လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်၊ သန်လျင်

  • Home
  • Myanmar
  • Thanlyin
  • လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်၊ သန်လျင်

လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်၊ သန်လျင် ၁၉၉၉-ခုနှစ်၊ ဇွန်လ၊ ၂၁-ရက်နေ့တွင် စတင်တည်ထောင်သည်။

🔸သန်လျင်မြို့၊ အနာဂါမ်ဆရာသက်ကြီး ရိပ်သာ၌ ရေသုံးစွဲမှု အဆင်ပြေနိုင်ရန်အတွက် နှစ် ၂၀ ကျော်ကြာ အိုမင်းယိုယွင်းလျက်ရှိသော ရေ...
23/08/2026

🔸သန်လျင်မြို့၊ အနာဂါမ်ဆရာသက်ကြီး ရိပ်သာ၌ ရေသုံးစွဲမှု အဆင်ပြေနိုင်ရန်အတွက် နှစ် ၂၀ ကျော်ကြာ အိုမင်းယိုယွင်းလျက်ရှိသော ရေပိုက်လိုင်းဆက်သွယ်မှုများကို အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
🔸ယောဂီများ စိတ်အေးချမ်းစွာဖြင့် သပ္ပါယမျှတစွာ တရားရှုမှတ်နိုင်ရေးအတွက် အခြားလိုအပ်သောပြင်ဆင်မှုလုပ်ငန်းများကိုလည်း ဥက္ကဋ္ဌ ဦးစိုးလှကိုယ်တိုင် ကြီးကြပ်၍ ပညာရှင်အမှုဆောင်များက တရားစခန်းဖွင့်ရက်အမီ ဆောင်ရွက်လျက်ရှိ၏။

(၅၆၈) ကြိမ်မြောက် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ (၁၀) ရက်တရားစခန်း။ ဆက်သွယ်စုံစမ်းရန် ဖုန်း ၀၉၄၀၆၆ ၇၆ ၁၇၅။
22/08/2026

(၅၆၈) ကြိမ်မြောက် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ (၁၀) ရက်တရားစခန်း။ ဆက်သွယ်စုံစမ်းရန် ဖုန်း ၀၉၄၀၆၆ ၇၆ ၁၇၅။

သန်လျင်မြို့၊ အနာဂါမ်ဆရာသက်ကြီး ရိပ်သာတွင် ရေလုံလောက်စွာရရှိရေးအတွက်  လိုအပ်လျက်ရှိသော အရံအဝီစိတွင်းနှင့် ရေမြှုတ်ပန့် တ...
15/08/2026

သန်လျင်မြို့၊ အနာဂါမ်ဆရာသက်ကြီး ရိပ်သာတွင် ရေလုံလောက်စွာရရှိရေးအတွက် လိုအပ်လျက်ရှိသော အရံအဝီစိတွင်းနှင့် ရေမြှုတ်ပန့် တပ်ဆင်ခြင်းလုပ်ငန်း လုပ်ဆောင်လျက်ရှိရာ ကုသိုလ်ရှင် စေတနာရှင်များကလည်း အားတက်ဖွယ်ရာ လှူဒါန်းလျက်ရှိပါသည်။

၂၀၂၆ ဩဂုတ်လ၊ လပတ်အစည်းအဝေး။
15/08/2026

၂၀၂၆ ဩဂုတ်လ၊ လပတ်အစည်းအဝေး။

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း အောင်မြင်ပါပြီ။
09/08/2026

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း အောင်မြင်ပါပြီ။

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း။
06/08/2026

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း။

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း။ဒုတိယဝါဆိုလပြည့်နေ့။ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တ ဝဏ္ဏိတ(မောင်းထောင်)ဘဒ္ဒန္တ သုမန ...
01/08/2026

(၅၆၇)ကြိမ်မြောက် သမထ ဝိပဿနာ (၁၀)ရက် တရားစခန်း။
ဒုတိယဝါဆိုလပြည့်နေ့။
ကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တ ဝဏ္ဏိတ(မောင်းထောင်)
ဘဒ္ဒန္တ သုမန (သပြေကုန်း)
ကမ္မဋ္ဌာန်းနည်းပြ
ဒေါ်ဖြူ
ဒေါ်အေးအေးလှိုင်

အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်(သန်လျင်)၌ သမထ ဝိပဿနာ (၅)ရက် အထူးသီးသန့်တရားစခန်းကို ၂၁.၇.၂၀၂၆ မှ ၂၇.၇.၂၀၂၆ ထိ အောင်မြ...
29/07/2026

အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်(သန်လျင်)၌ သမထ ဝိပဿနာ (၅)ရက် အထူးသီးသန့်တရားစခန်းကို ၂၁.၇.၂၀၂၆ မှ ၂၇.၇.၂၀၂၆ ထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ကမ္မဋ္ဌာနာစရိယဆရာတော် ဘဒ္ဒန္တနန္ဒာစရိယာလင်္ကာရ နှင့် ကမ္မဋ္ဌာန်းနည်းပြ ဦးဗညားအောင်၊ ဒေါ်ဝိမလထေရီတို့က သမထ ဝိပဿနာ တရားများပြသခဲ့ပါသည်။

၅၆၇ ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ (ဒု) ဝါဆိုလပြည့်နေ့ သမထ - ဝိပဿနာ ၁၀ ရက်တရားစခန်းကျင်းပပါမည်။ဆက်သွယ် စုံစမ်း စာရင်းပေး...
20/07/2026

၅၆၇ ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ (ဒု) ဝါဆိုလပြည့်နေ့ သမထ - ဝိပဿနာ ၁၀ ရက်တရားစခန်းကျင်းပပါမည်။
ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းရန် ဖုန်း ၀၉ ၄၀၆၆ ၇၆ ၁၇၅ ။

❄️ ကမ္မဋ္ဌာနာစရိယ သံဃာတော်များ ဦးဆောင်တရားပြသော လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်(သန်လျင်)၌ (ခေမာ) သုံးထပ်အမျို...
10/07/2026

❄️ ကမ္မဋ္ဌာနာစရိယ သံဃာတော်များ ဦးဆောင်တရားပြသော လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်(သန်လျင်)၌ (ခေမာ) သုံးထပ်အမျိုးသမီးယောဂီဆောင် ကျောင်းလွှတ်ပူဇာမင်္ဂလာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုအတွက် ရေစက်ချမင်္ဂလာကို ဝိမုတ္တိရသ သန္တိသုခ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အလှူရှင်မိသားစုများနှင့် ဧည့်သည်တော်များ စုံညီစွာကြွရောက်ကြသည်။
❄️ ရှေးဦးစွာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဒေါက်တာဘဒ္ဒန္တဝဏ္ဏသာမိ ဆရာတော်က အနုမောဒနာဩဝါဒတရား ချီးမြှင့်ခဲ့သည်။
❄️ ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးလှက အလှူရှင်မိသားစုများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဖွဲ့ချုပ်၏သမိုင်းကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
အထူးသဖြင့် ပျက်စီးယိုယွင်းနေသော ဓမ္မရက္ခိတဓမ္မာရုံ အသစ်ပြန်လည် တည်ဆောက်ရန်နှင့် ဒဿမအကြိမ်မြောက် ကမ္မဋ္ဌာနာစရိယ၊ ကမ္မဋ္ဌာန်းနည်းပြ ဆရာဖြစ်သင်တန်း ဖွင့်လှစ်နိုင်ရေးအစီအစဉ်များကို တင်ပြခဲ့သည်။
❄️ ကြွရောက်လာသော ဧည့်သည်တော်များထဲမှလည်း အစီအစဉ်များ စတင်ပါက မတည်ငွေများ လှူဒါန်းမည်ဖြစ်ကြောင်း ပြန်ကြားခဲ့၏။
❄️ ထို့နောက် တွဲဖက်စာရင်းစစ် ဒေါ်မူမူသက်က ရငွေ သုံးငွေ စာရင်းများကို ရှင်းလင်းတင်ပြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
🙏ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု🙏

Address

Weik Zar Street
Thanlyin
11291

Telephone

+959406676175

Website

Alerts

Be the first to know and let us send you an email when လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်၊ သန်လျင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လယ်တီမူ အနာဂါမ်ဆရာသက်ကြီး ဝိပဿနာအဖွဲ့ချုပ်၊ သန်လျင်:

Shortcuts

Share