက အချိန်မှီ ဆေးကုသမှု ခံယူခြင်းဖြင့် ကျန်းမာရွှင်လန်းသော သားသား မီးမီး လေးများဖြစ်ကြပါစေကြောင်း "ကောင်းဆုမွန်" မိသားစုမှ "ဆုမွန်ကောင်း" တောင်းအပ်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

#ကောင်းဆုမွန်
#ကလေးအထူးကုဆေးခန်း

09/04/2026

ရာသီတုပ်ကွေးကာကွယ်ဆေးမေးနေကြတဲ့ မိဘများအတွက်😊😍👶🏻💉💉💉

08/04/2026
Influenza vaccine တုတ်ကွေးကာကွယ်ဆေး နှင့်ပတ်သက်၍သိသင့်သောအချက်များ- ၁။တုတ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ-တုတ်ကွေးကာကွယ်ဆေးဆိုတာ ...
08/04/2026

Influenza vaccine တုတ်ကွေးကာကွယ်ဆေး နှင့်ပတ်သက်၍သိသင့်သောအချက်များ-

၁။တုတ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ

-တုတ်ကွေးကာကွယ်ဆေးဆိုတာ ရာသီအလိုက်ဖြစ်တတ်သောInflenza virus ကြောင့်ဖြစ်တတ်တဲ့ပြင်းထန်တဲ့နာမကျန်းမှုတွေ မဖြစ်အောင်ကာကွယ်တဲ့ဆေးဖြစ်ပါတယ်

၂။ဘယ်သူတွေထိုးသင့်လဲ

-အသက် ၆ လနှင့်အထက် ကလေးငယ်များ
-အသက် ၆၅ နှစ်အထက်လူကြီးများ
-ဆီးချို၊နှလုံး၊ပန်းနာရင်ကျပ် စတဲ့ နာတာရှည်ရောဂါရှိသူများ
-ကိုယ်ဝန်ဆောင်မိခင်များ
-ကျန်းမာရေးဝန်ထမ်းများ

၃။ဘာကြောင့်နှစ်စဉ်ထိုးရတာလဲ

ဗိုင်းရက်စ်ပိုး ဟာ အချိန်နှင့်အမျှပုံစံပြောင်းတတ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOမှ နှစ်စဉ်ပျံ့နှံ့နေသောဗိုင်းက်စ်အသစ်များကို ကာကွယ်နိုင်ရန် အမြဲအဆင့်မြှင့်၍ထုတ်လုပ်ထားသောကြောင့်ဖြစ်ပါတယ်

၄။ကာကွယ်ဆေး၏အကျိုးကျေးဇူးများ

-တုတ်ကွေးဖြစ်နိုင်ခြေလျှော့ချပေးခြင်း
-တုပ်ကွေးဖြစ်လျှင်လည်း မပြင်းထန်အောင်ကာကွယ်ပေးခြင်း
- နောက်ဆက်တွဲပြဿနာများကြောင့်ဆေးရုံတက်ရခြင်းနှင့်အသက်အန္တရယ်ဖြစ်ခြင်းတို့ကိုလျှော့ချပေးခြင်း

၅။ဘေးထွက်ဆိုးကျိုးများ

-ဆေးထိုးသည့်နေရာတွင် နာခြင်း၊နီခြင်း၊ရောင်ရမ်းခြင်း
-အဖျားငွေ့ငွေ့ရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း
-အထက်ပါလက္ခဏာများသည် ၁ရက် သို့မဟုတ် ၂ရက်အတွင်းသက်သာနိုင်ပါတယ်

မြန်မာနိုင်ငံမှာတော့ တုပ်ကွေးရာသီ(မိုးရာသီ) မတိုင်မီထိုးနှံထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး ၂ ပတ် အကြာမှာ ကိုယ်ခံအား( Antibody ) စတင်ထွက်လာမှာဖြစ်ပါတယ်။

ရင်သွေးငယ်များအားလုံးရောဂါကင်းဝေးပြီး ကျန်းမာကြပါစေ❤️♥️💕
#ရာသီတုပ်ကွေးကာကွယ်ဆေး
#ကောင်းဆုမွန် ကလေးဆေးခန်း

ယခုတလော ဆေးခန်းလာပြသော ကလေးတွေမှာ အတွေ့များလာတဲ့ ''HFMD''(လက်၊ခြေ၊ပါးစပ် အနာရောဂါ) အကြောင်းကို ဖေဖေ မေမေမိဘများ သိရှိ သတ...
04/11/2025

ယခုတလော ဆေးခန်းလာပြသော ကလေးတွေမှာ အတွေ့များလာတဲ့ ''HFMD''(လက်၊ခြေ၊ပါးစပ် အနာရောဂါ) အကြောင်းကို ဖေဖေ မေမေမိဘများ သိရှိ သတိပြုနိုင်ပါရန် မျှဝေပေးထားပါတယ်။

Hand, Foot and Mouth Disease(HFMD)
(လက်၊ခြေ၊ပါးစပ် အနာရောဂါ)

"ရောဂါဗိုင်းရပ် အမျိုးအစား"
`````````````````````````````````````````````
Enterovirus အုပ်စုဝင် Coxsackie A virus (A 16) ကြောင့် အများဆုံး အဖြစ်များပြီး EV -A71 ကြောင့် လည်း တချို့ဖြစ်ပါတယ်။

"ရောဂါအဖြစ်များသော အသက်အရွယ်"
```````````````````````````````````````````````````````````````
👶 အသက် (၅) နှစ်အောက် ကလေးငယ်များမှာ အဓိက အဖြစ်များပါတယ် ။

"ရောဂါ ကူးစက်မှု ပုံစံ"
````````````````````````````````````
HFMD ရောဂါသည် လျင်မြန်စွာကူးစက် ပျံ့နှံ့လွယ်ပါတယ်။

👶 ရောဂါ ကူးစက်ထားသော ကလေးတွေနဲ့ အနီးကပ်နေခြင်း မှ တစ်ဆင့် ကူးစက်ခြင်း ၊

🤧 ချောင်းဆိုး/နှာချေချိန် ထွက်သောအရည်ကြည် နှင့် လေ မှ တစ်ဆင့် ကူးစက်ခြင်း ၊

🎭 ရောဂါဖြစ်ပွားနေသူ၏ ခန္ဓာကိုယ် ၊နှာရည်၊ တံတွေး ၊ သလိပ် ၊အညစ်အကြေး ၊ မစင် နဲ့ အရည်ကြည်ဖုထဲရှိ အရည် စသော ရောဂါပိုး ရှိနေနိုင်သော အရာများကို ထိတွေ့မိခြင်းမှ တစ်ဆင့် ကူးစက်ခြင်း ၊

🐬 အတူ မျှဝေသုံးစွဲသော ပစ္စည်း(တံခါးလက်ကိုင်၊ စားပွဲ ၊ အရုပ် ) များကို ထိတွေ့ ကိုင်တွယ်မိခြင်းမှ တစ်ဆင့် ကူးစက်ခြင်း တို့ဖြစ်နိုင်ပါတယ် ။

" ရောဂါလက္ခဏာများ "
``````````````````````````````````````
🤒 ဖျားခြင်း ၊
🥺 လည်ချောင်းနာခြင်း ၊
😰 အားနည်းပြီး ပင်ပန်းလာခြင်း
စတဲ့ လက္ခဏာများ ဦးစွာ ပထမ ဖြစ်ပေါ်လာပါတယ် ။
နောက် ၁ ရက် ၂ရက် အကြာမှာ အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာတက်ပါတယ် _

👄 ပါးစပ် အတွင်းမှာ အဖုအပိမ့်များထွက်ပြီး နာကျင်ခြင်း ။

🙌👣 လက်ဖဝါး၊ ခြေဖဝါး၊ ဒူး၊ တံတောင်ဆစ်၊ တင်ပါး နဲ့ လိင်အင်္ဂါအနီးတစ်ဝိုက်မှာ အနီစက်နဲ့ အရည်ကြည်ဖုများ ထွက်ခြင်း ။

🥴 အခြားလက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း ၊ အစာ မစားချင်ခြင်း ၊ ခံတွင်းပျက်ခြင်း ၊ ကလေး အရမ်း ငိုနေပြီး အချော့ရခက်ခြင်း ၊ ပါးစပ်က အနာကြောင့် အစာကျွေးရခက်ခဲခြင်း ၊တချို့ကလေးများ ဗိုက်အောင့်ခြင်း ၊ အန်ခြင်း ၊ ရေသိပ်မသောက်နိုင်သောကြောင့် ရေဓါတ်ခမ်းခြောက်လာခြင်းများလည်း ဖြစ်နိုင်ပါတယ် ။

" ရောဂါ ကာကွယ်ခြင်း "
`````````````````````````````````
ရောဂါအတွက် ကာကွယ်ခြင်း သည် အကောင်းဆုံး ကုသခြင်း ဖြစ်ပါတယ် -

👧👦👶 ကလေးနဲ့ မထိတွေ့ခင် (သို့) ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးပါ။

🤲 လက်ကို စက္ကန့် (၂၀) ခန့် ဆေးကြောပေးပါ။

🙋‍♂️ ကလေးများကို တကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ပေးပါ/ သင်ကြားပေးပါ။

🏎️ 🚀 ကလေးဆော့နေ၊ ကိုင်နေကျ ကစားစရာ အရု​​ပ်များ၊ ပစ္စည်းများကို ပိုးသတ်ပေးပါ။

🙅‍♂️ ရောဂါကူးစက်ခံထားရသော ကလေးများနှင့် အနီးကပ် နေထိုင် ဆော့ကစားခြင်းကို ရှောင်ကျဥ်ပါ။

🏭 တံခါးလက်ကိုင်၊ အိမ်သာ စသော အများသုံးနေရာများကို နေ့စဥ် သန့်ရှင်းရေးပြုလုပ်ပေးပါ။

🦸🦸‍♀️ကလေးငယ်လေးများ လူထူထပ်သော နေရာများ ၊ ကစားကွင်းများ သွားလာမှု အထူး ဂရုစိုက်ပေးပါ။

ရောဂါဖြစ်နေသည်ဟု သံသယဖြစ်
``````````````````````````````````````````````````````
ပါက ဆောင်ရန်/ရှောင်ရန်များ
```````````````````````````````````````````````
👩‍⚕အခြားသော ကူးစက်ရောဂါများနှင့် ခွဲခြားနိုင်ရန် ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။

👨‍⚕အပူကြီးခြင်း၊ အန်ခြင်း၊ ကလေးမှိန်းပြီး ခြေလက် အားလျော့ခြင်း များဖြစ်လျှင် မဖြစ်မနေ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

💊💊 ဖျားလျှင် Paracetamol အဖျားကျဆေးကို မိမိကလေး၏သတ်မှတ် အချိန်အဆအတိုင်း တိုက်နိုင်ပါတယ်။

🍛🥛အစာပျော့ပျော့ ကျွေးပါ၊အရည်များများ တိုက်ပါ၊ဓာတ်ဆားရည် တိုက်ပါ၊ရည်ဓါတ်မခမ်းခြောက်စေရန် ဂရုပြုပါ၊အစားအစာကို အပူ အစပ်မပါစေပဲ အာဟာရပြည့်ဝအောင် ကျွေးပါ။

🤧နှားစေး၊ ချောင်းဆိုးလျှင် တစ်လျှူးဖြင့် နှာခေါင်းအုပ်ပြီး ချက်ချင်း အမှိုက်ပုံးထဲ စွန့်ပစ်ပါ။

😷ကူးစက်ခံရသူ၏ ပန်းကန်၊ ဇွန်း၊ ရေခွက်တို့ကို သီးသန့်အသုံးပြုပါ။

🛌 ရောဂါ ကူးစက်ထားသော ကလေး၏ အသုံးအဆောင်များကို ပိုးသတ်ပေးပါ။ခေါင်းအုံးစွပ်များကို (၂) ရက်တစ်ကြိမ် လဲပေးပါ။

🐱🦊🐰 အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမရှိအောင် ဂရုစိုက်ပေးပါ။

🤷‍♂️ မိမိ၏ကလေးမှသော်လည်းကောင်း မိမိမှသော်လည်းကောင်း အခြားသူများသို့ မကူးစက်စေရန် ဂရုပြုပါ။

🕍 ကျောင်းတက်နေသော ကလေးဖြစ်လျှင် ကျောင်းပြန်မတက်ခိုင်းခင် ဆရာဝန်နှင့် တိုင်ပင်ပါ။

အထက်ပါဖော်ပြပါ နည်းစနစ် များကို သေချာလိုက်နာကျင့်သုံးခြင်းဖြင့် HFMD ကူးစက်ပြန့်ပွားမှုကို (၈၀%) အထိ လျှော့ချပေးနိုင်ကြောင်း WHO မှ ဖော်ပြထားပါတယ်။

" လွဲတဲ့ အခါလည်း လွဲ ပေမပေါ့ "    ~~~~~~~~~~~~~~~~~~~~~~~~~~             " ကောင်းဆုမွန်" ကလေးအထူးကု ဆေးခန်း သို့  မေမေ န...
21/08/2025

" လွဲတဲ့ အခါလည်း လွဲ ပေမပေါ့ "
~~~~~~~~~~~~~~~~~~~~~~~~~~

" ကောင်းဆုမွန်" ကလေးအထူးကု ဆေးခန်း သို့ မေမေ နှင့် သားလေး အတူရောက်လာပြီး " ဆရာမ" " ကလေးက ချောင်းဆိုးပြီး ချွဲသံပါနေလို့ ပါ ဆရာမ "

ကလေးအထူးကုဆရာဝန် ဆရာမ မှ ကလေးငယ်အား စမ်းသပ် စစ်ဆေးပြီး မိခင်ဖြစ် သူအား

ဆရာမ ။ ကလေး က ရင်ကြပ်နေတယ် အိမ်မှာ "ရှူ" ဆေးတွေ "စွဲရှူ" နေရတာရှိလား
( Ventolin ရှူဆေး သုံးနေလား သိလို၍ )


မိခင် ။ ရှိပါတယ် ဆရာမ

ဆရာမ ။ ဆေးပါ ခဲ့လား ပြပါဦး..ဘယ်လို "ရှူ" နေလည်း .ဘယ်နှစ်ချက် "ရှူ" နေလည်း..

မိခင် (နားမလည်သောမျက်နှာဖြင့်) ။ ဆေးတော့ မပါလာဘူး ဆရာမ .

ဆရာမ ။ ဆေးအမည် မှတ်မိလား

မိခင် ။ မှတ်မိတယ် ဆရာမ .. " အဘထ " ပါ

ဆရာမ။ 😱😱😱😱😱

မိခင် ၏ အဖြေကြောင့် အနားက လူများ ငိုအားထက် ရည်အားသန် ဖြစ်ရလေ၏...

(ရိုးသားတဲ့ မေမေ အဘထ နဲ့ အမှတ်တရ လေးပါ)

တောင်ငူမြို့နှင့် အနီး တစ်ဝိုက်မှ မိဘပြည်သူ အများ မင်္ဂလာပါ....   တောင်ငူမြို့နှင့် အနီးတစ်ဝိုက်မှ ကလေးငယ်များ၏  ကျန်းမာ...
24/05/2025

တောင်ငူမြို့နှင့် အနီး တစ်ဝိုက်မှ မိဘပြည်သူ အများ မင်္ဂလာပါ....

တောင်ငူမြို့နှင့် အနီးတစ်ဝိုက်မှ ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် "ကောင်းဆုမွန်" ကလေးအထူးကုဆေးခန်းအား ဗိုလ်မှူးဖိုးကွန်း လမ်းမကြီးပေါ် ၊ UAB Bank မျက်နှာချင်းဆိုင် ၊ Cover king ဖုံးဆိုင်နှင့် နန်းစိန် ကိတ်မုန့်တိုက်တို့ ကြားထဲ တွင်
ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါကြောင်း အသိပေး သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ ။

ဆေးခန်းဖွင့်ချိန် -
- နံနက် ၇ နာရီ မှ ၉ နာရီထိ ။
- ညနေ ၄ နာရီ မှ ၆ နာရီထိ ။

🚫 တနင်္ဂနွေနေ့ ညနေတိုင်း ဆေးခန်းပိတ်ပါသည် ။

☎️ဆေးခန်းဖုံး - 09-978963458 သို့ ကြိုတင် ဆက်သွယ်၍ တုံကင်ရယူ စုံစမ်းခြင်းများ ပြုလုပ်၍လည်း လာရောက်ပြသနိုင်ပါသည် ။

ကျန်းမာ ပျော်ရွှင်ကြပါစေ 🙏🙏🙏

#ကောင်းဆုမွန် #ကလေးအထူးကုဆေးခန်း #တောင်ငူမြို့

ယခု တစ်လော ကလေးငယ်များတွင် ကူးစက်မြန် ရေ​ကျောက် ရောဂါ ဖြစ်ပွားမှု ပြန်လည် တွေ့ရှိနေရတဲ့အတွက် ရောဂါလက္ခဏာ ၊ ကူးစက်နိုင်မှ...
21/03/2024

ယခု တစ်လော ကလေးငယ်များတွင် ကူးစက်မြန် ရေ​ကျောက် ရောဂါ ဖြစ်ပွားမှု ပြန်လည် တွေ့ရှိနေရတဲ့အတွက် ရောဂါလက္ခဏာ ၊ ကူးစက်နိုင်မှု အခြေအနေ ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ အတွက် သိရှိနိုင်ပါရန် မျှဝေအပ်ပါသည် ။

ကျန်းမာပျော်ရွှင်ကြပါစေ 🙏🙏🙏

☎️ 09978953458

#ကောင်းဆုမွန် Kaung SuMonကလေးအထူးကု ဆေးခန်း
တောင်ငူ

Address

ဗိုလ်မှုးဖိုးကွန်း လမ်းမကြီးပေါ်၊ နဂါးရုံ ဘုရားလမ်း နှင့် ၁လမ်း ကြား ၊ UAB Bank ရှေ့တည့်တည့်
Taungoo

Telephone

+959697793281

Website

Alerts

Be the first to know and let us send you an email when Kaung Su Mon - ကလေးအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Su Mon - ကလေးအထူးကုဆေးခန်း:

Shortcuts

Share

Category